Unlock a World of Free Content: Books, Music, Videos & More Await!

Hlaing Info

Description
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.net
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago

2 days, 6 hours ago
[#BREAKING](?q=%23BREAKING) NEWS

#BREAKING NEWS

ကရင်ပြည်၊ မြဝတီမြို့ပြင်တွင် ယနေ့ည လက်နက်ကြီးပစ်သံများကြားရ

ဧပြီလ ၂၅ ရက်

ကရင်ပြည်၊ မြဝတီမြို့ပြင်တွင် ယနေ့ည ( ၁၁ ) နာရီ‌ ( ၃၀ ) မိနစ်အချိန် အချိန်မှစ၍ ယခုအချိန်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်သံများ ဆက်တိုက်ထွက်‌ပေါ် နေကြောင်း ပြည်သူတဦးမှ Hlaing Info သို့ သတင်းပေးပို့ထားပါသည်။

ပြည်သူများဘေးကင်းပါစေ။

#HlaingInfo

2 days, 8 hours ago
**ဖာပွန်မြို့ ခမရ ၄၃၄ နှင့် စစန ၆၄၂ …

**ဖာပွန်မြို့ ခမရ ၄၃၄ နှင့် စစန ၆၄၂ တပ်ရင်းတို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များသိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားကာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိ

■ ဖာပွန်တွင် စစ်တပ်  တပ်ရင်း ၂ ခုနှင့် ဗျူဟာစခန်းတစ်ခု ကျန်ရှိနေသေး**

ဧပြီလ ၂၅ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ ဖာပွန်မြို့ အခြေစိုက် ခမရ ၄၃၄ တပ်ရင်းနှင့် စစန ၆၄၂ တပ်ရင်းတို့ကို KNLA ဦးဆောင်သော တော်လှန်ရေး တပ်များက ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်ရင်း၊ စစန ၆၄၂ ကို KNLA ၊ PDF များပါဝင်သော ပူးပေါင်း တပ်များက အလုံးစုံ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူအများအပြားရှိပြီး လက်နက်ခဲယမ်းမြောက်အမြား သိမ်းဆည်းရရှိကြောင်း ၊  KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖာပွန် ခမရ-၄၃၄နှင့် စစန-၆၄၂(စစ်ဝတ်တန်ဆာစုဆောင်း‌ရေးဌာန) တပ်စခန်းတို့ကို  တစ်ရက်တည်းအပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️

2 days, 8 hours ago
**စစ်ကောင်စီဗိုလ်မှူး နှင့် ပြည်သူ့စစ်ခေါင်းဆောင်တို့ ပါဝင်ပတ်သက်သော ပြန်ပေးဆွဲအဖွဲ့ မူဆယ်၌ဖမ်းမိ၊

**စစ်ကောင်စီဗိုလ်မှူး နှင့် ပြည်သူ့စစ်ခေါင်းဆောင်တို့ ပါဝင်ပတ်သက်သော ပြန်ပေးဆွဲအဖွဲ့  မူဆယ်၌ဖမ်းမိ၊

▪️စစ်​ကောင်စီကရှစ်ဦးကို နှုတ်ပိတ်သတ်ဖြတ်ဟု​ဒေသခံအချို့​ပြော**

ဧပြီလ ၂၅ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီဗိုလ်မှူးတစ်ဦး နှင့် မြို့မပြည်သူ့စစ်ခေါင်းဆောင်တို့၏ ခိုင်းစေမှုဖြင့် ကျားဖြန့်လုပ်ငန်းအတွက် ပြန်ပေးဆွဲမှုကျူးလွန်သည့် လူငယ်များကို စစ်ကောင်စီကဖမ်းဆီးပြီး ရှစ်ဦးကိုလက်စ​ဖြောက် သတ်ဖြတ်လိုက်ကြောင်း ဒေသခံများကပြောသည်။

မူဆယ်မြို့တွင် တာဝန်ကျနေသည့် တပ်မ(၉၉)မှ ဗိုလ်မှူးသာထွန်းအောင်နှင့် မြို့မပြည်သူ့စစ်ခေါင်းဆောင်တို့ ပါဝင်ပတ်
သက်နေသည့်ကျားဖြန့်အပါအဝင် စစ်အုပ်စုနှင့် ပြည်သူ့စစ်အဖွဲ့များက ဖွင့်ထား​သောလောင်းကစားလုပ်ငန်း‌များမှ
လူငယ်၉ ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး ဧပြီလ ၂၃ရက်တွင် ရှစ်ဦးကို သတ်ဖြတ်လိုက်ခြင်းဟု စစ်ကောင်စီနှင့်နီးစပ်သည့်  ဒေသခံအချို့ကပြောသည်။

အဆက် - ⤵️⤵️

1 week, 2 days ago
ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ ***💪******💪******💪***

ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေအမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို အားတင်းထားကြပါစို့ ။ 💪💪💪

မိဘပြည်သူများ ရန်သူမျိုးငါးပါးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး အမြဲတစေ ကျန်းမာချမ်းသာကြပါစေဟု  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါမည်။

**Good night ပါခင်ဗျာ။

Sweet Dreams 💞*💞*💞

#HlaingInfo

1 week, 2 days ago
**မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံး**

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံး

ဧပြီလ ၁၈ ရက်

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၁၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

#KTM
#HlaingInfo

1 week, 2 days ago
အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် …

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ဧပြီလ ၁၈ ရက်

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ဧပြီလ ၁၈ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo

2 weeks, 1 day ago
**တော်လှန်​ရေးတပ်​တွေသိမ်းသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို​ပေါင်း ၅၂ မြို့ရှိလာ**

တော်လှန်​ရေးတပ်​တွေသိမ်းသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို​ပေါင်း ၅၂ မြို့ရှိလာ

ဧပြီလ ၁၂ ရက်

​တော်လှန်​ရေးတပ်​တွေဟာဧပြီ လဆန်းမှာပဲ နယ်စပ်ကုန်သွယ်​ရေးအတွက် အ​ရေးပါတဲ့ မြဝတီမြို့ ၊ လွယ်ဂျယ်မြို့​တွေကို စစ်​ကောင်စီတပ်ထံက​နေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဒါ​ကြောင့်အခုဆိုရင် ​တော်လှန်​ရေးတပ်​တွေက နိုင်ငံတစ်ဝန်း​သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၅၂ မြို့အထိရှိလာပြီဖြစ်ပါတယ် ။

#LNO
#HlaingInfo

2 weeks, 1 day ago
ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးအတွက် ကွန်မန်ဒိုတပ်ဖွဲ့ ဖြင့် ထပ်မံ …

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးအတွက် ကွန်မန်ဒိုတပ်ဖွဲ့ ဖြင့် ထပ်မံ အင်အားဖြည့်တင်း

ဧပြီလ ၁၂ ရက်

ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးတိုးမြှင့်လျက်ရှိသည်။

ဧပြီလ ၁၁ ရက်နေ့မှစတင်ပြီး မြ၀တီမြို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့ဘဲ KNU ဦးဆောင်သော တော်လှန် ရေးမဟာမိတ် ပူးပေါင်းတပ်များလက်အောက်သို့ ကျရောက်သွားရာ ထိုင်းအစိုးရနှင့် စစ်တပ်က အခြေ အနေများကို အနီးကပ်စောင့်ကြည့်ပြီး လုံခြုံရေးများ တိုးမြှင့်ထားကြောင်း၊ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၀၀ က ထိုင်းနိုင်ငံတွင် ခိုလှုံခွင့်ရရှိရန် တောင်းခံလျက်ရှိသည်။

ဆက်လက်ဖတ်ရှူရန် -⤵️⤵️⤵️

2 weeks, 1 day ago

ဒီတစ်ခေါက်တော့ USA ဘက်ကို လှုံ့ဆော်ချင်ပါတယ်။

ပြည်ပရောက် မြန်မာတွေ အားလုံးထဲမှာ USရောက် မြန်မာတွေဟာ ဝင်ငွေအားဖြင့် အများဆုံးလို့ ပြောလို့ရပါတယ်။ (ကုန်ကျစားရိတ်များတာနဲ့ အခွန်ပေးရတာများတာကလည်း ကိုယ်တွေ့မို့ နားလည်ပါရဲ့ရှင်)

US မှာ မြန်မာ ငါးသိန်းထက်မနည်း ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ တော်လှန်ရေးမှာ ထောက်ပို့အနေနဲ့ ပါဝင်နေသူတွေက 10% တောင် မရှိလောက်ဘူး ဝမ်းနည်းဖွယ်တွေးမိပါတယ်။

ဒီမိုကရေစီဘိုးအေနိုင်ငံမှာ နေကြသူတွေဆိုတော့ စစ်ကောင်စီကို လက်ခံလားဆိုတော့ လက်မခံကြပါဘူး။ စစ်ကောင်စီကို ဆန့်ကျင်လားဆိုတော့ မဆန့်ကျင်ကြပါတယ်။ တော်လှန်ရေးကို အားပေးလားဆိုတော့ အားပေးကြပါတယ်။

ဒါပေမယ့် အားနဲ့မကူ၊ အာနဲ့ကူကြသူက များနေတယ် ထင်ပါရဲ့လေ။ တကယ်ကူကြ၊ ပါဝင်ကြသူတွေက ခါးကိုင်းနေလောက်ကြပြီ။ တော်လှန်ရေးပွဲလည်း ဒီလူတွေ ဒီမျက်နှာတွေ၊ Fundraising မှာ လာထောက်ပို့ကြရင်လည်း ဒီလူတွေ ဒီမျက်နှာတွေ ဒီအကောင့်တွေပါပဲ။ နေသာသလို နေမယ်ဆို နေခွင့်ရှိလှတဲ့ နေရာမို့ နေသာသလို နေကြသူတွေလည်း မနည်းလှပါဘူး။

US ရောက် မြန်မာ ငါးသိန်းပဲ ရှိတယ်ထား။ လူတိုင်းစေ့က တစ်လ ဒေါ်လာတစ်ဆယ်ပဲ ထောက်ပို့ရင်တောင် တော်လှန်ရေးအတွက် တစ်လ ဒေါ်လာငါးသန်း ရှာလို့ရနိုင်ပါတယ်။

အခုကတော့ တာဝန်သိသူတွေ တာဝန်ပိပြီး တာဝန်မသိသူတွေ တာဝန်မရှိဖြစ်နေကြပုံများလေ။

ဘာပဲဖြစ်ဖြစ် အဆုံးထိရောက်မှ ဖြစ်မယ့် ခရီးမို့ ရအောင်ရှေ့ဆက်ကြပါဦးစို့ရှင်။ ကလေးခရိုင် တပ်ရင်းတပ်ခွဲများကို ကျည်ကာများတပ်ဆင်ပေးဖို့ ပြုလုပ်နေတဲ့ Project Armor 2 ကလည်း ပြီးဆုံးဖို့ ရက်သိပ်မကျန်တော့တာမို့ အမီလေး ပါဝင်ပေးကြပါဦးနော်။

ဒီပေ့ချ်ရဲ့ ချက်ဘောက်ကနေ ပါဝင်နိုင်ပါတယ်ရှင်။

https://www.facebook.com/PenciloWriter?mibextid=LQQJ4d

Facebook

Log in or sign up to view

See posts, photos and more on Facebook.

3 weeks, 2 days ago
မိဘပြည်သူများအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေ အမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို့ အားတင်းထားကြပါစို့။ ***💪******💪******💪***

မိဘပြည်သူများအနေနဲ့ ဘယ်လိုအခက်အခဲတွေပဲကြုံပါစေ အမှန်တရားဘက်က ရဲဝင့်စွာဆက်လက်ရပ်တည်နိုင်ဖို့ အားတင်းထားကြပါစို့။ 💪💪💪

မိမိတို့ Hlaing Info ဝိုင်းတော်သားများသည်လည်း  အန္တရာယ်များကြားမှ သတင်းများကို အချိန်နှင့်တပြေးညီ  ကြိုးပမ်းတင်ဆက်သွားမည်ဖြစ်ပါသည်။👨🏿‍💻👨🏿‍💻👨🏿‍💻

မိဘပြည်သူများအားလုံး ရန်သူမျိုးငါးပါးဘေးမှ အမြန်ဆုံးကင်လွတ်နိုင်ကြပြီး ကျန်းမာချမ်းသာကြပါစေလို့  Hlaing Info ဝိုင်းတော်သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏🙏🙏

သတင်းတင်ဆက်မှုကို ဒီမှာတင်ရပ်နားပါ့မည်ရှင်။ ❤️

Good night ♥️

Sweet Dreams 💞💞💞

▪️Hlaing Info

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 days, 3 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 23 hours ago