The official Telegram on Telegram. Much recursion. Very Telegram. Wow.
Last updated 10 months, 3 weeks ago
🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️
Bots: https://t.me/iPapkornBots/2
Last updated 11 months, 2 weeks ago
Breaking News | Observing world events unfold in the grand theater of our time.
Last updated 10 months ago
ရှမ်းတောင်
ဟိုပုန်း နဲ့ မိုင်းပွန် ကြား ချိုခမ်းဘက်မှာ
၂၁.၂.၂၀၂၄ ရက်နေ့ ယနေ့ မနက်ကတည်းက ယခုချိန်အထိ တိုက်ပွဲဖြစ်နေဆဲ လို့ သိရပြီး
လနက သံတွေ အဆက်မပြတ်ပစ်နေကြောင်း သတင်းထပ်မံ သိရပါတယ်
အသန်း
၂၁.၂.၂၀၂၄ ရက်နေ့
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို AA ပူးပေါင်းအဖွဲ့များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေကြောင်း သတင်းရရှိ
အသန်း
၂၁.၂.၂၀၂၄ ရက်နေ့
ကယားပြည်နယ်၊ လွိုင်ကော်မြို့
လွိုင်ကော်မြို့ ရွှေတောင်ဘုန်းကြီးကျောင်းဝင်းအတွင်း
မနေ့ညနေဖက်က KNDF အင်အား၃၀ခန့်
ဝင်ရောက်နေရာယူထားပြီး ည ၉:၀၀ နာရီဝန်းကျင်ခန့်တွင်ဘုန်းကြီးကျောင်းမှပြန်လည်ထွက်ခွာ၍အနီးရှိ၂ ထပ်တိုက်တွင်ဝင်၍နေရာပြောင်းယူ ထားကြပါတယ်
ည ၉:၀၀ နာရီနောက်ပိုင်း ဘုန်းကြီးကျောင်းဝင်းသို့မိမိတပ်စကမှဝင်ရောက်နေရာယူထားခဲ့ပြီး နံနက်ပိုင်းမှာ KNDF တွေပြန်လည်၍ဘုန်းကြီးကျောင်းသို့နေရာပြန်လာယူစဉ် တပ်မတော်စစ်ကြောင်းဖြင့်ရင်ဆိုင်ခဲ့ရ၍ KNDF ဖက်မှအကျဆုံးများပြီး လက်နက်များပါကျန်ခဲ့ကြောင်းသိရ
ဆုတ်ခွာထွက်ပြေးခဲ့ရ၍မကျေပွဲဟုဆိုကာအင်အားအများအပြားဖြင့်ဘုန်းကြီးကျောင်းပတ်လည်သို့ ထပ်မံဝိုင်း၍တိုက်ခဲ့ပြန်ပါတယ်
တပ်မတော်ဖက်က Drop Bombs များ KNDF ဖက်သို့ချပေးသောကြောင့် KNDF များဒဏ်ရာများ ထပ်မံရရှိထားသောလူနာများအား သယ်၍ ဆုတ်ခွာရာ
ရန်သူ ဆုတ်လမ်းအား မိမိစကမှ လိုက်လံရှင်းလင်းခဲ့ပြီးယခုညနေ ၄:၀၀ နာရီ ဝန်းကျင်ထိတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်
KNDF တွေ ဖက်က အကျဆုံး၊ ဒဏ်ရာများလို့မကြေပွဲ ထပ်နွဲမည်လို့သိရပါတယ် မိမိဖက်မှ Drop Bomb ချတဲ့ စစ်သည်
ပွိုင့် 5ပစ်သည့်စစ်သည်များအား ပြန်လာတိုက်မည်ဟုသိရပါတယ်
လက်ရှိအခြေအနေအရ မိမိ စစ်သည်တွေ ဖက်က အမြတ်ရရှိထားပြီး အပေါင်းအနူတ် လက္ခဏာ မရှိဟုမြေပြင်သတင်းမှ သိရပါတယ်
အသန်
၂၁.၂.၂၀၂၄ ရက်နေ့ ယနေ့နေ့လည် ၁:၁၀ နာရီခန့်က
ပဲခူးတိုင်း ၊ ရွှေကျင်မြို့နယ် ၊ ခြေတော်ရာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူမှာ ၎င်း၏ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်း အစည်းဝေးလုပ်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ကနဦး သိရ
အသန်း
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ပြည်သူ့စစ်ရွာများစားနပ်ရိက္ခာပြတ်၍ တပ်မတော်စစ်ကြောင်းကိုမျှော်လင့်နေကြ
၂၁- ၂- ၂၀၂၄ ( ပေါက်မြို့နယ်)
ပေါက်မြို့နယ်တောင်ပိုင်းရှိ တပ်ကုန်း၊ရွာသစ်၊ ပင်ထောင်၊သစ်ချိုကုန်း၊ ဝန်ခြုံးပြည်သူ့စစ်ရွာများကို PDF များက ၁ နှစ်ကျော်ကြာ လမ်းကြောင်းဖြတ်ပိတ်ဆို့ထားသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လတ်နေဟု သိရပါတယ်
တပ်မတော်ထောက်ခံသူ ဒေသခံအရပ်သားများက သတ်လို့မသေ ငတ်လို့သေကြရတော့မယ်ဟု မချိတင်ကဲ ငြီးတွားနေကြပါတယ်
ဒေသခံပြည်သူ့စစ်ရွာရှိ ပြည်သူတစ်ဦးက
" တပ်စစ်ကြောင်းဝင်နယ်မြေရှင်းပြီး ပေါက်မြို့နဲ့ လမ်းကြောင်းဖွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်
ပေါက်မြို့နယ်ရှိ ဒီးဒုတ်ကွင်းပြည်သူ့စစ်ရွာနှင့် ဇီးပြားရဲစခန်းထိုင်ပြည်သူ့စစ်ရွာတွေကို လေကြောင်းက ၂ ကြိမ်စီ ရိက္ခာထောက်ပို့ခဲ့ပြီး အဆိုပါ ပေါက်တောင်ပိုင်း ပြည်သူ့စစ် ၅ ရွာကို ၁ ကြိမ် လေကြောင်းမှ ထောက်ပို့ပေးခဲ့ဟု သိရပါတယ်
ပေါက်မြို့နှင့် ဆက်သွယ်လမ်းကြောင်း ဖြတ်တောက်ခံထားရ၍ ၎င်းပြည်သူ့စစ်ရွာများမှ ကျောင်းသားများမှာ ၂၀၂၂/ ၂၃ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်မရခဲ့ကြပါ၊
ယခု ၂၀၂၃/ ၂၄ ပညာသင်နှစ်၌လည်း လမ်းကြောင်းမဖွင့်ပေးနိုင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် မရနိုင်ဟု သိရပါတယ်
အသန်း
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့
ဝင်းဝရဲကင်းစခန်းနှင့် တံတားလခရ တပ်စခန်းကို PDF အဖွဲ့တွေတိုက်ဖို့ပြင်နေကြတယ်လို့ သိရတယ်
၂၀.၂.၂၀၂၄ ရက်နေ့ ညနေ ၁၇၃၀ နာရီအချိန်မှာ Drop Bomb ၆ လုံး ၂၁.၂.၂၀၂၄ ရက်နေ့ မနက် ၀၉၃၀ ချိန်ခန့်မှာ Drop Bomb ၈ လုံး ချပြီး အားစမ်း နေတယ်လို့သိရတဲ့အတွက် လခရ အထူးဂရုစိုက်ကြပါ
အသန်း
The official Telegram on Telegram. Much recursion. Very Telegram. Wow.
Last updated 10 months, 3 weeks ago
🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️
Bots: https://t.me/iPapkornBots/2
Last updated 11 months, 2 weeks ago
Breaking News | Observing world events unfold in the grand theater of our time.
Last updated 10 months ago