Unlock a World of Free Content: Books, Music, Videos & More Await!

မြန်မာ့ဂုဏ် သတင်းမီဒီယာ

Description
ပြည်တွင်းသတင်းမှန်များအတည်ပြုနိုင်ပါသည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

2 days, 23 hours ago
စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းရှိမရှိ ရှောင်တခင်စစ်ဆေး

စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းရှိမရှိ ရှောင်တခင်စစ်ဆေး

နေပြည်တော် မေလ ၈ ရက်

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန် ရှိသူများပါဝင်သည့် စစ်ဆေးရေးအဖွဲ့ များက ယနေ့ မေလ ၈ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရှောင်တခင်စစ်ဆေးစဉ် ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများအတိုင်း အရောင်း ဆိုင် သို့အမှန်ရောက်ရှိခြင်းရှိမရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိမရှိ၊ ရည်ညွှန်း ဈေးနှုန်း များအတိုင်း ရောင်းချခြင်းရှိမရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ရောင်းချခြင်းရှိမရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက် ထားခြင်းရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ် သည် များ မှာကြားခဲ့ပြီး အလားတူ ရှောင်တခင်စစ်ဆေးမှုများအား မကြာခဏဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

2 days, 23 hours ago
မြန်မာ့ဂုဏ် သတင်းမီဒီယာ
2 days, 23 hours ago
မြန်မာ့ဂုဏ် သတင်းမီဒီယာ
1 week, 2 days ago
မြန်မာ့ဂုဏ် သတင်းမီဒီယာ
1 week, 2 days ago
မြန်မာ့ဂုဏ် သတင်းမီဒီယာ
1 week, 2 days ago

ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရတာ၊ သဘာ
ဝ ဓာတ်ငွေ့ ရရှိမှုလျော့နည်းတာ လိုအပ်ချက်ရဲ့ ရာခိုင်နှုန်း ၅၀ ခန့်သာ ထုတ်လုပ်နိုင်သလို ဝန်အားလျှော့ချမှုဆက်လက်လုပ်သွားမယ်လို့ အသိပေး
မေ ၁
ရေအားလျှပ်စစ်စက်ရုံ၅ရုံမှထွက်ရှိတဲ့ဓာတ်အားများပို့လွှတ်နေတဲ့ ဓာတ်အားလိုင်းများဖျက်ဆီးခံထားရခြင်းနှင့်သဘာဝဓာတ်ငွေ့ရရှိမှုလျော့နည်းနေခြင်းတို့ကြောင့်လက်ရှိတွင်လိုအပ်ချက်ရဲ့ရာခိုင်နှုန်း၅၀ခန့်သာထုတ်လုပ်
နိုင်လို့ ဝန်အားထိန်းညှိကာဝန်အားလျှော့ချရခြင်းများဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာနကယနေ့တွင်အသိပေးထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ၏ဓာတ်အားပေးစက်ရုံများရဲ့အရင်းအမြစ်အလိုက်တပ်ဆင်စက်အင်အားမှာရေအားလျှပ်စစ်စက်ရုံ၂၉ရုံမှ၃၂၂၈မဂ္ဂါဝပ်၊သဘာဝဓာတ်ငွေ့သုံးစက်ရုံ၂၇ရုံမှ၃၆၃၈ဒသမ၃၆၄မဂ္ဂါဝပ်၊ကျောက်မီးသွေးစက်ရုံ၂ရုံမှ၁၃၈မဂ္ဂါဝပ်နှင့်နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ၆ရုံမှမဂ္ဂါဝပ်၁၈၀ဖြင့်စုစုပေါင်းတပ်ဆင်စက်
အင်အားမှာ၇၁၈၄ဒသမ၄၆မဂ္ဂါဝပ်ရှိပါတယ်။
နိုင်ငံတော်ရဲ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာနှစ်စဉ်၉ရာခိုင်နှုန်းတိုးတက်သုံးစွဲလျက်ရှိတာကြောင့် စုစုပေါင်း၅၄၄၃မဂ္ဂါဝပ်လိုအပ်လျက်ရှိသော်လည်းတပ်ဆင်အင်အားအတိုင်းစက်များစွမ်းအားပြည့်မောင်းနှင်နိုင်ပါကလုံလောက်မှုရှိပါတယ်။
ဒါပေမယ့် လက်ရှိကာလတွင် ရွှေကျင်၇၅မဂ္ဂါဝပ်၊ဘီလူးချောင်း ()()() တို့မှ၂၄၈မဂ္ဂါဝပ်နှင့်သဖန်းဆိပ် (၃၀မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေးရေးစက်ရုံများမှထွက်ရှိသည့်ဓာတ်အားကိုပို့လွှတ်လျက်ရှိသည့်၂၃၀ကေဗွီ၊၁၃၂ကေဗွီဓာတ်အားလိုင်းများဖျက်ဆီးခံထားရခြင်းကြောင့်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိတဲ့ ဓာတ်အား၃၅၃မဂ္ဂါဝပ်အသားတင်လျော့နည်းထုတ်လုပ်နေရခြင်းဖြစ်ပါတယ်။
ထို့အတူလက်ရှိဓာတ်အားထုတ်လုပ်မှုမှာ အပူစွမ်းအင်သုံးစက်ရုံများရှိသဘာဝဓာတ်ငွေ့အသုံးပြုကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအချို့မှာ ရာခိုင်နှုန်း ၅၀ ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခုကာလအတွင်း ၄၄၆ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါတယ်။
ထို့ကြောင့် စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ‌ ရေအားနှင့် သဘာဝဓာတ်ငွေသုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆= ၇၉၉) မဂ္ဂါဝပ်ခန့်အထိ အသားတင်လျော့နည်း ထုတ်လုပ်နေရခြင်းဖြစ်ပါတယ်။
ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား ၆၃၈၅ ဒသမ ၄၆ မဂ္ဂါဝပ်မှ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် စီမံ‌ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်။
ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လမှ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအား ချိန်ညှိ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရခြင်း၊ သဘာဝဓာတ်ငွေ့ရရှိမှုတို့အား ထိန်းညှိ၍လုံလောက်စွာမရှိသဖြင့် တပ်ဆင်ထားသော စက်များ၏ စက်စွမ်းအားအပြည့်လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျှမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်ကိုသာ ထုတ်လုပ်နိုင်ခြင်းဖြစ်ပါတယ်။
အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားအပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ ၁၆ ရာခိုင်နှုန်းနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၈ ရာခိုင်နှုန်းအား အချိုးကျခွဲဝေပို့လွှတ်ခဲ့ပြီး သုံစွဲသူပြည်သူများ အဆင်ပြေစေရန်အတွက် အုပ်စုခွဲ၍ အချိန်အပိုင်းအခြားလိုက် ခွဲဝေဖြန့်ဖြူနေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ထို့ကြောင့် ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်စီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိကာ စီမံကိန်းအသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

2 weeks, 4 days ago
မြန်မာ့ဂုဏ် သတင်းမီဒီယာ
2 weeks, 4 days ago
မြန်မာ့ဂုဏ် သတင်းမီဒီယာ
2 weeks, 4 days ago
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ - ၂၂

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

#MyanmaGone

3 weeks, 4 days ago

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲ

နေပြည်တော်၊ ဧပြီလ - ၁၅ ရက်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ် နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအဖွဲ့များ၊ အတာရေသဘင်ပွဲ ဆင်နွှဲ သူများဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

မဟာသင်္ကြန်အကြတ်နေ့တွင် နေပြည်တော်ဇေယျာသီရိရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသား စုရေကစား မဏ္ဍပ်၌ နိုင်ငံကျော်အနုပညာရှင်များ နှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေကြရာ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည် မိသားစုများနှင့်အတူ ကြည့်ရှုအား ပေးပြီး အတာရေသဘင်ပွဲ တော် ကို အတူတကွဆင်နွဲကြပြီး သီဆိုကပြဖျော်ဖြေကြ သည့် အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ကြကြောင်း သိရသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း အိမ်ထောင်သည် လိုင်းများအနီးရှိ စိန်ပန်းမိသားစုရေ ကစား မဏ္ဍပ်နှင့် မန်ကျည်းရိပ်မိသားစု ရေကစား မဏ္ဍပ်တို့၌လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် အထူးစည်ကား လျက်ရှိပြီး မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များ က တေး သီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ် များတွင် စတုဒီသာများ ဖြင့် တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကစားမဏ္ဍပ် အသီးသီးတို့၌ ယိမ်းအက အဖွဲ့များ၊ ခေတ်ပေါ်တေးဂီတအ ဖွဲ့များ၊ အတာရေ သဘင်ပွဲဆင်နွှဲသူများဖြင့် စည်ကား သိုက်မြိုက်စွာ ဆက်လက်ဆင်နွှဲကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များနှင့် တာဝန်ရှိသူများက အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှု များကို သွားရောက်ကြည့်ရှု အားပေးပြီး ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

၎င်းအပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာ နချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေက စားမဏ္ဍပ်များ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အ သီးသီးရှိ ရေကစားမဏ္ဍပ်များ၊ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစား မ ဏ္ဍပ်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် နှင့် တပ်နယ်အသီးသီးရှိရေကစားမဏ္ဍပ်များ၊ အနောက်တောင်တိုင်းစစ်ဌာ နချုပ်နှင့်တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီး ရှိရေ ကစားမဏ္ဍပ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မန္တလေး မြို့ရှိ ရေကစားမဏ္ဍပ်များ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အတာရေသဘင်ပွဲ ဆင်နွှဲကြရာ သက်ဆိုင်ရာ တိုင်း ဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင် များက သွား ရောက် ၍ အတာသင်္ကြန်ယိမ်းအက အဖွဲ့များ၏ ယှဉ်ပြိုင်ဖျော်ဖြေမှုများ ကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ကြကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ်၊ လှေခွင်းတောင် အပန်းဖြေစခန်း၊ ရန်ကုန်လမ်း လျှောက်သင်္ကြန်၊ မန္တလေးလမ်းလျှောက်သင်္ကြန် တို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အထင်က ရနေရာများ၌ လာရောက်အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စား သောက်ဆိုင်များ၊ ဒေသထွက်ကုန် ရောင်းချနေသော ဈေးဆိုင်များဖွင့်လှစ်ထား ရှိကာ စည်ကား သိုက်မြိုက်လျက်ရှိ ကြောင်းသိရသည်။

၎င်းအပြင် ရေသဘင်ဆင်နွှဲကြသူများအား စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ပျော်ရွှင်စွာရေ ပက်ကစားခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော်ကို ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

#MyanmaGone

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago