Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

စစ်ခွေးသင်္ချိုင်း

Description
မတရားမှုကိုမြေလှန်တော်လှန်ကြ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 weeks ago

3 days, 13 hours ago

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA)က ဆင်နွှဲလျက်ရှိရာ ဇွန်လ ဒုတိယပတ်အတွင်း မောရ၀တီ ဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်း ၄ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ဟု AAက ယနေ့(ဇွန်လ ၁၄ရက်) ထုတ်ပြန်သည်။

ဇွန်လဒုတိယပတ်အတွင်းလည်း မောင်တောမြို့နယ်အတွင်းရှိ တပ်စခန်း ၄ခုကို သိမ်းယူနိုင်ခဲ့ရာ ဇွန်လ ၁၀ရက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ - နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော် စခန်းတို့အား သိမ်းယူနိုင်ခဲံပြီး ဇွန်လ ၁၃ရက်တွင်  မောရဝတီဗျူဟာနှင့် နခေါင်းတို့စခန်းတို့အား သိမ်းယူရရှိခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော်အား သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

AAအနေဖြင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ် သိမ်းပိုက်ပြီးနောက် မောင်တောမြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းများအား ပြီးသတ်သိမ်းယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ဇွန်လဒုတိယပတ်အတွင်း တိုက်ပွဲများ၌ ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု အသိပေးသည်။ 

လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် ရန်သူ့တပ်ဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း AAက ထုတ်ပြန်သည်။

ဇွန်လပထမပတ်အတွင်းကလည်း မောင်တောမြို့နယ်ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆)စခန်း နှင့် နခခ (၉)စခန်းတို့အား AAက အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ယခု သိမ်းယူနိုင်မှု အပါအဝင် ဇွန်လဝက်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၁၀ခုထက်မနည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော ရန်သူ၏အခြားသော စခန်းများကိုလည်း  ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AAက အသိပေးသည်။

စစ်ကောင်စီတပ်ဘက်ကလည်း အရပ်သားများနှင့် အရပ်သားအသုံးပြုရာ လမ်းပိုင်များ ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုများ မကြာခဏ ကျူးလွန်လျက်ရှိရာ  ဇွန်လ ၁၃ရက်တွင် တောင်ကုတ်မြို့နှင့် (၈)မိုင်ခန့်အကွာရှိ တောင် ကုတ် - အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်း တံတားအား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့သည်ဟု ဆိုသည်။

ရေသြဇာမီးဖုတ်

3 days, 13 hours ago
စစ်ခွေးသင်္ချိုင်း
3 days, 13 hours ago

ကချင်ပြည်နယ် ဝိုင်းမော်-ချီဖွေလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့်(BGF)စခန်းကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ (ဇွန်လ ၁၄ရက်) သိမ်းပိုက်လိုက်ကြောင်းသိရသည်။

ချီဖွေ၊ ဆော်လော်၊ ကန်ပိုက်တည် ဒေသသည် ဦးစခုန်တိန့်ယိမ်း ခေါင်းဆောင်သည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF) တပ်စခန်းအများစုရှိပြီး KIA၏ ထိုးစစ်အောက်တွင် အဆိုပါ ပြည်သူ့စစ်နှင့် BGFများ စခန်းကို အလွယ်တကူ စွန့်ခွာထွက်ပြေးသွား ကြသည်။

ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုက်တည် ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များသည် မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းရန်၊ KIAနှင့် PDFကို ပြန်ထွက်မသွားနိုင်ရန် တိုက်ခိုက် ချေမှုန်းရန်၊ ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းရန်၊ ပြန်လည်ထွက်ခွာခွင့် မပေးရန် အမိန့်ပေးကြောင်း ဦးစခုန်တိန့်ယိန်း၏ အမိန့်စာ၌ ပါရှိသည်။

သို့ရာတွင် KIA၏ ထိုးစစ်စတင်ခဲ့သည့် ဇွန်လ ၁၁ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ၁၁ ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး တပ်စခန်း ၇ ခုမှာ မတိုက်ခိုက်ရဘဲ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ယနေ့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် BGFများ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခွေးပြေးဝက်ပြေးမီးဖုတ်ကဏ္ဍ

1 week, 5 days ago
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူစုပေးနေသည့် …

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီအတွက် စစ်မှုထမ်းရန် လူစုပေးနေသည့် ကျေးရွာအုပ်စု စာရေးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၂ ရက် နေ့လယ် ၁နာရီခွဲခန့်က မလှိုင်မြို့နယ်၊ ညောင်ကုန်းကျေးရွာတွင် နေထိုင်သော မြင်းဦးလှည့်ကျေးရွာအုပ်စု၊ အုပ်စုစာရေး ဖြစ်သူ အသက် (၃၉)နှစ်အရွယ် ကျော်ရဲအောင်နှင့် ဖျောက်ဆိပ်ကျင်းကျေးရွာအုပ်စု၊ အုပ်စုစာရေး ဖြစ်သူ (၂၉)နှစ်အရွယ် ဒေါ်ရွှေဇင်ဝင်းတို့အား ၎င်းတို့၏ နေအိမ်အသီးသီး၌ရှိနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"ဟုတ်ပါတယ်ဗျ။ အကြမ်းဖက်စစ်အုပ်စုရဲ့စစ်မှုထမ်းကိစ္စအတွက် အခြားစာရေးတွေ၊ အုပ်ကြီးတွေထက်စာရင် တက်တက်ကြွကြွနဲ့ မြို့နယ်နဲ့ပေါင်းပြီးလုပ်နေလို့ မဖြစ်မနေစံနမူနာအနေနဲ့ တော်လှန်ရေးအဖွဲ့တွေကအရေးယူလိုက်ရတာလို့ သိထားပါတယ်။"ဟု သိရှိရသည်။

မလှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာလျှင် လူ ၂၀နှုန်း မဲနှိုက်ရွေးချယ်ပြီး စစ်မှုထမ်းရန် ဖိအားပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၅ရက်ကလည်း မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်နှင့်ပလိပ်မြို့တို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။

1 week, 5 days ago
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသော နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး …

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်နေသော နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး မန်းကျော် သည် လူငယ်များကို စစ်တပ်အတွက် တပ်သားသစ်အဖြစ် စုဆောင်းရာတွင် ပါဝင်ခဲ့သည့်အတွက် PDF တပ်များက အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ စစ်တပ်နှင့်အမြဲ အဆက်အသွယ် လုပ်နေခဲ့ခြင်းကြောင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရွာငံမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါသည်။

အုပ်ပေါက်ကြီးမီးဖုတ်ကဏ္ဍ

1 week, 5 days ago

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းဆေးရုံနှင့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခင်ရှည်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခြင်း ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် ကလေးငယ် တစ် ဦး သေဆုံးပြီး ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် ပြည်သူ ၁၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း NUG ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ဇွန်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၆ မိနစ်အချိန် ရွှေကူမြို့နယ်၊ မြို့ကုန်းဆေးရုံကို အကြမ်းဖက်စစ် ကောင်စီက လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံနှင့် ဝန် ထမ်း အိမ်ရာများ ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၉ နှစ်ကျော်အရွယ် လူနာစောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ကျန်းမာ ရေး ဝန်ထမ်းများ၊ လူနာစောင့်များနှင့် ပြည်သူများ စုစုပေါင်း ၁၇ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ထို့သို့ ထိခိုက်ဒဏ်ရာရရှိသူများ အနက် ၃ ဦးအပြင်းအထန်ဒဏ်ရာရှိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၃ ဦး ထဲတွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင် ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်တွင် ပေါက်မြို့နယ်၊ ခင်ရှည်ကျေးရွာ ဆေးခန်းကို လေကြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ဆေးခန်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ကျောင်းသားကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတ ကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း NUG အစိုးရက ထောက်ပြ ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်း များ၊ ဒေသနေပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံး ထိ ခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည် ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရပြင်း ထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUG က ပြောသည်။

လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအား ပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် NUG အစိုးရက အလေး အနက် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိ ရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ ဘက်၌ စာနာရပ်တည်ပေး ရန် အထူးလိုအပ်နေပါကြောင်း NUG အစိုးရ ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိ သည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့ အ စည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ် ငြိမ်း ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူ တစ်ရပ် လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားသည်။

3 weeks ago
လှိုင်သာယာစည်ပင်ရုံး အုန်း

လှိုင်သာယာစည်ပင်ရုံး အုန်း

3 weeks ago
အသင်တို့၏ဆန္ဒအတိုင်း ပြည့်ဝသောနေ့များဖြစ်စေခြင်းသည် သင်္ချိုင်းအတွက် မင်္ဂလာရှိသောနေ့သစ်များဖြစ်သည်။

အသင်တို့၏ဆန္ဒအတိုင်း ပြည့်ဝသောနေ့များဖြစ်စေခြင်းသည် သင်္ချိုင်းအတွက် မင်္ဂလာရှိသောနေ့သစ်များဖြစ်သည်။

ခွေးမီးဖုတ်

3 weeks ago

ချင်းပြည်နယ် တီတိန်မြို့တွင်တိုက်ပွဲပြင်းထန်နေပြီ ရဲခွေး ၉ ကောင်အရှင်းဖမ်းမိထားပြီး လက်နက််ခဲယမ်းများရရှိထား။ တပ်ဆုတ်ခွာနေရသော ဖက်ဆစ်ခွေးများက လေကြောင်းပစ်ကူအပြင် မြို့နေပြည်သူများရဲ့အိမ်များအားမီးရှို့ဖျက်စီးနေကြောင်း သိရှိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဖက်ဆစ်ခွေးမိစ္ဆာတပ်နှင့် KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

4 weeks, 1 day ago
စစ်ခွေးသင်္ချိုင်း
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 weeks ago