Women in uniform

Spring University Myanmar

Description verified
Subscribers

We recommend to visit

ကြော်ငြာထည့်ချင်ပါကဆက်သွယ်ပါ

https://t.me/kavilkate
https://t.me/kavilkate

Last updated 1 week, 4 days ago

ကြော်ငြာထည့်ချင်ပါကဆက်သွယ်ပါ

https://t.me/kavilkate
https://t.me/kavilkate

Last updated 1 week, 3 days ago

CLICK2DONATE ရဲ့ OFFICAL version2.0 ချန်နယ်ဖြစ်ပါတယ်ခင်ဗျာ။

Last updated 4 days, 12 hours ago

3 days, 12 hours ago
Spring University Myanmar
3 days, 12 hours ago
Spring University Myanmar
3 days, 12 hours ago
Spring University Myanmar
2 weeks, 1 day ago
နေ့စဉ်ဘဝထဲက AI နည်းပညာ

နေ့စဉ်ဘဝထဲက AI နည်းပညာ

📍 AIဆိုတဲ့စကားလုံးကို ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေရပြီး အဓိပ္ပာယ်က ဘာကိုဆိုလိုသလဲ မသိဖြစ်နေပါသလား။

📍 လက်ရှိ ခေတ်စားနေတဲ့ Chat GPT ဆိုတာတွေရဲ့ အလုပ်လုပ်ပုံတွေကိုရော စူးစမ်းလိုပေမယ့် ဘယ်ကစလို့ စလေ့လာရမှန်းမသိဖြစ်နေပါသလား။

📍 တဆက်တည်းမှာပဲ ဒီလိုနည်းပညာတွေကို Generate လုပ်ဖိုအတွက် သိထားရမယ့်အရာတွေကိုရော အတွေးနယ်ချဲ့ရင်း ဆက်စပ်လေ့လာလိုပါသလား။

📍 ဒါ့အပြင် AIနဲ့ Programmingရဲ့ဆက်ဆက်မှု တွေအကြောင်း Scratchနဲ့ တီး ခေါက်ကြည့်ပြီး တခြား AI Activity တွေကိုရော လေ့ကျင့်စမ်းသပ်ချင်ပါသလား။

ဒါဆိုရင်တော့ နွေဦးတက္ကသိုလ်မှ မကြာခင်မှာ ပြုလုပ်သွားမယ့် “ လေ့လာစူးစမ်း AI အစွမ်း”
ဆိုတဲ့ Workshop လေးက ကျောင်းသား၊ကျောင်းသူများအတွက် အချိန်မှန်၊နေရာမှန်ပဲဖြစ်ပါတယ်။

အသေးစိတ် ဖတ်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid02rg1XmmtBMpUV4AP7ZbTbJpVkKKxmedvmEZYwkppQPaGRjWouEVGJP3RBVVvFnAADl/?mibextid=SDPelY

#SpringUniversityMM

2 weeks, 2 days ago

နွေဦးတက္ကသိုလ် တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့ပါပြီ ။

ပထမဦးစွာ စတင်တည်ထောင်တဲ့ အချိန်ကနေ ယနေ့အထိ နွေဦးတက္ကသိုလ်နဲ့ အတူ တော်လှန်ပညာရေးခရီးလမ်းကို လျှောက်လှမ်းခဲ့ကြတဲ့ ကျောင်းသားလူငယ် တစ်ဦးချင်းစီကို အလေးအနက် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။

နွေဦးတက္ကသိုလ်အနေနဲ့ (၂)နှစ်တာကာလအတွင်း အခုလို ပညာရေးဆိုင်ရာလုပ်ငန်းဆောင်တာတွေကို အတိုင်းအတာတစ်ခုထိ ကြိုးပမ်းလုပ်ဆောင်နိုင်ခဲ့တာဟာ ကျောင်းသား၊လူငယ်တွေရဲ့ ခွန်အားတွေကြောင့်ပဲ ဖြစ်ပါတယ်။ သည့်တိုင် နွေဥိီးတက္ကသိုလ်ရဲ့ တော်လှန်ရေးကာလတလျှောက် ပညာရေးကဏ္ဍတွင်း ပါဝင်ဆောင်ရွက်မှုတွေဟာ အသေးအမွှားသာဖြစ်ပါတယ်။ ခရီးအရှည်ကြီး ကျန်နေပါသေးတယ်။ ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ အဆိုပါ ခရီးရှည်ကြီးကိုလည်း အပြန်အလှန် ဖေးမကြရင်း အတူတူ ဆက်လက်ချီတက်ကြရအောင်ပါ။

ကျွန်တော်တို့ နွေဦးတက္ကသိုလ်ဟာ ကျောင်းသားလူငယ်တွေရဲ့ အသံကို အမြဲနားစွင့်ရင်း ယခုထက်ပိုမိုကောင်းမွန် ပြီးပြည့်စုံသော ပုံစံရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားလျက်ရှိပါတယ်။ တဆက်တည်းမှာပဲ ကျောင်းသားလူငယ်တွေရဲ့ အကြံပေးမှုတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရင်း အနာဂတ်ကာလမှာ ပညာရေးဆိုင်ရာ လိုအပ်ချက်တွေကို ပိုမို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားပါ့မယ်လို့ ကတိပြုအပ်ပါတယ်။

ကျွန်တော်တို့အတူတူ ဒီခရီးကို လျှောက်လာခဲ့တာ ၂ နှစ်ပြည့်ပါပြီ။ အပြန်အလှန်ဖေးမရင်း ဆက်လက် ချီတက်ကြရအောင်ပါ။

အရေးတော်ပုံအောင်ရမည်။

#SpringUniversityMM

2 weeks, 2 days ago
Spring University Myanmar
1 month, 1 week ago

ကျန်းမာရေးစောင့်ရှောက်မှုတွေမှာရော သုတေသန (Qualitative Research) ဆိုတာ လိုအပ်ရဲ့လား။

အားလုံးပဲ မင်္ဂလာပါ။ ဒေသတစ်ခုရဲ့ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှု၊ လူမှုအကျိုးပြုအဖွဲ့အစည်း
များအနေဖြင့်စီမံကိန်းတွေ ဖော်ဆောင်ကြရာမှာ အချို့သော ကျန်းမာရေးနယ်ပယ်မှာ ရှုပ်ထွေးတဲ့ဖြစ်စဉ်များကို ကြုံတွေ့ရလေ့ရှိပါတယ်။

လူထုကျန်းမာရေးအတွက် ပိုမိုအကျိုးပြုစေဖို့ ကျန်းမာရေး စီမံခန့်ခွဲမှုများ သုတေသန (သို့မဟုတ်) ဒေတာစု‌ဆောင်းခြင်းနည်းလမ်းများ၊ ဒေတာကောက်ယူသည့် ကိရိယာများသာမက လူတွေရဲ့ တွေးခေါ်ယူဆချက်များ၊ ဖြစ်ရပ်တစ်ခုရဲ့ ဖြစ်စဉ်၊ ဖြစ်စေသောအကြောင်းရင်း စတာတွေကို အသေးစိတ် အရင်းအမြစ်ကျကျသိရှိလေ့လာဖို့လိုအပ်ပါတယ်။

ဒီလို ဒေတာစုဆောင်းမှုတွေ၊ ကောက်ယူမှုနည်းစနစ်တွေပေါ်မူတည်ပြီး ရလဒ်များစွာပြောင်းလဲသွားနိုင်
တာမို့ ကျန်းမာရေးနယ်ပယ်မှာ ဝင်ရောက်အားဖြည့်လျက်ရှိတဲ့ ကျောင်းသူ၊ကေျာင်းသားများအနေဖြင့် အထူး
ဂရုပြုလေ့လာဖို့ လိုအပ်ပါတယ်။

ဒါကြောင့်မို နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲသစ် “School of Health”မှ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရပ်များ သာမက မွေးကင်းစကလေးငယ်အတွက် ထိန်းသိမ်းစောင့်ရှောက်စရာ သိမှတ်ဖွယ် ဗဟုသုတ ပညာရပ်များကို မျှဝေသွားနိုင်ဖို့ School of Health မှ အောက်ပါတန်းခွဲများမှတဆင့် “Qualitative Research in Health for Beginners” ဆိုတဲ့ အတန်းကို ဖွင့်လှစ်ထားရှိပါတယ်။ အဆိုပါသင်တန်းကိုတော့ မေလ (၆)ရက်နေ့ မှာ စတင်သွားမှာ ဖြစ်ပြီးတော့ လျှောက်ထားလိုသူများအနေနှင့် မေလ (၄)ရက်နေ့အထိနောက်ဆုံးထားလျှောက်ထားနိုင်ပါတယ်။

အသေးစိတ်ကို ဖော်ပြပါ Link လေးမှတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/photo/?fbid=526168389671350&set=pcb.526168779671311

#SpringUniversity
#SUM

1 month, 1 week ago
Spring University Myanmar
1 month, 1 week ago
ပညာရပ်ဗဟုသုတများစွာ မျှဝေပေးနေတဲ့ နွေဦးတက္ကသိုလ်- School of Economics and Mangement” ရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုက ဘာဖြစ်မလဲ?

ပညာရပ်ဗဟုသုတများစွာ မျှဝေပေးနေတဲ့ နွေဦးတက္ကသိုလ်- School of Economics and Mangement” ရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုက ဘာဖြစ်မလဲ?

မိဘပြည်သူ၊ ကျောင်းသား/သူများ အားလုံး မင်္ဂလာပါ။ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် ပြည်သူ့ရေးရာနှင့် သက်ဆိုင်သော ပညာရပ်များကိုမျှဝေပေးလျက်ရှိတဲ့ “School of Economics and Management” မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

Intake တိုင်း မတူညီသော ပညာရပ် ဗဟုသုတများကို ဝေမျှရန်အတွက် တန်းခွဲများကို ဖွင့်လှစ်ပေးလျက်ရှိပြီး ယခုတစ်ခါမှာတော့ တစ်မူထူးခြားသော ပညာရေးအစီအစဥ်တစ်ခုကို မကြာမီအချိန်အတွင်း မိဘပြည်သူ၊ ကျောင်းသား/လူငယ်များထံ မိတ်ဆက်ပေးသွားဖို့ စီစဥ်ထားပါတယ်။

ထိုပညာရေးအစီအစဥ်သစ်ကိုလည်း မိဘပြည်သူများနှင့်၊ ကျောင်းသားလူငယ်များ အားလုံး စိတ်ကျေနပ်မှု ရရှိမယ်လို့ ယုံကြည်ပါတယ်။

ဒါ့ကြောင့် School of Economics and Mangement မှ မိတ်ဆက်ပေးသွားမယ့် ပညာအစီအစဥ်သစ်က ဘာဖြစ်မလဲ?

မကြာမီအချိန်အတွင်းမှာ ထိုပညာရေးအစီအစဥ်ကို ချပြသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

#SpringUniversityMM
#SUM

1 month, 2 weeks ago

ဧပြီလအတွင်း နိုင်ငံခြားဘာသာစကားသင်တန်းများ တက်ရောက်လိုသူများအနေနဲ့ သက်ဆိုင်ရာ Deadline များ မတိုင်မီ စာရင်းပေးဖို့ တိုက်တွန်းပါရစေ။

တန်းခွဲစုစုပေါင်း (၁၅) ခုတိတိဖွင့်လှစ်မယ့် ဧပြီလရဲ့ တန်းခွဲများကို တက်ရောက်ဖို့ စီစဥ်ထားသူများအတွက် ပြောင်းလဲသတ်မှတ်ထားသော တန်းခွဲအချို့ရဲ့ Deadline များကို ဖော်ပြပေးလိုပါတယ်။

Chinese HSK Level-1 တန်းခွဲရဲ့ Deadline မှာ ဧပြီ (၁၈) မှ ဧပြီ (၂၇) သို့လည်းကောင်း၊

Korean Language Level-2 အတန်းရဲ့ Deadline ကိုတော့ ဧပြီ (၂၄) မှ ဧပြီ (၂၈) သို့လည်းကောင်း၊

Korean Speaking class ရဲ့ Deadline ကို ဧပြီ (၂၀) မှ ဧပြီ (၂၇) သို့လည်းကောင်း အသီးသီး ပြောင်းလည်းသတ်မှတ်ထားကြောင်း သတင်းကောင်းပါးပါရစေ။

ဒါ့အပြင် ကျန်ရှိသော တန်းခွဲအသီးသီးရဲ့ စာရင်းပေးသွင်းမှုကိုတော့ ကြိုတင်ကြေညာထားသည့်အတိုင်း မပြောင်းမလဲ လက်ခံသွားမှာဖြစ်ပါတယ်။

ဖွင့်လှစ်သွားမယ့် တန်းခွဲတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို အောက်ပါ Link များမှတစ်ဆင့် အသေးစိတ်ကြည့်ရှုပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
Link- https://www.facebook.com/100068345813298/posts/pfbid02X6rp1xTsb3PsDb9tmrmkQ8YnVotU95PrkXnNsXvCnkvTjZXdHhhb4wp3C1SHvgbwl/?mibextid=tejx2t

#SpringUniversityMM
#SUM

Facebook

Log in or sign up to view

See posts, photos and more on Facebook.

ဧပြီလအတွင်း နိုင်ငံခြားဘာသာစကားသင်တန်းများ တက်ရောက်လိုသူများအနေနဲ့ သက်ဆိုင်ရာ Deadline များ မတိုင်မီ စာရင်းပေးဖို့ တိုက်တွန်းပါရစေ။

We recommend to visit

ကြော်ငြာထည့်ချင်ပါကဆက်သွယ်ပါ

https://t.me/kavilkate
https://t.me/kavilkate

Last updated 1 week, 4 days ago

ကြော်ငြာထည့်ချင်ပါကဆက်သွယ်ပါ

https://t.me/kavilkate
https://t.me/kavilkate

Last updated 1 week, 3 days ago

CLICK2DONATE ရဲ့ OFFICAL version2.0 ချန်နယ်ဖြစ်ပါတယ်ခင်ဗျာ။

Last updated 4 days, 12 hours ago