စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

Description
ပြည်သူနှင့်အတူအမြဲရှိနေမည်✊✊✊
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

9 months ago
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
9 months ago
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
9 months, 2 weeks ago

“ဦးအောင်ဆန်းမွေးနေ့”
“ဦးဂျင်မီမွေးနေ့”

ယနေ့ ဖေဖော်ဝါရီလ၊၁၃ ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီတို့၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးအောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများပေါ်၌ တော်လှန်သတင်းစကားများ ရေးသား၍ ဖြန့်ဝေသည့် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ရေးအင်အားစုများနှင့် ကျောင်းသားလူငယ်များမှပြုလုပ်ခဲ့ကြသည်။

ဤလှုပ်ရှားမှုသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးဂျင်မီတို့ ဟောပြောခဲ့သည့် မိန့်ခွန်းများ၊ပြောဆိုချက်များအပေါ်အခြေခံ၍ လက်ရှိကာလနှင့် ကိုက်ညီသည့် စာသားများအား ကောက်နုတ်ပြီး ပြည်သူလူထုထံဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

#Feb13
#YangonStrikeMovement

11 months ago
ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းဘူတာရပ်ကွက်၏အုပ်ချုပ်ရေးမှူးဦးစန်းငွေအားရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိ့နေစဉ် မိမိတို့ Freeland Attack Force (FLA) …

ရန်ကုန်တိုင်းဒေသကြီး၊အနောက်ပိုင်းခရိုင်၊စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းဘူတာရပ်ကွက်၏အုပ်ချုပ်ရေးမှူးဦးစန်းငွေအားရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိ့နေစဉ် မိမိတို့ Freeland Attack Force (FLA) အဖွဲ့မှဒီဇင်ဘာ၂၄ရက်နေ့၊မနက် ၁၀နာရီ၁၀မိနစ်အချိန်ခန့်တွင်ပစ်ခတ်ရှင်းလင်းခဲ့ပြီးရှင်းလင်းစဉ်လက်နက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့်အတွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေ၏၀မ်းဗိုက်ကိုတစ်ချက်သာပစ်ခတ်နိင်ခဲ့ပြီးထိ့ခိုက်မှုအခြေအနေကိုဆက်လတ်စုံစမ်းဆဲဖြစ်သည်။

ဦးစန်းငွေသည်ရပ်ကွက်အတွက်သာမကမြို့နယ်ထွေအုပ်တွင်လည်းဝိုင်းကူပေးနေသူလို့သိ့ရပြီးရပ်ကွက်‌နေပြည်သူများကိုမောက်မာရိုင်းစိုင်းနေကာခဏခဏပြဿနာရှာလေ့ရှိ့ကြောင်းသိ့ရ၊စစ်မှုထမ်းရန်ကိစ္စရပ်များတွက်လည်းတက်ကြွစွာပါ၀င်နေပြီး၊၎င်းနှင့်နီးစပ်သည့်သူများနှင့်ဆွေမျိုးများစစ်မှုထမ်းမပါစေရန်တခြားရပ်ကွက်နေပြည်သူများ၏သားသမီးများအားစာရင်းလုပ်ပေးနေသူဖြစ်သည်။စစ်မှုထမ်းအတွက်ဆိုပြီးတစ်အိမ်ငွေကျပ်နှစ်သောင်းကောက်ခံကြောင်းလဲသိ့ရပြီးရဲပြုတ်တစ်ဦးပီပီပြည်သူများကိုဒုက္ခပေးနေသည့်အတွက်ယခုလိုရှင်းလင်းရခြင်းဖြစ်ပြီးFreeland Attack Force (FLA) နှင့်မဟာမိတ်များသည်မြို့ပြတွင်ပြည်သူနှင့်လျို့ဝှက်စွာအတူတည်ရှိ့နေမည်ဖြစ်သည်။

11 months ago
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
1 year ago

?⁩ ⁨⁨?⁩ ⁨လူထုလှုပ်ရှားမှု ရက်သတ္တပတ်
�======================�“

“နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှု၊ ပံ့ပိုးကူညီမှု"

နိုဝင်ဘာ ၂၃ (မြန်မာစံတော်ချိန် ၇ – ၉ နာရီ)

အကြမ်းမဖက် လူထုလှုပ်ရှားမှုသည် ယနေ့ နိုင်ငံတဝှမ်း ပုံသဏ္ဌာန်ပေါင်းစုံဖြင့် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး၏ မူလဘူတ အခြေခံလှုပ်ရှားမှုကြီး ဖြစ်သည်။ အချိန်ကာလတခု ရောက်လာသည်နှင့်အမျှ လှုပ်ရှားမှုကြီးအတွင်း ပါဝင်နေကြသည့် မျိုးဆက်အသီးသီးအကြား မတူညီသည့် ချဉ်းကပ်မှုပုံစံဖြင့် ပါဝင်မှုများအား စုစည်း၍ ပိုမိုအားကောင်းသည့် လှုပ်ရှားမှုကြီးအသွင်သို့ အရှိန်မြှင့်တင်ရန် အချိန်အခါလည်း ကျရောက်နေပြီ ဖြစ်သည်။

လူထုအာဏာအား မတရား သိမ်းယူထားသည့် အကြမ်းဖက်စစ်အုပ်စုအား ၎င်းတို့ နားလည်သည့် ဘာသာစကားဖြစ်သည့် စစ်ရေးနည်းနာဖြင့် တွန်းလှန်ရမည် ဖြစ်သလို နိုင်ငံ့လူထု လို လားသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းနာဖြစ်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုနည်းနာဖြင့်လည်း တောင်းဆို တိုက်ပွဲဝင်ကြရမည် ဖြစ်သည်။

လူထုနှင့် မျိုးဆက်အသီးသီးရှိ နိုင်ငံရေး အင်အားစုများအကြား အပြန်အလှန် သင်ယူမှုဖြင့် စည်းလုံးညီညွတ်မှု ရှိကြောင်း ပြသရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး အကြမ်း မဖက် လူထုလှုပ်ရှားများအား အရှိန်မြှင့်တင်ရေးအတွက် ရေတို/ရေရှည် မဟာဗျူဟာ/နည်းဗျူဟာများ သုံးသပ်ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်းတို့ ဆောင်ရွက်ရန်အတွက် "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အမည်ဖြင့် ဆွေးနွေးပွဲများ၊ မြေပြင်လှုပ်ရှားမှုများ၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။ ��

လူထုလှုပ်ရှားမှု ရက်သတ္တပတ် လှုပ်ရှားမှု တတိယနေ့ ဖြစ်သည့် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတကာ အဝန်းအဝိုင်းနှင့် အစိုးရများ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာရောက် မြန်မာပြည်သူများ၊ အင်အားစုများ၏ ချိတ်ဆက်လှုပ်ရှားမှုများကို ဆန်းစစ်သုံးသပ်မှု အစီအစဥ်အား "နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊ ချိတ်ဆက်လှုပ်ရှားမှုနှင့် ပံ့ပိုးကူညီမှု" ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဆွေးနွေးမှုအား PVTV အပါအဝင် တော်လှန်သော သတင်းမီဒီယာများ၏ လူမှုကွန်ရက်စာ မျက်နှာများမှလည်း တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

#CivilResistanceWeek

#လူထုလှုပ်ရှားမှုရက်သတ္တပတ်

#ငုံ့မခံနဲ့တုန့်ပြန်

အရေးတော်ပုံ အောင်ရမည်။⁩⁩

1 year, 1 month ago
သန်လျင်မှာ CDMs & PDF တွေ အများကြီးဖမ်းစီးခံရခြင်းတရားခံ …

သန်လျင်မှာ CDMs & PDF တွေ အများကြီးဖမ်းစီးခံရခြင်းတရားခံ ( သို့မဟုတ် ) ကျော်စိုးလှိုင်‌

အမက(၁၀)စမ်းချောင်းမှ ကျော်စိုးလှိုင်‌(မူ/ပြ) ကစစ်ခွေး ရဲခွေးတွေကို သတင်းပေးဖမ်းခိုင်းလို့ သန်လျင်မှာ CDMs & PDF တွေ အများကြီးဖမ်းစီးခဲ့ရကြောင်း သတင်းပေးလာတယ် ။ လက်ရှိ ဒီကောင်က အမက(၁၅)စမ်းချောင်း ကျောင်းဝင်းမှာနေထိုင်ပြီး ဒီ ဒလန်ကောင်ရဲ့ အဖေနဲ့အမေက သန်လျင်မှာနေထိုင်တယ်လို့သိရတယ် ။

ဒီကောင်ကို သန်လျင်မှာ ရှင်းတုန်းက သူ့မထိပဲ အနောက်က ဆိုင်ကယ်သမား ထိသွားတယ်... ပညာရေးရုံးက သူ့ကို ရခိုင်ပို့လိုက်ပြီး အစဖျောက်ထားတာ အခု စမ်းချောင်းမှာ တာဝန်ပြန်ကျတယ်… စမ်းချောင်းမှာလဲ ဒလန်လုပ်ပြီး သန်း‌ခေါင်စာရင်း‌ကောက်နေတယ်။ ဒါကြောင့် စမ်းချောင်းနေ ပြည်သူများကို အသိပေးရခြင်းဖြစ်ပါတယ်။

စမ်းချောင်းမှာ ပြည်သူတွေကို ထပ်ဒုက္ခပေးရင်တော့ စမ်းချောင်းပင်မ အနေနှင့် ငြိမ်နေမှာမဟုတ်ဘူး ။ ဒီကောင်ကို တွေ့ရင် စမ်းချောင်းပင်မ ကို သတင်း updates ထပ်ပေးကြပါ ။

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

#စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

1 year, 2 months ago

◾️ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလို မရှိကြောင်း ကြွေးကြော်၍ ပြဿနာများ၏ လက်သည်တရားခံ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး လူထုသပိတ် ရန်ကုန်မြို့တွင် ချီတက်

စက်တင်ဘာ ၁၉၊ ၂၀၂၄

“ ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ”

“ ကုန်စျေးနှုန်းများကျဆင်းရေး တို့အရေး "

“ စစ်မှုထမ်းဥပဒေ အလိုမရှိ”

စသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ တိုက်ပွဲဝင်အလံများ ၊ မီးတုတ်များကိုင်စွဲ၍ ရန်ကုန်မြို့ ကားလမ်းမကြီးတခုပေါ်တွင် သပိတ်အင်အားစုများနှင့် ပြည်သူများ ပူးပေါင်းချီတက်ခဲ့ကြသည်။

ပြောက်ကြားသပိတ် စတင်သည်နှင့် တပြိုင်နက် လမ်းဘေးဝဲယာရှိ ပြည်
သူများ ပူးပေါင်းဝန်းရံခဲ့ကြပြီး ယာဥ်ကြောပိတ်ဆို့မှုများ မိနစ်ပိုင်းကြာ ဖြစ်ပွားခဲ့သည်။

အထွေထွေကျပ်တည်းမှုများနှင့် တပြည်လုံး ရေဘေး ကူညီကယ်ဆယ်ရေးများတွင် တာဝန်မဲ့ ပျက်ကွက်နေသည့် စစ်အာဏာရှင်၊​စစ်အုပ်စု ကို  လူငယ်သပိတ်ကော်မတီ​(YSC) ၊ ရွှေပြည်သာ သပိတ်ကော်မတီ ( SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY) တို့ နှင့်အတူ ကျောင်းသား ပြည်သူများ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည်။

1 year, 2 months ago
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
1 year, 2 months ago
စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago