Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

နရီမိုး

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 day, 3 hours ago

Last updated 1 month, 4 weeks ago

1 month ago

ဒီနိုင်ငံရဲ့ သန္ဓေကိုက စစ်နဲ့ ဖက်ပြီး မွေးလာခဲ့တဲ့နိုင်ငံ။ ရှေ့ ပဒေသရာဇ်ကတည်းကနေ ဒီကနေ့ထိတိုင်အောင် စစ်နဲ့ပဲ လုံးခြာလိုက်နေခဲ့တဲ့နိုင်ငံတစ်ခု။ ခေတ်စနစ်ဘယ်လိုပြောင်းပြောင်း ၊ အုပ်ချုပ်ပုံစနစ် ဘယ်လို ပြောင်းပြောင်း ဗဟိုကနေ အာဏာခွဲပေးတဲ့ တရုတ်လိုမျိုးမှ မဟုတ်ရင် အပိုင်းပိုင်းကွဲသွားနိုင်တဲ့ နိုင်ငံမျိုးလို့ ဆိုရင်လည်း မမှားဘူး။

လက်နက်ကိုင်အင်အားစုတွေမှာလည်း ဘာဒီမိုကရေစီနဲ့ ဖက်ဒရယ်မှ ရှိမနေဘူး။ ဒါ့ကြောင့်လည်း TNLA ထိန်းချုပ်နယ်မြေထဲမှာ သူတို့ကောက်ချင်တဲ့ အခွန်စံနှုန်းတွေနဲ့ လုပ်ချင်တိုင်း လုပ်နေကြတာ။ သူတို့ စံထားပြီး ရချင်တာဟာ "ဝ" လိုမျိုး မော်ဒယ်မျိုးပဲ။ "ဝ" မှာ နိုင်ငံတော်အလံတစ်ခုပဲရှိတယ်။ဗဟိုရဲ့ အချုပ်အခြာလည်း မသက်ရောက်ဘူး။ မသက်ရောက်လို့လည်း ကျားဖြန့်မှာ အစိုးရအနေနဲ့ ဝင်ရောက်စစ်ဆေးခွင့်မရှိခဲ့ဘူးလို့ ထုတ်ပြောခဲ့တာ တွေ့ရမှာ ဖြစ်တယ်။ နိုင်ငံတော်ရဲ့ ငွေကြေးလည်း မသုံးစွဲတဲ့ အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုကို ဒီမိုကရေစီ အစိုးရ ၂ ဆက်စလုံး ဒီအတိုင်း လက်လွှတ်ကြည့်နေခဲ့တာက ခုလို လက်နက်ကိုင်အင်အားစုတွေအတွက် အားယူစရာ ဖြစ်ခဲ့ဟန်လို့ ယူဆရတယ်။ KIA ဟာ TNLA နဲ့ AA ကိုမွေးထုတ်ခဲ့တယ်။ သူတို့မှာ လက်နက်စက်ရုံလည်း ရှိတယ်။ KNU ဟာ NCA ထိုးထားပါရက် ပြောင်ပြောင်တင်းတင်း ဥပဒေ ချိုးဖောက်နေတာကိုလည်း တားဆီးဖို့ နည်းလမ်းမတွေ့ခဲ့ပြန်ဘူး။

လက်ရှိစစ်ပွဲတွေရဲ့ အခင်းအကျင်းမှာ ကိုယ့်ဘက်‌ တော်သားတွေရဲ့ စစ်ပွဲ အကျိုးအမြတ်ကို Excel ဇယားလောက်နဲ့သာ ဖော်ပြနိုင်တာကလည်း ကိုယ့်အဖွဲ့အစည်းရဲ့ လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှု အဆင့်အတန်း လျော့နိုင်မှု တစ်ခုလို့ ယူဆမိတယ်။ လုံခြုံရေးအခြေအနေအရ Social Media မှာ တပ်မတော်အတွက် တရားဝင်ထုတ်ပြန်နိုင်မှု မရှိတာလည်း တပန်းရှုံးစေတယ်။ မှတ်မှတ်ရရ တွေ့မိ၊ ကြားမိတာ ဆိုလို့ KIA လက်နက်စက်ရုံဖျက်စီးတဲ့ ရုပ်သံရယ်၊ တပ်မတော်က ဒရုန်းသုံးနေပြီဆိုတဲ့ သတင်း ခပ်သဲ့သဲ့ရယ်လောက်ပဲ။ အချိန်ကြာလာတော့ ကိုယ့်အောင်မြင်မှု သတင်းထက် စခန်းပေးလိုက်ရတဲ့သတင်းတွေကသာ ဖုံးလွှမ်းလာခဲ့တယ်။ အကျိုးဆက်ကတော့ မြေပြင်က စစ်သည်တွေကို Motivate လုပ်ဖို့ ခက်လာတော့တာပဲ။

ဖက်ဒရယ် အရ အုပ်ချုပ်ရေး အာဏာ ပေးတာက ဥပဒေအရ လမ်းကြောင်းတစ်ကြောင်းဖြစ်ပေမယ့် နယ်မြေအခြေစိုက်စခန်းတွေ ဖယ်ပေးလိုက်ရပြီး စစ်ပွဲအရ လက်လွှတ်ပေးခဲ့ရတာတွေက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိပါးစေတယ်။ နောက်ဆက်တွဲအနေနဲ့ ဘေးနိုင်ငံတွေကပါ ထီမထင်လာတော့ပဲ။ အဆိုးဆုံးကတော့ NCA ထိုးသူများကိုယ်တိုင် နိုင်ငံရေးနဲ့ စစ်ရေးမှာ "ခွ" ချက် ကစားလာတာမျိုးက ရုပ်ဆိုးအကျည်းတန်ဆုံးပဲ။

စစ်ကိုနိုင်အောင်တိုက်ပြီး နိုင်ငံရေး နဲ့ စစ်ရေး ဂုဏ်သိက္ခာ အရယူသွားတဲ့ ပူတင် လိုမျိုး ဖြစ်စေချင်မိတာ အမှန်ပဲ။ ဒါမှ လက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေးစာပွဲဝိုင်းပေါ် ပြန်ရောက်လာကြမှာ။ နိုင်မယ့်မြည်း လောင်းတဲ့သူတွေအတွက် အနေခက်သွားကြလိမ့်မှာ။ ကျီးလန့်စာစားနေရတဲ့ ပြည်သူဘဝတွေလည်း လုံခြုံမှု ရှိသွားမှာ။ ခုတောင် စစ်တပ်မရှိတဲ့ ဖာပွန်မှာ ပြည်သူ့နေအိမ်တွေ အခိုးခံရလို့ ဘာမှ မကျန်တော့တဲ့သတင်းတွေ တွေ့မြင်နေရပြီ။ မြို့သိမ်းတိုက်ပွဲဆိုပြီး အစိုးရနဲ့ ပုဂ္ဂလိကဘဏ်တွေဖောက်၊ ပြည်သူ့ပစ္စည်း ကားဖင်ထိုးပြီးသယ်တဲ့ လုပ်ရပ်တွေလည်း နိဂုံးချုပ်စေချင်မိပြီ။ အဓိကကတော့ စစ်ကို ငါတို့နိုင်နေပြီဆိုတဲ့ MOTi မျိုး၊ ငါတို့ ထိန်းချုပ်နိုင်နေပြီဆိုတဲ့ MOTi မျိုး လူထုကို မြန်မြန် မက်ဆေခ်ျ့ပေးချင်နေမိတော့တာပါပဲ။

(နရီမိုး)

1 month ago

ဒီတိုင်းပြည်မှာ တပ်မတော်ကို ခိုင်မာအားကောင်းတဲ့ အင်စတီကျူးရှင်း ဖြစ်စေချင်တယ်။ Geopolitics အရ ဖြစ်မှလည်း ရမယ်။ ပင်လယ်ထွက်ပေါက်ရဖို့ ငယ်မွေးခြံပေါက်လို ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ဖိဖို့ ကျောက်ဖြူ ရေနက်စီမံကိန်းတွေနဲ့ အစပြုတယ်။ အကျိုးဆက်က ရခိုင်ကနေ အဖြောင့်ဆွဲလိုက်တဲ့ ပိုက်လိုင်းကြီးကို ကိုယ်တွေ အစိုးရအာဏာပိုင်တွေ အပါအဝင် ဘယ်လက်နက်ကိုင်မှ မတို့မထိရဲတော့ဘူး။ ဒါက ပထမဆုံး လက်လွှတ်ဆုံးရှုံးရတဲ့ အချက်ပဲ။

ရှမ်းမြောက်နယ်စပ်မှာ Buffer Zone ထားဖို့ တရုတ်က တွေးလာတယ်။ ဒါ့ကြောင့်လည်း စစ်ပွဲရပ်လို့ပဲ တားတာ။ ၁၀၂၇ မတိုင်ခင်အချိန်အခြေအနေ ပြန်သွားပါလို့ EAOs တွေကို ဖိအား မပေးနေဘူး။ အစိုးရကိုလည်း ကုန်သွယ်ရေး ပြန်စဖို့ပဲ နှပ်ကြောင်းပေးတယ်။ ဘယ်လို ပြန်စမလဲဆိုတော့.....ဖွဲ့စည်းပုံကျော်ပြီး နယ်မြေသိမ်းထားတဲ့ လက်နက်ကိုင်+အစိုးရ+တရုတ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြောလာတာ။

လက်ရှိ EAO တွေ ခေါင်းထဲမှာ ရောက်နေတဲ့ သုတ်ပိုးတစ်ခုက ဥပမာ ကချင်ဆိုရင် ကချင်ပြည်နယ်တခုလုံးကို KIA ပိုင်တယ်ဆိုတဲ့ အတွေးအခေါ်ကြီးရှိနေတာပဲ။ ဒီပြည်နယ်ထဲမှာ နေတဲ့ ဗမာတွေ၊ ရှမ်းတွေ၊ လီဆူးတွေနဲ့ရှမ်းနီတွေအရေး စိတ်မဝင်စားဘူး။ တရုတ်နယ်စပ်က မြေရှားတူးဖော်တဲ့ ကိစ္စတွေမှာ KIAက ဦးဆောင်နေတာပဲ။ ဒေသခံတွေလည်း ဝိုင်းအော်နေတာပဲ။ ဘယ်မှာ ဒီမိုကရေစီအခြေခံ ကျင့်ဝတ် စံနှုန်းတွေကို သူတို့ သုံးကြလို့လဲ။ လိုက်နာကြလို့လဲ။ လက်နက်အားကိုးအခြေပြုတဲ့ ဒေသစစ်ဘုရင် ဝါဒီပဲ ကျင့်သုံးကြတာ မဟုတ်ဘူးလား။

နောက်တချက်က တန်းတူညီမျှရေး ဆိုတဲ့ စကားလုံးအပေါ်မှာ အဓိပ္ပာယ်ကောက်ယူချက် လွဲမှားမှုပဲ။ ဥပမာ ဗမာ တကျပ်၊ ရှမ်းတကျပ်ဆိုတဲ့ အနေအထားဟာ ဗမာလည်း ၁၀ယောက်၊ ရှမ်းလည်း ၁၀ ယောက်ရှိတဲ့အနေအထားဆိုရင် မပြောသာပေမယ့် ဗမာလူဦးရေ ၇၀ ရာခိုင်နှုန်းရှိနေတဲ့ အနေအထားမှာ ဘယ်လို အနေအထားအထိ ရချင်တာလည်း ဆိုတာလည်း မကွဲပြားပြန်ဘူး။ သေချာတာကတော့ တပြည်လုံးကို အချိုးညီ ပုံစံခွက် ချလို့မရဘူးဆိုတဲ့အချက်ရယ်၊ ပြည်နယ် နာမည်တွေကို အဆွဲပြုပြီး ငါတို့လက်နက်ကိုင် အဖွဲ့ ပိုင်တယ်ဆိုပြီး လူလည်ကျနေတဲ့ အချက်ကို နောင်မှာ သေချာပေါက် ပြင်ကို ပြင်ရလိမ့်မယ်။

အထက်က ဆိုခဲ့သလို တပ်မတော်ကသာ အင်အား မကောင်းခဲ့ရင် ဒီမိုကရေစီ စံနှုန်းပျောက်တဲ့ လက်နက်ကိုင်ဗိုလ်ကျ စိုးမိုးမှုတွေကို ဒေသခံတွေ အဆိုးဆုံး ခံစားရလိမ့်မယ်။ ခုလက်ရှိမှာတင် အချိုးခံလိုက်ရတဲ့ တံတားတွေနဲ့ ပုံမှန်မဟုတ်တဲ့ ကွင်းလမ်းတွေမှာ EAO တွေကို ဖင်ကုန်းမတတ်ကြောက်ရပြီး သူတို့တောင်းတဲ့ ဆက်ကြေးကို လိုလိုလားလား ကိုယ်ကစပြီး ပေးနေရလိမ့်မယ်။

လက်နက်ကိုင်တာကို မကြိုက်လို့တော်လှန်ပါတယ်ဆိုတဲ့ အညာ LPDF တွေက မုံရွာ ယာကြီးလမ်းနဲ့ လက်ယက်တွင်းရေနံမှော်တွေမှာ ဆက်ကြေးအခွန်ကောက်နေကြသလို အလောင်းတော်ကသပ ကြိုးဝိုင်း‌ထဲမှာ သစ်ခိုးထုတ်ရင်း ပျော်နေ‌ေလာက်ပြီ။ မီးမလာတာကို အပြစ်တင်ကြပေမယ့် တာဝါတိုင်တွေ အချိုးခံရတာကိုကြတော့ ပျော်ပျော်ကြီး ဝမ်းသာပေးနေကြတယ်။ ကုန်ဈေးနှုန်းတက်တာကို ဝိုင်းဆဲကြပေမယ့် အချိုးခံလိုက်ရတဲ့ တံတားတွေကို ဘယ်သူလုပ်သလဲဆိုတာကိုတော့ မသိချင်ဟန်ဆောင်ပေးလိုက်ကြတယ်။ စစ်တပ်အုပ်ချုပ်တာ မကြိုက်ဘူးဆိုတဲ့သူတွေက ရွေးကောက်ပွဲ ပြန်ဖြစ်ဖို့ကြ သေမတတ်ကြောက်ကြတယ်။ ဒီမိုကရေစီစံနှုန်းကို မြတ်နိုးပါတယ်ဆိုတဲ့ လူတန်းစားတသိုက်က စိုင်းစိုင်းခမ်းလှိုင် ဘက်ဒေး Show ကို တက်ဘလိမ်းနေကြပြန်တယ်။ ကိုယ်လုပ်တာမှ အမှန်၊ ကိုယ်ပြောတာကမှ ဓမ္မဆိုတဲ့ လူတန်းစားတွေက တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းသွားမှာကို ပိုကြောက်နေကြတာ မြင်ရတာ အော့နှလုံး နာစရာပါပဲ ။

(နရီမိုး)

1 month ago

ဘာကွာခြားနေတာလဲ ဆိုတော့

တဖက်က ဥပဒေကြောင်းအရ လွှတ်တော်ကနေ တဆင့် လိုလားချက်ကို တောင်းစေချင်တယ်။ ဒါက တရားဝင်လည်း ဖြစ်တယ်။ တပ်အနေနဲ့လည်း တာဝန်ခံစရာ မလိုဘူးဆိုတဲ့ အနေအထား တစ်ရပ်လည်း ဖြစ်တယ်။

တဖက်ကိုကြည့်ပြန်တော့ ဥပဒေသမားတွေ မဟုတ်ဘူး။ တပ်ကို ခွေးအ တွေလိုပဲ အုပ်လိုက် ဝိုင်းဆွဲကြတယ်။ အမြည်းကျက် အမြည်း၊ ခေါင်းကျက် ခေါင်းပဲ။ ဘယ်စာချုပ်မှလည်း ဂရုမစိုက်ဘူး။ မြေပြင်မှာ နိုင်အောင်တိုက်။ ရတဲ့သူ ယူကြေးပဲ။ ဒါ့ကြောင့် NCA ထိုးထားပါတယ်ဆိုတဲ့ လက်နက်ကိုင်တွေက မြေအောက်အဖွဲ့အစည်းတွေအဖြစ်နဲ့ ခွချက် ကစားလာကုန်တော့တာပဲ။ ဒဲ့ပြောရရင် တပ်အနေနဲ့ ခက်ခဲလာရင် လက်နက်ကိုင်အဖွဲ့ကနေ စကားပြောမယ်။ တပ်ကသာ အင်အားကောင်းလာရင် ကျန်ခဲ့တဲ့ မြေပေါ်အဖွဲ့အစည်းနဲ့ ဆက် စကားပြောမယ်။ ဒါက အရိုးရှင်းဆုံး ဥပဒေသပဲ။

လက်ရှိအခင်းအကျင်းအရ မြင်မိသလောက်က မြန်မာက ကြားခံ မြေဇာပင် ခပ်ကွင်းပဲ။ ကျားဖြန့်မှာ တာဝန်ရှိသူတွေကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တာက တရုတ်ကို လှန်ဖို့ခက်ခဲနေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ကရင် နယ်ခြားစောင့်တွေ သီးသန့်ရပ်တည်မယ်ဆိုတာ အလကားမှမဟုတ်ပဲ။ အခြေအနေမကောင်းရင် တရုတ်လက်အပ်ခံရနိုင်တာဆိုတာ တွေးချင်လည်း တွေးကြမှာပေါ့။ ဒါဆို မေးစရာရှိလာတာက ရွှေကုက္ကိုလ် ၊ မြို့သစ် စီမံကိန်းက ဘာကိစ္စနဲ့ ဘယ်သူ့ခွင့်ပြုချက်အရ ပေါ်လာတာလည်း ဆိုတာပဲ။ တကယ်တော့ သူခိုး လူမိသွားတဲ့ KNU က ရှက်ရမ်းရမ်းလာတာလို့ ပြောရင်လည်း မမှားဘူး။

မြစ်ဆုံကတည်းက မကျေလည်တဲ့ တရုတ်က ကြားနယ်‌ေမြမှာ Buffer Zone ခံဖို့ ပလန်ကြိုချထားခဲ့တယ်လို့ တွေးရမှာပဲ။ ခုဆို ရှမ်းမြောက်နဲ့ ရခိုင်ပလက်ဝနယ်မြေတွေဟာ တရုတ်လက်ဝေခံတွေ ဖြစ်ကုန်ပြီ။ တဆက်တည်း မြဝတီကိုပါ လက်နက်ကိုင်တပ်တွေနဲ့ မျှစားရမယ့်ပုံစံ ဖြစ်နေပြီ။ တရုတ်ကြားဝင်လာတဲ့ စေ့စပ်ဆွေးနွေးရေး အဖြေဟာ ဒါပဲ ဖြစ်မယ်လို့ ယူဆရမှာပဲ။ ချက်ချင်းအပစ်ရပ်။ အားလုံးပါဝင်တဲ့ အကျိုးစီးပွားနဲ့ တရုတ်အကျိုးစီးပွား ကာကွယ်ပေးရေးဆိုတဲ့ အချက်တွေကနေ ပြေးလွတ်စရာ မရှိဘူး။

ဒီအခြေအနေကြီးကို တိုင်းပြည်ဟာ ဖက်ဒရယ်ဆီ ဦးတည်နေပါတယ်လို့များ တယောက်ယောက်က ဆိုလာခဲ့ရင်....

(နရီမိုး)

3 months ago

စစ်မှုထမ်း ဥပဒေပြဌာန်းလိုက်လို့ ခရီးမသွားကြပါနဲ့ ဆိုတဲ့ ငတုံး ပို့စ်လေးတွေ မြင်လာလို့ ရေးပြတာပါ။ အိမ်မှာပဲ နေနေ၊ ခရီးပဲသွားသွား ဒီဥပဒေရဲ့ လွှမ်းခြုံမှုက မြန်မာပြည်ရဲ့ ၅၆ သန်းကျော်သော လူထုအပေါ် အကုန် သက်ရောက်ပါတယ်။ လိုက်ဖမ်းနေစရာလည်း မလိုပါဘူး။ ကားပေါ်ကနေလည်း ဆွဲချစရာ မလိုပါဘူး။ စာထုတ်ပြီးမှပဲ ဆင့်ခေါ်နေမှာပါ။ 🙃🙃🙃

အသက်ပြည့်မှီတယ်။ ကန့်သတ်ချက်အကျုံးဝင်နေရင် ‌ဆင့်ခေါ်စာလေးပဲ အိမ်မှာ ထားခဲ့မှာပါ။ ဒီစာရောက်လာမှ ဘုန်းကြီး ပြေး ဝတ်မယ်ဆိုရင်လည်း အသက် ၃၅ နှစ်အထိ ဝတ်နိုင်ရင် ဝတ်ပေါ့။ ရှောင်လွှဲမှုကလည်း ထောင်ဒဏ် သင့်ပါတယ်။ နောက် ထွေအုပ်ရုံးတွေမှာ မြို့နယ်သမိုင်းအကျဉ်းဆိုတဲ့ အစီရင်ခံစာတွေ ရှိပါတယ်။ ပြောလိုတာက ဒီမြို့နယ်မှာ ဘုန်းကြီးကျောင်း ဘယ်နှစ်ခုရှိတယ်။ နှစ်စဉ် ကထိန်ခင်းနေတဲ့ တပ်က မြို့နယ်သံဃာ ဘယ်နှစ်ပါး ရှိသလဲ ဆိုတာ မင်းတို့ထက် ပိုသိပါတယ်။ 🥱🥱🥱

နောက်တစ်ခု ခပ်ပေါပေါ ကျပ်မပြည့်တဲ့ မန့်လေးလည်း တွေ့လို့ပါ။ နောက်ကျည်မှန်မယ်တို့၊ သေနတ်ယူပြီး ထွက်ပြေးမယ်တို့ ။ 🥹🥹🥹။ တပ်မတော်အက်ဥပဒေနဲ့ ကိုယ်ရေးရာဇဝင်မကောက်ပဲ တပ်က ပွဲဈေးတန်းထဲကနေ အရုပ်ဝယ်သလိုများ စနစ်ကျနမှု မရှိဘူးလို့များ ထင်နေရော့သလား မသိ။ ကိုယ်ရေးရာဇဝင်ဆိုတာ သေသွားတဲ့ ဘိုး၊ဘေး၊ ဘီ၊ ဘင်အထိပါ Tree Diagram ဆွဲထားတာမို့ သိပ် လွယ်နေတယ်လို့ ယူဆရင်လည်း စမ်းကြည့်ပေါ့။ ဖြစ်လာနိုင်တဲ့ အားနည်းချက်တွေ ကြိုသုံးသပ်ထားပြီးမှ တနိုင်ငံလုံးတည်သော အမိန့်အာဏာကို တရားဝင် ထုတ်ပြန်ခဲ့တယ်ဆိုတာ မမေ့စေချင်ဘူး။

(နရီမိုး)

3 months ago

တပ်မတော်နဲ့ ရဲ မိသားစုဝင်တွေ၊ နိုင်ငံဝန်ထမ်းမိသားစု အယောက် ၇၀၀ ကျော် အသတ်ခံရ၊ ကမ်းကူးလာတဲ့သူတွေကို ရခိုင်အကြမ်းဖက်တွေက ဓားနဲ့ ခုတ်သတ်တာကို လူမျိုးရေးအမုန်းတရား ဖြစ်မှာစိုးလို့ ဆိုပြီး အကြောင်းပြခဲ့ရင် သေသွားတဲ့ လူ့အသက်တွေရဲ့ တန်ဖိုးက ဘာလဲ ဆိုပြီး မေးစရာ ရှိလာတယ်။

ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ အသေခံ ဗုံးခွဲမှုတိုင်းမှာ အများစုက ဘာသာကြီး တစ်ခု ကိုးကွယ်နေတဲ့သူတွေပဲ။ ဒါပေမယ့် ဒီကိုးကွယ်သူတိုင်းကတော့အကြမ်းဖက်သမားတွေ မဟုတ်ကြလေဘူး။ ခုဖြစ်စဉ်မှာလည်း လူမျိုးရေးအမုန်းတရားနဲ့ အကြောင်းတည်တာကတော့ ပကတိ အမှန်တရားပဲ။ ယုတ်ဆွအဆုံး သင်္ဘောနစ်လို့ ရေမကူးနိုင်ရင်တောင် သေဖို့ ရာခိုင်နှုန်းများနေတဲ့ ကိစ္စမှာ ဓားနဲ့ ဆင်းခုတ်တယ်အထိ ရက်စက်ခဲ့တာကတော့ အမုန်းအာဃတ တရား ဘယ်လောက်ကြီးသလဲ ဆိုတာ ပေါ်လွင်နေတာတွေ့ရတယ်။

ARSA တွေရခိုင်မြောက်ပိုင်းကို ဝင်ပြီး ရခိုင်တွေကို ရွာလုံးကျွတ်သတ်ခဲ့ချိန်မှာ ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့တဲ့ ကျေးဇူးကိုမှမထောက်။ ရခိုင်-ဘင်္ဂလီ အရေးအခင်းဖြစ်တိုင်း တပ်မတော်က လက်ဝင်လျိုပြီး ကယ်တင်ခဲ့ရတဲ့ ကျေးဇူးတရားတွေကို မထောက်။ မိုခါမုန်တိုင်းဝင်တော့ ပျက်စီးဆုံးရှုံးတာခြင်းအတူတူ ကိုယ့်နေအိမ်နဲ့ မိသားစုတွေအရေးကို ဘေးဖယ်ပြီး ရခိုင်ပြည်ကြီး နဂိုအတိုင်းဖြစ်ပါစေတော့ဆိုတဲ့ စိတ်နဲ့ ပြည်မက ရဲသင်တန်းကျောင်းက သူတွေပါမချန် ကိုယ်ဖိရင်ဖိ ဝိုင်းကူခဲ့ကြတာကိုမှ မထောက်။

ဘယ်လောက်ပဲ လူမြင်ကောင်းအောင် ဖုံးကွယ်နေကြပါစေ ...။ အမုန်းတရားဖြန့်ဝေသူလို့ အစွပ်စွဲခံရမှာစိုးလို့ နှုတ်ပိတ်နေကြသည့်တိုင်အောင် .အသတ်ခံရတဲ့ မိသားစု အယောက် ၇၀၀ ရဲ့ အသိုင်းအဝိုင်းကတော့ ဒီလူမျိုးစုအပေါ်မှာ အမုန်းတရား မကြေနိုင်တော့ဘူးဆိုတာကတော့ အမှန်တရားဖြစ်နေတော့မှာပါပဲ။အသတ်ခံလိုက်ရတဲ့ အယောက် ၇၀၀ ကျော်ထဲမှာ ဗမာလူမျိုးစု တခုတည်း သီးသန့်ရှိနေတာမှမဟုတ်ပဲ။ ဒါကို ရခိုင် စာရေးဆရာ တွေက အစ ဒီဖြစ်စဉ်က ရခိုင်တွေရဲ့ အောင်ပွဲလို့ တခုတ်တရ အောင်ပွဲခံနေမှတော့ ဒီလူမျိုးစု အတွေးမှာ ဘာတွေရှိနေသလဲဆိုတာ မှန်းဆကြည့်လို့ ရနေပါပြီ။

(နရီမိုး)

3 months ago

ပုဒ်မ ၁၁ ပဲ သဘောကျပါတယ်။ တပ်မတော်အက်ဥပဒေလိုက်နာရမယ်ဆိုတဲ့အချက်က ဒီဥပဒေရဲ့ အသက်ပါပဲ။🤓 သာမန် ၂ နှစ် ဖြစ်ပြီးတော့ နိုင်ငံရေးအခြေအနေ ပိုပြီးဆိုးဝါးလာရင် ၅ နှစ် ဖြစ်ပါ့မယ်။ ကျောင်းတက်နေသူတွေ၊ နိုင်ငံတော် အစိုးရဝန်ထမ်းတွေ ၊ ထောင်ကျနေသူတွေကတော့ ယာယီ ကင်းလွတ်ခွင့်ရပါ့မယ်။ အမျိုးသမီးငယ်တွေ ဒီ ဥပဒေကနေ ကင်းလွတ်ချင်ရင်တော့ မဖြစ်မနေ အိမ်ထောင်ပြုရပါမယ်။ 😀

(နရီမိုး)

3 months, 1 week ago

အမေ ထောင်ကလွတ်လာရင် နေစရာမရှိအောင် စစ်တပ်က လုပ်နေတယ်ဆိုတဲ့ အင်တာဗျူး လေးတွေ့ရင်း ရီချင်လာလို့။ ဒီအင်တာဗျူးက နေရင်းထိုင်ရင်း ထွက်လာတာတော့ မဟုတ်ဘူး။ မောင်နှစ်မ နှစ်ယောက် မတည့်လို့ အမွေခွဲရင်းနဲ့ တရားရုံး ရောက်နေတဲ့ ခြံအမှတ် (၅၄)နဲ့ ပတ်သက်ပြီး လေလံပစ်တယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာအပြီးမှ တိုက်တိုက်ဆိုင်ဆိုင် လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုလည်း ဖြစ်တယ်။ တကယ်တော့ တရားရုံးက ချမှတ်လိုက်တဲ့ အမိန့်ဟာ လွန်တော့မလွန်ဘူး။ တကယ်လို့ မောင်နှစ်မ နှစ်ယောက်ထဲက လက်မလွှတ်ချင်တဲ့သူ ရှိရင်လည်း ဒီအိမ်ပိုင်ဆိုင်မှု တစ်ဝက်ကို အခြားတစ်ယောက်ကို အမ်းပေါ့။
-----
ဗိုလ်ချုပ်ကွယ်လွန်အပြီး နိုင်ငံတော် အစိုးရ(ဖဆပလ) ကနေ ဗိုလ်ချုပ်မိသားစုကို ကြည့်ရှု့စောင့်ရှောက်ပေးခဲ့တဲ့ အရာတွေထဲမှာ ဒေါ်ခင်ကြည်ကို သံအမတ်ကြီးအဖြစ်နဲ့ တာဝန်ပေးအပ်ခဲ့မှုရှိခဲ့တာအပြင် တက္ကသိုလ်ရိပ်သာလမ်းမှာ ရှိတဲ့ ဒီခြံအမှတ်(၅၄)ကို ပေးအပ်ခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒီပြဿနာတွေအစက ...ညီမဖြစ်သူ (နိုဗယ်ဆု ပိုင်ရှင်)က ဒီအိမ်မှာ အနေများတယ်ဆိုတဲ့ အချက်အပါအဝင် အစ်ကိုကြီးဖြစ်တဲ့သူက နိုင်ငံခြားမှာ အနေများပြီး အခြားနိုင်ငံသားဖြစ်ခွင့်ခံယူထားတယ်ဆိုတဲ့အချက်ကို နင်းပြီး အိမ်ကို မောင်ပိုင်စီးချင်တာက စခဲ့တယ်။ တစ်ဖက်မှာ.... တရားရုံးက ချမှတ်ခဲ့တဲ့ အိမ်ကို ဒေါ်အောင်ဆန်းစုကြည်ပေးပြီး ပိုတဲ့ တစ်ဝက်သော မြေကို ဦးအောင်ဆန်းဦးယူ ဆိုတဲ့ ၂၀၁၆ က အမိန့်ကို မကြေနပ်လို့ အယူခံဝင်တာကနေ နောက်ဆုံးလေလံပစ်တဲ့ အဆင့်ထိ ရောက်လာတာပဲ။ (ညီမ ဖြစ်သူကလည်း သိပ်မလည်ရှာဘူး။ သွေးသား အရင်း ဖြစ်တာတောင် တစ်ယောက်တစ်ဝက်ဆိုတဲ့ အနေအထားကို လက်မခံ ပေးနိုင်ရှာဘူး။) ဒီကြားထဲ ဒေါ်ခင်ကြည်ရဲ့ တစ်ဝမ်းကွဲ တူဆိုတဲ့ ကိစ္စပေါ်လာလို့ ထပ်ပြီး ရှင်းရသေးတယ်။
------
တကယ်တော့ ဦးအောင်ဆန်းဦး ပြောတာကလည်း ရှင်းရှင်းလေးရယ်။ မောင်နှစ်မ ဖြစ်လို့ တစ်ယောက်တစ်ဝက်ယူမယ်။ ပိုက်ဆံအမ်းနိုင်ရင် သူ့ကို အမ်းပြီး အိမ်ကိုယူ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အဲလိုလည်း မရဘူး။ လုံးလုံးကို မပေးချင်တဲ့သဘော။ ဒီကြားထဲ အမှုဖြစ်တဲ့အချိန်က အာဏာရ အစိုးရဖြစ်နေလေတော့ ဖြေရှင်းဖို့ ခက်တဲ့ သဘောတွေ့ရတယ်။
-----
ခုတရားရုံးက ချမှတ်လိုက်တဲ့ လေလံပစ်ဈေးကလည်း အမေရိကန်ဒေါ်လာ သန်း ၉၀ (မြန်မာငွေ ၃၁၅ ဘီလျံ)ရှိနေတဲ့အပြင် နိုင်ငံရေးအရှုပ်အရှင်းရှိနေတဲ့ အိမ်ယာဖြစ်လို့ ဘယ်စီးပွားရေးသမားမှလည်း ဝယ်နိုင်ရင်တောင် ဝယ်ချင်မယ် မထင်ဘူး။ ဒီကြားထဲ ခြံအမှတ် (၅၄)ဟာ ဘိုးဘွားပိုင်မြေမဟုတ်ဘဲ ဂရန်မြေသာ ဖြစ်လို့ အသက်(၈၀) ကျော်တန်းရှိနေတဲ့ ဒီမောင် နှစ်မ နှစ်ယောက်အနေနဲ့ (ဂရန် သက်တမ်းကုန်မဲ့ အချိန်အထိ
)ခုလိုသာ မညီမညွှတ်ဖြစ်နေရင် အစိုးရပိုင်အဖြစ်နဲ့ ဒိုင်စားသွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေလည်းရှိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွေက လောဘကြီးပြီး အတ္တကြီးကြတာကနေ စတဲ့ ဇာတ်လမ်းမို့ ဘယ်လို ရလာဒ်ထွက်ထွက် ဝမ်းနည်းစရာအကြောင်းတော့ မရှိနေပါဘူး။ သွေးသားရင်းခြာ မောင်နှစ်မ အချင်းချင်းတောင် မညီညွှတ်နိုင်တဲ့ သူက “အမျိုးသားအဆင့် ရင်ကြားစေ့ရေး” ဆိုတဲ့ စကားတွေ ပြောနေတာမျိုးကို ဘယ်တိုင်းရင်းသားတွေကရော ယုံကြည်ပေးနိုင်ပါ့မလဲ?

(နရီမိုး)

3 months, 1 week ago

အဆတစ်ရာ...

တိရစ္ဆာန်တစ်ကောင်ကို ကျွေးရင်
အဆတစ်ရာ အကျိုးရတယ်။

ဒါနကောင်းမှုတစ်ခု လုပ်တာ အဲ့လောက် ပြန်ရလား သံသယမရှိနဲ့။

သရက်စေ့တစ်စေ့ စိုက်တယ်၊အသီးသီးတော့ သရက်သီး တစ်လုံးတည်း ဟုတ်ရဲ့လား။

ဒါနကလည်း သစ်ပင်စိုက်တဲ့နည်းအတိုင်း အကျိုးပေးတာပဲ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

3 months, 1 week ago

“ဘဝကို တည်ဆောက်တာက နှစ်ခုရှိတယ် ဘာနဲ့ ဘာတုန်း ဆိုရင် ကိလေသာနဲ့ ကံ”

ကိလေသာကို သာ ချုပ်အောင်လုပ်လို့ရတယ် ကံကို ချုပ်အောင် လုပ်လို့မရဘူး ဘာလို့ လုပ်မရတာလဲ ဆိုရင် ကံဆိုတာ လုပ်ပြီးသား ဖြစ်နေပြီလေ။

ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခုဟာ လုပ်ပြီးသား အလုပ်တစ်ခုကို မလုပ်ရသေးဘူးလို့ ပြောလို့မှ မရတာ နော် ပြီးသွားပြီလေဘပြင်လို့လည်းမရဘူး မနေ့တုန်းက လုပ်ခဲ့တဲ့ ဟာကို ဒီနေ့ ပြန်ယူလို့မှ မရတာ။

အစားပဲ လုပ်ရင် လုပ်လို့ရမယ် မနေ့က ဟာ မဟုတ်တော့ဘူး ဒီနေ့လုပ်တာ ဒီနေ့ ဟာပဲမနေ့က ဟာ မဟုတ်ဘူး မနေ့က ဟာကပြီး သွားပြီလေ ပြန်ယူချင်လို့မရဘူး ကံတရားဆိုတာ ပြန်ပြင်လို့မရဘူး။

ပြန်ပြင်လို့မရဘူး ဆိုတာ ဘယ်လိုတော့ ပြင်လို့ ရတုန်းဆိုရင် ကောင်းတဲ့ ကံတွေကို တိုးတက်များပြားလာအောင် လုပ်ပြီးတော့ မကောင်းတဲ့ ကံကို မေ့ထားပြီး ကောင်းတဲ့ ကံတွေ ကို အမှန်အတိုင်းသိပြီးတော့ မကောင်းတာ မကောင်းမှန်း သိတယ် သိပြီးတော့ ရှောင်တယ်။ကောင်းတာ တွေ လုပ်တယ်။

မကောင်းတာကို မကောင်းမှန်း သိရမယ်
၁။ ရှောင်ရမယ်
၂။ ကောင်းတာတွေ လုပ်ရမယ်
၃။ အဲ့ဒီနည်းနဲ့ ကံဆိုးက လွတ်နိုင်တယ်ပေါ့နော်
မကောင်းတဲ့ ကံက လွတ်မြောက်တဲ့ နည်းက အဲ့ဒီ နည်းပဲ။

မကောင်းမှန်း သိရမယ် ထပ်မလုပ်ရဘူး ရှောင်ရမယ် ကောင်းတာ လုပ်ရမယ်။

အဲ့လိုဆိုရင် တဖြည်းဖြည်း ဒီမကောင်းတဲ့ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ တဖြည်းဖြည်း နောက်ရောက်သွားတာ။

ဒါပေမယ့် ပယ်ဖျက်လို့ရတာ မဟုတ်ဘူး What had been done cannot be undone.
Undone လုပ်ပစ်လို့မရဘူးလို့။ဆိုလိုတယ်။

အဲ့တာကြောင့် ပယ်တာ ကိလေသာကို ပဲ ပယ်တာ ကံ ကို ပယ်တာ မဟုတ်ဘူး ကိလေသာ ပယ်လိုက်လို့ ကိလေသာကိုချုပ်ရင် ကံကချုပ်သွားတယ် ဒီလိုဆိုလိုတယ်။

ဒါကြောင့်မို့လို့ ကိလေသာရှိသေးရင် နောက်ဘဝဆိုတာ ဖြစ်မှာပဲ ကိလေသာ မရှိရင် မဖြစ်တော့ဘူးလို့ ရှင် နာဂသေက အဲ့လိုပြောတာ အင်မတန်မှ အဓိပ္ပာယ်ရှိတယ်နော် အဲ့လိုအဓိပ္ပာယ်ရှိတယ်။

ကံရှိရင် ဖြစ်ဦးမှာပေါ့ကွာ ဆိုတဲ့ ဟာက အဓိပ္ပာယ် မရှိဘူး ကံရှိတိုင်း ဖြစ်ချင်မှ ဖြစ်မယ် ကိလေသာ ရှိမှ ဘဝဆိုတာ ဖြစ်တယ် ကံနဲ့ ကိလေသာ နှစ်ခုပေါင်းစပ်ထားတာ။

မျိုးစေ့ရှိရင် အပင်ပေါက်မှာပဲလို့ ပြောကောင်းပြောလိမ့်မယ် ရေမြေ မရှိရင်တော့ ဘယ်လို လုပ်ပေါက်မှာလဲ ရေနဲ့မြေရှိမှ ပေါက်လို့ရမှာပေါ့ ဒီလို ဆိုလိုတယ် ပေါ့နော်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🏻🙏🏻🙏🏻

5 months, 1 week ago

၁။ ဒီအချိန်က တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေကို လေဖန်းဒန်းစီးပြီး အပြစ် ပြောရမယ့်အချိန်မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် သုံ့ပန်းဖြစ်သွားရင်လည်း အပြစ်တင်စရာအကြောင်းမရှိဘူး။ ရက်ပေါင်းများစွာကြာအောင် Drop Bomb ဒဏ်၊ ထောင်နဲ့ချီတဲ့ရန်သူတွေကို ရှိတဲ့အနေအထားတရပ်ကနေ ကြံ့ကြံ့ခံနေတဲ့ ကိုယ့်စစ်သည် တွေအပေါ် ဘက်ပေါင်းစုံက အားပေးအားမြှောက်ပြုခြင်းကသာ အထိရောက်ဆုံး နည်းလမ်း ဖြစ်မယ်။
----------
၂။ ချွင်းချက်အနေနဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုးကလွဲရင် အရေးယူ၊ အဖက်စားရမဲ့ အချိန်လည်း မဟုတ်ဘူး။ စွမ်းရည်သတ္တိရှိရှိ ကာကွယ်နေတဲ့ တပ်မတော်သားတွေ၊ ရဲမေတွေကို နိုင်ငံတော်ပိုင် ရုပ်သံတွေကနေ ဖြစ်တဲ့နည်းနဲ့ အားပေးစကားတွေ ပြောပေး နေရမှာဖြစ်တယ်။ တိုက်ပွဲကျပဲဖြစ်ဖြစ်၊ လက်ရှိတိုက်နေဆဲ စစ်မြေပြင် တပ်မတော်သား တွေရဲ့ စွမ်းရည်ဆိုင်ရာ ချီးမြှင့်မှုတွေကိုလည်း ရုပ်သံတွေကနေ အချိန်နဲ့တပြေးညီ ပြသနေရင် ပိုတောင်ကောင်းတယ်။ တကယ်တော့ ရှမ်းမြောက်ဖြစ်စဉ်ဆိုတာ Shork အကြီးစား။ အရင်‌ ၂၀၁၅၊ ၂၀၁၇ မှာ ဖြစ်ခဲ့တဲ့ လောက်ကိုင်- ကုန်းကြမ်းဖြစ်စဉ်ဆိုတာက စစ်ပွဲချည်း သီးသန့်တိုက်ခဲ့ရပေမယ့် ခု လက်ရှိစစ်ပွဲတွေဆိုတာ ဘက်ပေါင်းစုံက အတိုက်ခံနေရတယ်ဆိုတာ မျက်မြင်တွေ့နိုင်တယ်။
-----
၃။ စစ်ပွဲတွေကြောင့် ကယားပြည်နယ်ရဲ့ မြိုတော် ၊ လွိက်ကော်ဆိုတာ အရင်လို အနေအထားရောက်ဖို အတော်လေး ရုန်းကန်ရတော့မယ်။ အပြန်အလှန် နှစ်ဖက် ပစ်ခတ်မှုတွေကြောင့် မြို‌ကြေမှာလည်း ရန်သူက သိတယ်။ အသိမ်းပြရင် လေတပ်က ပြန်ဆော်မှာလည်း သူတို့သိတယ်။ ဒါဆို ဘာလို လုပ်သလဲ။ အဖြေက ရှင်းတယ်။ ရွေးကောက်ပွဲအရ တက်လာတဲ့ အစိုးရပဲဖြစ်ဖြစ်၊ အာဏာထိမ်းတဲ့ အစိုးရ ပဲဖြစ်ဖြစ် နိုင်ငံရေးမှာ ရှုံးနိမ့်စေအောင်၊ စီးပွားရေးအရ အကျပ်အတည်း ဖြစ်ပြီး လူထု အုံကြွမှု ဖြစ်အောင် မီးစပျိုးနေတာ ဆိုတာ တွေ့နိုင်တယ်။ စခန်းသိမ်းတိုက်ပွဲနဲ့ မြို့သိမ်းတိုက်ပွဲ တွေဆိုတာ နိုင်ငံရေးအရ ထိုးနှက်ချင်လို့ တိုက်တဲ့ အရာတွေချည်းပဲ။ တဖက် မီဒီယာပေါ်ကလည်း တပ်မတော်အထက်အောက်ပြိုကွဲစေနိုင်တဲ့အထိ သွေးထိုးလှုပ်ဆော် မှုတွေ အများကြီး လုပ်ဆောင်နေတာလည်း တွေ့နိုင်တယ်။ ဒီအချိန် ရေပက်မဝင်တဲ့ စည်းရုံးရေးဆိုတာ ကိုယ့်စစ်သည်တွေကို Care လုပ်ပြတာလောက် ထူးပြီး လုပ်ပြစရာ အကြောင်းမရှိဘူး။ သူတို့နောက်မှ မားမားမတ်မတ် ရပ်ပေးနေတယ်ဆိုတဲ့ “အား”တရပ် ပဲ လိုတာ။
--------
၄။ ဗကပ လက်ထက်တုန်းက လက်လွှတ်ခဲ့ရတဲ့ စခန်းတွေဆိုတာကလည်း နှစ်နဲ့ချီပြီး ပြန်တိုက်ယူခဲ့ရတာပါပဲ။ ဒီအချိန်မှာ နယ်စွန်နယ်ဖျားက စခန်းတွေအတွက်တော့ အတော်လေး ခက်ခဲစေမှာ သေချာပါတယ်။ ခုချိန်မှာ မြေပြင်တပ်တွေရဲ့ အင်အား မနာအောင်၊ အရပ်သားတွေကို စစ်ပွဲဓားစာခံမဖြစ်အောင် လုံခြုံတဲ့နေရာ စုဖွဲထားတာက အသင့်တော်ဆုံးပါပဲ။ နောင် တိုင်းပြည်တည်ငြိမ်ရင် တပ်မတော်ဆိုတဲ့ တရားဝင် Institutionအတွက် တပ်စခန်းတွေဆိုတာ နိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်နဲ့ သွားလို့ရတယ်။ အရပ်သားနဲ့ ရန်သူ၊ တပ်မိသားစုနဲ့ ရန်သူ ... ကွဲကွဲပြားပြားဖြစ်အောင် လုပ်ပြီး ဆော်မှပဲ ရမှာပါ။ အင်အားထောင်ချီတဲ့ ရန်သူ့စုဖွဲမှုကို နောက်ချန်ရဲမေတွေပါ မကျန် အစွမ်းကုန် ကာကွယ်နေတဲ့ အချက်နဲ့တင် လေးစားဂုဏ်ယူဖို ကောင်းနေပါပြီ။
-----
၅။ ခုချိန် စစ်ရေးနဲ့အတူ အရေးကြီးနေတာက တိုင်းပြည်ရဲ့စီးပွားရေးပါ။ အဓိက သွင်းကုန်-ပို့ကုန် လုပ်နေတဲ့ တရုတ်-မြန်မာ လမ်းပိုင်းရယ်၊ ထိုင်း-မြန်မာ ပြည်ထောင်စု လမ်းပိုင်းတွေက ပိတ်လု နီးနီးဖြစ်နေပါပြီ။ အနောက်ဘက်မှာလည်း AA တိုက်ကွက်ဖော် နေတာ ဒီရည်ရွယ်ချက်ပါပဲ။ တမူးလမ်းကြောင်းကို မစိုးမိုးနိုင်မှတော့ အိန္ဒိယဆီက သွင်းကုန်လည်း မျှော်နေစရာ အကြောင်းမရှိတော့ပါဘူး။ ရန်သူတောင် အရပ်သား ပြည်သူတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ဖြစ်ပြီး အကျဉ်းကျနေတဲ့ စစ်သည်တွေကိုလည်း ပြန်လည်တာဝန်ပေးအပ် နိုင်ဖို့ လျော့ပေါ့စဉ်းစားပေးသင့်ရင် ပေးရမှာပါ။ ရင်ဘက်ချင်း နီးရမယ့် အချိန်ပါ။ လက်ညိုး ထိုးပြီး လှောင်နေရမယ့် အချိန်မဟုတ်ပါဘူး။ (ဒီစာက တပ်မတော် ချစ်စိတ်ပျောက်နေတဲ့ သူတွေကို ပြောတာမဟုတ်သလို ငါက ကောင်းစေချင်လို့ ဝေဖန်နေတာပါဆိုပြီး ဘေးပြောနေတဲ့သူတွေလည်း မဆိုလိုပါဘူး။)

(နရီမိုး)

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 day, 3 hours ago

Last updated 1 month, 4 weeks ago