ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 6 days, 14 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 1 week ago
ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့တဲ့ ကျွန်မတို့ Spring University Myanmar, School of Health ရဲ့ သုတေသနကို အင်တိုက်အားတိုက် စိတ်ဝင်တစားဖြေဆိုပေးကြတဲ့ ဆရာဆရာမများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဒီအပတ်မှာတော့ စိတ်ဝင်စားတဲ့ participants တွေ မေးလာတဲ့ မေးခွန်းတွေကို ဖြေဆိုပေးရင်း ဒီသုတေသနကို ဆေးပညာမဟုတ်တဲ့ တခြားသိပ္ပံပညာရပ် နယ်ပယ်ကသူများကိုလည်း ဆက်လက်မျှဝေဖိတ်ခေါ်ပေးဖို့ ဆရာဆရာမတို့ကို အကူအညီတောင်းပါရစေ။
ဒီသုတေသနမှာ
✅အမျိုးသမီး သိပ္ပံပညာရှင်များအပေါ်နိုင်ငံရေးပဋိပက္ခတွေရဲ့ သက်ရောက်မှုကို လေ့လာဖို့ဆိုတာ အမျိုးသားသိပ္ပံပညာရှင်များလည်း ပါဝင်ဖြေဆိုမှသာ ကွဲပြားမှုကို နားလည်နိုင်မှာမို့ ကျားမ (အခြားလိင်အပါအဝင်)မရွေး ပါဝင်ဖြေဆိုနိုင်ပါတယ်။
✅School of Health က လုပ်တဲ့ သုတေသနဆိုပေမယ့်လည်း ဆေးပညာအသိုက်အဝန်းက ဆရာဆရာမများတင်မကဘဲ အခြားသိပ္ပံပညာနယ်ပယ်က ဆရာဆရာမများလည်း ပါဝင်ဖြေဆိုနိုင်ပါတယ်။ ဒီထဲမှာ ရူပသိပ္ပံဘာသာရပ် (Physical Sciences such as Physics and Chemistry)၊ ကမ္ဘာမြေ သိပ္ပံဘာသာရပ် (Earth Science such as Geology)၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ ဇီဝသိပ္ပံဘာသာရပ် (Biological Sciences such as Botany, Zoology and Ecology)၊ လူမှုသိပ္ပံဘာသာရပ် (Social Sciences such as Psychology, Law and Education)၊ နိုင်ငံရေးသိပ္ပံဘာသာရပ် (Political Sciences such as International Relations)၊ ဒေတာအချက်အလက်သိပ္ပံဘာသာရပ် (Data Sciences such as Statistics)၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM ဘာသာရပ်များ) စသဖြင့် ပါဝင်ပါတယ်။
✅ဒီသုတေသနမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ မည်သည့်သိပ္ပံပညာရှင်မဆို ပါဝင်နိုင်ပါတယ်။ ဒီထဲမှာ မိမိမြို့ရွာထဲမှာတင် အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်နေရသူများပါ ပါဝင်ပါတယ်။
စိတ်ပါဝင်စားသူများအနေနဲ့ အောက်ကလင့်ကနေ တဆင့် ဒီသုတေသနမှာ ပါဝင်ဖြေဆိုပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
https://aut.au1.qualtrics.com/jfe/form/SV_9MM2gEJGrmECELk
အချိန်ပေးမှုအတွက် အထူးကျေးဇူးတင်လျက်
နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့
မင်္ဂလာပါ
နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့မှ ဦးဆောင်ပြီး မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အန္တရာယ်ကြုံတွေ့နေရသူ၊ နေရပ်စွန့်ခွာပြီး မြန်မာနိုင်ငံအတွင်း သို့မဟုတ် မြန်မာနိုင်ငံပြင်ပသို့ ထွက်ပြေးရသူ သိပ္ပံပညာရှင်များအား "The Reciprocal Impacts of Conflicts and gender differences on Science among Female Scientists in Conflict-driven Countries”ခေါင်းစဉ်ဖြင့် သုတေသနတစ်ခု ပြုလုပ်လိုပါသည်။
ဤသုတေသနသည် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သိပ္ပံပညာရှင်များ အထူးသဖြင့် အမျိုးသမီးများအပေါ်တွင် နိုင်ငံရေးပဋိပက္ခများ၏ ဆိုးကျိုးသက်ရောက်မှုများကို ဆန်းစစ်ရန် ရည်ရွယ်ပါသည်။ ဤလေ့လာမှုသည် ၎င်းအကျိုးသက်ရောက်မှုများတွင် ရှိနေသော ကျားမကွဲပြားမှုများကို ခွဲခြမ်းစိတ်ဖြာမည်ဖြစ်ပြီး နှင့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးသိပ္ပံပညာရှင်များကို နိုင်ငံတကာအသိုင်းအဝိုင်းများက မည်ကဲ့သို့ အကောင်းဆုံးပံ့ပိုးပေးနိုင်မည်တို့ကိုလည်း စူးစမ်းလေ့လာပါမည်။
ဤသုတေသနကို အွန်လိုင်းစစ်တမ်း၊ Focus Group Discussions (FGDs) နှင့် Key Informant Interviews (KIIs) တို့ပါ၀င်သည့် Mixed-Method Approach ဖြင့် ပြုလုပ်မည်ဖြစ်သည်။ ဤသုတေသန၏ ပထမအဆင့်အဖြစ် သိပ္ပံဆိုင်ရာ လူမှုအသိုက်အဝန်းများ သို့ ဖောင်ဖြန့်ဝေကာ အွန်လိုင်းစစ်တမ်းတစ်ခု ကောက်ယူမည် ဖြစ်ပါသည်။
ဤမေးခွန်းလွှာသည် အချိန် မိနစ် (20) ခန့် ကြာမြင့်မည်ဖြစ်ပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖြစ်သော အမည်၊ နေရပ်လိပ်စာ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်များကို ဤအင်တာဗျူး၏ မည်သည့် အစိတ်အပိုင်းတွင်မှ မေးမြန်းခြင်း သို့မဟုတ် မှတ်တမ်းတင်ခြင်းပြုမည်မဟုတ်ပါ။
အကယ်၍ သင်သည် အောက်ပါအချက်အလက်များနှင့် ကိုက်ညီပါက ဤအွန်လိုင်းစစ်တမ်း တွင် ပါဝင်နိုင်ရန် သင့်အား ဖိတ်ကြားလိုပါသည်။
၁။ မိမိကိုယ်ကို သိပ္ပံပညာရှင်ဟု သတ်မှတ်နိုင်သည့် မြန်မာနိုင်ငံမှ မည်သူမဆို
[သိပ္ပံပညာရှင်များဆိုသည်မှာ သဘာဝသိပ္ပံနှင့်လူမှုသိပ္ပံတို့အပါအဝင် မည်သည့်သိပ္ပံဘာသာရပ်နယ်ပယ်တွင်မဆို သိပ္ပံနည်းလမ်းများကို အသုံးပြုသူတိုင်း အကျုံးဝင်သည်။ ထိုသတ်မှတ်ချက်တွင် မည်သည့်သိပ္ပံနယ်ပယ်တွင်မဆို အလုပ်လုပ်ကိုင်နေကြသည့် သုတေသီများ၊ တက္ကသိုလ်ကျောင်းများရှိ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ လက်တွေ့လုပ်ငန်းခွင်ဝင်နေကြသူများနှင့် မူဝါဒရေးဆွဲကြသူများ ပါဝင်သည်။
၂။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နေရပ်မှစွန့်ခွာထွက်ပြေးရသည့် သိပ္ပံပညာရှင်များ၊ အန္တရာယ်များနှင့် ကြုံတွေ့နေရသည့် သိပ္ပံပညာရှင်များနှင့် ဒုက္ခသည်ခံယူထားသည့် သိပ္ပံပညာရှင်များ
(အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လက်ရှိမည့်သည်အရပ်ဒေသတွင်နေထိုင်နေသည်ဖြစ်စေ အကြမ်းမဖက်အာဏာဖီဆန်ခြင်း လှုပ်ရှားမှုတွင် ပါဝင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အကျိုးသက်ရောက်မှုများကို ခံစားကြရသူတိုင်း ဤသုတေသနတွင် ပါဝင်နိုင်ပါသည်။)
ဤအွန်လိုင်းစစ်တမ်းတွင်ပါဝင်လိုပါက အောက်ပါလင့်ခ် သို့ ကျေးဇူးပြု၍ ဝင်ရောက်ပေးပါ။
https://aut.au1.qualtrics.com/jfe/form/SV_9MM2gEJGrmECELk
စစ်တမ်းအား ဖြေဆိုပြီးစီးခြင်းဖြင့် သင်သည် ဤသုတေသနတွင် ပါဝင်ရန်သဘောတူညီပြီး ဖြစ်ပါသည်။ ဤလေ့လာမှုသည် အာဏာသိမ်းမှုနှင့် ပဋိပက္ခများ၏ ဆိုးကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ်မည်ဖြစ်သောကြောင့် အချို့မေးခွန်းများသည် သင့်အား အတိုင်းအတာတစ်ခုအထိ စိတ်မသက်မသာ ဖြစ်စေနိုင်ပါသည်။ အချို့မေးခွန်းများအား သင်ဖြေဆိုရန် စိတ်မသက်မသာဖြစ်ပါက (မေးခွန်းများအား ကျော်၍လည်းမရပါက) စစ်တမ်းကို ပိတ်ပစ်နိုင်ပါသည်။ ကျွန်တော်/ကျွန်မတို့အနေဖြင့် သင့်အဖြေများအပေါ်မူတည်၍ သင့်အား မည်သူမည်ဝါဖြစ်သည်ဟု မသတ်မှတ်နိုင်သောကြောင့်၊ ဤစစ်တမ်းအား ဖြေဆိုပြီးစီးပါက သင်၏အချက်အလက်များအား ပယ်ဖျက်ပေးရန် မဖြစ်နိုင်တော့ပါ။
ဤသုတေသနနှင့်ပက်သက်သော ထပ်ဆောင်းအချက်အလက်များအား စစ်တမ်း၏ ပထမဆုံးစာမျက်နှာတွင် ဖော်ပြထားပါသည်။
သင့်ရဲ့အရေးအသားတိုင်းကို ယုံကြည်ချက်ရှိရှိဖြင့် ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် U.S. Department of State တို့ပူးပေါင်းကာ ဖွင့်လှစ်မယ့် “Creative Writing Class”
Writing ကို ကျောင်းသားလူငယ်များ ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် U.S. Department of State တို့ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်လိုက်တဲ့ “Creative Writing Class” မှာ
📍မတူညီသော အရေးအသားပုံစံများကို ဘယ်လိုနည်းလမ်းများဖြင့် ချဥ်းကပ်ရမလဲဆိုတာ လေ့လာရမှာဖြစ်တဲ့အပြင်
📍 Writing မှာ အဓိက ဇာတ်ဆောင်အနေဖြင့် ပါဝင်နေတဲ့ Reading and Vocabulary Skills သင်ခန်းစာများလည်း ပါဝင်သွားမှာပါ။
✅ သင်တန်းချိန်အားလုံးကို Zoom Platform မှတစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပြီး သြဂုတ်လ (၂၄) ရက်နေ့မှ စတင်ကာ အပတ်စဥ် စနေနှင့်တနင်္ဂနွေနေ့များမှာ မြန်မာစံတော်ချိန် ည ၈ နာရီမှ ၁၀ နာရီအတွင်း တက်ရောက် ရမှာ ဖြစ်ပါတယ်။ သင်တန်းကာလစုစုပေါင်း (၈)ပတ်တိတိကြာမြင့်မှာဖြစ်ပါတယ်။
✅ သတင်းကောင်းတစ်ခုအနေဖြင့် ယခု “English for Academic Purposes” သင်တန်းမှာ Scholarship တန်းခွဲဖြစ်လို့ လျှောက်ထားသူများမှာ ပညာဒါန အနေဖြင့် အစ/ဆုံး တက်ရောက်နိုင်မှာပါ။
စိတ်ဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် ဩဂုတ်လ ၂၀ ရက်နောက်ဆုံးထားပြီး စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ ခင်ဗျာ။
Link - https://ee-eu.kobotoolbox.org/single/OK9KHdR4?returnUrl=https://t.me/+HZWczecdkEo4ZmM1
Public Administration ကို စိတ်ဝင်စားကြသူများနှင့် SEM မှ ဖွင့်လှစ်ခဲ့သော Certificate in Introductory Public Administration (CIPA) အတန်း Batch (1-6) ကိုတက်ရောက်ဖူးကြသူများအတွက် ထပ်မံပြီး ဒီ နယ်ပယ်ကို ပိုပြီး ထဲထဲဝင်ဝင် လေ့လာချင်ရင်တော့ ဒီ course လေးကို တက်ရောက်လေ့လာဖို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။
သင်တန်းလေးကိုတော့ ဇွန်လ 30 ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး သင်တန်းချိန်ကတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မနက် 9 နာရီမှ 12 နာရီထိ ZOOM platform မှတစ်ဆင့် ၈ ပတ်ကြာ သင်ကြားပေးသွားမှာဘဲ ဖြစ်ပါတယ်ခင်ဗျာ။
ဒါ့အပြင် scholarship လျှောက်ထားနိုင်မယ့် အခွင့်အရေးလဲ ရှိတာကြောင့် စိတ်ပါဝင်စားသူတိုင်း register လုပ်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ် ခင်ဗျာ ။
“Diploma in Public Health Management in Crisis Settings” အတန်းကို စတင်လျှောက်ထားနိုင်ပါပြီ။
အားလုံးပဲ မင်္ဂလာပါ။
နွေဦးတက္ကသိုလ်၏ School of Heath မှ
ပြည်သူ့ကျန်းမာရေးအကျပ်အတည်းများကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရန် လေ့ကျင့်သင်ကြားပေးသွားမည့် “Diploma in Public Health Management in Crisis Settings”
ဒီပလိုမာ ပရိုဂရမ်ကိို ကျောင်းသား၊ကျောင်းသူများထံ ယူဆောင်လာခဲ့ပါပြီ။
ပြည်တွင်း၊ပြည်ပမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များ ပူးပေါင်း၍ ဖွင့်လှစ်သော အဆင်မြင့်ပညာရပ် ဒီပလိုမာ ပရိုဂရမ်ဖြစ်သည့်အလျောက် သင်တန်းကာလ အစ/အဆုံး တက်ရောက်ချိန် (၉) လ ကြာမြင့်မှာဖြစ်ပြီး ပရိုဂရမ်တလျှောက်တွင် သင်ကြားရေးကာလအပိုင်းအခြား (Semester) ၃ ခု ခွဲကာတက်ရောက်ရမှာဖြစ်ပါတယ်။
အဆင်မြင့်ပညာရပ် ဒီပလိုမာ ပရိုဂရမ်တက်ရောက်နေစဉ်အတွင်း နိုင်ငံတကာမှ သီအိုရီများကို အခြေခံ၍ မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော ကိစ္စရပ်များ၊ ပကတိအနေအထားများကို ဦးတည်ကာလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး
သင်ရိုးညွန်းတမ်းများအနေဖြင့် အောက်ပါအတိုင်းပါဝင်သွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားလို့ တက်ရောက်လိုပါက အောက်ပါလင်ခ့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Link - https://ee-eu.kobotoolbox.org/single/YO4x51OO?returnUrl=https://t.me/+OWWKDoZMNKVjNDM1
ee-eu.kobotoolbox.org
Enketo Express for KoboToolbox
မိဘပြည်သူများနှင့် ကျောင်းသား၊လူငယ်များအားလုံး မင်္ဂလာပါ ။
နွေဦးတက္ကသိုလ်ရဲ့ “School of Health” မှ “Diploma in Public Health Management and Crisis Setting” တန်းခွဲကို မကြာမီအချိန်အတွင်း ဖွင့်လှစ်သွားတော့မယ့် အကြောင်း သတင်းကောင်းပါးပါရစေ။
ကနဦးအနေနဲ့ အဆိုပါ ဒီလိုမာတန်းခွဲလေး မဖွင့်လှစ်မီ မှာတော့ အဖွင့်မိတ်ဆက်ခြင်း - Open House Event ကို ပြုလုပ်သွားဖို့ရှိပါတယ်။ ဒါ့ကြောင့် “Diploma” အကြောင်း စိတ်ဝင်စားသူများအားလုံး တက်ရောက်ကြဖို့ အထူးပဲ တိုက်တွန်း ဖိတ်ခေါ်လိုက်ရပါတယ်။
Open House အစီအစဥ်လေးကို June လ (၁) ရက် နေ့၊ မြန်မာစံတော်ချိန် မနက် (၁၀) နာရီမှ (၁၁) နာရီအတွင်း ZOOM platform မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
တက်ရောက်လိုသူများအနေဖြင့် အောက်ပါဖော်ပြထားသော ZOOM Link တွင် တစ်ခါတည်း register လုပ်ပြီး တက်ရောက်နိုင်ပါတယ်ခင်ဗျာ။
ဒါ့ကြောင့် နွေဦးတက္ကသိုလ်အကြောင်းစိတ်ဝင်စားသော လူကြီးမင်းများ၊ “Diploma in Public Health Management and Crisis Setting” ကို တက်ရောက်ဖို့ စီစဥ်ထားသော ကျောင်းသား၊လူငယ်များအားလုံးကို ယခု ဒီပလိုမာတန်းခွဲလေးရဲ့ “Open House Event” လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။
စာရင်းပေးသွင်းရန် ZOOM Link-
https://us06web.zoom.us/meeting/register/tZAkde6qpzIjEtcH7pdjlM5yrwB9xD0uiCS0
Zoom
Welcome! You are invited to join a meeting: Diploma in Public Health Management and Crisis Setting Open House. After registering…
ပြည်တွင်းမှာသာမက နိုင်ငံတကာ Debate စင်မြင့်ထက်ကို အရောက်လှမ်းလိုသူများအတွက် “Advanced Debate Workshop”
မြန်မာဘာသာစကားဖြင့် စကားရည်လုခြင်း အရည်အသွေး အစပျိုးပြီးသား ကျောင်းသား၊လူငယ်တွေ အနေဖြင့် နိုင်ငံတကာ Debate စင်မြင့်ထက်မှာပါ ကျွမ်းကျင်မှု အတွေ့အကြုံများ ရရှိစေဖို့ ရည်ရွယ်ကာ နွေဦးတက္ကသိုလ်မှ ပြုလုပ်သွားမယ့် အွန်လိုင်းဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။
ယခု “Advanced Debate Workshop” ကို အပိုင်း(၂) ခုခွဲကာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
? ပထမတစ်ပိုင်းမှာတော့ မြန်မာကျောင်းသား/သူများအနေဖြင့် ကမ္ဘာသုံး ဘာသာစကားဖြစ်တဲ့ English Lanuage ကို ဘာသာစကားအတားအဆီးတစ်ခုအနေဖြင့် မဖြစ်စေဖို့ Mock Debate Rounds များဖြင့် စမ်းသပ် လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။
? ကျန်ရှိတဲ့ ဒုတိယအပိုင်းမှာတော့ နိုင်ငံတကာ စကားရည်လုခြင်း စင်မြင့်များနှင့် ပက်သက်ပြီး အတွေ့အကြုံများစွာ ရှိထားတဲ့ စီနီယာများမှ နိုင်ငံတကာ စကားရည်လုခြင်း စင်မြင့်များတွင် ဆောင်ရန်၊ရှောင်ရန်နှင့် သင်ခန်းစာများကို ပြန်လည်ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
အချိန်အားဖြင့် (၇) ရက်တာ ပြုလုပ်သွားမယ့် “Advanced Debate Workshop” ကို နွေဦးတက္ကသိုလ်မှာ တက်ရောက်နေဆဲ၊ တက်ရောက်ခဲ့တဲ့ ကျောင်းသား/သူများ၊ နယ်ပယ်အသီးသီးမှ တွေးခေါ်ပြောဆိုမှု စွမ်းရည်ကို အစပျိုးပြီးသား လူငယ်များ လျှောက်ထားနိုင်ပြီး အနည်းဆုံး English နှင့် Debate အရည်အချင်းမှာ Pre-intermediate Level ရှိဖို့ လိုအပ်ပါတယ်။
ရွေးချယ်ခံရသူတစ်ယောက်ချင်းစီတိုင်းကို ယခုအွန်လိုင်းဆွေးနွေးပွဲတက်ရောက်နိုင်ဖို့ Internet Allowance များလည်း ပေးအပ်သွားမှာပါ။
မေလ (၁၃) ရက်နေ့မှ စတင်ကာ မေလ(၂၃) ရက်အထိ တစ်ပတ်တာ ကြာမြင့်သွားမှာဖြစ်ပြီး Timetable အသေးစိတ်ကို ဖော်ပြပါ ပုံလေးမှတဆင့် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။
ပြည်တွင်းမှာသာမက နိုင်ငံတကာ Debate စင်မြင့်ထက်ကို အရောက်လှမ်းလိုတဲ့ ကျောင်းသား၊ လူငယ်များအတွက် အခွင့်အရေးတစ်ခုဖြစ်လို့ လက်မလွတ်တမ်း လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Application Deadline ကတော့ မေလ ၈ ရက်နေ့ ဖြစ်တာမို့ အောက်ပါ Link မှတဆင့် အသေးစိတ်အချက်အလက်များ ဖြည့်ကာ လျှောက်ထားနိုင်ပါပြီ။
Link - https://ee-eu.kobotoolbox.org/single/GrgzIlkD?returnUrl=https://t.me/+WRSiyG36nPhkYmI1
ee-eu.kobotoolbox.org
Enketo Express for KoboToolbox
သတင်းအတုအယောင်၊ သတင်းအမှားတွေကို အခုချိန်ထိ သေချာ မခွဲခြားနိုင်သေးဘူးလား?
ကျွန်တော်တို့နေ့စဥ်ဘဝမှာ ဒီဂျစ်တယ်နည်းပညာတွေ၊ ဆိုရှယ် ပလက်ဖောင်းတွေကို အသုံးပြုလာတာနှင့်အမျှ တစ်ဆက်တည်းမှာပဲ လူတွေကို တုန်လှုပ်စေတဲ့ သတင်းအတုအယောင်၊ သတင်းအမှားတွေဟာလည်း များစွာ ပျံ့နှံ့လျက်ရှိပါတယ်။
ဒါ့ကြောင့် ဆိုရှယ်ပလက်ဖောင်းများကို အသုံးပြုသူများအနေဖြင့် မိမိမျက်စိရှေ့ ရောက်လာတဲ့ သတင်းများကို ဘယ်လိုနည်းလမ်းများနှင့် အချက်အလက် မှန်/မမှန် စစ်ဆေးရမလဲဆိုတာ သိရှိထားဖို့ အရေးကြီးပါတယ်။
ထိုကဲ့သို့ လူကြီး၊လူငယ်မရွေး ပြည်သူ/သားတိုင်း သိရှိထားသင့်တဲ့ Media Literacy အကြောင်းကို နွေဦးတက္ကသိုလ်မှ “Digital Literacy Workshop” အမည်ဖြင့် ပညာဒါန ဆွေးနွေးပွဲလေးတစ်ခု ပြုလုပ်သွားတော့မှာ ဖြစ်ကြောင်း သတင်းကောင်းလေးတစ်ခု ယူဆောင်လာပါတယ်။
ယခု Workshop လေးပြီးဆုံးသွားတဲ့အခါ လူငယ်များအနေဖြင့် သတင်းအမှား၊ သတင်းအတုအယောင်များကို ခွဲခြားနိုင်သွားမယ့်အပြင် ပြည်သူတိုင်း သိသင့်သိထိုက်တဲ့ Media Literacy ကို နားလည် သဘောပေါက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။
ပညာဒါန Workshop လေးဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့်
-အသက် ၁၇-၂၈နှစ် အတွင်းဖြစ်ရပါမယ်။
-အင်တာနက်နှင့် ဖုန်း၊ကွန်ပျူတာ အစရှိတဲ့ ဒီဂျစ်တယ် ကိရိယာများ ရှိထားဖို့ လိုအပ်ပါတယ်။
ယခု ဆွေးနွေးပွဲကို ၄လ၊ ၂၂ရက် ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး အချိန်အားဖြင့် (၄)ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။
Link- https://ee-eu.kobotoolbox.org/single/Pbmw3m3n?returnUrl=https://t.me/+eqB1gS7G1qcyOTM1
ee-eu.kobotoolbox.org
Enketo Express for KoboToolbox
မိမိခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေကို မျှဝေခွင့်ရမယ့် နွေဦးတက္ကသိုလ်ရဲ့ “စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဆွေးနွေးပွဲ_Emotional Support Workshop”
နိုင်ငံရေး၊စီးပွားရေး ကျပ်တည်းမှုတွေကြားမှာ၊ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်တွေကြားမှာ ကျွန်တော်တို့ဟာ အနည်းနဲ့အများဆိုသလို စိတ်ထိခိုက်မှု၊ ပင်ပန်းမှုတွေ ရှိတတ်ကြပါတယ်။
သို့သော်လည်း အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ စိတ်လုံခြုံရာရပ်ဝန်းတစ်ခုမှာ ကျွန်တော်တို့ စိတ်လေးကို အနားပေးရင်း မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကာ ကုစားပေးဖို့ နွေဦးတက္ကသိုလ်ရဲ့ “စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆွေးနွေးပွဲ_Emotional Support Workshop” လေး ရောက်ရှိလို့ လာပါပြီ။
ဒီ Workshop လေးမှာတော့ အသက် ၁၈-၃၅ အတွင်း လူငယ် (၈)ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲလေးကို တက်ရောက်ခွင့်ရမှာပါ။
ရွေးချယ်ခံရသူများမှာ ယခုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆွေးနွေးပွဲလေးမှတစ်ဆင့်
အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ စိတ်လုံခြုံရာရပ်ဝန်းတစ်ခုမှာရှိခွင့်ရမယ်။
မိမိခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေကို မျှဝေခွင့်ရမယ်။
ဦးဆောင်သူအပါအဝင် တက်ရောက်လာသူများက ပေးအပ်တဲ့ ပံ့ပိုးမှုကို ရရှိနိုင်မယ်။
အရေးပါတဲ့ စိတ်ကျန်းမာရေးဆိုင်ရာအသိပညာအချို့ကိုမှတ်သားခွင့်ရမယ်။
နောင်အတွက်ပါအသုံးချနိုင်မယ့် စိတ်ငြိမ်သက်စေတဲ့လေ့ကျင့်ခန်းများနဲ့ မိမိကိုယ်ကို ဂရုစိုက်မှုပေးတဲ့လေ့ကျင့်ခန်းများကို လေ့ကျင့်နိုင်မယ့် အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။
ပြုလုပ်သွားမယ့် နေ့ရက်ကတော့- ဧပြီလ (14) ရက်နေ့ မြန်မာစံတော်ချိန် 10 am မှ 12 pm အတွင်းဖြစ်ပြီး တက်ရောက်မည့်သူများဟာ အချိန်အပြည့်အဝ ပေးနိုင်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။
မိမိရဲ့စိတ်လေးကျန်းမာဖို့ လူငယ်များတက်ရောက်သင့်တဲ့ ဆွေးနွေးပွဲလေးဖြစ်လို့ အောက်ပါ Link မှတစ်ဆင့် အသေးစိတ်ကြည့်ရှုကာ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။
Link : https://ee-eu.kobotoolbox.org/single/Tsn8fVyC
ee-eu.kobotoolbox.org
Enketo Express for KoboToolbox
အမေရိကန်ကျောင်းသားများ နှင့် မြန်မာကျောင်းသား တို့ကြား ပညာရပ်များ အပြန်အလှန် လေ့လာနိုင်မယ့်
Virtual Exchange Program အစီအစဉ်လေးကို အားလုံးထံယူဆောင်လာပါပြီ။
အချိန်ကာလအားဖြင့် (၂) ပတ်ကြာ ပြုလုပ်သွားမယ့် အဆိုပါ Virtual camp လေးမှာဆိုရင်တော့
? Pre-camp training for Myanmar students
? Virtual camp for US and Myanmar students
? Group Presentation and selection of sub-awardees
ဆိုပြီး အပိုင်းအခြား (၃) ခုဖြင့် ပညာရေး အစီအစဉ်များစွာ ပါဝင်သွားမှာဖြစ်ပါတယ်။
Virtual Camp အတွင်းမှာ မြန်မာကျောင်းသား (၁၅) ဦး နှင့် အမေရိကန်ကျောင်းသား (၁၅) ဦးတို့ကို ရွေချယ်တက်ရောက်စေမှာဖြစ်ပြီး အဓိကအားဖြင့်
? လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်များ
? ဒီမိုကရေစီရေးရာ ပညာရပ်များ အပါအဝင်
၂၁ ရာစုတွင် မဖြစ်မနေ လေ့လာတတ်မြောက်ထားသင့်သည့် အခြားသော Soft skillsများဖြစ်သော
? Communication skillများ၊ Interpersonal skill များကို အမေရိကန်ကျောင်းသားများနှင့် မြန်မာကျောင်းသားများအကြား အပြန်အလှန်ဝေမျှရင်း လေ့လာ သင်ကြားသွားနိုင်မှာဖြစ်ပါတယ်။
အမေရိကန် နှင့် မြန်မာနိုင်ငံအကြား လူငယ်များအချင်းချင်း ပညာရပ်ဆိုင်ရာ အသိပညာများ ဖလှယ်ချင်တယ်၊ Network တည်ဆောက်ရင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးရာ ပညာရပ်များ လေ့လာရင်းဝေမျှချင်တယ်ဆိုရင်တော့ အဆိုပါ Virtual camp လေးကို ပါဝင်လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
စိတ်ဝင်စားလို့ လျှောက်ထားလိုပါက အောက်ပါလင်ခ့်မှ တဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
Link - https://ee-eu.kobotoolbox.org/single/24ac068f41b8fe07e03d1a50f1c7f525
ee-eu.kobotoolbox.org
Enketo Express for KoboToolbox
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 6 days, 14 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 1 week ago