Global News - နိုင်ငံတကာသတင်းစုံ

Description
Global News - နိုင်ငံတကာသတင်းစုံ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

11 months ago
Global News - နိုင်ငံတကာသတင်းစုံ
11 months ago
Global News - နိုင်ငံတကာသတင်းစုံ
11 months ago

֍ ဒီသင်္ဘောတစီးလုံးကိုတော့ ပုံမှန်သင်္ဘောတွေရဲ့ ဦးပိုင်းပဲ ပါရှိဟန်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
֍ ထူးခြားတဲ့ပုံသဏ္ဍာန်နဲ့ တည်ဆောက်ထားတဲ့ ဒီသင်္ဘောရဲ့အမည်က Ramform Titan ဖြစ်ပါတယ်။
֍ ၂၀၁၃ ခုနှစ်က ဂျပန်နာဂါဆာကီက မစ်ဆူဘီရှီသင်္ဘောကျင်း MHI မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
֍ သမုဒ္ဒရာရေကြောင်းဆိုင်ရာ စူးစမ်းလေ့လာရေး marine seismic acquisition vessel သင်္ဘောအမျိုးအစားဖြစ်ပြီး သင်္ဘောရဲ့အလျားက ၃၄၂ပေ ၊ အကျယ်က ၂၃၀ပေ ရှိပါတယ်။
֍ တနာရီကို ရေမိုင် ၁၆မိုင် အမြန်နှုန်းနဲ့ ခုတ်မောင်းနိုင်ပြီး သင်္ဘောဝန်ထမ်းဦးရေ ၈၀ ဦး ပါဝင်ပါတယ်။
֍ နော်ဝေကုမ္ပဏီ Petroleum Geo-Services (PGS) က 3D seismic data acquisition အတွက် အသုံးပြုတာဖြစ်ပါတယ်။
֍ ဆိုက်စမစ် အချက်အလက် ကောက်ယူခြင်း seismic data acquisition ဆိုတာကတော့ မြေအောက်မှာရှိတဲ့ကျောက်လွှာတွေအကြောင်း အချက်အလက်များစုဆောင်းတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အသံလှိုင်းများကို မြေအောက်ထဲ (သို့) သမုဒ္ဒရာကြမ်းပြင်ထဲသို့ ပို့လွှတ်ပြီး အဲဒီ လှိုင်းများ ပြန်လည်ထွက်ပေါ်လာပုံကို မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။ အသံလှိုင်းတွေရဲ့ သွားလာ ပြန်လည်ရောက်ရှိပုံက သိပ္ပံပညာရှင်များအား မြေအောက်ရှိ ရေနံ၊ ဓာတ်ငွေ့ (သို့) တွင်းထွက်ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံ၊ အမျိုးအစားနှင့် တည်နေရာကို နားလည်စေတယ် လို့သိရပါတယ်။ ဒီနည်းလမ်းကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါတယ်။
֍ Petroleum Geo-Services (PGS) ကုမ္ပဏီဟာ ဒီသင်္ဘောနဲ့ ပုံစံတူ အခြားသင်္ဘော ၃စီးဖြစ်တဲ့ Ramform Atlas, Ramform Hyperion နဲ့ Ramform Tethys တို့ကိုလည်း တည်ဆောက်ထားပါသေးတယ်။

1 year, 1 month ago
လက်ဘနွန်ကို အစ္စရေးတိုက်ခိုက်မှုအတွက် ဝမ်းနည်းကြေကွဲရတယ်လို နာမည်ကျော်အပြာသရုပ်ဆောင်ဟောင်းတဦးဖြစ်တဲ့ မီယာခါလီဖာက ပြောဆိုခဲ့ပါတယ်။လက်ဘနွန်-အ‌မေရိကန်နွယ်ဖွားဖြစ်တဲ့ …

လက်ဘနွန်ကို အစ္စရေးတိုက်ခိုက်မှုအတွက် ဝမ်းနည်းကြေကွဲရတယ်လို နာမည်ကျော်အပြာသရုပ်ဆောင်ဟောင်းတဦးဖြစ်တဲ့ မီယာခါလီဖာက ပြောဆိုခဲ့ပါတယ်။လက်ဘနွန်-အ‌မေရိကန်နွယ်ဖွားဖြစ်တဲ့ မီယာခါလီဖာက သူမရဲ့ X အကောင့်မှာ ရေးသားခဲ့တာပါ။
"လက်ဘနွန်အတွက် ကျမရဲ့ နှလုံးသားတွေ ကြေကွဲရပါတယ်" လို သူမက ရေးသားခဲ့ပါတယ်။ အစ္စရေးတိုက်ခိုက်မှုအတွင်း လက်ဘနွန်မှာ လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး စစ်ဘေးရှောင်နေရတယ်လို သိရပါတယ်။

1 year, 1 month ago
ဘေရွတ်မြိုကို အစ္စရေးတို တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးခဲ့သလို အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ …

ဘေရွတ်မြိုကို အစ္စရေးတို တိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာခေါင်းဆောင် သေဆုံးခဲ့သလို အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထင်ရှားတဲ့ ဗိုလ်ချုပ်တဦးလည်း သေဆုံးခဲ့တယ်လို သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Abbas Nilforushan ဆိုသူဖြစ်ပြီး အီရန်အတွက်တော့ ဒါဟာ ထိခိုက်နစ်နာမှုတခုလို ယူဆနိုင်ပါတယ်။ ဟစ်ဇ်ဘိုလာတွေကို အီရန်က ကျောထောက်နောက်ခံပေးထားတာဖြစ်ပြီး သူတိုချင်း အနီးကပ် ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေတယ်ဆိုတာကလည်း သိသာစေခဲ့ပါတယ်။

1 year, 1 month ago
လက်ဘနွန်ကို အစ္စရေးက မြေပြင်ကျူးကျော်မှုမှန်သမျှအတွက် ရင်ဆိုင်ဖိုရာ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေက အသင့်ဖြစ်နပြီလို …

လက်ဘနွန်ကို အစ္စရေးက မြေပြင်ကျူးကျော်မှုမှန်သမျှအတွက် ရင်ဆိုင်ဖိုရာ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေက အသင့်ဖြစ်နပြီလို အဖွဲရဲ့ ဒုတိယခေါင်းဆောင် Naim Qassem က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။
ခေါင်းဆောင်ဖြစ်သူ Hassan သေဆုံးခဲ့ပြီးနောက် ခေါင်းဆောင်သစ်ကို ရွေးချယ်မယ်လိုလည်း သူက အတည်ပြုခဲပြီး အစ္စရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်မှာမဟုတ်ဘူးလိုလည်း ပြောဆိုခဲ့ပါတယ်။

1 year, 2 months ago

မိုက်ခရိုဖုန်းမလို၊ ဆောင်းဘောက်မလိုပဲ ရေနဲ့ အသံထိန်းနိုင်ညှိနိုင်တဲ့ တခါတုန်းက လိပ်ခုံးခန်းမရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ(လှည်းတန်း စိုက်ပျိုးရေးမှတ်တိုင်အနီး) ပြည်လမ်းပေါ်ကကြည့်ရင် လိပ်ခုံးခန်းမ လို့ခေါ်ဆိုတဲ့အဆောက်အုံငယ်တခု ရှိခဲ့ဖူးတယ်။
လိပ်ကျောကုန်းနဲ့တူတဲ့ အမိုးရယ်၊ ရေကန်ငယ်လေးနဲ့ မြက်ခင်းပြင်လေးက လိပ်ခုံးခန်းမရဲ့ အလှကို ဖေါ်ညွှန်းနေပါတယ်။
သူ့အနောက်ဘက်မှာ ဆေးတက္ကသိုလ် စာသင်ခန်းမ ၊ အရှေ့ဘက်မှာ အဆင့်မြင့် ပညာဦးစီးဌာန အဆောက်အအုံရှိတယ်။
လိပ်ခုံးခန်းမဟာ အနံ ၉၃ ပေ၊အလျား ၁၅၃ ပေ ရှိပါတယ်။(ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ ပါ)။
အဲဒီ လိပ် ခုံးခန်းမနဲ့မြက်ခင်းပြင်လေးမှာဟောပြောပွဲတွေ၊ မင်္ဂလာဧည့်ခံံပွဲတွေကျင်းပကြပါတယ်။
ဘာလို့ အဲဒီနေရာလေးမှာ ကျင်းပခဲ့ရသလဲဆိုရင် ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ အကျယ်အဝန်းထဲမှာ ဘယ်နေရာကနေပြောပြော ဘယ်နေရာကနေ နားထောင်နားထောင် အသံကို ပီပီသသ ကြည်ကြည်မြမြ ကြားနေရလို့ပါပဲ။
အဲဒီလိုထူးခြားချက် ဖြစ်စေတာကတော့ ရေ ကနေ အသံထိန်းစနစ် ( Surrounding Sound System ) နဲ့ လိပ်ခုံးခန်းမ ကို တည်ဆောက်ထားလို့ပါပဲ။
လိပ်ခုံးအဆောက်အဦးရဲ့ ညာဘက်ထိပ်နားအပြင်မှာ underground ရေမြောင်းရှိပါတယ်။ မြောင်းထဲ ရေဖြည့်ထားရင် ရှေ့ကစကားပြောတာနဲ့ နောက်က ကြားရပါတယ်။
မှတ်မိသူတွေ ပုံဖေါ်ပြောပြချက်အရအောက်ကြမ်းခင်းကို ဆဋ္ဌဂံပျားအုံကွက် မှန်အထူတွေခင်းထားတယ်အလယ်တိုင်မပါတဲ့ ခန်းမကျယ်ဖြစ်တယ်ခြေထောက်၂ချောင်းထောက်ပေါ်တီကို ရှိပါတယ်။
မျက်နှာကျက်ကို လျှာထိုးသစ် ၃လွှာခင်းထားပြီး တလွှာနဲ့ တလွှာအကြားမှာ ကတ္တရာပြားတွေပါပါတယ်။
အမိုးကိုကြေးပြားတွေနဲ့မိုးထားပြီး ကြေးမှို ရိုက်ထားတယ်။
အဆောက်အအုံ ပါတ်လည်မှာ ရေမြောင်းတွေရှိပြီး မှန်အထူတွေနဲ့ အုပ်ထားတယ်။
အဆောက်အဦးရဲ့ ထောင့်၄ထောင့်မှာ ၄ပေ ပါတ်လည်အကျယ် ရေကန်တွေရှိတယ်။
အဆောက်အဦး အောက်မှာ ရေလှောင် ကန် တခု ရှိတယ်။
ရေထဲ့တာ အနည်း၊ အများပေါ်မူတည်ပြီး အသံကို ထိန်းညှိပေးတယ်လို့ ဆိုပါတယ်။
အခန်းအနားလုပ်ရင် တက်ရောက်မည့် ဧည့်သည်အရေအတွက်ပေါ်မူတည်ပြီး
ကန်တွေကို ရေအနိမ့်အမြင့် ထည့်ရပါတယ်။
ဧည့်သည်များရင် ရေများများဖြည့် ပြီး ထိန်းညှိရတယ် ဆိုပါတယ်။
စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။
တည်ဆောက်ခဲ့တဲ့ အဖွဲ့ကတော့ ဗြိတိသျှက နာမည်ကြီး ဗိသုကာပညာရှင် Raglan Squire နှင့် အဖွဲ့ဖြစ်ပြီး
လိပ်ခုံးခန်းမ နဲ့ ဗိသုကာဒီဇိုင်းဆု ( ၁၉၆၀ ) ကို ရရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။
၃-၃-၁၉၅၄ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု က အုတ်မြစ်ချပေးခဲ့ပြီး ၁၉၅၇ ခုနှစ်မှာပြီးစီးခဲ့ပါတယ်။
အင်ဂျင်နီယာကျောင်းသားတွေ အတွက်ရည်ရွယ် တည်ဆောက်ခဲ့ပေမဲ့ ၁၉၅၇-၅၈ ပညာသင်နှစ် တခုတည်းသာ
အင်ဂျင်နီယာသင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
၁၉၆၀-၆၁ မှာ ဥပစ အပိုင်း(က)(ခ) သင်တန်း၊ ၁၉၆၄ မှစတင်ပြီး ဆေးတက္ကသိုလ်(၁) အဖြစ် ပြောင်းလဲခဲ့ပါတယ်။
၁၉၈၉-၁၉၉၀ ခုနှစ်‌လောက်မှာတော့ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး အ.ဆ.ည မှ ပြုပြင်ထိမ်းသိမ်းနိုင်တော့ခြင်း မရှိဟု အကြောင်းပြချက်ဖြင့်
လေလံတင်‌ရောင်းချရာ ကြက်တန်းကုလားတွေက ၂၅ သိန်း ၁ သောင်း နှင့် ၀ယ်သွားပါတယ်။
နောက်ပိုင်း အင်ဂျင်နီယာကျောင်းသားတွေအတွက်ကတော့ ရေနဲ့ အသံထိန်းစနစ်တခုဖြစ်တဲ့ (Surrounding Sound System)ကို လေ့လာဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရခြင်းပါပဲ။
အခုတော့ မိုက်ခရိုဖုန်းမလို ၊ ဆောင်းဘောက်မလိုဘဲ ရေနဲ့ အသံထိန်းညှိတဲ့ လိပ်ခုံးခန်းမ ရှိခဲ့ဘူးတယ်ဆိုတာ ဒဏ္ဍရီ တခုအဖြစ်သာ ရှိနေပါတော့တယ်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago