Hlaing Info

Description
We are committed to bringing unbiased and accurate news to the people of Myanmar. We believe in freedom of speech, freedom of expression and freedom of thought. We will always strive to ensure the people’s right to information.
www.hlaing.net
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 4 months ago

11 months, 1 week ago
**ပွိုင့်တပ်စခန်းနှစ်ခုကို AA က သိမ်းပြီးနောက် ဧရာဝတီအစပ်က ရခိုင်ရိုးတစ်လျောက်ကို …

ပွိုင့်တပ်စခန်းနှစ်ခုကို AA က သိမ်းပြီးနောက် ဧရာဝတီအစပ်က ရခိုင်ရိုးတစ်လျောက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေ

ဇန်နဝါရီလ ၂၈ ရက်

ရခိုင်-ဧရာဝတီအစပ်က စစ်ကောင်စီ၏ ပွိုင်းကုန်းတပ်စခန်းနှစ်ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု သတင်းထုတ်ပြန်ပြီးနောက် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ဧရာဝတီအစပ် ရခိုင်ရိုးတောင်တစ်လျှောက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ရိုးတောင်နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုရှိသလို ရိုးတောင်တစ်လျောက်ကိုလည်း ဂျက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

"ဒီနေ့ မနက်ပိုင်းက ပုသိမ်က ဂျက်ဖိုက်တာ နှစ်စီး ရခိုင်ရိုးပေါ်ဘက်ကို ပျံသန်းသွားတယ်။ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတယ်လို့ သိရတယ်။ အထိအခိုက်တော့ မသိသေးဘူး" ဟု ပုသိမ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆက် - ⤵️⤵️

11 months, 1 week ago
**မွန်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ၊ ပြည်နယ်ဝန်ကြီးရာထူးပင် လျာထားဟုဆို**

မွန်ပြည်နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေ၊ ပြည်နယ်ဝန်ကြီးရာထူးပင် လျာထားဟုဆို
ဇန်နဝါရီလ ၂၈ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့ရှိ ပြည်ခိုင်ဖြိုးပါတီဝင်များသည် မည်သည့်အချိန်၌ ပြုလုပ်မည် မသိရသေးသည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး ပြည်နယ်အဆင့် ဝန်ကြီးရာထူးကိုပင် လျာထားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့တွင် မြေပြင်လူဦးရေစာရင်းများ ပြန်လည်အတည်ပြုခြင်းလုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“ချောင်းဆုံမှာ လူစာရင်းပြန်စစ်တာ အခုလုပ်နေတယ်။ မော်လမြိုင်လည်း လုပ်တယ်။ လဝက နဲ့ရပ်ရွာအုပ်ချုပ်ရေး တွေ လုပ်တယ်ဆိုပေမဲ့ ရပ်ရွာအုပ်ကြီး၊ ရာအိမ်မှူးအကုန်လုံးက ကြံ့ဖွတ်(ပြည်ခိုင်ဖြိုး)တွေပဲ ရွေးခန့် ထားတာ၊ ပြီးတော့ ရပ်ရွာက ပါတီဝင်တွေရော လုပ်နေတာ”ဟု မော်လမြိုင်မြို့ရှိ စစ်ကောင်စီ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သည့် MPAသတင်းရင်းမြစ်က ဆိုသည်။

အဆက် - ⤵️⤵️

11 months, 1 week ago
**စစ်အာဏာသိမ်း (၁၄၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၀၈) ဦးအထိရှိလာ**

စစ်အာဏာသိမ်း (၁၄၅၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၀၈) ဦးအထိရှိလာ

ဇန်နဝါရီလ ၂၈ ရက်

AAPP ရဲ့ ဇန်နဝါရီ၂၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၅၇) ရက်အတွင်း ပြည်သူ (၆၂၀၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၃၇၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၁၉) ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

ကိုးကား - AAPP
#TLT
#HlaingInfo

11 months, 2 weeks ago
**ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်လက် …

ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေ
ဇန်နဝါရီလ ၂၃ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်လက် ဗုံးကျဲ ခုခံနေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဗန်းမော်မြို့တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများသည် မွန်းလွဲ ၂ နာရီခန့်တွင် ခေတ္တခဏ ငြိမ်းသတ်သွားကြောင်း သိရသည်။

"ဗန်းမော်မြို့ဘက်မှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်နေပါတယ် စစ်တပ်ကတော့ လေကြောင်းနဲ့ တိုက်ခိုက်ခုခံနေတာတွေ ရှိတယ်။ မွန်းလွဲ ၂ နာရီ လောက်မှာတော့ တိုက်ပွဲတွေ ပြန်ငြိမ်သွားတယ်လို့ သိရတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆက် - ⤵️⤵️

11 months, 2 weeks ago

? ငြိမ်းချမ်းရေးတိုက်ပွဲ ?

?️ ခိုင်ထူး

ညစဉ်သီချင်းများကို Hlaing Info အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။

မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်
နီးစပ်ရာ သတင်းများ ပေးပို့ခြင်းဖြင့်
ဒီနွေဦးတော်လှန်ရေးတွင် တဖက်တလမ်းကနေ ပါဝင်ကူညီ‌ပေးကြပါရန် Hlaing Info အဖွဲ့သားများမှ မေတ္တာရပ်ခံပါသည်ရှင့်။

?️ သတင်းများပေးပို့လိုလျှင် ?️

https://www.facebook.com/share/X8o5XwC44qUbBsts/

(or)

https://t.me/infohlaing Channel

ပြည်သူမှ ပြည်သူသို့ ၊ ပြည်သူမှ သူရဲကောင်းရဲဘော်သို့ သတင်းမှန်များ အချိန်နှင့်တပြေညီ တင်ဆက်နိုင်ရန်အတွက် အောက်ပါ Telegram အကောင့်များသို့ လုံခြုံစိတ်ချစွာသတင်းများပေးပို့ နိုင်ပါသည်ရှင့်။

? - https://t.me/pyithuaungpwel
? - https://t.me/infoAthlaing

▪️HlaingInfo

11 months, 2 weeks ago
***ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို …

ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲနေသော စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို PDF အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ဒဏ်ရာရ

ဇန်နဝါရီလ ၂၃ ရက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နှောပင်ရွာတွင် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲနေသော အကြမ်းဖက် စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို PDF အမျိုးသမီး ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်ဝင်လျှပ်စီးစစ်ကြောင်း သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်အီဗယ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ နှောပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲနေသော အင်အား ၁၅ ဦးပါ အကြမ်းဖက် စစ်သားများကို တော်ဝင်လျှပ်စီးစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက သွားရောက် စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️

11 months, 2 weeks ago
**BREAKING NEWS - တာမွေမြို့နယ်၊ အရိုးကုန်းထဲတွင် ပြည်သူ …

BREAKING NEWS - တာမွေမြို့နယ်၊ အရိုးကုန်းထဲတွင်  ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးခံရကြောင်း

ဇန်နဝါရီလ ၂၁ ရက်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အရိုးကုန်းထဲတွင် ယနေ့ နေ့ခင်း ၃ နာရီခွဲခန့်မှစ၍ လက်ရှိ ည ၈ နာရီခန့်ထိ ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးခံရကြောင်း   RangoonScoutNetwork  မှ ဖော် ပြထားပါသည်။

တာမွေမြိုနယ်၊ အရိုးကုန်းရပ်ကွက်ရုံးထဲ အကြမ်းဖက်စစ်သားများ ရောက်နေပြီး ရပ်ကွက်ထဲမှ လူ ၁၀ ဦးခန့်ကို ဖမ်းခေါ်ထားကြောင်း သိရသည်။ အဆိုပါ ၁၀ ဦးကို မူးယစ်ဆေးဝါးမှုဟုဆိုကာ လမ်း ၁၄၀ ဘက်မှ ဖမ်းခေါ်လာခြင်းဖြစ်ကြောင်း ကနဦးသိရသည်။ ရပ်ကွက်ရုံးသို အပြင်လူ ပေးမဝင်တော့ပဲ ဖမ်းခေါ်ထားသူများကို ရုံးထဲတွင်ထားကာ အော်ဟစ်ရိုက်နှက်နေကြကြောင်းလည်း သိရသည်။

#HlaingInfo

11 months, 2 weeks ago

? နောက်ဆုံးအိမ်မက် ?

?️ ခိုင်ထူး

ညစဉ်သီချင်းများကို Hlaing Info အဖွဲ့သားများမှ တင်ပေးလျှက်ရှိပါသည်ရှင့်။

မိဘပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်နှင့်
နီးစပ်ရာ သတင်းများ ပေးပို့ခြင်းဖြင့်
ဒီနွေဦးတော်လှန်ရေးတွင် တဖက်တလမ်းကနေ ပါဝင်ကူညီ‌ပေးကြပါရန် Hlaing Info အဖွဲ့သားများမှ မေတ္တာရပ်ခံပါသည်ရှင့်။

?️ သတင်းများပေးပို့လိုလျှင် ?️

https://www.facebook.com/share/X8o5XwC44qUbBsts/

(or)

https://t.me/infohlaing Channel

ပြည်သူမှ ပြည်သူသို့ ၊ ပြည်သူမှ သူရဲကောင်းရဲဘော်သို့ သတင်းမှန်များ အချိန်နှင့်တပြေညီ တင်ဆက်နိုင်ရန်အတွက် အောက်ပါ Telegram အကောင့်များသို့ လုံခြုံစိတ်ချစွာသတင်းများပေးပို့ နိုင်ပါသည်ရှင့်။

? - https://t.me/pyithuaungpwel
? - https://t.me/infoAthlaing

▪️HlaingInfo

11 months, 2 weeks ago
**ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ စစ်ရှောင်ပြည်သူများကို ပအိုဝ်းပြည်သူ့စစ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု …

ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာမှ စစ်ရှောင်ပြည်သူများကို ပအိုဝ်းပြည်သူ့စစ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ်ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက် ဒဏ်ရာရ

ဇန်နဝါရီလ ၂၁ ရက်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာဘုန်းတော်ကြီး ကျောင်းအနီးရှိ ရေပူရွာသားများ စစ်ရှောင်နေထိုင်သည့် တဲများကို ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ရှောင် ၁၇ ဦး လက်နက်ကြီးထိမှန်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း အင်းလေးလူထု လှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ်၂၀ခန့်အချိန်တွင် ဘီလူးချောင်း အနောက်ဖက်ပင်လောင်းမြို့နယ် ပင်စုံအောက်ရွာဘက်မှ ပအိုဝ်းပြည်သူ့စစ် (PNA)တပ်ဖွဲ့ဝင်များက စစ်ရှောင်ပြည်သူများရှိရာသို့ တမင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် နန်းအေးမြင့်သန်း သည် ဦးခေါင်းတွင်ထိမှန်၍ နေရာတွင် သေဆုံးသွားပြီး  ခွန်သိန်းအောင်၊ ဦးစိုင်းတို့လည်း သေဆုံးခဲ့ကာ ဒဏ်ရာရ ပြည်သူများကို စံကားဆေးရုံ ၊

အဆက် - ⤵️⤵️

1 year, 1 month ago
**နွားထိုးကြီးတွင် စစ်တပ် စစ်ကြောင်း မိုင်းနင်းမိပြီး စစ်ကောင်စီ တပ်သား …

နွားထိုးကြီးတွင် စစ်တပ် စစ်ကြောင်း မိုင်းနင်းမိပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

နိုဝင်ဘာလ ၅ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်ကောင်စီ တပ်သားများ မိုင်းနင်းမိပြီး ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့က ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာမှ ထွက်လာသော အင်အား ၆၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် နွားထိုးကြီးမြို့အတွင်းကို ဝင်ရောက်ရန် ကြိုးစားစဉ် ခက်လန်းရွာ အနီးအရောက်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းများ နင်းမိပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ပြင်စည်ကျေးရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

#KTM
#HlaingInfo

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 4 months ago