Hok MgMg

Description
𝘤𝘩𝘢𝘯𝘯𝘦𝘭 𝘥𝘢𝘵𝘦 ☾︎ 17.8.2023 ☽︎

𝘏𝘦𝘭𝘭𝘰 𝘸𝘦𝘭𝘤𝘰𝘮𝘦 𝘵𝘰 𝘮𝘺 𝘤𝘩𝘢𝘯𝘯𝘦𝘭

𝘛𝘩𝘢𝘯𝘬𝘴 4 𝘫𝘰𝘪𝘯𝘪𝘯𝘨
We recommend to visit

Last updated 1 year, 1 month ago

The official telegram channel of Kanak News. Stay tuned to get 24*7 news updates only from Kanak News

Last updated 1 year ago

Last updated 1 year ago

1 year ago

ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်။
ဆော့စ်တွေ သက်တမ်းကုန်တယ်။
ပလပ်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။
ကျွန်တော်စဉ်းစားမိတယ်..
"ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိ‌‌ေသးလား"
ကျွန်တော်အသည်းကွဲတိုင်းပြေးတယ်။
ဒါမှရေဓာတ်ကုန်ခမ်းပြီး
ငိုဖို့အတွက် မျက်ရည်မကျန်တော့မှာ
အရင်ကလိုတစ်ယောက်တည်းဒိတ်ကုန်နေတဲ့
နာနတ်သီးစည်သွပ်ဘူးတွေစားနေခဲ့ရင်ကောင်းသား

-crd
@D3lulu_eww

1 year ago

ကျွန်မတို့ချန်နယ်မှာ

Add Post
Online Shop
Group Gp Add Post

အခြားသော
ကြော်ငြာ‌ တွေ
လာအပ်လို့ရပါတယ်ရှင့်

ကဗျာ စာတို couple Channel
အဲ့တာတွေပါ ကြော်ငြာလို့ရတယ်

Fees ကြေးလေးတော့ရှိပါတယ်ရှင့်

အသေးစိတ်သိချင်
Dm လာမေးနော် @n_rrraaa ❤️

Channel - @D3lulu_eww

1 year, 2 months ago

ကျွန်တော်တို့ဟာ မဖြစ်နိုင်မှန်းသိပါရက်နဲ့၊
အချစ်ဆိုတဲ့ ခေါင်းစဥ်အောက်
ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခဲ့ကြတယ်။

-ငြိမ်းကို
@D3lulu_eww

1 year, 2 months ago

ကျွန်မက အင်းသူမဟုတ်ရပါဘူး မောင်

ကျွန်မက ‌ေဘးလူပါ
@D3lulu_eww

1 year, 4 months ago

⠀⣠⠴⠚⡙⠙⠲⣤⣠⠖⢋⡛⠙⠲⣄⠀⠀
⣴⠃⣰⠟⠉⠙⢦⡈⢁⣾⡟⠉⠳⣆⠸⣇⠀
⣿⠀⣿⠀⠀⠀⠀⠛⠛⠁⠀⠀⠀⡿⠄⣿⠄
⠸⡄⠸⣇. ⠀⠀⠀ivu ⠀⠀⣰⠃⣰⡏⠀
⠀⠙⣆⠙⢧⡀⠀⠀⠀⠀⢀⡴⠃⣰⠏⠀⠀
⠀⠀⠈⠳⣄⠙⠶⣄⣀⠴⠋⣠⠞⠁⠀⠀⠀
⠀⠀⠀⠀⠈⠓⢦⡈⢡⣰⠞⠁⠀⠀⠀⠀⠀
⠀⠀⠀⠀⠀⠀⠀⠉⠋⠁⠀⠀⠀⠀⠀⠀⠀

1 year, 4 months ago

1 မနာလိုချင်း‌ဥပဒေသ
The laws of Human Nature
စာအုပ်ထဲမှာပါတဲ့ ဥပဒေသတစ်ချက်ကိုအရင်ဆုံးရှင်းပြချင်တယ် ဒီဥပဒေသကို စာအုပ်ထဲကအတိုင်းမဟုတ်ပဲ ကျွန်တော့်အတွေးနဲ့ပြန်တင်ပေးမှာပါ ဥပမာချင်းမတူပါဘူး အထက်အရာရှိနဲ့ပဲစကြတာပေါ့ ကိုယ်က ဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမားနေရာကခံစားကြည့်ပါ ကိုယ့်အထက်မှာ မနေဂျာဆိုတာရှိပါသေးတယ် အဲ့လို ကိုယ့်ထက်နေရာရနေပီးသားလူတွေရဲ့မနာလိုစိတ်ကိုရှင်းပြချင်တာပါ

မနေဂျာတွေရဲ့စိတ်မှာကသူတို့ရဲ့နေရာကိုလုသွားမှာ သူတို့ထက်ပိုတော်နေမှာ သူတို့ထက် ဆိုင်ပိုင်ရှင်တွေ လုပ်ငန်းပိုင်‌ရှင်တွေနဲ့ပိုရင်းနီးမှာ ဒါမျိုးတွေကိုကြောက်တတ်ကြတယ် မနာလိုလည်းဖြစ်တတ်ကြတယ်။ လူတွေဆိုတဲ့အတိုင်း ဘယ်လောက်ပဲမနာလိုဖြစ်နေပါစေ အဲ့လူရှေ့မှာဆို ဟန်ဆောင်အပြုံးတွေနဲ့ဖုံးကွယ်ပီးနေလေ့ရှိကြတယ် အတုယောင် ချီးမွမ်းမှုတွေ အတုယောင် အားပေးစကားတွေနဲ့ပဲ သူတို့ရဲ့မနာလိုစိတ်ကို လူတွေမမြင်အောင်ဖုံးကြတာပေါ့။ ကိုယ်က ဒီအလုပ်ထက်ကောင်းတဲ့ အလုပ်အသစ်ရလို့ ဒီဆိုင်ကထွက်မယ်ဆိုရင်တောင် အလုပ်ဖြုတ်လို့ပြုတ်ပါတယ်ဆိုတဲ့စကားကို မဟုတ်မမှန်ပြောတတ်ကြပါသေးတယ် ပစ္စည်းခိုးလို့အလုပ်ဖြုတ်တာတို့ အကျင့်မကောင်းလို့အလုပ်ထုတ်လိုက်တာတို့ ဒါမျိုးတွေကို လျှောက်ပြောတာပါ ဒါကလူတွေရဲ့ စိတ်ဓာတ်အမှန်ပါပဲ လူတိုင်းမှာ မကောင်းတဲ့အကျင့်နဲ့ မကောင်းတဲ့လုပ်ရပ်ကရှိပြီးသားပါ ဒီစာအုပ်ထဲမှာဆိုရင် အဲ့လို‌အကြောင်းရာတွေကို အတိအကျပြီးဖော်ပြထားတာပါ။

မနာလိုမဖြစ်အောင်ဘယ်လိုနေမလဲဆိုရင် ကိုယ့်လုပ်နိုင်စွမ်းကို အကုန်မသုံးပါနဲ့ အလုပ်တွက်လိုသလောက်ပဲသုံးပါ အရည်ချင်းရှိတိုင်းလည်း မကြွားဝါပါနဲ့ ကြွားဝါချင်းကြောင့် မနာလိုသူတွေ ဘေးမှာရောက်လာနိုင်ပါတယ်။ ကိုယ့်ကိုတိုင်က မနာလိုသူတစ်‌ယောက်ဖြစ်နေမယ်ဆိုရင် အားကျတယ်ဆိုတဲ့ စကားလုံး စိတ်နေစိတ်ထားနဲ့ ပြန်ထိန်းလို့ရပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ နောက်နေ့တွေမှာလည်း လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းကို ဆက်တင်ပေးမှာပါ

1 year, 5 months ago

ဘယ်အစိုးရတက်တက်
ချစ်သူမျက်ရည်တစ်စက်ကျရင်
တော်လှန်ဖို့ အဆင်သင့်ပဲ ။

-ကြည်ဇော်အေး
@D3lulu_eww

1 year, 5 months ago

သူများနိုင်ငံက ရှိတဲ့လေယာဉ်နဲ့ ရိက္ခာ လိုက်ချနေတဲ့ အချိန် မြန်မာနိုင်ငံက ရှိတဲ့လေယာဉ်နဲ့ ဗုံးလိုက်ကြဲနေလေရဲ့ အဲလောက်ကောင်းတဲ့နိုင်ငံကိုဘယ်သူ‌ တွေ လာလည်ချင်သေးလည်း စောက်ချိးစားပြီးကြီးလာတဲ့သူတောင်းစားတွေကအခုထိ သူစောက်သူတောင်းစားကကောင်းတယ်ထင်နေကြတုန်းပဲ

#စိတ်ပျက်စေရာ

1 year, 5 months ago

Family type ကဟာတွေပါ official တွေ officially တွေဖြစ်‌ကုန်ကြပြီဟေ

1 year, 7 months ago

အိပ်လက်စ အိပ်ယာခင်းပေါ်မှာ
တွေးလက်စ တစ်ပိုင်းတစ်စ အတွေးတွေရှိချင်ရှိမယ်။

တစ်ရေးနိုးပြီးတဲ့အချိန် အိမ်မက်ထဲမှာ
မက်လက်စ အိမ်မက်အပိုင်းစတွေ ရှိချင်ရှိမယ်။

အလိုအလျောက် ကုန်ဆုံးနေတဲ့အချိန်တွေ။
တစ်ခါတစ်လေမှာ ပိုင်ဆိုင်ထားပါလျက် နားမလည်နိုင်တဲ့ နေ့ရက်တွေဖြစ်ချင်ဖြစ်နေတယ်။

ပြုံးလည်း ပြုံးချင်တယ်။ ရယ်လည်း ရယ်ချင်တယ်။
မရယ်မပြုံးရတာကြာတော့လည်း မရယ်မပြုံးတတ်သလိုဖြစ်နေတယ်။ ဒီလိုနဲ့ပဲ မရယ်မပြုံးဖြစ်တော့ဘူး။

အချိန်အခါရရင် တောင်တန်းတွေဆီ ခရီးနှင်မယ်။
ဆံပင်အရှည်ထားမယ် ပြီးရင် သံသရာတစ်ကွေ့မှာ
ချစ်မြတ်နိုးရတဲ့သူနဲ့ ပေါင်းစပ်ခွင့်ရဖို့ ဆုတောင်းပြုမယ်။

-စိုင်းရှိန်တင့်

We recommend to visit

Last updated 1 year, 1 month ago

The official telegram channel of Kanak News. Stay tuned to get 24*7 news updates only from Kanak News

Last updated 1 year ago

Last updated 1 year ago