Federal Journal - Myanmar

Description
တိုင်းရင်းသားရေး၊ ဖက်ဒရယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago

1 year ago
သီပေါမြို့ကို ၂လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့

သီပေါမြို့ကို ၂လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၄၊ ၂၀၂၄ https://federaljournalmm.org/fj-mm-20047-2/

1 year ago
လားရှိုးမြို့ကို စစ်ကောင်စီက ၁၆ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃ဦးသေဆုံးပြီး …

လားရှိုးမြို့ကို စစ်ကောင်စီက ၁၆ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၄၊ ၂၀၂၄ https://federaljournalmm.org/fj-mm-20043-2/

1 year ago
NCA ကို ဆက်ထောက်ခံမယ့် ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ၃ဦးကို ထုတ်ပယ်လိုက်ပြီး …

NCA ကို ဆက်ထောက်ခံမယ့် ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် ၃ဦးကို ထုတ်ပယ်လိုက်ပြီး လာမယ့်ညီလာခံမှာ အယူခံဝင်ခွင့်ရှိတယ်လို့ PNLO ပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၃၊ ၂၀၂၄

https://federaljournalmm.org/fj-mm-20039-2/

1 year ago
မိုးခြားတဲ့ ဘဝများ

မိုးခြားတဲ့ ဘဝများ

တောင်ထိပ်မှာမိုးညို့လာပြီ
ဒီနေ့လည်း တနေကုန်ရွာမယ်ထင်ပါရဲ့
ညကလည်း မိုးမတိတ်ဘူး

တဝမ်းတခါးအတွက်
အလုပ်မသွားဘဲ နေလို့မရ
မိန်းမမှာ ငွေလက်ကျန်နည်း
ကလေးကလည်း ခပ်ချွဲချွဲမို့
ဓားလေးဆွဲ အသာလေးထွက်ခဲ့တယ်

ရှာသလောက် မလောက်ငတဲ့ငွေ
ယောက္ခမနဲ့အမေကပေးလည်း
ပေါက်စကလေးနှစ်ယောက်နဲ့ မို့
နေ့ဖို့ညစာကလွဲရင် အပိုမရှိ

တောင်ပေါ်ထင်းခုတ်
တောင်အောက်ထင်းသယ်
ဝယ်သူထံအပ်
နေ့စဉ်မပျက် သူလုပ်ခဲ့တယ်

မိုးစဲတော့ ခဏနား
ခုတ်ပြီးသား ထင်းမျာစု
အားပြုလို့ ပုခုံးမှာထမ်း
လာလမ်းအတိုင်း ပြန်ခဲ့တယ်

တဝေါဝေါမြည်သံလည်းသူမကြား
မိုးပေါက်များနဲ့ သူ့ခြေလှမ်း
အိမ်သို့သာ အရောက်လှမ်းနေခဲ့တယ်

အရှိန်နဲ့လာတဲ့ တောင်ကျမိုးရေ
သူ့ခြေထောက်တွေ သယ်ဆောင်သွားခဲ့
သတိကိုကပ် အားတင်းရပ်လည်း
မစွမ်းသာတော့
မျောလျက်လိုက်ပါ
ဘယ်လောက်ကြာမယ်မသိ

မိန်းမနဲ့ကလေးနှစ်ယောက်
သူ အိမ်တံခါးခေါက်လည်း
ဖွင့်မကြည့်တော့ပါလား။

စောလူးလူး

(ရေဘေးကြောင့် ကွဲကွာသွားကြတဲ့
မိသားစုများအတွက်ခံစားရေးဖွဲ့ပါတယ်)

https://federaljournalmm.org/fj-mm-20017-2/

1 year ago
အန်ယူစီစီရဲ့ စုဖွဲ့ကိုပြုပြင်ပြောင်းလဲပြီး တခြားသောတော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ဆွဲဆောင် စည်းရုံးနိုင်ရမယ့်အပြင် …

အန်ယူစီစီရဲ့ စုဖွဲ့ကိုပြုပြင်ပြောင်းလဲပြီး တခြားသောတော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ဆွဲဆောင် စည်းရုံးနိုင်ရမယ့်အပြင် နိုင်ငံရေးကတိကဝတ်တွေနဲ့ အာမခံချက်တွေကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေ‌ခံဥပဒေမူကြမ်းမှာ ထည့်သွင်းရေးဆွဲပြဌာန်းပေးဖို့ လိုပါတယ်။

အန်ယူဂျီအစိုးရကိုလည်း နယ်မြေတွေကို အမှန်တကယ် ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ပြီး တော်လှန်ရေးညွန့်ပေါင်းအစိုးရအဖြစ် ပြောင်းလဲစုဖွဲ့ရမှာ ဖြစ်ပါတယ်။

သုဝဏ္ဏခွန် | အတွေးအမြင်

Website တွင် ဆက်လက် ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-20002-2/

1 year ago
အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 81, October 8, 2024)

၁။ ထန်တလန်တွင် ကျန်ရှိနေသော စစ်ကောင်စီစခန်း ၂ ခုကို ဆက်လက်တိုက်ခိုက်နေပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်နေ

၂။ အာယုတောင်ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရလို့ သုံးဦး ဒဏ်ရာရ

၃။ တောင်ကုတ်မှာ လေကြောင်းက ဗုံးကြဲခံရလို့ အရပ်သား ၁၅ ဦး သေဆုံး

၄။ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံကြောင်း ZFU/ PDF Zoland ထုတ်ပြန်

၅။ ဖားကန့် Lucky Men ဟိုတယ်မှ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်ဖယ်ရှား

၆။ KNU ဖာပွန်ခရိုင်တွင် စစ်ကောင်စီလေကြောင်း ထပ်မံ တိုက်ခိုက်၍ သားအမိနှစ်ဦး သေဆုံး၊ ကလေးတစ်ဦး ဒဏ်ရာရ

၇။ တနင်္သာရီတွင် စစ်တပ်က ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်

၈။ သီပေါမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

၉။ ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ် ၇၀၀ နီးပါး ပညာသင်ကြားနိုင်ရေး အကူအညီလိုအပ်နေ

၁၀။ ပုလောက ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး ဒေသခံတွေကိုဖမ်းဆီး၊ ပစ္စည်းတွေလည်းခိုးယူသွား

၁၁။ မောင်တောမှာ ARSA ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိကြောင်း AA ပြော

၁၂။ ထားဝယ်-ရန်ကုန် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရ

၁၃။ သီပေါမှာ လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူတစ်ဦးသေဆုံး၊ ကလေးအပါ ၈ ဦး ဒဏ်ရာရ

၁၄။ ရမ်းဗြဲမှာ စစ်ရှောင်ဒုက္ခသည် ၃ သောင်းကျော် အကူအညီလိုအပ်နေ

၁၅။ လောင်းလုံးတွင် သန်းခေါင်စာရင်း ကောက်သူများကို ဖမ်းဆီးထားဟု ပကဖ ပြော

၁၆။ မုန်းမြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ၍ အမျိုးသမီးတစ်ဦး သေဆုံး

၁၇။ လဲချား - ကျေးသီးလမ်းမှာ SSPP က ဒေသခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းနေ

၁၈။ ဖမ်းဆီးခံ တောင်ကုတ်ဒေသခံများ မိသားစုနှင့် အဆက်အသွယ် မရ

၁၉။ ဒေါပိုရှေးရွာ စစ်ရှောင်နေရာမှာ ကလေးထက်ဝက်ကျော် ငှက်ဖျားရောဂါဖြစ်ပွား၊ ဆေးဝါးအကူအညီလိုအပ်

၂၀။ ဖာပွန်မှာကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံး ပိတ်ဆို့ခံထားရ

၂၁။ ပလက်ဝမြို့နယ်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အကူအညီ လိုအပ်နေ

၂၂။ အမ်းမြို့အခြေစိုက် နပခ ရှေ့ကာကင်း မဲတောင်ဗျူဟာစခန်းကို AA သိမ်းပိုက်

၂၃။ ကွတ်ခိုင်က အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေနှစ်ဖက်စလုံး ပြတ်

၂၄။ စစ်တွေမြို့အဝင် ပတ်ပတ်လည်တွင် စစ်ကောင်စီက ကတုတ်ကျင်းများတူးကာ အင်အားတိုးချဲ့

၂၅။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲခဲ့

၂၆။ လားရှိုးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ကိုးကန့်တပ်က ပိတ်၊ စစ်ကောင်စီ သတင်းပေးနှစ်ယောက် ဖမ်းမိထား

၂၇။ မြေရှားသတ္ထု လုပ်ကွက်များအပြင် သယံဇာတတူးဖော်မှုလုပ်ကွက်များ ပိတ်သိမ်းထားရန် NDA - K သတင်းထုတ်ပြန်

၂၈။ စစ်ကောင်စီရဲ့ မော်လမြိုင်လေဆိပ်နဲ့ဆိပ်ကမ်းစီမံကိန်း သုံးနှစ်နီးပါးရှိလာပေမယ့် လုပ်ငန်းမစနိုင်

၂၉။ တန့်ယန်းမှာ အသစ်ရောက်လာတဲ့ စစ်တိုင်းဗျူဟာမှူးနဲ့ အပေါင်းအပါတွေကိုယ်တိုင် ငွေအဆမတန် ကောက်ခံနေ

၃၀။ အာဏာသိမ်းပြီးနောက် ထောင်တွင်းဆေးကုသမှု မလုံလောက်၍ သေဆုံးသူ ၆၃ ဦးရှိ

၃၁။ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းက အိမ်ခြောက်ဆယ်ကျော် မီးရှို့ဖျက်ဆီးခံရ

၃၂။ အင်းလေးဒေသမှာ ရေကြီးမှုအပြင် မြွေအန္တရာယ်နဲ့ပါ ကြုံတွေ့နေရ

၃၃။ တိုက်ပွဲများရှိနေဆဲ ရခိုင်တွင် ဒေသခံပြည်သူများ ကျန်းမာရေးပြဿနာကို အဓိက ရင်ဆိုင်နေရ
သတင်းအပြည့်အစုံဖတ်ရန်>>>>https://federaljournalmm.org/fj-mm-20011-2/

#အပတ်စဉ်လူမျိုးပေါင်းစုံသတင်း

#ဖက်ဒရယ်ဂျာနယ်မြန်မာ

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

1 year, 1 month ago
လူထုထောက်ခံမှုလည်းမရှိ၊ နိုင်ငံရေး တော်လှန်ရေးအင်အားစုတွေလည်း ပူးပေါင်းပါဝင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲဟာ ဟန်ပြသက်သက်လုပ်ပြရုံထက်မပိုပါဘူး။

လူထုထောက်ခံမှုလည်းမရှိ၊ နိုင်ငံရေး တော်လှန်ရေးအင်အားစုတွေလည်း ပူးပေါင်းပါဝင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲဟာ ဟန်ပြသက်သက်လုပ်ပြရုံထက်မပိုပါဘူး။

စစ်အုပ်စုက သူတို့ကို ထောက်ခံနေသူ လူတစုနဲ့ ပူးပေါင်းပြီး အတုအယောင် ရွေးကောက်ပွဲလုပ်ဇာတ်ကို ဖန်တီးနေတာပဲဖြစ်ပါတယ်။

ကျော်ကိုကို | အတွေးအမြင်

Website တွင် ဆက်လက်ဖတ်ရှုရန် - https://federaljournalmm.org/fj-mm-19964-2/

1 year, 1 month ago
"ရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား"

"ရွေးကောက်ပွဲက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား"

သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်း တည်ထောင်သူ မောင်သုညနဲ့ တွေ့ဆုံမေးမြန်းခြင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၂၊ ၂၀၂၄

ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ မေးမြန်းခန်းကဏ္ဍကနေ ဒီတပတ် သုညဖက်ဒရယ်ပညာရေးဖောင်ဒေးရှင်း တည်ထောင်သူ မောင်သုညနဲ့ တွေ့ဆုံပြီး စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်လာနေတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုအမြင်မျိုးရှိပါသလဲ၊ ဒါ့အပြင် ရွေးကောက်ပွဲကို စစ်ကောင်စီက ဘာကြောင့်ပြုလုပ်ချင်နေတာသလဲ စတဲ့အကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး မေးမြန်းတင်ဆက်ထားပါတယ်။

ရုပ်သံမှာ ကြည့်ရှုနိုင်ပြီ https://youtu.be/4lAwDapV_mM

1 year, 1 month ago
Federal Journal - Myanmar
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago