Unlock a World of Free Content: Books, Music, Videos & More Await!

kokhant(#kk)

Description
Advertising
We recommend to visit

Last updated 1 day, 12 hours ago

Информационное агентство Vesti.Az 
Website: https://vesti.az
Contact: @BOTAPAGroup

E-mail: news@vesti.az

Last updated 1 week, 3 days ago

Kanal Zyrtarë!

Last updated 1 month, 1 week ago

1 day, 21 hours ago

ငြိမ်းချမ်းရေးဆွေးနွေးမည့် ပါတီအစုအဖွဲ့၏ ခေါင်းဆောင် (၄) ဦးရွေးချယ် ၊ (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် NSPNC နှင့် တွေ့ဆုံမည်

NSPNC ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် (၃) ပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရေး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကို ပါတီ (၁၆) ခုမှ အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။

အဆိုပါ (၁၆) ဦးကို ပြီးခဲ့သည့် မေလ (၂၅) ရက်က ရန်ကုန်မြို့ ၊ ရွှေလီလမ်းရှိ NSPNC ရုံးရှိ ပါတီအစုအဖွဲ့အစည်းဝေးခန်းမတွင် မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အလုပ်အဖွဲ့သည် ဇွန်လ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် အစည်းအဝေး ပြုလုပ်ကာ အဖွဲ့ခေါင်းဆောင် (၄) ဦးကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ရွေးချယ်လိုက်သည့် အလှည့်ကျ ခေါင်းဆောင် (၄) ဦးတွင် ကြံ့ခိုင်ရေးပါတီ ၊ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ၊ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီတို့မှ ခေါင်းဆောင် (၄) ဦး ရွေးချယ်ခဲ့ကြောင်း သိရသည်။

" ပါတီ (၄) ခုက ကာလတစ်ခုထိ ဦးဆောင်ကြမှာပေါ့ဗျာ။ ‌(၄) ပါတီကတော့ ဦးစိုင်းအိုက်ပေါင်း ပါတီရယ်၊ ပြည်ခိုင်ဖြိုးပါတီရယ်၊ ဦးကိုကိုကြီးပါတီရယ် ၊ ကျွန်တော့ ပါတီရယ်ပါ" ဟု ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယင်းအဖွဲ့အနေဖြင့် သက်တမ်းအပိုင်းအခြားအနေဖြင့် သတ်မှတ်ထားခြင်း မရှိဘဲ နစက၏ သက်တမ်းတလျှောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို နိုင်ငံရေးပါတီ အစုအဖွဲ့အနေဖြင့် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

" ကာလအနေနဲ့ကတော့ ဘယ်လောက်ရယ်လို့ မဟုတ်ပါဘူး။ လက်ရှိ SAC သွားတဲ့ ကာလအထိပါပဲ " ဟု ဒေါက်တာအေးမောင်က ရှင်းပြသည်။

နိုင်ငံရေးပါတီအစုအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ အဖြေရှာရာတွင် စစ်ဘောင်ကျယ်လာခြင်းထက် နိုင်ငံရေးအရ အဖြေရှာနိုင်မည့် လမ်းစကို ရှာဖွေနိုင်ရေး ကြားခံနယ်တစ်ခုအနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအပါအဝင် NCA လမ်းကြောင်းပေါ်တွင် ရှိမနေသည့် လက်နက်ကိုင်အဖွဲ့များနှင့်ပါ တွေ့ဆုံဆွေးနွေးရန် လိုအပ်လာပါက ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

လာမည့် ဇွန်လ (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် ယခုဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် အမျိုးသားစည်းလုံး ညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်း‌ဆွေးနွေးမှု ကော်မတီ (NSPNC)နှင့် ဇွန် လ (၁၉) ရက်နှင့် (၂၀) ရက်တို့တွင် (၂)ရက်တာ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်၏ ပြောကြားချက်အရ သိရသည်။

"ပြည်‌ထောင်စုအဆင့်ပါတီများ၊အမျိုးသားရေးကိုယ်စားပြုပါတီများနှင့် တ်ိုင်းရင်းသားကိုယ်စားပြုပါတီများ အချိုးညီမျှစွာပါ‌ဝင်စေအောင်ဖွဲ့စည်းထားပါတယ်။ အစုအဖွဲ့ ခေါင်းဆောင်(၄)ဦးကလည်း မတူညီသော အမြင်၊ရှူတောင့်မှ အသွင်မတူညီကွဲပြားသည့် နိုင်ငံရေးပါတီများကို တွဲဖက်ပေါင်းစပ်ပြီး အင်အားစုတစ်ရပ်ဖြစ်လာမယ်ယူဆပါတယ်။ခေါင်း‌ဆောင်(၄)ယောက်မှာဆိုရင် ပြည်မပါတီ(၂)ပါတီနှင့်တိုင်းရင်းသားပါတီ(၂)ပါတီကို မတူညီကွဲပြားမှူကို အားတစ်ရပ်အဖြစ်ပေါင်းစပ်ဖွဲ့စည်းထားလို့ နိုင်ငံရေး အရွေ့တစ်ခုဖော်ဆောင်နိုင်မယ်လို့ယုံကြည်ပါသည်"ဟု ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီမှ ဒုဥက္ကဌ ဦးညီညီလွင်ကဆိုသည်။

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွင် ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ရှမ်းနီပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်ပါတီ ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ လူထုပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ကရင်၊ ကို့ကန့် တိုင်းရင်းသားပါတီတို့ အစရှိသော (၁၆)ပါတီ ပါဝင်သည်။

1 day, 21 hours ago
kokhant(#kk)
1 day, 21 hours ago
kokhant(#kk)
2 months, 1 week ago
နေပြည်တော်သင်္ကြန်မှာ

နေပြည်တော်သင်္ကြန်မှာ
ကိုရီးယားက K-pop အဆိုရှင်များအပြင်
ရုရှားက လူငယ်အနုပညာရှင် အဖွဲ့များပါ
ဖျော်ဖြေမည်။

2 months, 1 week ago

မန္တလေးတွင် ရဲအယောင်ဆောင်ကာ ရွှေပန်းတိမ်အား ဓါးပြဝင်တိုက်သည့်အဖွဲ့အား ဖမ်းဆီးရမိ

ပြီးခဲ့သည့် မတ်လ (၂၈) ရက်က မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ " လင်းလက်ဝါ" ရွှေပန်းတိမ်အား ရဲအယောက်ဆောင်ကာ ဝင်ရောက် ဓါးပြတိုက်လုယက်ခဲ့သူ တစ်စုကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း နစက က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဓါးပြဝင်တိုက်သည့် လူတစ်စုသည် မတ်လ (၂၈) ရ က် ညနေ (၅) နာရီတွင် ရဲတပ်ဖွဲ့ဝင်များ အသွင်ယူ ဝတ်စားထားပြီး ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်း ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ် အပေါ် ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံ သေတ္တာအား ဖွင့်ခိုင်း၍ အဆိုပါမီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စ ည်းမျိုးစုံ အလေးချိန်(၂) ပိသာခွဲခန့်၊ ကာလတန်ဖိုးငွေကျပ်သိန်း(၁)သောင်းကျော်ခန့်အား လုယက်ယူဆောင် သွားခဲ့သ ဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး အောင်မြေသာစံမြို့ နယ်၊ အမှတ်(၅)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉ ၄/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

2 months, 1 week ago

လိင်ပိုင်းဆိုင်ရာ မေးခွန်းများဖြင့် အင်တာဗျူးလုပ်ခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်

ရန်ကုန်၊ ဧပြီ ၄
Facebook လူမှုကွန်ရက်တွင် Nyein Chan Htet Aung - WISE အမည်ဖြင့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ မေးခွန်းများမေးမြန်း၍ ရုပ်သံဖော်ပြခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
Nyein Chan Htet Aung ၏ "၁၈နှစ်အောက် မကြည့်ရ [Street Interview]" တွင် မေးမြန်းထားသည့် မေးခွန်းများအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး ထိုသို့သော လုပ်ဆောင်မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူနိုင်ခြင်း ရှိမရှိ ဆက်သွယ်မေးမြန်းကြသည်။
ထိုသို့ မဖွယ်မရာမေးခွန်းများ မေးမြန်းတင်ဆက်သူကို စပွန်ဆာပေးထားသူများလည်း ရှိသည်။ Nyein Chan Htet Aung ၏ စာမျက်နှာတွင် မိန်းခလေးများအား သူနှင့် လိင်ဆက်ဆံမလားဟု လိုက်လံမေးမြန်းထားသည့် ရုပ်သံကို ပြန်လည် ဖြုတ်ချသွားခဲ့သည်။
Nyein Chan Htet Aung ၏ လုပ်ဆောင်ချက်အပေါ် အရေးယူဆောင်ရွက်၍ ရ/မရ ဟူသည် ရုပ်သံရိုက်ကူးထုတ်လုပ် ဖြန့်ချိမှု စိစစ်ဆောင်ရွက်သူများနှင့် အဓိက သက်ဆိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်တွင် တေးသီချင်းဗွီဒီယိုများ ရိုက်ကူးထုတ်လွှင့် ပြသမှုနှင့် ပတ်သက်၍ ဆင်ဆာမူဝါဒတွင် ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး  အသိပေးထုတ်ပြန်ထားသည်။ ဆင်ဆာမူဝါဒများကို ရိုက်ကူးထုတ်လွှင့် ပြသမှုများဆောင်ရွက်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ဆိုသည်။

#News

2 months, 2 weeks ago
နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ပျံသန်း ဝင်ရောက်လာသော ဒရုန်းများအား ပစ်ချဟန့်တား

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ပျံသန်း ဝင်ရောက်လာသော ဒရုန်းများအား ပစ်ချဟန့်တား
နေပြည်တော်၊ ဧပြီ ၄

2 months, 2 weeks ago

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာ -တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သည်။
( MWDပြည်တွင်းရုပ်သံ/ရုက္ခစိုး/  9:27 PM 1/4/2024 )

2 months, 2 weeks ago
4 months, 2 weeks ago
kokhant(#kk)
We recommend to visit

Last updated 1 day, 12 hours ago

Информационное агентство Vesti.Az 
Website: https://vesti.az
Contact: @BOTAPAGroup

E-mail: news@vesti.az

Last updated 1 week, 3 days ago

Kanal Zyrtarë!

Last updated 1 month, 1 week ago