ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
🔆 ယနေ့ဓမ္မမှတ်စု
▪️ကုသိုလ်မှန်သမျှဟာ မှန်ကန်ကောင်းမွန်စွာနှလုံးသွင်းမှုဆိုတဲ့ ယောနိသော မနသိကာရကိုအခြေခံတယ်။
▪️မနာလိုစိတ်မမွေးနဲ့၊ သာဓုမခေါ်နိုင်တဲ့ ဘဝ ရောက်တတ်တယ်။
ဘဝဆိုတာ…
အဆင်ပြေတဲ့အခါ ရှိတယ်။
အဆင်မပြေတဲ့အခါ ရှိတယ်။
▪️အဆင်ပြေတဲ့အခါ…
မမော်မကြွား ကုသိုလ်လုပ်ဖြစ်အောင် ကြိုးစားပါ။
▪️အဆင်မပြေတဲ့အခါ… စိတ်ဓာတ်မကျဘဲ
သည်းခံစိတ်ဖြင့် ကောင်းတာလုပ်ပြီး ကျော်ဖြတ်ပါ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
လောကလူအများစုဟာ အပြင်ပန်းသဏ္ဌာန်ကိုယ်ကာယကြီးကိုပဲ လှသထက်လှအောင်ပြင်ကြတယ်။
ပြင်ရင်း ပြင်ရင်းနဲ့ ပိုပြီးနုပျိုလာသလားဆိုတော့……
မဟုတ်ဘူး။
သူ့သဘာဝအတိုင်း အိုအိုလာတာပဲ။
တကယ်ပြုပြင်သင့်တဲ့အရာကတော့ “စိတ်ထား”
စိတ်ကိုပြင်လေ အထက်တန်းရောက်လေ...
စိတ်ကိုပြင်လေ အသိဉာဏ်တွေကြွယ်ဝလာလေ...
စိတ်ကိုပြင်လေ မိမိဘဝ တန်ဖိုးရှိလာလေ...
စိတ်ကိုပြင်လေ စိုးရိမ်မှုတွေနည်းလာလေ...
စိတ်ကိုပြင်လေ စဉ်းစားတတ်လေလေ...
ဆင်ခြင်တတ်လေလေ၊ သိမ်မွေ့လာလေလေ...
ဒီလိုဖြစ်လာတာ...
ဒါကြောင့်မို့ စိတ်ကိုလွှတ်မထားပဲ ကောင်းတဲ့အာရုံ ကုသိုလ်ဖြစ်စေမည့်အရာတွေနဲ့ ကိုယ့်သန္တာန်မှာနေနိုင်အောင် ပြုပြင်ကြဖို့ ပေါ့ နော်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
🙏🙏🙏
တရုတ်-မြန်မာ နှစ်နိုင်ငံ လုံခြုံရေး ကုမ္ပဏီ ပူးတွဲတည်ထောင်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ မည်သည့်နိုင်ငံခြားတပ်ကိုမဆို ခြေချခွင့်မပြုဆိုတဲ့အချက်ကို ဖောက်ဖျက် တာ ဖြစ်တယ်။ MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ထားတယ်ဆိုတာကလည်း မြန်မာ့ပြည်တွင်းရေးကို တရုတ်အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာ ဖြစ်လို့ ဘယ်လိုနည်းနဲ့မှ လက်သင့်မခံဘူး။ ဘလာ ဘလာ။ 🙃🙃🙃
ပုံ/
၂၀၀၈ ခြေဥအရ သမ္မတအထက်တွင် ရှိသော နိုင်ငံတော်အတိုင်ပင်ခံဘွဲ့ ဖန်တီးရယူသူများနှင့် လက်ရှိတသမ္မတ တာဝန်ထမ်းဆောင်နေတဲ့သူက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် မဲဆွယ်စည်းရုံးတာက ဖွဲ့စည်းပုံ ဖောက်ဖျက်တာ မဟုတ်ဘူးဟု ထင်ကြသူများ။
မြတ်စွာဘုရားရဲ့ နဂါးရုံဘုရားလုပ်တဲ့အခါကျတော့
ဗမာပြည်က ပန်းချီဆရာ ပန်းပုဆရာတွေက
နဂါးပေါ် မြွေခေါင်းပေါ်မှာ
အမှောက်တပ်လိုက်တဲ့အခါကတော့
နဂါးနဲ့ မြွေနဲ့က တစ်ခြားစီလိုဖြစ်နေတယ်။
အေး … အိန္ဒိယကလူတွေတို့
သီဟိုဠ်ကလူတွေတို့ဟာ
နဂါးရုံဘုရားကြည့်လိုက်ရင်လည်း
မြွေဟောက်ကြီးတွေက မြတ်စွာဘုရားကို
မိုးထားတဲ့ပုံပဲလုပ်တယ်။အချွန်အတက်မပါဘူး။
အဲဒါသတိထားစရာပေါနော်။အချွန်အတက်မပါဘူး။
မုစလိန္ဒအိုင်ထဲမှာ
နဂါးရုံဘုရားဆိုပြီးတော့လုပ်တယ်
တကယ်ကတော့ နဂါးက အဲ့ဒီအိုင်ထဲမှာနေတာ
ဘုရားက အိုင်အလယ်ကောင်မှာမဟုတ်ဘူး
ကျည်းပင်အောက်က မြတ်စွာဘုရားက သီတင်းသုံးတာ
အိုင်ထဲက( ရေကန်ထဲက )နဂါးက တက်လာပြီးသော
မြတ်စွာဘုရားကို နေမပူအောင် မိုးလုံအောင်
ဆိုပြီးတော ခန္ဓာကိုယ်ကို ပတ်ရံပြီး
အပေါ်ကဘတ်ပြင်းအုပ်ပေးထားတာ အဲဒါကို
ရေလယ်ခေါင်သွားပြီးတော
နဂါးရုံဘုရားလုပ်တယ် သဘာဝမကျဘူး။
မြတ်စွာဘုရားက
ဘယ်လိုလုပ်ကူးသွားလဲ ရေထဲကို။
တကယ်ကတော့ ကုန်းပေါ်မှာလုပ်ရမှာဖြစ်တယ်ပေါ့။
အခု ဗုဒ္ဓဂယာမှာလည်းပဲ ထို့အတူပဲ။
ဗမာပြည်ကသွားလုပ်ထားတဲ့ မုစလိန္ဒအိုင်ထဲမှာ
နဂါးရုံဘုရား အိုင်လယ်ကောင်တည့်တည့်မှာ
သွားလုပ်ထားတာ။တကယ်ကတော့ စာထဲမှာပါတာ
အဲလိုမဟုတ်ဘူး။အိုင်ထဲက နဂါးကထွက်လာတယ်။
ထွက်လာပြီးတော ဘုရားက ကျည်းပင်အောက်မှာ
ထိုင်နေတယ်။အဲဒီ ကျည်းပင်အောက်ထိုင်နေတဲ့ ဘုရား
မိုးတွေဆွေးနေလို့ မိုးကခုနှစ်ရက်ဆွေတာ။
အဲ့ဒီမိုးရေတွေ မထိအောင်လို့ဆိုပြီးတော့
မြတ်စွာဘုရားအပေါ်ကနေ လာပြီးသော နဂါးကြီးက
အုပ်မိုးပြီးတော့နေတာဖြစ်တယ်။
ပြီးတော့ နဂါးရုံဘုရားတွေလုပ်တဲ့အခါ
နဂါးအခွေပေါ်မှာ ဘုရားထိုင်နေတာလည်း
သဘာဝမကျဘူးနော်။နဂါးကလှုပ်လိုက်ရင်
ပြုတ်မကျနေဘူးလား။နဂါးဆိုတာ လှုပ်မှာပဲလေ။
သူ့ခွေကြီး အဲတော့ အဲဒီလိုလည်းမဟုတ်ဘူး။
မြတ်စွာဘုရားကို
နဂါးက သူ့ရဲ့ကိုယ်နဲ့ထိတာ မဟုတ်ဘူး။
ဘေးကနေ ပတ်ပြီးသော ဒီတိုက်ခန်းသဘောမျိုး။
အကာအကွယ်ဖြစ်အောင် လုပ်ပြီးတော့
လေမတိုက်အောင် မိုးမထိအောင် နေမပူအောင်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ နဂါးက ဖန်ဆင်းပြီးတော့
အပေါ်က သူ့ဘတ်ပြင်းကြီးအုပ်ထားတော့
မိုးလုံလေလုံဖြစ်နေတယ်။
အဲ့ဒီလိုပုံမျိုးလုပ်ရမှာ အမှန်ပေါနော်။
နဂါးရုံဘုရား နဂါးရုံဘုရားနဲ့
တစ်ချို့လည်း နဂါးကတစ်ကောင်ထဲ အားမရတော့
နဂါးခြောက်ကောင်တို့ သုံးကောင်တို့ ကိုးကောင်တို့
ကိုယ့်စိတ်ကူးရှိရာ ကိုယ်လုပ်ကြတာပေါနော်။
တကယ်အစစ်အမှန်ကတော့
မုစလိန္ဒအိုင်ထဲမှာ နဂါးတစ်ကောင်ထဲပါပဲ။
နဂါးဆိုသည်မှာ မြွေဟောက်ကြီးတွေကိုခေါ်တာပါပဲ။
ဘတ်ပြင်းကြီးနဲ့ အုပ်နေတဲ့မြွေဟောက်
ခေါင်းပေါ်မှာလည်း အချွန်အတက်မရှိပါဘူး။
နို့မို့ဆိုရင် အချွန်တက်နဲ့ တောင်ထိုးမြှောက်ထိုး
ထိုးကုန်မှာပေါ့။နဂါးက အချွန်အတက်မရှိဘူး။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
???
ဒီနေ့ ကျလန် ထိုးထားတဲ့ ရဲကင်း တခုကို တွေ့ရင်း ပြုံးမိတယ်။
ခေတ်က မတူတော့ဘူး။ တိုက်ပွဲ ပုံစံ စနစ်က အစ ပြောင်းလဲလာတယ်။ ခံစစ်ကျင်းကို ဘယ်လောက် ကျင်းနက်နက်တူးတူး ဒရုန်း ဒဏ်ကို မခံနိုင်တော့ဘူး။ ကိုယ်တွေ နည်းနာခံခဲ့ရတဲ့ ခံစစ်က ကျလန် ၃ ထပ်နဲ့ မိုင်း ကွင်းပဲ ရှိခဲ့တယ်။ ဘယ်ရှေ့တန်းတပ်မှာမှ ကွန်ကရစ် ဘန်ကာ မရှိဘူး။ ဒါကြောင့်လည်း ခေတ်သစ် နည်းပညာကို မယှဉ်နိုင်တာတွေ့ရတယ်။ ဒါတောင် ရန်သူက ဘက်ဟိုးသုံးပြီး ခံစစ်ကျင်း တူးနေချိန်မှာ ကိုယ်က ပေါက်ပြားနဲ့တူးနေတုန်းဆိုရင် စဉ်းစားသာကြည့်တော့။
ပိုဆိုးတာက အတွေးဟောင်းနေတဲ့ အယူအဆတွေပဲ။ တခါလာလည်း .... ငါတို့တုန်းက ဆိုပြီး ရိက္ခာ ၂ ပတ်စာ ကျောပေါ်တင်ပြီး ၆ လုံးပေး မောင်းချင်နေကြတုန်း။ ရန်သူက 4 Wheel နဲ့။ ဆိုင်ကယ်နဲ့။ ကိုယ်တွေက ခြင်းကြားနဲ့ရိက္ခာနဲ့။ နည်းပညာခေတ်မှာ ဂြိုလ်တုသုံးပြီး အကဲကြည့်နေချိန်မှာ လှုပ်ရှားထွက်မှ နယ်မြေထိန်းနိုင်မယ်လို့ ယူဆနေကြတုန်း။ တကယ်တော့ လှုပ်ရှားထွက်တာကို အပြစ်ဆိုလိုချင်တာ မဟုတ်ဘူး။ နည်းပညာသာ အားသာရင် အခြေအနေဖန်တီးနိုင်ခွင့် ပိုများတာကို နှိုင်းယှဉ်ပြချင်တာမျိုး။
ကိုယ်က မပည ပေးပြီး အမြှောက် ၁၀ ချက်ထုမှ တလုံး မှန်မယ့်အခြေအနေမှာ...ရန်သူက Drone ၅ စီးတက်ပြီး တစီးကို ဗုံးသီး ၅ လုံးလောက် ချိတ်ဆွဲထားတဲ့ အခြေအနေမျိုးကို ဒီဘက်ခေတ်မှာ မြင်ရတယ်။ .ပေါင် ၅၀၀ ဗုံးသုံးဖို့ ၅ မိုင်လောက်ကတည်းက လေယာဉ်သံကြားလို့ ကြိုပြေးပုန်းဖို့ အချိန်ရှိနေတဲ့ ရန်သူဟာ ....ကိုယ်တွေထက်တော့ တပမ်းသာနေတာအမှန်ပဲ။ ဒါတောင် စစ်သားစိတ်ပီသတဲ့ ကိုယ့်စစ်သည်တွေဟာ လူပေါင်း ရာချီ ဝင်လုံးတာတောင် ကြံ့ကြံ့ခံနေတာမျိူး။ ဥပမာ ဖာပွန်နဲ့ လက်ရှိတောင်ခမ်း အခြေအနေမျိုး။
ကျလန်တွေ အသုံးဝင်ခဲ့ကြပါ့လိမ့်မယ်။ ဒီဘက်ခေတ်မှာတော့ ပိုပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ရှိရပါတော့မယ်ဆိုတာ မြေကြီး လက်ခတ် မလွဲတော့ပါဘူး။ အတွေးဟောင်းတွေ စွန့်လွှတ်ချိန် တန်ပါပြီ။
(နရီမိုး)
အင်အားအမြန်ရပြီး ဒေသကာကွယ်ရေးအတွက် အကျိုးဖြစ်ထွန်းစေချင်ရင်-
၁။ ဩဂုတ် ၁၆ မှာ ပြဌာန်ထားတဲ့ ဥပဒေကိုသုံးပြီး ဒေသကာကွယ်ရေးတပ်တွေ အမြန်ဖွဲ့။ အဲ့ဒီတပ်ဖွဲ့ဝင်တွေကို ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်ကလွဲရင် ဘယ်မှ စေလွှတ်ခြင်း မပြုပါဘူးလို့ ကတိတ်ကဝတ်ပြု။
၂။ လိုအပ်တဲ့ စစ်သင်တန်းတွေကို နယ်မြေခံ တိုင်းစစ်ဌာနချုပ်၊ တပ်နဲ့ သင်တန်းကျောင်းကပေး။ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ရိက္ခာ၊ လစာနဲ့ ခံစားခွင့် အထွေ ထွေကို နိုင်ငံတော်က ဥပဒေပြဌာန်းပြီး အပြည့်အဝတာဝန်ယူ။ အကြမ်းဖက်တွေကို ဘယ်နှစ်နှစ်အတွင်း အပြတ်ရှင်းမယ်ဆိုတဲ့ စီမံချက်ရှိရင် သူတို့ကိုပါ နှစ်အတိအကျနဲ့ အမှုထမ်းခိုင်း။ သတ်မှတ်ထားတဲ့ ကာလနှစ်ပြည့်ရင် တရားဝင် အမှုထမ်း ပြီးကြောင်း သက်သေခံလက်မှတ် တခါတည်းထုတ်ပေး။ စစ်မှုထမ်းက စစ်မှုထမ်းဥပဒေအတိုင်း သပ်သပ် သွားပါစေ။
၃။။ EAO ထဲ ရောက်နေတဲ့ ကျောင်းသား၊ လူငယ်တွေကို ချွင်းချက်မရှိ ပြစ်ဒဏ်ကင်းလွှတ်ခွင့်ပေးပြီး အရင် ၈၈ ဖြစ်စဉ်လိုပဲ တရားဝင် ဖိတ်ခေါ် ပေး။ ပြစ်မှုကျူးလွန်ခဲ့ရင်တောင် လူသတ်ခဲ့တဲ့ ပြစ်မှု မဟုတ်ရင် ခံဝန်ကတိနဲ့ ပြစ်ဒဏ်ဖြေလျော့ပေးမယ်ဆိုပြီး နိုင်ငံတော်ဘက်က ဖိတ်ခေါ်ပေး။ နေရာအနှံ့က လက်နက်ကိုင် ခေါင်းဆောင်တွေကို နိုင်ငံတော်အဆင့် ဆုကြေးထုတ်ပြန်ပြီး ဖမ်းဝရမ်းထုတ်။ ဒေသခံ ပသစ တွေကို လက်နက်ခဲယမ်း အပြည့်အဝ တပ်ဆင်ပေး။ ဥပမာ KIA ကို ဗျင်းချင်ရင် ရှမ်းနီကို တပ်ဆင်ပေးသလိုမျိုး။ ရှမ်းတောင်ကို ကာချင်ရင် ပအိုဝ်တွေကို တပ်ဆင်ပေးသင့်တာမျိုး။
၄။ NCA သွားနေတဲ့ အဖွဲ့တွေနဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ စဉ်ဆက်မပြတ်ထိတွေ့မှုယူ။ လွှတ်တော်ပေါ်ပေါက်တာနဲ့ ချက်ခြင်း ပြင်ဆင်ပေးနိုင်ဖို့ ကတိကဝတ်တွေယူထားကြ။ NCA မပါတဲ့သူတွေကိုလည်း ပါဝင်နိုင်ဖို့ တရားဝင် ဖိတ်ခေါ်။ မလာတဲ့သူကို နောင်မှာ အပြတ်ရှင်းမယ်ဆိုတဲ့ ရာဇသံပေး။ လက်မှတ်ထိုးပြီးသားသူတွေကို မထိုးရသေးတဲ့သူတွေကြောင့် စိတ်ပျက်မသွားရအောင် သဘောတူထားတဲ့ ရလာဒ်ပိုင်း ဆိုင်ရာကို အကောင်အထည်ဖော်ပေး။
၅။ သန်းကောင်စာရင်း ပြီးရင် ရွေးကောက်ပွဲ ရည်မှန်းချက် Process ကို ပြည်သူကို အတိအကျ ထုတ်ပြန်ပေး။ တရုတ်ကလွဲလို့ တခြားရွေးချယ်ခွင့် မရှိဘူးဆိုရင်တောင် အိမ်နီးချင်း ထိုင်းနိုင်ငံသွားနေတဲ့ နိုင်ငံခြားရေးမူဝါဒမျိုးကို နမူနာယူသင့်။ တရုတ် အကျိုးစီးပွားကို ကာကွယ်မယ်၊ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ကတိကဝတ်ပြု ပေးရရင်၊ အပြန်အလှန်အားဖြင့် လက်နက်ကိုင်ပဋိပက္ခ တွေ အမြန်ချုပ်ငြိမ်းဖို့ ဗပက ပုံစံမျိုး ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုသင့်။
၆။ တပ်အင်အားကို ရနိုင်သမျှ တိုးချဲ့။ လက်နက်ခဲယမ်းကို ဖြစ်နိုင်သမျှ အဆင့်မြှင့်တင်။ အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို လူမြင်အောင်ပါ တိုးမြှင့်ပေး။ စိတ်ဓာတ်ခွန်အားတွေ ရအောင် အောက်ခြေအထိပါ ထိတွေ့မှု ယူ။ မိခင်လို ချစ်ပြ။ ဖခင်လို မချစ်နဲ့။
(နရီမိုး)
ခုတလော One Championship Thailand ပွဲက အတွေးရသ မျိုးစုံပေးနေတယ်။ သွေးသစ် ရှုံးခဲ့တဲ့ ထိုင်းလက်ဝှေ့ကစားသမား ခွန်ဆုက ရုရှားဖိုက်တာကို အပြတ်အသတ် ရှုံးပြန်တယ်။ တချို့ ကိုယ်တွေမြန်မာတွေက ဒီဖြစ်စဉ်ကိုကြည့်ပြီး ခွန်ဆုကို နှိမ်ပြီး ရုရှားဖိုက်တာကို တခုတ်တရ ချီးကျူးနေကြတယ်။ ချီးကျူးတာက ပြဿနာ မဟုတ်ပေမယ့် ခွန်ဆု မင်းအခု ဘာတတ်နိုင်သလဲ ဆိုသလိုမျိုး မန့်တွေပါ တွေ့ရတယ်။
ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးဘက်နဲ့ ချိန်ထိုးကြည့်လိုက်ရင် တချို့က တရုတ်နိုင်ငံခြားရေးဝန်ကြီးလာတဲ့အပေါ်မှာ အရမ်းမျှော်လင့်ထားကြတယ်ဆိုတဲ့ စကားလုံးတွေလည်း တွေ့ရတယ်။ ကိုယ်တွေ အတွေးကတော့ ရှင်းပါတယ်။ ရှမ်းမြောက်စစ်ပွဲက တရုတ်ဗဟိုအစိုးရ မပါရင်တောင် ယူနန်အစိုးရလောက်ကတော့ မကင်းနိုင်ပါဘူး။ Drone လက်နက်တွေဆိုတာ ပြည်ပတနိုင်ငံကနေ အကောင်လိုက် ဝယ်လို့မရတဲ့ ပစ္စည်းပါ။ ဒီပစ္စည်းတွေဆိုတာ လွယ်လင့်တကူလည်း ဝယ်လို့မရသလို နည်းပညာအရလည်း အဆင့်မြှင့် ဂျန်ဘာတွေကို ရှောင်ကွင်းဖြတ်ကျော်နိုင်တဲ့အဆင့်မြှင့်တင်ထားကြတာပါ။
ကဲ ဒီတော့ ရှမ်းမြောက်စစ်မှာ တရုတ်ပါပါပြီထား။ ဘယ်လို ဘက်ကန်ကြမလဲ။ အမေရိကန်ဆိုတာ သူအဆင်မပြေတော့ရင် အာဖကန်တောင် ဒီတိုင်း ခွေးစားစား၊ ကျီးထိုးထိုး ထားခဲ့တာပဲ မဟုတ်ဘူးလား။ ခုက တရုတ်ဆိုတာ အိမ်နီးချင်း နိုင်ငံတခု။ သမ္မတ ထရန့် က်ထက်မှာ Trade War ကိုယ်တောင်အကြီးအကျယ် နွှဲခဲ့ကြတာ။ ဒီလို အင်အားကြီးနိုင်ငံကို မျိုးချစ်စိတ်နဲ့ မကြောက်တဲ့စိတ်တခုတည်းနဲ့တော့ တွန်းလှန်ဖို့ အခွင့်အရေးနည်းတယ်။
ဒီတော့ ဒီပလိုမက်တစ်အရဆိုရင် တရုတ်ဆီက တောင်းဆိုနိုင်တဲ့အချက်တွေရှိတယ်။ BRI လမ်းကြောင်းပွင့်ဖို့နဲ့ ပြည်ပနိုင်ငံ စွက်ဖက်မှု ကင်းဖို့အတွက်ဆိုရင် ရှမ်းမြောက်ဒေသဟာ နဂိုအတိုင်း ဖြစ်ဖို့လိုတယ်။ တရုတ်အနေနဲ့ ဘယ်လိုပဲ ကူညီမယ်လို့ ဆိုဆို တကယ်တမ်း တည်ငြိမ်အေးချမ်းအောင် လုပ်ရမှာက ကိုယ်တွေ အစိုးရနဲ့ တပ်မတော်ပဲ။
အပေါ်က One Championship အကြောင်းကို ပြန်ဆက်ရရင် ခွန်ဆုကို သွေးသစ်မနိုင်တာက တကဏ္ဍ၊ ခွန်ဆုက ရုရှားဖိုက်တာကို ရှုံးတာက တကဏ္ဍ။ အကုန်လုံးဟာ သပ်သပ်စီပါပဲ။ ရှမ်းမြောက် စစ်ပွဲရဲ့ နောက်ကွယ်မှာ တရုတ် ပါပါ၊ မပါပါ၊ တရုတ် ကူညီသည်ဖြစ်စေ ၊ မကူညီသည်ဖြစ်စေ ဒီနယ်မြေတွေ ပြန်ရဖို့အတွက် အားထုတ်ရမှာက အစိုးရနဲ့ တပ်မတော်ပါပဲ။ တကယ်လို့ EAO တွေရဲ့ လုပ်ရပ်အပေါ် လက်မခံလို့ တပ်မတော်ကို ကူညီမယ်ဆိုရင်တော့ Anti China ပြဿနာကို ရှောင်ပြီးသား ဖြစ်မှာပေါ့။ ပြည်ပ အထောက်အပံ့ပါတဲ့ ကျူးကျော်စစ်ဟာ အတော်လေးရှင်းရခက်ပါတယ်။ အထူးသဖြင့် ဗကပ တွေ ချုပ်ငြိမ်းသွားခဲ့ရတယ်ဆိုတာ တရုတ်ပြည်ရဲ့ မူဝါဒအချိန်းအပြောင်းကလည်း အရေးပါခဲ့သလို မြေပြင်မှာလည်း တပ်မတော်က ထိုးစစ်ပြန်ပြီး အဆင့်ဆင့် လုပ်ခဲ့ရတယ်ဆိုတာ မမေ့သင့်ပါဘူး။
တကယ်က ခွန်ဆုက ရုရှားဖိုက်တာကိုရှုံးတာ အဓိက စိတ်ဝင်စားရမှာ မဟုတ်ပါဘူး။ သွေးသစ်က ခွန်ဆုကို ဘယ်လို နိုင်အောင် ပြန်ထိုးမလဲ ဆိုတာ အဓိက ပိုကျပါတယ်။
(နရီမိုး)
ပဋ္ဌာန်းတရားတွေရွတ်တယ် ၊ အကျိုးမပေးဘူး၊
လူလိမ်ခံရတယ်..တဲ့။အကြွေးတွေဆပ်နေတာကို မသိကြဘူး။
မဟာသမယသုတ်တွေရွတ်တယ် ၊အပြစ်တင် အပြစ်ပြောခံရတာတွေ ရပ်မသွားဘူးတဲ့..။အကြွေးတွေဆပ်နေတာကို မသိကြဘူး။
ဂုဏ်တော်ပုတီးတွေစိပ်တယ်..၊စီးပွားရေးတွေတစ်လွဲတစ်ချော်တွေ ဖြစ်နေတုန်းပဲတဲ့..။အကြွေးတွေဆပ်နေတာကို မသိကြဘူး။
ရဟန်းတွေခံ၊ရှင်တွေပြု၊ကျောင်းဆောက်၊စေတီတွေတည်၊ဆွမ်းတွေကပ်၊သီလတွေစောင့်တယ်..၊စီးပွားရေး၊လူမှုရေးတွေ အဆင်မပြေဘူး၊ ပိုဆိုးလာသတဲ့။အကြွေးတွေဆပ်နေတာကို မသိကြဘူး။
မြတ်စွာဘုရားက...
ကုသိုလ်ဆိုတာ အပြစ်ကင်းပြီး ကောင်းကျိုးကို ပေးမယ်လို့ တစ်ထစ်ချ ဟောထားတယ်။ဘုရားစကား ဘုရားတရားဟာ လွဲရိုးထုံးစံ မရှိဘူး။
ကုသိုလ်လုပ်ပြီး အဆင်မပြေဖြစ်တယ် ဆိုတာ
အကြွေးဟောင်းတွေကို ဆပ်နေရတယ်လို့ မှတ်ပါ။
ဘဝတွေမှာ...
နှုတ်နဲ့တင်ခဲ့တဲ့အကြွေးတွေ အများကြီး။
ကိုယ်နဲ့ပြုခဲ့တဲ့အကြွေးတွေ အများကြီး။
စိတ်နဲ့ပြစ်မှားမိခဲ့တဲ့အကြွေးတွေ အများကြီး။
ဒီအကြွေးတွေကို ဝိပဿနာဉာဏ်နဲ့မှ မဆပ်နိုင်သေးရင် ဘယ်တော့မှအကုန် မကျေနိုင်ပါဘူး။ကုသိုလ်ပြုတယ်ဆိုတာ အကြွေးတွေကို ဖဲ့ ဖဲဆပ်နေကြတာပါ။အကြွေးမှန်မှန်ဆပ်ရင် တစ်နေ့ အကြွေးကျေကိုကျေမှာပါ။
အကြွေးကျေတဲ့နေ့..
လုပ်သမျှကုသိုလ်တွေ အဖတ်တင်တဲ့နေ့၊ လုပ်သမျှ
ကုသိုလ်တွေ တန်ပြန် အကျိုးပေးမယ့်နေ့ လို့ မှတ်ပါ။
မြတ်စွာဘုရားက..
ကုသိုလ်ဆိုတာ အပြစ်ကင်းပြီး ကောင်းကျိုးကို ပေးမယ်လို့ တစ်ထစ်ချ ဟောထားတယ်။ဘုရားစကား ဘုရားတရားဟာ လွဲရိုးထုံးစံမရှိဘူး။ယုံယုံကြည်ကြည်နဲ့သာ ဆက်လျှောက်ပါ။
(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)
""လေးနိုင်ငံ အလွတ်သဘော ဆွေးနွေးမှုမှသည်...."
ဒီနေ့ စကားဝိုင်းတစ်ခုကတော့ တရုတ်ရဲ့ အနာဂတ်ပေါ်လစီပါပဲ။ လာအိုကတော့ တရုတ်အတွက် ထူးထူးခြားခြား သိမ်းသွင်းနေစရာ မလိုတဲ့နိုင်ငံပါ။ လက်ရှိ လာအိုတိုးတက်နေတဲ့ အခြေခံအဆောက်အဦတွေဟာ တရုတ်ရဲ့အဓိက ပံ့ပိုးကူညီမှုတွေပါ။ အထူးသဖြင့် မဲခေါင်-လန်ချန် ရံပုံငွေထဲကကို အတော်များများ လက်တဆုံး နှိုက်ယူ မြုပ်နှံ့ရင်းနှီးထားတာပါ။ အဓိက အကဲဆတ်တာက ထိုင်းနဲ့ မြန်မာ ဖြစ်နေတာကို တရုတ် ကောင်းကောင်း သိပါတယ်။ အထူးသဖြင့် ထိုင်းဟာ သူ့အကျိုးစီးပွားအတွက် သင့်ရာ နိုင်ငံကိုသာ ဦးစားပေးပေါင်းပါလိမ့်မယ်။
တကယ်လို့များ။ တကယ်လို့များ ဆိုတဲ့စကားလုံးက ထိုင်ဝမ်ပေါင်းစည်းရအတွက် မလက္ကာရေလက်ကြားမှာ Geopolitics အရ တရုတ်နဲ့ ထိစပ်နေတဲ့ လာအို၊ ထိုင်းနဲ့မြန်မာက တရုတ်အတွက် တကယ်အရေးကြီးပါတယ်။ ဒီအခွင့်အရေးကို တရုတ် လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ တဖက်မှာ ရှိတဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေကတော့ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး တရုတ်အပေါ် အမြင်ကြည်လင်မှု မရှိတဲ့ နိုင်ငံတွေပါ။
မြန်မာနိုင်ငံရေးအခြေအနေ ကတော့ Do or Die ပါပဲ။ တကယ်လို့ ရှမ်းမြောက်စစ်ပွဲနဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ ရလာဒ်တခုကို တနေ့ကတွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ထင်ထင်ရှားရှား ပြောခဲ့လိမ့်ပြီး ဖြစ်မယ်လို့ မျှော်လင့်ရတာပါပဲ။ တရုတ်အနေနဲ့ ဒီထက်ပိုပြီး လောဘမကြီးဖို့ လိုပါတယ်။ EAO တွေဟာ သမိုင်းကြောင်းအရလည်း ဘယ်တုန်းကမှ ညီညွှတ်တာ မရှိခဲ့ဖူးပါဘူး။ တပ်မတော်ကသာ မာမာချာချာ မရှိရင် တရုတ်သွားလိုတဲ့ BRI လမ်းကြောင်းက နှောင့်နှေးနေဦးမှာပဲ။ ဒီကြားထဲ CIA Cell တွေကလည်း အလကား စောင့်ကြည့်နေရုံ နေကြလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။
အလွတ်တွေ့ဆုံမှုမှာ သိသာထင်ရှားတဲ့ စကားလုံးတွေ ဆွေးနွေးချပြနိုင်ပါစေလို့ မျှော်လင့်ပါတယ်။
(နရီမိုး)
နိုဘယ်စာပေဆုရှင် ရုဒယက်ကပလင် ရဲ့ တောဟေဝန်စွန့်စားခန်းများ မောဂ္ဂလိ ဆိုတဲ့စာအုပ်ကို ကိုယ်တွေ မြန်မာဘက်က စာရေးဆရာ ထင်လင်းက ဘာသာ ပြန်ခဲ့ဖူးတယ်။ စာအုပ်ဟာ သာမန်အားဖြင့် တောတွင်းဖြစ်ရပ် ဇာတ်လမ်းဆိုပေမယ့် အကုန်ခြုံကြည့်ရင် "Might is Right" မှာပဲ အဆုံးသတ်တယ်။
စစ်ရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် Might is Right ကသာ အဓိက ကျတယ်။ စီးပွားရေးကောင်းတဲ့ နိုင်ငံကို ဘယ်နိုင်ငံကမှ မထိရဲဘူး။ စစ်ရေး အားကောင်းတဲ့ နိုင်ငံကို ဘယ်နိုင်ငံမှ မလေးစားပဲ မနေရဲဘူး။ ဒါက အရှိတရားပဲ။ ဘယ်လို နိုင်ငံရေးစနစ်တွေ ပြောင်းပြောင်း ဒါက အမှန်တရားပဲ။
တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်မှာ မဲခိုးတဲ့ NLD ကြောင့် နိုင်ငံတော်ရဲ့ အာဏာကို ယာယီအားဖြင့်ရယူထားတယ်။ ရယူထားတဲ့ အချိန်ကာလမှာ တတိုင်းပြည်လုံးရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး စနစ်ကို မိမိလုပ်အပ်သလို စီမံသုံးစွဲနိုင်ခွင့်ဆိုတဲ့ အခွင့်အရေးလည်းရှိထားတယ်။ ဘယ်လိုပဲ ဆောက်ရွက်ဆောင်ရွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်သမျှဟာ နောက်ကြောင်းပြန်အရေးယူခံရခြင်း မရှိစေရဆိုတဲ့ ကင်းလွတ်ခွင့်လည်း ပါပြီးသား။
ဒီချိန်မှာ မဲခိုးခဲ့တဲ့ NLD လုပ်ရပ်ကို လူထုက စိတ်မဝင်စားနိုင်တော့ဘူး။ ဒေါ်စုအကြောင်းလည်း ထိုင်လွမ်းနေတဲ့သူ မရှိတော့ဘူး။ လက်ရှိ ဖြစ်နေတဲ့စစ်ဟာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ပလောင် ဘိန်းစား နမ့်ဆန်ဒေသကနေ မြန်မာပြည်အထက်ပိုင်းမြို့တော် မန္တလေးအထိ ရောက်လုနီးနီး ရှိနေပြီ။ ဒါကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတဲ့ အစီအမံကိုပဲ စောင့်မျှော်နေတဲ့ အခြေအနေ ဖြစ်နေခဲ့ပြီ။
ပြင်ဦးလွင် မတိုင်မီ မေမြို့လို့ ခေါ်ဆိုသမုတ်ခဲ့စဉ်က KNDO ရဲ့ လက်အောက်ကို မြို့က ကျခဲ့ဖူးတယ်။ မေမြို့မှာ KNDO ရဲ့ လက်ချက်ကြောင့် မေမြို့ပြည်သူ ထောင်ပေါင်းများစွာ သေခဲ့ဖူးတယ်။ ဒါတွေက သမိုင်းပဲ။ နောက်တကြိမ် သမိုင်းစာအုပ်ထဲမှာ TNLA နဲ့ ကိုးကန့်တွေကြောင့် ပြင်ဦးလွင်မြို့ဟာ ကျခဲ့ဖူးပါတယ်ဆိုတာမျိုး မဖြစ်လို၊ မကြုံလိုတော့ဘူး။
လက်ရှိ မူဆယ်လည်း အတိုက်ခံနေရတယ်ဆိုတဲ့ သတင်းမျိုး ကြားရတယ်။ တကယ်တော့ မူဆယ်တမြို့တည်း ကွက်ကျန်ထားတဲ့ လုပ်ရပ်ဟာ အံ့ဩစရာတော့ကောင်းတယ်။ တရုတ်ဟာ နောက်ဆုံးအချိန်အထိ ၇၀ ၊ ၃၀ ကို လက်မလွှတ်ချင်တဲ့သဘောများလားလို့ေတာင် တွေးမိတယ်။ တောင်ခမ်းဟာ ရှမ်းတောင်ကိုသွားတဲ့ လမ်းမှာရှိတဲ့ နောက်ဆုံးအတားအဆီး အမြောက်တပ်ပဲ။ ဂရုစိုက်ရမယ်။
အာဖဂန်မှာ အမေရိကန်တွေ တပ်ပြန်ဆုတ်တော့ သူပုန်က အစိုးရ ပြန်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ကိုယ်တွေ မမေ့သင့်ဘူး။ လားရှိုးမှာ သန့်ရှင်းရေးတွေ လုပ်ပြပြီး မြို့ပြန်စည်ကားသယောင် လုပ်နေတဲ့အခင်းအကျင်းဟာ တပ်မတော်အတွက် အခက်အခဲ နောင်မှာ ဖြစ်စေလာနိုင်တယ်။ နောက်ပိုင်း ကွတ်ခိုင်၊ သိန္ဓီလိုပဲ စစ်ဖြစ်ပွားခြင်းမရှိတဲ့မြို့တွေကိုတပ်ကဗုံးကြဲနေပါတယ် ဗျို့ဆိုပြီး သူခိုးက လူပြန်ဟစ်တာမျိုး ကြုံရလာနိုင်တယ်။ ပြင်းပြင်းထန်ထန် ချေမှုန်းမှသာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဂုဏ်သိက္ခာနဲ့ သမိုင်းလှနိုင်မယ်ဆိုတာ သတိပြုရပါ့မယ်။
အားလုံးခြုံလိုက်ရင် ငြိမ်းချမ်းရေးစကားဆိုတာ ကိုယ်က Might is Right မဖြစ်ဘဲ ဘယ် EAO မှ ဟ လာမှာ မဟုတ်ဘူးဆိုတာပါပဲ။ ကိုယ်တွေကတော့ ဖက်ဒရယ်အရည်ခြုံထားတဲ့ စစ်ဘုရင်ဝါဒ ကို ရွံမုန်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျော်တို့က ရိုးသားတဲ့ တိုင်းရင်းသားပါပြောပြီး ဘိန်းစိုက်၊ လက်နက်မှောင်ခိုသွင်းတဲ့ ဘယ် EAO ကိုမှလည်း အထင်ကြီး မရပါဘူး။ ဗမာ လူမျိုးကြီး ဝါဒကို သူတို့မျိုးဆက်ငယ်တွေအထိ ဝါဒဖြန့် ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်က ကိုယ်တွေရဲ့ ဘာသာေရး ရုပ်ဝတ္ထုတွေ လည်း ဖျက်ဆီးခဲ့သလို ဗမာမှန်ရင် မြို့မဝင်ရ ကန့်သတ်ပြနေတာလည်း အတော်စောက်သဲပေါက်စရာပါ။
(နရီမိုး)
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago