ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
ဗိုလ်ချုပ်မှူးကြီး လေယာဉ်ဆင်းသက်လာခြင်းနှင့် ကြိုဆိုသူများကို နှုတ်ဆက်ခြင်း အနီးကပ်မြင်ကွင်းရိုက်ချက်များ။ #NPNews
ယနေ့ နိုင်ငံတော်မှာဖြစ်ပျက်နေတဲ့ပြသနာတွေအပေါ်
စဥ်းစားသုံးသပ်ကြည့် မိရာမှာ အကယ်၍များ
၂၀၂၀ ရွေးကောက်ပွဲမှာသာPR စနစ်နဲ့ လုပ်နိုင်ခဲ့ရင်
အနိုင်ရသွားတဲ့ပါတီက ဘယ်လောက်ပဲ မဲခိုးခိုး
အတိုက်အခံ အမတ်အများစုကထိုက်သင့်တဲ့ အရေအတွက်နဲ့
လွှတ်တော်ထဲမှာ ပါနေဦးမှာပဲ၊ အဲဒီလိုဖြစ်ခဲ့ရင် တပ်ကဝင်ပြီး
အာဏာထိန်းစရာမလိုသလိုနောက်ဆက်တွဲ ပြသနာတွေလည်း
ဖြစ်လာမှာမဟုတ်ဘူး လို့မြင်လာမိတယ်။
ဒါမျိုးတွေဖြစ်မှာကို ကြိုမြင်ခဲ့လို့ သမ္မတကြီး ဦးသိန်းစိန်
လက်ထက်မှာ နိုင်သူ အကုန်ယူစနစ်ကနေ PR စနစ်ကို ပြောင်းဖို့
လွှတ်တော်ကို အဆိုပြုတင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ပါ၊
ဒါတင်မကပါဘူး လွှတ်တော်အမတ်တွေကို မဲဆန္ဒရှင်တွေက
မကြိုက်ရင်ပြန်လည်ဖြုတ်ချခွင့်ဆိုတဲ့ Right to recall
အဆိုပြုချက်ကိုလည်း ခွင့်မပြုခဲ့ပါဘူး။
အဲ့ဒီတုံးက လွှတ်တော်ထဲမှာ အာဏာရပါတီက အမတ်တွေက
အများစုပါ၊ ကိုယ့်ပါတီ အမတ်တွေက တင်တဲ့ အဆိုဟာ
ကိုယ့်ပါတီက အမတ်တွေ ကြီးစိုးထားတဲ့ လွှတ်တော်မှာ
မအောင်မြင်ဘူးဆိုတာ ဘာကြောင့်လဲ ??
လိုတိုရှင်းပြောရရင်သစ္စာဖေါက်ခံရတာ။
အဲ့ဒီ အကြောင်းတွေကြောင့် ဒီကနေ့ အကျိုးရလာဒ်တွေ
လာဖြစ်နေရတာလို့ပဲ သုံးသပ်မိပါတယ် ။
အခုအချိန်မှာ ပြသနာရဲ့ အရင်းခံဟာ
မဲခိုးလို့ အာဏာထိန်းလို့ ဆိုပြီး အပြန်အလှန်စွပ်စွဲနေကြပေမဲ့
အခြေခံအကျဆုံး ဖန်တီးရှင်ကိုတော့ သတိမထားမိတာလား
မေ့နေတာလား မသိဘူး
ကျွန်တော်ကတော့ စဥ်းစားမိလို့ ကိုယ့်အသိအမြင်လေးကို
မျှဝေလိုက်တာပါ ။
သူဘယ်သူလဲ သိကြလား ။
Credit ###U Win Myat???
Ps.ချိုမိန်မိန်ရွှေမန်းပဲ
“(၅) အခုထပ်ပြီးမှားတာက ဒီနေ့အထိတိုင်အောင် ငြိမ်းချမ်းရေးမူကို ကိုင်ဆွဲထားတာ… မကိုင်ဆွဲနဲ့ မပြောဘူး… တစ်ကယ်ဆို ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားတယ်…”
“ကိုယ့်လာလုပ်ရင်တော့ မှတ်လောက်အောင် ဆော်ရမှာပေါ့… အခုက ကိုယ်က မလုပ်လည်း လာဆော်နေတာ ခံနေရတာလေ…”
“(က) ၂၀၂၂ ဇွန်လထဲမှာ ‘၀’ အဖွဲ့ရဲ့ စစ်ရေးပြပွဲဟာ တပ်မတော်ခေါင်းဆောင်တွေရဲ့ ‘ဇ’ ကို စမ်းသပ်တဲ့ပွဲပဲ… အချိုသပ်ပြီးတောင် ဖိတ်ကြားလိုက်သေး…”
“အဲ့ပွဲလည်းပြီးရော ကျန် EAO တွေပါ အိမ်မက်အကြီးကြီးတွေ မက်လာရောပေါ့… တစ်ကယ်က အဲ့ပွဲကို ရတဲ့နည်းနဲ့ ဖျက်ရမှာလို့ မင်းတောင်ပြောခဲ့ဖူးသေးတာပဲ… နောက်ကွယ်က ကကြိုးသွယ်တဲ့ နိုင်ငံတွေကို လျှော့မတွက်. သင့်ဘူးလေကွာ…”
“(ခ) နောက်တစ်ခုက Power Level လုံးဝ မတူတဲ့ အဖွဲ့အစည်း (၃) ခုနဲ့ တစ်စားပွဲထဲ ဆွေးနွေးနေတာကတော့ စိတ်အပေါက်ဆုံးပဲ…”
“State Level မှာတောင် သူ့တန်းနဲ့ သူရှိတယ်… အဲ့တော့ အကျိုးဆက်က အခြားအိမ်နီးချင်း နိုင်ငံအဆင့်လောက် မပြောနဲ့ ကိုယ့်ပြည်တွင်း ‘၀’ လိုမျိုးအဖွဲ့အစည်းကတောင် Proxy ခံပြီး ကစားလာကြပြီ… ောက်သည်းနာတယ်…”
“(ဂ) ဒီအတိုင်းသာဆက်သွား… မကြာခင် အဲ့အဖွဲ့အစည်း (၃) ခုကလည်း Proxy တွေ ထပ်မွေးပြီး ကစားပြလာပါလိမ့်မယ်… သိပ်ကြောက်ဖို့ကောင်းတယ်…”
“ဒီနေ့အခြေအနေဟာ EAO တွေရဲ့ ရည်မှန်းချက်တွေကို အတောမသတ်နိုင်အောင်နဲ့ ကြီးသထက်ကြီးလာစေဖို့ အဖက်ဖက်က လောင်စာတွေထိုးပေးနေတာ… နောက်ကွယ်က လက်မည်းနိုင်ငံကြီးတွေကပါ အကြံဆိုးနဲ့ ဝင်ရှုပ်နေကြတာ…”
“(ဃ) ရှေ့လျှောက် အကိုင်အတွယ်မှားတာနဲ့ နိုင်ငံပါပျက်မှာ… အခြေအနေအရပ်ရပ်က စိုးရိမ်ရေမှတ်အထက်ကို ရောက်နေပြီ… အဲ့အခါကျရင် နီ စိမ်း ပြာ ဝါ အကုန်လုံးစုခံရတော့မှာ…“
ကိုယ့်နိုင်ငံကြီး ပြိုကွဲသွားမှာကို အစိုးရိမ်ဆုံးပါ… တွေးခဲ့တာတွေထဲက ရင်ထဲအထိဆုံးစကားကို ဖော်ပြရရင် ကိုယ့်နိုင်ငံသားတွေ နိုင်ငံမဲ့ဆိုတဲ့ Stateless People ဖြစ်သွားမှာကိုပါ… ဂုဏ်သိက္ခာအရ အောက်ဆုံးရောက်သွားမှာ…
NUG ဘက်တော်သားတွေက သူတို့ ထောက်ခံတဲ့အဖွဲ့ အစိုးရဖြစ်လာရင် ထိမ်းနိုင်မယ်လို့ ထင်ကြလိမ့်မယ်… ကျောချမှ ဓားပြမှန်းသိနိုင်မှာမို့ အပြိုင်ငြင်းခုံချင်စိတ်လည်း မရှိတော့ပါ
Via###Saw Ka Zaw
Widura Zaw ရဲ့Postမှာကောက်နုတ်တင်ပြပါသည်စာရှည်ရင်မဖတ်ကြလို့
“(၃) တတိယအမှားက ဩဇာနဲ့ အာဏာကို ပေါင်းစပ်နိုင်ရင် နိုင်ငံဟာ ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဦးသိန်းစိန်က NLD ကို ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ လမ်းစဖော်ပေးခဲ့တာ…”
“ပါတီတောင် ဦးတင်အေးတို့ UEC မှာ မှတ်ပုံတင်ဖို့ အကြံပြုတော့မှ NLD ဆိုပြီး တရားဝင်ပြန်ဖြစ်ခဲ့တာ… လူတွေက အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း (Turning Point) တွေကို လွယ်လွယ်နဲ့ မေ့ပစ်တတ်ကြတာလည်း ကောင်းတဲ့အချက် မဟုတ်ဘူး…”
“အဲ့တုန်းကသာ ဒီအတိုင်းလွှတ်ထားလိုက်ရင် NLD ဟာ လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ပဲ တိုင်ပတ်နေပြီး အာဏာဆိုတာ ဘာမှန်းသိမှာ မဟုတ်ဘူး… လူကြီးတွေရဲ့ စေတနာ အမှားပေါ့ကွာ…”
“(၄) နောက်အမှားတစ်ခုက ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးကို ရှေးရှုပြီး NCA ကို နိုင်ငံတော်ဘက်က သဘောထား ပျော့ပျော့ပျောင်းပျောင်း စိတ်ရှည်ရှည်နဲ့ ဆွေးနွေးတာ… ပါဝင်ရတဲ့ အစိုးရပုဂ္ဂိုလ်တွေကို အပြစ်ဆိုတာ မဟုတ်ဘူးနော်… Leader ရဲ့ Political Will အတိုင်း သူတို့က ဖော်ဆောင်ကြရတာ…”
“ငြိမ်းချမ်းရေးအတွက် ဆွေးနွေးချက်တွေကို ငါ့သဘောဟာ အများသဘောနဲ့ ထပ်တူမကျနိုင်တာ သိပေမယ့်… မင်းနဲ့တော့ သဘောထားတူတယ်ဆိုတာ မှတ်မိတယ်…”
“(က) ငါတို့သဘောက မုန့်လည်းပေးမယ်… တစ်ဖက်ကနေ တုတ်လည်းပြမယ်… Soft Power နဲ့ Hard Power ကိို လိုသလို သုံးစေလိုခဲ့တာ…”
“(ခ) အဖွဲ့အားလုံးကို တစ်စားပွဲထဲမှာ တစ်ပြိုင်နက်ထဲ မဆွေးနွေးစေလိုခဲ့ဘူး… ပြောရမှာ အားနာပေမယ့် ဦးသိန်းစိန်အစိုးရရဲ့ အမှားဆုံးဗျူဟာပဲ… လျှို့ဝှက်အပ်တဲ့အရာတွေ လျှို့ဝှက်လို့ မရတော့သလို EAO တွေက မဖြစ်နိုင်တာတွေပါ တစ်သံထဲ တိုင်းသိပြည်သိ တောင်းဆိုတော့တာပဲလေ…
“ခပ်တိုတိုပြောရရင် မြန်မာပြည်မှာ ငါဆက်နေရင် ပဲလှော်ကြား ဆားညပ်တော့မှာမို့ နိုင်ငံခြားကို ထွက်သွားတာ… တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောချင်လည်း ရတာပေါ့ကွာ… ဒါပေမယ့် နိုင်ငံကို ဖျက်မယ့်ထဲတော့ ငါမပါဘူး…”
“အာဏာထိမ်းတာကို မှားတယ်လို့ မပြောချင်ဘူး… စီးပွါးရေးမူဝါဒ အလွဲတွေအကြောင်းလည်း မပြောတော့ပါဘူး… ငါပြန်လာမရမှာလည်း စိုးလို့… ဟဲ ဟဲ… နောက်တာပါ…”
Via###Saw Ka Zaw???
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago