ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 weeks, 2 days ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 3 weeks ago
အောက်တိုဘာလ ၁၇ ရက်၊ ဆမီး
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ချင်းလူမျိုးများဖြင့် ဖွဲ့စည်းထားသည့် CDF (ပလက်ဝ)အဖွဲ့အား ထောက်ပံ့သည်ဟု စွတ်စွဲချက်ဖြင့် မြိုအမျိုးသား ၅ဦးကို ရခိုင်လူမျိုးရေးအစွန်းရောက်အဖွဲ့(AA)က ဖမ်းဆီးထားကြောင်း ဒေသခံများထံက သိရှိရသည်။
ယခုလ အောက်တိုဘာ ၁၄ရက်နေ့တွင် ဆမီးမြို့၊ ဝက်မကျေးရွာထဲသို့ ဝင်ရောက်လာပြီး နေအိမ်အသီးသီးမှ မြိုအမျိုးသား ၅ဦးအား အတင်းအဓမ္မဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူများသည် ဦးအေးလွန်၊ ဦးကြာလုံး ၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ် နှင့် ဦးမနော့နော် တို့ဖြစ်ပြီး ၎င်းတို့သည် အသက် ၃၀မှ ၄၀ကြားအရွယ်များဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို AA ဝင်ရောက်လာသည့်နေ့မှစ၍ ယနေ့အထိ CDF ပလက်ဝထောက်ပံသည်ဟု စွတ်စွဲမှုဖြင့် ပြည်သူအယောက် ၄၀နီးပါးအား AA အဖွဲ့ဝင်များမှ ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်နေကြောင်း AA အဖွဲ့နှင့် နီးစပ်သူများမှ ပြောကြားထားသည်။
ချင်းပြည်နယ်မှာ ကျူးကျော်နေထိုင်ပြီး ချင်းလူမျိုးတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ ရခိုင်မုဒိန်းဖက်စစ်တပ်(AA)
ပြီးခဲ့တဲ့ ၂ ရက်က ပလက်ဝမြို့မှာ ချင်းမိသားစုဝင် ၃ ဦး ဓါးပြတိုက်ခံရာကနေ လူပါပစ်သတ်ခံရတယ်
အဲ့ဒီနေရာမှာ လက်နက်ကိုင်တာဆိုလို့ AA ဘဲရှိတာဆိုတော့ ရခိုင်မီဒီယာတွေမရေးကြဘူး
ချင်းမီဒီယာတွေလည်း ငွေနဲ့ပိတ်ခံထားရတယ်နဲ့တူပါတယ်
မြန်မာဖက်သို့ စားကုန်နဲ့စက်သုံးဆီတင်ပို့ခြင်းမပြုရန် လောင်တလိုင်လူငယ်အဖွဲ့ CYLA မှတောင်းဆို
============
ကီမိုမီဒီယာ၊ ဧပြီ ၁၆ရက်၊၂၀၂၄
အန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့မှ မြန်မာနိုင်ငံဖက်သို့ စားသောက်ကုန်နဲ့စက်သုံးဆီတင်ပို့ခြင်းကို တားမြစ်ဖို့ အင်အားကြီးလူငယ်အဖွဲ့ဖြစ်သည့် Central Young Lai Association (CYLA) မှ ဆုံးဖြတ်လိုက်ပါတယ်။
ဧပြီလ ၁၆ရက်နေ့ ဒီကနေ့မှာ CYLA Kumpuan Committee အစည်းအဝေးကို လောင်တလိုင်မြို့မှာကျင်းပပြီး ဧပြီလ ၁၆ရက်နေ့မှ စတင်ကာ လောင်တလိုင်ခရိုင်မှ မြန်မာနိုင်ငံဖက်ကို စားကုန်နဲ့ စက်သုံးဆီများ တင်ပို့ခြင်းမပြုရန် ဆုံးဖြတ်လိုက်သည်ဟုသိရသည်။
လောင်တလိုင်မြို့ကနေ ချင်းပြည်နယ်ပလက်ဝကနေပြီး ရခိုင်ပြည်နယ်ဖက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီအများအပြား နေစဉ်တင်ပို့မှုရှိလာသဖြင့် လောင်တလိုင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများဟာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီမလုံလောက်မှုပြသနာနဲ့ စတင် ရင်ဆိုင်လာရတယ်လို့ CYLA Kumpuan Committee ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လောင်တလိုင်ခရိုင်အတွင်း မှီတင်းနေထိုင်ကြသော ဒေသခံပြည်သူတွေရဲ့ အရေးကိုရှေ့ရှုပြီး အခုလို့ ဆောင်ရွက်ရခြင်းဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါ၀င်ပေးကြရန် CYLA Kumpuan Committee မှ တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဖက်ကို စားကုန်နဲ့ စက်သုံးဆီတွေတင်ပို့တဲ့ လောင်တလိုင်ဒေသခံပြည်သူတွေအနေနဲ့လည်း ဧပြီလ ၁၆ရက်နေ့မှစ၍ လောင်တလိုင်ခရိုင်နယ်မြေအတွင်းမှ မြန်မာပြည်ဖက်ကို မည်သည့်ကုန်စည်မှ တင်ပို့ခြင်းမပြုကြရန် CYLA Kumpuan Committee မှတောင်းဆိုလိုက်ပါတယ်။
ဓာတ်ပုံ ၊ Crd
အိုက်လင်း၊ ကီမိုမီဒီယာ
ဧပြီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် AA၏ ထောက်ခံချက်စာ ၁၀၀၀ ပေးယူပြီးမှ ခရီးထွက်ခွင့်ရကြောင်း ဒေသခံများထံက သိရှိရသည်။
ပလက်ဝမြို့နယ်တွင် ဒေသခံများသည် တခြားမြို့နယ်၊ ဒေသသို့ ခရီးထွက်လျင် AA ၏ ထောက်ခံချက်စာပါမှ ခရီးထွက်ခွင့်ရပြီး တခြားမြို့နယ်၊ ဒေသမှ ပလက်ဝမြို့နယ်သို့ လာရောက်လျင်လည်း AA ၏ ထောက်ခံချက်ပါမှ ဝင်ခွင့်ရကြောင်း သိရှိရသည်။
"သူတို့ ခန့်တဲ့ အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာယူရတယ်။ သူတို့ ထောက်ခံချက်မရ AA စစ်ဆေးရေးဂိတ်က ဝင်/ထွက်ခွင့်မပေးဘဲ ပြန်လှည့်ခိုင်းတယ်။ ထောက်ခံချက်စာ ရဖို့ ငွေတစ်ထောင်ပေးရတယ်။ ငွေတစ်ထောင်က ဘယ်လောက်မဟုတ်ပေမယ့် ဒီကာလက လူတိုင်းအကျပ်တည်ဖြစ်နေကြတယ်လေ။ ချင်ပြည်လာပြီး ချင်းလူမျိုးတွေကို ဒုက္ခလာပေးနေတာတော့မဖြစ်သင့်ဘူး၊ ချင်းခေါင်းဆောင်တွေကြည့်ကောင်းနေကျတယ်နဲ့တူတယ် "ဟု ပလက်ဝဒေသခံ ချင်းလူမျိုး တစ်ဦးက ပြောသည်။
အဆိုပါ ထောက်ခံချက်ကို AA ၏ ခန့်အပ်သည့် ရခိုင်အုပ်ချုပ်ရေးမှူးထံ ငွေကြေး ၁၀၀၀ ကျပ်ဖြင့် ယူရပြီး ထောက်ခံချက်မပါလျင် AA ၏ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းခွင့်မရဘဲ ပြန်လှည့်ခိုင်းကြောင်း၊ တစ်ချို့ဆို ဖမ်းခံရပြီး ငွေဖြင့်ပြန်ရွေးနေရကြောင်း သိရှိရသည်။
လက်ရှိ ပလက်ဝမြို့နယ်တွင် တိုက်ပွဲမရှိသော်လည်း ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် နေ့စဥ် မီဇိုရမ်ဘက်သို့ ထွက်ပြေးမူတွင် ရှိနေဆဲဖြစ်ပြီး တိုက်ပွဲတွင်း ထွက်ပြေးနေကြသည့် ဒေသခံအများစုသည်လည်း ယနေ့ထိ နေရပ်မပြန်နိုင်ကြသေးကြောင့် သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 2 weeks, 2 days ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 4 months, 3 weeks ago