𝗕𝗖 𝗞 𝗠𝗼𝘃𝗶𝗲

Description
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 month, 4 weeks ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 2 months, 1 week ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 2 weeks, 2 days ago

3 weeks, 2 days ago
The Quiet Family

The Quiet Family

” There is a lot of extreme emotion in Korean film. It’s because there are a lot of extremes in Korean society. ” ဆိုတဲ့ ဘွန်းဂျွန်းဟို စကားအတိုင်း ပတ်ချန်းဝုတို့ ဘွန်းဂျွန်းဟိုတို့ဟာ ကိုရီးယားရဲ့ဘ၀တွေကို မသိမသာရော သိသိသာသာပါ ထင်ဟပ်နေတဲ့ Horror/Thriller ကားတွေကို ရိုက်ခဲ့ကြ ကမ္ဘာနဲ့ချီအောင်‌ အောင်မြင်ခဲ့ကြပါတယ်။
တောင်ကိုရီးယားရဲ့ Horror/Thriller လိုင်းမှာ ဆရာ့ဆရာကြီး ပတ်ချန်းဝုတို့ ဘွန်းဂျွန်းဟို တို့ပြီးရင် Kim Jee Won, Yeon Sang-ho, Na Hong-jin တို့က နာမည်ကျော်တွေပါပဲ။ အနောက်ကလူတွေ ပြန်ပြန်ကူးရတဲ့ ရုပ်ရှင်တွေကို ပိုင်ထားတဲ့သူတွေ အ‌နောက်မှာပါ ကားရိုက်ဖူးတဲ့သူတွေချည်းပါပဲ။ Kim Jee Won ရဲ့ A Tale of Two Sister ကို အနောက်ကလူတွေပြန်ရိုက်ခဲ့ကြသလို အာနိုးရဲ့ The Last Stand ကားကိုလည်း သူပဲရိုက်ခဲ့တာပါ။
Kim Jee Won ဟာ I Saw the Devil, A Bittersweet Life, The Good, the Bad and the Weird, The Ages of Shadow အပါအ၀င် Feature Film ကိုးကားရိုက်ဖူးပြီး Illang: The Wolf Brigade တစ်ကားပဲ မအောင်မြင်ခဲ့တာပါ။ အခုရုပ်ရှင်ကတော့ Kim Jee Won ဖြစ်တည်လာခြင်းရဲ့ မြစ်ဖျား သူ့ Debut Film ပါပဲ။
ဒီ Horror ကားကို ” တောင်ကိုရီးယားရုပ်ရှင်လောကရဲ့ အရယ်ရဆုံးတင်ဆက်မှုတွေထဲက တစ်ခု” လို့ ဆိုကြပါတယ်။ I Saw the Devil လိုကား ရိုက်ထားတဲ့ Kim Jee wonရဲ့ လက်ရာပီပီသသ သတ်ဖြတ်ခန်းတွေမှာ ရင်တဖိုဖိုဖြစ်ရသလို အပေါ်ကဆိုခဲ့တဲ့အတိုင်း ရယ်ရတဲ့အခန်းတွေမှာလည်း မသိမသာနဲ့ အတော်ရယ်ရပါတယ်။ နောက်တစ်ချက်ထပ်ပြောင်းပြောရရင် လိင်ဆွဲဆောင်မှုလည်းရှိပါတယ်။ Debut အနေနဲ့ တော်တော်ကြမ်းတဲ့ ရုပ်ရှင်ပါပဲ။ သူ့နောက်ပိုင်း ကားတွေထက်တောင် တစ်ချို့နေရာတွေ ပိုသဘောကျမိစရာတွေပါပါတယ်။
Cast တွေကလည်း ကိုရီးယားရဲ့ A++ Actorတွေဖြစ်တဲ့ ချွဲမင်ဆစ်နဲ့ ဆောင်းကန်ဟို နှစ်ယောက်လုံးပါသလို တော်တော်သရုပ်ဆောင်ကောင်းတဲ့ သူတို့နှစ်ယောက်ထက် စီနီယာကျတဲ့ Park In-Hwan နဲ့ Na Moon Hee တို့လည်းပါပါတယ်။ Jung Jae Yong နဲ့ အဲဒီတုန်းကတော်တော်လှခဲ့တဲ့ Go Hyo Kyung လည်းပါပါတယ်။ Kim Jee Won ကား မဟုတ်တောင် Cast တွေနဲ့တင် တန်တယ်ပြောရမယ်။
ဇာတ်လမ်းကတော့ ‌တောင်ပေါ်တည်းခိုအိမ်လေးတစ်လုံး ပေါချောင်ကောင်း‌ဈေးနဲ့၀ယ်ပြီး ဖွင့်ထားတဲ့ မိသားစုတစ်ခုရှိတယ်။ လူမလာလို့ စိတ်ပျက်လက်ပျက်ဖြစ်နေကြရာက တစ်နေ့မှာ လူတစ်ယောက်ရောက်လာလို့ ၀မ်းသာတလဲ ဖြစ်ခဲ့ကြတာပေါ့။ ကံဆိုးချင်တော့ အဲဒီလူက သတ်သေဖို့ရောက်လာတာဖြစ်နေတယ်။ သေသွားပေမဲ့ သူ့ပိုက်ဆံအိတ်ပျောက်နေတာကြောင့် ရဲခေါ်ရင် သူတို့သတ်တယ်ထင်မှာစိုးလို့ အလောင်းဖျောက်ဖို့ အကြောင်းဖန်လာရော။ ဒါပေမဲ့ ကံက သူတို့ဘက်ရှိမနေဘဲ ပြဿနာတွေထပ်တက်လာတဲ့အကြောင်းပေါ့။
ပတ်ချန်းဝုတို့ ဘွန်းဂျွန်းဟိုတို့ဆီ ကြည့်စရာကုန်သွားလို့ Kim Jee Won ကားတွေလည်း ကုန်သွားလို့ သူတို့အရသာခပ်ဆင်ဆင်မျိုး အာသီသဖြစ်မိတယ်ဆို ကြည့်ကိုကြည့်သင့်တဲ့ကားပါပဲ။ ချွဲမင်ဆစ်နဲ့ ဆောင်းကန်ဟို ပါနေတာကြောင့်ပဲ သူတို့အရသာနဲ့ ပိုနီးစပ်စေမှာပါပဲ။

Channel အရင် Join ပါ ⬇️ ⬇️ ⬇️*https://t.me/+ph1dHoDSgNcwNzk1 *ရုပ်ရှင် Link ⬇️ ⬇️ ⬇️*https://t.me/c/2200210337/192 *𝐂𝐡𝐚𝐧𝐧𝐞𝐥 အရင် မ 𝐉𝐨𝐢𝐧 ထားရင် ရုပ်ရှင်ကားကို ကြည့်လို့ရမှာ မဟုတ်ပါဘူးဗျ *❗️*❗️*⚡️ *Burmese Channel *⚡️***

3 weeks, 2 days ago
Friend 2 (2013)

Friend 2 (2013)

အကြမ်းပတမ်း သွေးထွက်သံယို ကားမှကြိုက်တတ်တဲ့ဖိုက်တာပရိသတ်ကြီးများအတွက် ကိုရီးယားအက်ရှင်ကားကောင်းလေးတစ်ကားကို CM မှ တင်ဆက်ပေးလိုက်ပါပြီ…
ဆန်ဟွန်း(ကင်ဝူဘင်) ဟာ မိခင်တစ်ဦးတည်းရဲ့ အုပ်ထိန်းမှုအောက်မှာ ဖခင်မေတ္တာငတ်မွတ်ရင်း ကြီးပြင်းလာရသူပါ……
ပထွေးတော့ရှိတယ်ပေါ့လေ…
ဒါပေမယ့် ရှိတဲ့ပထွေးကလည်း အချိုးမပြေတဲ့အပြင် သူ့အမေကိုပါ ရိုက်လားနှက်လားတောင် လုပ်တတ်ပါသေးတယ်…
ဆန်ဟွန်းလည်း သည်းမခံနိုင်တဲ့အဆုံး တူ(ခေါက်ဆွဲတူ)တစ်ချောင်းနဲ့ဆုံးမတာ လက်လွန်ပြီး ထောင်ကျသွားပါလေရော(ဘယ်လိုဆုံးမလဲတော့ကွကိုသာကြည့်တော့ :3)…
သူ့သားလေးထောင်ထဲမယ် အနှိပ်စက်ခံရမှာစိုးတဲ့ သားဇောနဲ့ ဆန်ဟွန်းရဲ့အမေလည်း ထောင်ထဲမှာရှိနှင့်နေတဲ့ ငယ်သူငယ်ချင်း(Big Boss)ကို သွားအကူအညီတောင်းရပါတော့တယ်…
ဒီလိုနဲ့ ထောင်သက် ၁၇ နှစ်ရှိနေတဲ့ Big Boss ဂျွန်ဆုတ်နဲ့ ဆန်ဟွန်း ထောင်ထဲမှာ ရင်းနှီးသွားပါတယ်…
Big Bossဟာလည်း သူ မကျူးလွန်ပေမယ့် အကြောင်းတစ်ခုကြောင့် ထောင်ဒဏ်ကျခံခဲ့ရတဲ့ ဘူဆန်လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ…
ဆန်ဟွန်းနဲ့ Big Bossထောင်က ရှေ့ဆင့်နောက်ဆင့်လွတ်အပြီးမှာတော့ Big Bossဟာ သူမရှိတဲ့ ၁ရနှစ်အတွင်း အလုယူခံလိုက်ရတဲ့ ဘူဆန်ဂိုဏ်းကို ပြန်အုပ်စိုးဖို့ ဆန်ဟွန်းနဲ့ပူးပေါင်းလိုက်ပါတယ်…
ကိုယ့် လူဆိုးဂိုဏ်းကိုယ် ပြန်လုကြမယ်ပေါ့…
အားကြိုးမာန်တက် လူစုနေကြတုန်းမှာပဲ…
Big Bossဟာ ဆန်ဟွန်းအဖေကိုသတ်ဖို့ အမိန့်ပေးခဲ့သူ ဆိုတဲ့အကြောင်းကို ဆန်ဟွန်းသိလိုက်ရပါတော့တယ်…
ဒီလိုနဲ့…ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ပရိသတ်ကြီးကိုယ်တိုင် မျက်စိလျှင်လျှင်နဲ့သာ ခံစားကြည့်လိုက်ကြပါလို့…(မျိုးဆက်သုံးခုအကြောင်း ဇာတ်ကြောင်းပြန်တာတွေကြောင့်ပါ…) ကဲ ခံစားလိုက်ကြပါဦး

Channel အရင် Join ပါ ⬇️ ⬇️ ⬇️*https://t.me/+ph1dHoDSgNcwNzk1 *ရုပ်ရှင် Link ⬇️ ⬇️ ⬇️*https://t.me/c/2200210337/190 *𝐂𝐡𝐚𝐧𝐧𝐞𝐥 အရင် မ 𝐉𝐨𝐢𝐧 ထားရင် ရုပ်ရှင်ကားကို ကြည့်လို့ရမှာ မဟုတ်ပါဘူးဗျ *❗️*❗️*⚡️ *Burmese Channel *⚡️***

3 weeks, 2 days ago
ကိုကိုချောတို့တွက် ငွေတွေဆတိုးပွားနိုင်မို့ ***💸******💸***

ကိုကိုချောတို့တွက် ငွေတွေဆတိုးပွားနိုင်မို့ 💸💸

အမှန်ကန်ဆုံးဂိမ်းဆိုက်ရှာနေရင် Master 99 ရှမ်းကိုးမီး

အွန်လိုင်းဂိမ်း မှာ ငွေ 1000ကျပ်နဲ့ လှမ်းလာ ခဲ့ပါ 😍 😍

ငွေကြေးအာမခံမှုအပြည့်ရှိလို့

ယုံကြည်စွာဆော့ကစားလိုက်ပါနော်
🍀🥳

အကောင့်ဖွင့်ရန်👇

Viber : 09896297295
https://msng.link/o?959896297295=vi

Telegram : 09896297295 ( @master99 )
https://t.me/master99SKM

ဂိမ်းလင့် - https://linktr.ee/master99skm

အနိုင်များတဲ့ဂိမ်းသိနိုင်ဖို့ Channel Join ထားစို့
👉https://t.me/master99skm_offical

3 weeks, 3 days ago
**𝐃𝐚𝐫𝐤 𝐍𝐮𝐧𝐬 ***🪶***

𝐃𝐚𝐫𝐤 𝐍𝐮𝐧𝐬 🪶**

▪️ကိုးရီးယား ထိပ်တန်း မင်းသမီး Song Hyekyo ပါဝင်သရုပ်ဆောင်ထားတဲ့ Dark Nuns ကတော့ မနှစ်က နာမည်ကြီးခဲ့တဲ့ Exhuma ဒါရိုက်တာရဲ့ ဝတ္တုတိုကို ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။

မင်းသမီး Song Hyekyo ရဲ့ 10နှစ်အကြာComeback ဖြစ်တဲ့ Dark Nuns ဟာ နိုင်ငံပေါင်း ၁၆၀ မှာ ရုံမတင်ရသေးခင်တည်းက အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားရယ်လို့ သတ်မှတ်လို့ရနေပြီဖြစ်ပါတယ် ။

စိတ်ဝင်စားဖွယ် မတူကွဲပြားတဲ့
ဇာတ်လမ်းကြောရိုး အနုပညာ အနှစ်သာရ တွေကို ဒီကားမှာခံစားရမှာပါ ။

Channel အရင် Join ပါ ⬇️ ⬇️ ⬇️https://t.me/+ph1dHoDSgNcwNzk1 ရုပ်ရှင် Link ⬇️ ⬇️ ⬇️https://t.me/c/2200210337/184 𝐂𝐡𝐚𝐧𝐧𝐞𝐥 အရင် မ 𝐉𝐨𝐢𝐧 ထားရင် ရုပ်ရှင်ကားကို ကြည့်လို့ရမှာ မဟုတ်ပါဘူးဗျ ❗️*❗️*⚡️ Burmese Channel ⚡️**

3 weeks, 3 days ago
**Friend ( 2001 )**

Friend ( 2001 )

ဂျွန်ဆုတ် ,ဒုန်ဆု ,ဂျန်ဟို နဲ့ ဆန်တစ် တို့ ဟာ ငယ်စဉ်ကတည်းက အတူဆော့ကစားခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ…

သူတို့ထဲမှာမှ ဂျွန်ဆုတ်နဲ့ ဒုန်ဆုတို့ ဟာ ကျောင်းမှာ ကလန်ကဆန်လူဆိုးလေးတွေဖြစ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပါတယ်…

နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ကျန်တဲ့သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ်အသီးသီးဆက်တက်ခဲ့ကြပေမယ့်….

ဂျွန်ဆုတ်ကတော့ အိမ်ထောင်ကျသွားပြီး ဒုန်ဆုကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်….

ကျန်တဲ့သူငယ်ချင်းနှစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပေမယ့် ဒုန်ဆုနဲ့ သိပ်အစေးမကပ်တော့ပါဘူး…

ဒါကြောင့် ကျန်သူငယ်ချင်းသုံးဦးသာ အတူတွဲနေမိကြတာပေါ့..

ဖြစ်ချင်တော့ ဒုန်ဆု ဦးစီးတဲ့ ဂိုဏ်းဟာ ဂျွန်ဆုတ်အဖေတို့ ဂိုဏ်းနဲ့ ရန်ဘက်ဂိုဏ်းဖြစ်တာမို့ သူငယ်ချင်းနှစ်ဦးကြား အထင်လွဲမှားမှုတွေစတင်လာခဲ့ပါတယ်…

ဂျွန်ဆုတ်ကလည်း သူတို့ ဂိုဏ်းခေါင်းဆောင်ကို ဒုန်ဆုက လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ သံသယဝင်ခဲ့ပြီး…

ကျန်တဲ့ဂိုဏ်းသားတွေကလည်း ဒုန်ဆုကို ပြန်လည်လုပ်ကြံဖို့ ကြိုးစားလာတဲ့ အခါမှာတော့….

Channel အရင် Join ပါ ⬇️ ⬇️ ⬇️*https://t.me/+ph1dHoDSgNcwNzk1 *ရုပ်ရှင် Link ⬇️ ⬇️ ⬇️*https://t.me/c/2200210337/182 *𝐂𝐡𝐚𝐧𝐧𝐞𝐥 အရင် မ 𝐉𝐨𝐢𝐧 ထားရင် ရုပ်ရှင်ကားကို ကြည့်လို့ရမှာ မဟုတ်ပါဘူးဗျ *❗️*❗️*⚡️ *Burmese Channel *⚡️***

3 weeks, 3 days ago
Dark Figure of Crime ( 2018 …

Dark Figure of Crime ( 2018 )

ကင်ယောင်မင်း ( Kim Yoon-seok ) ဟာ မူးယစ်ဆေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မူးယစ်ဆေးအမှုတွေကို စစ်ဆေးရတဲ့သူတစ်ယောက်ပါ ...

ဒါပေမဲ့ လူသတ်မှုတွေကို စစ်ဆေးဖိုကိုလဲ စိတ်အားထက်သန်သူတစ်ဦးပေါ့ ...

အဲ့လိုနဲ့ မတရားသဖြင့် အသတ်ခံခဲ့ရတဲ့ အမှုတွေအပေါ် ရဲတွေ သေချာလိုက်လံစုံစမ်းခြင်းမရှိဘဲ ပိတ်ပစ်လိုက်တဲ့ အမှုတွေကို ကျေနပ်ခြင်းမရှိတာကြောင့် ရဲဌာနကိုပြောင်းခဲ့သူ ...

တစ်နေ့မှာတော့ ကန်ထယ်အို ( Ju Ji-hoon ) ဟာ သူ့ မိတ်ဆွေမှတစ်ဆင့် ကင်ယောင်မင်း ကို ခေါ်ပြီး လူသတ်မှု သတင်းပေးမယ်ဆိုပြီး တွေ့ပါတယ် ..

ကင်ယောင်မင်းနဲ့တွေ့စဉ်မှာ ကန်ထယ်အိုဟာ သူလွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မြှုပ်ခဲ့ရတဲ့ အလောင်းနဲ့ပတ်သတ်ပြီး သတင်းပေးခဲ့ပါတယ် ...

လူသတ်တရားခံအမှန်ကို သိချင်ရင် သူတောင်းတဲ့ ငွေပမာဏပေးဆိုပြီး ငွေညှစ်ခဲ့ပါတယ် ...

ထိုအချိန်မှာပဲ ကန်ထယ်အို ကို တခြားသောရဲတွေက နောက်ထပ်သော လူသတ်မှုနဲ့အတူ လာရောက် ဖမ်းဆီးသွားကာ ထောင်ဒဏ် အနှစ် ၂၀ သာ ချမှတ်ခံခဲ့ရပါတယ် ....

သူကျူးလွန်ခဲ့တာနဲ့စာရင် အနှစ်၂၀ ဆိုတာဘာမှမဟုတ်ဖူးပေါ့  ... အဲ့လိုနဲ့ ၃ လ ကြာပြီးနောက်မှာ

Channel အရင် Join ပါ ⬇️ ⬇️ ⬇️*https://t.me/+ph1dHoDSgNcwNzk1 *ရုပ်ရှင် Link ⬇️ ⬇️ ⬇️*https://t.me/c/2200210337/180 *𝐂𝐡𝐚𝐧𝐧𝐞𝐥 အရင် မ 𝐉𝐨𝐢𝐧 ထားရင် ရုပ်ရှင်ကားကို ကြည့်လို့ရမှာ မဟုတ်ပါဘူးဗျ *❗️*❗️*⚡️ *Burmese Channel *⚡️***

3 weeks, 3 days ago
စလော့ကစားလို မပျော်ရင်***🤗***

စလော့ကစားလို မပျော်ရင်🤗
တစ်လှမ်းတိုးပြီး👉 ရှမ်းကိုးမီးကစားကြည့်လိုက်ပါ♦️🃏♠️♣️ ရှမ်းကစားလို ပမ်းသွားရင်လည်း
တစ်ခမ်းတစ်နားနဲ့ ငါးပစ်🐬ပြီး အနိုင်တွေရှာလိုရတာမို
ဘာပဲလိုလို Master 99 ရှမ်းကိုးမီး ဆိုဒ် ကို ငွေ1000ကျပ်နဲ့ လာာခဲ့ဖိုပဲလိုပါတယ်နော်😉

အကောင့်ဖွင့်ရန်👇

Viber : 09896297295
https://msng.link/o?959896297295=vi

Telegram : 09896297295 ( @master99 )
https://t.me/master99SKM

ဂိမ်းလင့် - https://linktr.ee/master99skm

အနိုင်များတဲ့ဂိမ်းသိနိုင်ဖို့ Channel Join ထားစို့
👉https://t.me/master99skm_offical

3 weeks, 4 days ago
The Hand (2023)

The Hand (2023)

ဒီတစ်ခါတော့ အိပ်မက်ထဲကို လိုက်နှောင့်ယှက်နေတဲ့ လက်မည်းကြီး ကြော်ငြာလိုပဲ
လက်ကြီးက အိမ်ထဲရောက်လာတဲ့ Horror ဇာတ်လမ်း တစ်ပုဒ်တင်ဆက်ပါဦးမယ်
တစ်ရက်မှာ ဘုံးဆူတို့ အိမ်က အိမ်သာခွက်ထဲကို ဘယ်ကလာမှန်းမသိတဲ့ လက်တစ်ဖက်က ထွက်လာပါလေတယ်
အဲဒီလက်ကို ဘယ်လိုလုပ်ရမှန်းမသိလို့ အရေးပေါ်ကို အကြောင်းကြားလိုက်တဲ့အခါ
တပ်ကူတွေတော့ရောက်လာပါရဲ့ အကုန်လုံး အိမ်သာထဲမှာပိတ်မိကုန်ကြပါရော
အဲလိုနဲ့ အိမ်သာထဲမှာ လက်တစ်ချောင်းနဲ့ အသက်ရှင်အောင် ကြိုးစားရမှာဖြစ်ပြီး
လူတွေကိုဒုက္ခပေးတဲ့ အဲဒီလက်ကြီး ထွက်လာတဲ့အကြောင်းအရင်းကဘာလဲ၊
ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြပါဦးနော်

Channel အရင် Join ပါ ⬇️ ⬇️ ⬇️*https://t.me/+ph1dHoDSgNcwNzk1 *ရုပ်ရှင် Link ⬇️ ⬇️ ⬇️*https://t.me/c/2200210337/177 *𝐂𝐡𝐚𝐧𝐧𝐞𝐥 အရင် မ 𝐉𝐨𝐢𝐧 ထားရင် ရုပ်ရှင်ကားကို ကြည့်လို့ရမှာ မဟုတ်ပါဘူးဗျ *❗️*❗️*⚡️ *Burmese Channel *⚡️***

3 weeks, 4 days ago
The Shameless (2015)

The Shameless (2015)

“အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်” ဆိုသလို
တစ်ချိန်ကတောက်ပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တဲ့ Kim Hye-Gyung ဟာ
လူသတ်မှုကျူးလွန်ခဲ့တဲ့ သူ့ချစ်သူအတွက် သူ့ဘဝတစ်ခုလုံးကို စတေးထားခဲ့ရပါတယ်
စုံထောက် Jung Jae-Gon ကတော့ ဘယ်လောက်ခက်ခဲတဲ့အမှုမျိုးကိုမဆို
ရအောင်ဖော်ထုတ်နိုင်တဲ့ ထိပ်တန်းစုံထောက်တစ်ယောက်ပါ
လတ်တလောဖြစ်ပျက်သွားတဲ့ လူသတ်မှုတစ်ခုရဲ့ တရားခံဖြစ်တဲ့ Park Joon-Gil ကို ရှာဖွေဖမ်းဆီးနိုင်ဖို့
စုံထောက် Jung သုံးလိုက်တဲ့ နည်းဗျူဟာကတော့ Park Joon-Gil ရဲ့ ချစ်သူကို ချဉ်းကပ်ဖို့ပါပဲ
လူသတ်တရားခံကို ဖမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်တဲ့ တရားခံရဲ့ချစ်သူ Kim Hye-Gyung ကို ချဉ်းကပ်ရင်း
သူ့ရဲ့ခံစားချက်တွေ အစစ်အမှန်ဖြစ်လာချိန်မှာတော့…..။
ဘဝကြီးတစ်ခုလုံးကိုရင်းပြီး ချစ်သူ လူသတ်သမားကိုကယ်မယ့် ကောင်မလေးနဲ့
အဲဒီကောင်မလေး စိတ်ချမ်းသာဖို့ကို ဖန်တီးပေးချင်တဲ့ စုံထောက်တစ်ယောက် ။
နောက်ဆုံးမှာ စုံထောက် Jung Jae-Gon တစ်ယောက် နှလုံးသားနောက်ကိုလိုက်သွားမလား
ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကိုပဲ လက်ခံမလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်
Crime/ Drama Genre ဖြစ်ပြီး
18+ Nudity Scene တွေလည်းပါတာမို့ 18 ယောက်စုကြည့်ရမယ့် ဇာတ်ကားပါနော် 🤪
စုံထောက် Jung Jae-Gon အဖြစ် K drama ပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသားကြီး Kim Nam-Gil က သရုပ်ဆောင်ထားပြီး
Kim Hye-Gyung အဖြစ် Kim Do-Yeon ၊ Park Joon-Gil အဖြစ် Park Sung-Woong တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်

Channel အရင် Join ပါ ⬇️ ⬇️ ⬇️*https://t.me/+ph1dHoDSgNcwNzk1 *ရုပ်ရှင် Link ⬇️ ⬇️ ⬇️*https://t.me/c/2200210337/175 *𝐂𝐡𝐚𝐧𝐧𝐞𝐥 အရင် မ 𝐉𝐨𝐢𝐧 ထားရင် ရုပ်ရှင်ကားကို ကြည့်လို့ရမှာ မဟုတ်ပါဘူးဗျ *❗️*❗️*⚡️ *Burmese Channel *⚡️***

3 weeks, 4 days ago
𝗕𝗖 𝗞 𝗠𝗼𝘃𝗶𝗲
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 month, 4 weeks ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 2 months, 1 week ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 2 weeks, 2 days ago