ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
လူကုန်ကူးခံရသည့်တရုတ်မင်းသားငွေလိမ်ရန်လေ့ကျင့်ပေးခံရဟုထွက်ဆို
၇.၁.၂၀၂၅
လူကုန်ကူးခံရပြီးမြန်မာနိုင်ငံမြဝတီမြို့အနီးရွှေကုက္ကိုလ်မြို့ငွေလိမ်ဂိုဏ်းရောက်သွားတဲ့တရုတ်နိုင်ငံသားသရုပ်ဆောင် Wang Xing ကိုငွေလိမ်ရန်လေ့ကျင့်ပေးခံရကြောင်းထွက်
ဆိုတယ်လို့ထိုင်းအခြေစိုက် Khaosod English ကရေးသားထားပါတယ်။
ရွှေကုက္ကိုလ်မြို့ကို ရောက်ရှိတဲ့ နှစ်ရက်သုံးရက်အတွင်းတရုတ်လူမျိုးများကိုပစ်မှတ်ထားတဲ့ လိမ်လည်စာတိုများရေးသားရန်လေ့ကျင့်ရန်စေခိုင်းခံရတယ်လို့ Wang Xing ကထွက်
ဆိုပါတယ်။
Wang Xing က ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့အနီးဇန်နဝါရီ၃ရက်တွင်ပျောက်သွားကာရွှေကုက္ကိုလ်သို့ရောက်သွားခြင်းဖြစ်သည်။
ဇန်နဝါရီ၃ရက်နေ့တွင်ဘန်ကောက်မြို့သုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိပြီးနောက်မဲဆောက်သို့ပို့ဆောင်ခံရကာနောက်ဆုံးတွင်တရားမဝင်နယ်စပ်မှတဆင့်မြန်မာနိုင်ငံကို လူကုန်ကူးခံရခြင်းဖြစ်တယ်လို့ Khaosod English ကရေးသားထားပါတယ်။
ဇန်နဝါရီ၇ရက်မှာ တရုတ်နိုင်ငံသားအယောက်၅၀နဲ့အတူထိုင်းအာဏာပိုင်များကကယ်တင်ခဲ့ခြင်းဖြစ်ပါတယ်။
ရွှေကုက္ကိုလ်မြို့ဟာကရင်ပြည်နယ်မြဝတီမြို့အရှေ့ဘက်၁၅မိုင်ခန့်တွင်တည်ရှိပါတယ်။
ရွေးကောက်ပွဲကို နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ်သွားမယ်လို့နစကဥက္ကဋ္ဌပြော
၇.၁.၂၀၂၅
ရွေးကောက်ပွဲကျင်းပချိန်မှာ နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ်သွားမယ်လို့နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ဒီကနေ့ဇန်နဝါရီ၇ရက်နံနက်၁၀နာရီကမြန်မာနိုင်ငံဆိုင်ရာအီရန်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သောသံအမတ်ကြီး H.E. Dr. Nassereddin HEIDARI ၏သံအမတ်ခန့်အပ်လွှာအားလက်ခံရယူစဥ်ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊လွှတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲကျင်းပနိုင်ရန်အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့်ရွေးကောက်ပွဲကျင်းပချိန်တွင်နိုင်ငံတကာမှလေ့လာရေးအဖွဲ့များဖိတ်ခေါ်သွားမည်တို့ကိုဆွေးနွေးပြောကြားခဲ့လို့ သိရပါတယ်။
ဒီအပြင် မြန်မာ-အီရန်နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့်သံတမန်ဆက်ဆံရေးဆိုင်ရာများ၊အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊သိပ္ပံနည်းပညာကဏ္ဍ၊စိုက်ပျိုးရေးကဏ္ဍနှင့်ကာကွယ်ရေးကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်သည့်အခြေအနေများကိုဆွေးနွေးခဲ့ကြလို့ ဆိုပါတယ်။
သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ထွန်းဦးတို့တက်ရောက်ခဲ့ကြပါတယ်။
အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် ဖယ်ခုံမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေး လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
ဇန်နဝါရီလ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆိုပါ မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာများ အတွင်းရှိ နေအိမ်များကို အကာအကွယ်ရယူ၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
ထိုသို့ လုပ်ဆောင်နေမှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများသည် လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်သို့ သတင်းပေးပို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသဖြင့် တပ်မတော်နှင့် PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များပူးပေါင်း၍ အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများသည် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
ထိုသို့ဆုတ်ခွာထွက်ပြေးစဉ် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများ အတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ ပြည်သူများ အား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့် ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများ၌ ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရသည်။
ယခုအခါ တပ်မတော်၏ နယ်မြလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု ကြောင့် နယ်မြေဒေသပြန်လည်တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် အကြမ်း ဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် ကျေးရွာများအတွင်း ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများ ပြန်လည်အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့နံနက် ပိုင်းတွင် ဖယ်ခုံမြို့နယ်အတွင်းရှိ လမ်းဘေး ဝဲ/ယာ နေရာများနှင့် လုဒ်မယ်တော် ကျောင်း(မယ်တော်ဂူ)နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးကာ လုဒ်မယ်တော်ကျောင်း (မယ်တော်ဂူ) အတွက် အလှူငွေများပေးအပ်ပြီး အဆိုပါမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များအား နတ်တောဘုန်းတော်ကြီးကျောင်းတွင် ဆန်၊ ဆီ၊ စားသောက် ဖွယ်ရာများ၊ အလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များသည် ဖယ်ခုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအ တွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့် စာသင် ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ၎င်းတို့သိုဝှက်သိမ်းဆည်းထားသည့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ
ဇန်နဝါရီလ - ၃
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ပြီး အရပ်သား ပြည်သူများအား လူသားတံ တိုင်း အဖြစ် အကာအကွယ်ရယူ၍ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ချောင်းမြောင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းများကို ကျူးလွန် လျက်ရှိ သည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင်ရာ အဆောက်အဦ များ၊ စာသင်ကျောင်းများ၊အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ နေအိမ်များအတွင်း၌ သိုဝှက်သိမ်းဆည်း ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်သိမ်း ဆည်းခြင်းများအပါအဝင် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိစဉ် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များ နှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်း မရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ်သ တင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းအဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများသည် ငါန်းဇွန် မြို့၊ အနောက်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ကုလားကျေးရွာအတွင်း၌ ခိုအောင်း နေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိကြောင်းနှင့် လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဇန်နဝါရီ ၂ ရက် ည ၁၁ နာရီခန့်တွင် အဆိုပါ ကျေးရွာအတွင်းသို့ ရုတ်ချည်း ထိုးဖောက် ဝင်ရောက် တိုက်ခိုက်၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားနှင့် ရင်ဆိုင်ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုအောင်း နေထိုင်လျက်ရှိသည့် နေအိမ် နှင့်စာသင်ကျောင်းအတွင်းမှ ဖောက်ခွဲဖျက်ဆီးရေးဆက်စပ်ပစ္စည်းများ၊ ၎င်းတို့အ သုံးပြု လျက်ရှိသည့် ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းစာတမ်းပါ NISSAN XTRAIL အမျိုးအစား မော် တော်ယာဉ်တစ်စီးနှင့် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်း ရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ယခင်ကလည်း အုပ်ချုပ်မှုခက်ခဲပြီး အလှမ်း ကွာဝေးသည့် မြို့၊ ရွာ အချို့တို့သို့ ဝင်ရောက်၍ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ကာ စာသင်ကျောင်းများအပါအဝင် ဌာနဆိုင်ရာအဆောက် အဦများ၊ ပြည်သူလူထုတို့၏ နေအိမ်များအတွင်းသို့ ဝင်ရောက်နေရာယူ၍ အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည် အား သဲအိတ်များ ကာရံခြင်း၊ မိုင်းများ ထောင်ထားခြင်း၊ သဲအိတ်ဘန်ကာများ တည် ဆောက်ခြင်း၊ အကြမ်းဖက် လေ့ကျင့်ရေးကွင်းများ ဖောက်လုပ်ခြင်းများပြုလုပ်ကာ အခိုင်အမာ စခန်းတည်ဆောက်၍ အဖျက်အမှောင့်လုပ် ရပ်များ လုပ်ဆောင်ရန်ကြိုးပမ်း ခဲ့သည့်ဖြစ်စဉ်များလည်းရှိခဲ့ပြီး တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများ ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်တားဆီးနိုင်ခဲ့မှုများနှင့် အကြမ်းဖက်သမားများ အနေဖြင့် ပရဟိ တလုပ်ငန်းခေါင်းစဉ်အကြောင်းပြ၍ အဆိုပါယာဉ်များအသုံးပြုကာ လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ယူပို့ ဆောင်ခြင်း ဆောင်ရွက်လျက်ရှိမှုများကိုလည်း သတင်းများ ထုတ် ပြန်ခဲ့ပြီးဖြစ်သည်။
အကြမ်းဖက်သမားများအနေဖြင့် ထိုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော ပြည်သူ လူထုတို့၏ နေအိမ်များ၊ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် စာသင်ကျောင်းများကို အသုံး ချကာ ခိုအောင်းနေထိုင်ခြင်း၊ လက်နက်၊ ခဲယမ်းများ သိုဝှက်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိ သည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက်နစ်နာစေရုံသာမက ဒေသဖွံ့ဖြိုး ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ပညာရည်မြင့်မားမှုကို ပိတ်ပင် ဖျက် ဆီးမှုဖြစ်သဖြင့် ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား အချိန်မီ ပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်မည့် အကြမ်းဖက်သမားများနှင့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့ အချိန်မီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း အကြမ်းဖက် အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင် များထံသို့ လျှို့ဝှက်စွာ သတင်းပေး ပို့ခြင်း ဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူ တစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago