Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

The Irrawaddy - Burmese

Description
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Advertising
We recommend to visit

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months, 2 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 2 weeks, 5 days ago

Freedom over censorship, truth over narrative. Question more!

Last updated 2 years, 2 months ago

1 месяц, 2 недели назад

ထိုင်ဝမ်တွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်လှုပ်ခတ်

ဧရာဝတီ၊ ဧပြီ ၃၊ ၂၀၂၄

ထိုင်ဝမ်၌ ယနေ့ နံနက်ပိုင်း ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်က အင်အားအလွန်ပြင်းထန်သော ရစ်ချက်တာစကေး ၇ ဒသမ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်ဖြစ်ကြောင်း ထိုင်ဝမ်သတင်းများတွင် ဖော်ပြသည်။

အဆိုပါ ငလျင်သည် ထိုင်ဝမ်နိုင်ငံ အရှေ့ကမ်းရိုးတန်း၊ Hualien မြို့၏ တောင်ဘက် ၁၁ မိုင်အကွာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၄ ရစ်ချက်တာစကေး အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားခြင်းဖြစ်ပြီး ဆူနာမီ ဖြစ်ပေါ်နိုင်သော သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် သတိပေးချက်ကို ပြန်လည် အဆင့်လျှော့ချခဲ့ကြောင်း သိရသည်။

ငလျင်ကြောင့် Hualien မြို့ ရှိ အဆောက်အဦများစွာ ပျက်စီးသွားခဲ့ပြီး လူဦးရေ ၂၃ သန်းနေထိုင်သည့် ထိုင်ဝမ်တွင် လက်ရှိ သယ်ယူပို့ဆောင်ရေးရထားများ ရပ်နားထားရကြောင်း သိရသည်။

လတ်တလောရရှိထားသော သတင်းများအရ ငလျင်ကြောင့် လူအနည်းဆုံး ၄ ဦး သေဆုံးကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

နံနက် ၁၁:၀၁ နာရီအထိ ငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၄၄ ကြိမ်ရှိပြီး ပြင်းအား ၆ ဒသမ ၀ ထက်မပိုသော နှစ်ကြိမ်နှင့် ပြင်းအား ၅ ဒသမ ၀ ရှိ ကိုးကြိမ်ခန့် လှုပ်ခတ်ခဲ့သည်။

ယခု ငလျင်သည် ထိုင်ဝမ်တွင် ၁၉၉၉ ခုနှစ်က ရစ်ခ်ျတာစကေး ၇ ဒသမ ၃ အဆင့်ရှိငလျင်ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရသော ငလျင်ပြီးနောက် အပြင်းထန်ဆုံး ဖြစ်သည်။

ဓာတ်ပုံ-Focus Taiwan

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

ထိုင်ဝမ်တွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်လှုပ်ခတ်
1 месяц, 2 недели назад
The Irrawaddy - Burmese
1 месяц, 2 недели назад
The Irrawaddy - Burmese
1 месяц, 2 недели назад

https://youtu.be/xqx8Le8Kx8s

YouTube

စစ်ပဋိပက္ခဒေသက အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်မစောင့်နိုင်

စစ်ပဋိပက္ခဒေသက အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်မစောင့်နိုင် (ရုပ်/သံ) စောမေရီ၊ ဧပြီ ၁၊ ၂၀၂၄ အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားပြီး ဥပုသ်စောင့်ကြတဲ့ ရမ်ဇာန်ဥပုသ်ကာလဟာ မြန်မာနိုင်ငံမှာ မတ်၁၂ရက်ကနေ စတင်ပြီး ဧပြီလ ၁၁ရက်လောက်အထိ ဖြစ်မယ်လို့ အစ္စလာမ် ဘာသာဝင်တွေက ပြောပါတယ်။…

1 месяц, 2 недели назад

ဧပြီ ၂ ရက်တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။

ပြင်ပ ဆန်ဈေး

ရွှေဘိုပေါ်ဆန်း အသစ် ၁ အိတ်လျှင် ၁၄၄၀၀၀ ကျပ် ဝန်းကျင်မှ ၁၆၂၀၀၀ ကျပ်
ဧရာဝတီပေါ်ဆန်း ၁ အိတ်လျှင် ၁၂၅၀၀၀ ကျပ်မှ ၁၄၀၀၀၀ ကျပ်ကျော်
ပေါ်ကျွဲဆန် ၁ အိတ် ၉၇၀၀၀ ကျပ်ကျော်မှ ၁၀၀၀၀၀ ကျပ်
ဆန်ကြမ်း (အဟောင်း ရက် ၉၀) ၁ အိတ်လျှင် ၁၀၅၀၀၀ ကျပ်ကျော် မှ ၁၁၅၀၀၀ ကျပ်အထိ
ဆန်ကြမ်း ( အသစ် ရက် ၉၀) ၁ အိတ်လျှင် ၉၂၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်ကျော်ထိရှိ
ဆန်ကြမ်း (နှံကား အသစ်) ၁ အိတ်လျှင် ၈၂၀၀၀ ကျပ်မှ ၈၄၀၀၀ ကျပ်
မနောသုခဆန် ၁ အိတ်လျှင် ၈၅၀၀၀ ကျပ်

ယခုတပတ်ပြင်ပ ဆန်ဈေးကွက်တွင် ဆန်ချောဈေးမှာ အမြင့်ဈေးတွင် ဆက်လက်ရှိနေပြီး ဆန်ကြမ်း ဈေးမှာ အိတ်စပို့သမားများ အဝယ်နည်းပါးသောကြောင့် တအိတ်လျှင် ကျပ် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် ကြား ဈေးကျလာကြောင်း သိရသည်။

ထို့ပြင် လက်ရှိတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးမှာလည်း ကုန်စည်ဒိုင်တွင် ယခင်အတိုင်း ရှိနေဆဲ ဖြစ်သည်။

စားအုန်းဆီ

စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၅၂၅၀ ကျပ်

ယင်းဈေးမှာ ဧပြီ ၁ ရက်မှ ၇ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှတဆင့် စားဆီ တင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချ ပေးနေကြောင်း လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်သိရသည်။

ထိုသို့ ရောင်းချပေးနေသော်လည်း စားဆီ ဈေးမှာ လက်လီ စားသုံးသူများ၊ ဆိုင်သမားများ လိုသလောက်မရရှိပဲ အပြင်ပပေါက်ဈေး (မှောင်ခိုဈေး) မှာရန်ကုန်ဈေးကွက်မှာပင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ဝန်းကျင် တွင်ရှိနေသည်။

(ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများ ဖြစ်ပြီး နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ၊ ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။)

စက်သုံးဆီ

ဓာတ်ဆီ ၉၂ ၁ လီတာ ၂၇၉၅ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၉၁၅ ကျပ်
ဒီဇယ် ၁ လီတာ ၂၄၀၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၄၄၅ကျပ်

ယင်းမှာ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီ ဈေးနှုန်းများကို တပတ်တခါ ဈေးနှုန်းအပြောင်းအလဲ သတ်မှတ်ပြုလုပ်ထားသည်ကို တွေ့ရသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် စက်သုံး ရရှိရန်အတွက် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရခြင်း၊ တချို့နေရာများတွင် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။

ထို့ပြင် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်သလို ပြင်ပဈေးကွက်နှင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေး ထက် ပို၍ မြင့်တက်မှုများ ရှိနိုင်သည်။

ရွှေနှင့် ဒေါ်လာ

အမေရိကန် ၁ ဒေါ်လာလျှင် စစ်ကောင်စီ သတ်မှတ်ဈေးမှာ ၂၁၀၀ ကျပ်
ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၃၈၇၅ ကျပ်ဝန်းကျင်တွင်ရှိနေ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၈၆၉၁၀၀ ကျပ်
ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂၂၅၃ ဒေါ်လာ
ပြင်ပ အကယ်ဒီအခေါက်ရွှေဈေး ၄၄၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ
ပြင်ပ လက်ဝတ်ရတနာ (၁၅ ပဲရည်) ရွှေဈေး ၄၁၀၀၀၀၀ ကျပ်ကျော်တွင်ရှိနေ

အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။
���
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒ#ဒေါ်လာဈေး

1 месяц, 2 недели назад
The Irrawaddy - Burmese
3 месяца, 2 недели назад

အသံတိတ်သပိတ်မှာ လှုံ့ဆော်တဲ့သူတွေ ၊ ကိုယ်တိုင်ပါဝင်တဲ့သူတွေ၊ ဆိုင်ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးအရေးယူတာတွေရှိတယ်။ ပို့စ်တွေကို ရှယ် ပြီးတော့ ရေးတဲ့သူတွေကိုလည်း ဖမ်းတာတွေရှိတယ်
Website တွင် ဖတ်ရန် https://bit.ly/4bqyowQ
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ စာနာနားလည်သော ပံ့ပိုးမှုသည် မိမိတို့လုပ်ငန်းများကို ပိုမိုကြံ့ခိုင်စေပြီး ယခုကဲ့သို့ အရေးပါသည့် အချိန်တွင် ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး သတင်းဖော်ပြချက်များနှင့် အရည်အသွေးမီ သတင်းအချက်အလက်များကို ဖော်ပြစေနိုင်မည်ဖြစ်ပါသည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

အသံတိတ်သပိတ်မှာ လှုံ့ဆော်တဲ့သူတွေ ၊ ကိုယ်တိုင်ပါဝင်တဲ့သူတွေ၊ ဆိုင်ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးအရေးယူတာတွေရှိတယ်။ ပို့စ်တွေကို ရှယ် ပြီးတော့ ရေးတဲ့သူတွေကိုလည်း ဖမ်းတာတွေရှိတယ်
3 месяца, 2 недели назад

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတွင် တိုက်ပွဲဖြစ်နေ

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၄

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း သင်္ကန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာကြား ယနေ့ နေ့လယ် ၂ နာရီခန့်မှစပြီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တပ်မဟာ-၆ မှ အရာရှိတဦးက “ညီနောင်ရွာသစ်ကျေးရွာနားကစပြီး ဖြတ်တောက်ထားလိုက်ပြီ အာရှလမ်းမကြီးကို။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေနဲ့ပစ်တာ ရှိတယ်။ အဲဒီနားမှာ ရဲစခန်းတခုပဲ ရှိတယ်” ဟု ပြောသည်။

KNLA ပူးပေါင်းတပ်များသည် မြဝတီမြို့အနီးရှိ ကုန်သွယ်ဇုန်လမ်းမအား ပိတ်ဆို့ပြီးနောက် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ သင်္ကန်းညီနောင်ဗျူဟာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံနေအိမ်အချို့ ပျက်စီးခဲ့ကာ အသက် ၈၆ နှစ်အရွယ် အဖွားအိုတဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက “တိုက်ပွဲကတော့ ဖြစ်နေတယ်။ အသံတွေလည်း ကြားရတယ်။ စိုးရိမ်ပေမယ့် လောလောဆယ်တော့ ထွက်မပြေးသေးဘူး” ဟု ပြောသည်။

ယနေ့ညနေပိုင်းထိ ပူးပေါင်းတပ်များဘက်မှ အာရှလမ်းမကြီးအား ဖြတ်တောက်စိုးမိုးထားပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းလည်း ကာကွယ်ရေးအဖွဲ့ဝင်အချို့က ဆိုသည်။

ကရင်ပြည်နယ်သတင်းများအား ရေးသားဖော်ပြနေသည့် KIC သတင်းဌာနကလည်း ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက KNLA ပူးပေါင်းတပ်များ စစ်တပ်ရဟတ်ယာဉ်တစီးကို ပစ်ချတိုက်ခိုက်နိုင်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက ဘားအံ၊ ကျုံဒိုး၊ နဘူးတပ်နယ်များမှ စစ်ကူအင်အား ၅၀၀ ခန့် မြဝတီမြို့ဘက်သို့ တက်လာနေကြောင်း သတင်းများပေါ်ထွက်လာမှုနှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၆ နယ်မြေ မြဝတီမြို့သည် ကုန်သွယ်ရေးအရ အရေးပါသည့် မြို့တမြို့ဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းထိ နယ်ခြားစောင့်တပ်များက မြို့လုံခြုံရေးအား အဓိက တာဝန်ယူထားခဲ့သည်။

သို့သော် ဇန်နဝါရီလကုန်ပိုင်းမှစပြီး ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ်များ စစ်ကောင်စီနှင့် မပူးပေါင်းတော့သည့်အတွက် စစ်တပ်အင်အားမှာ သိသိသာသာလျော့နည်းလျက် ရှိသည်။

ပုံစာ - သင်္ကန်းညီနောင်ဗျူဟာမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနေအိမ်အချို့ ပျက်စီးခဲ့ (ဓာတ်ပုံ / CJ)

#WhatsHappeningInMyanmar
#RejectMilitaryCoup

3 месяца, 2 недели назад

မြောက်ဦးရှိ စစ်ကောင်စီတပ်ရင်းမှ သိမ်းမိသည့် လက်နက်များ AA ထုတ်ပြ

ဧရာဝတီ ၊ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၄

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ-၅၄၀ တပ်ရင်းမှ သိမ်းမိသည့် လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၂ ရက်တွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။

ခမရ-၅၄၀ သည် မြောက်ဦးမြို့အရှေ့ဘက်၌ ရှိပြီး ဇန်နဝါရီ ၃၀ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်တွင် AA က အပြီးသတ် ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
AA ကထုတ်ပြန်လာသည့် ဓာတ်ပုံများအရ စစ်ကောင်စီတပ်ရင်းထံမှ MA စီးရီးဝင် ချေမှုန်းရေးရိုင်ဖယ် ၁၄၀ ထက်မနည်း အပါအဝင် နောက်ပွင့်လောင်ချာ ၂ လက် ၊ စိန်ပြောင်းအကြီးအသေး ၂၁ လက် နှင့် ငါးကြင်းမြီးခေါ် MA-15 စက်သေနတ် ၃ လက် ၊ ပစ္စတို ၉ လက် ၊ မြေမြှုပ်မိုင်းများ ၊ လက်ပစ်ဗုံးများနှင့် မော်တာကျည်အလုံး ၂၀ ခန့်ကိုသိမ်းဆည်းထားကြောင်း တွေ့ရသည်။

မြောက်ဦးမြို့တွင် စစ်ကောင်စီ၏ ခမရ- ၅၄၀၊ ခမရ-၃၇၇ နှင့် ခမရ-၃၇၈ တပ်ရင်း ၃ရင်းရှိသည့် အနက် ခမရ-၅၄၀ တပ်ရင်းကို ဦးစွာ AA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ရင်း ၂ ရင်းကိုလည်း အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်အရသိရသည်။

ပုံစာ- မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ-၅၄၀ တပ်ရင်းမှ သိမ်းမိသည့် လက်နက်ခဲယမ်းများ/AA Info Desk

#WhatsHappeningInMyanmar
#RejectMilitaryCoup

3 месяца, 3 недели назад

လက်နက်ကိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆို၍မရဟု စစ်ခေါင်းဆောင် ပြော

ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၄

လူထုခုခံစစ်ကြောင့် မြို့များနှင့် တပ်စခန်းအများအပြား လက်လွှတ်ဆုံးရှုံးနေရသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုယ်ပိုင်အုပ်ချုပ် ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင်တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးအရဆွေးနွေးကာ လွှတ်တော်တွင် အတည်ပြုရန်လိုအပ်ကြောင်း ပြောသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ (၁/၂၀၂၄) အစည်းအဝေးတွင် ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဖြစ်ပွားနေသည့် ပြဿနာသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်မှ တောင်းဆိုလာခြင်းဖြစ်ပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်ရန် လိုအပ်ချက်များစွာ ရှိနေကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။

စစ်ခေါင်းဆောင်အနေဖြင့် တိုင်းရင်းသားများတောင်းဆိုသော ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းခွင့်အတွက် လွှတ်တော်တွင် အတည်ပြုရန်လိုကြောင်း ပြောသော်လည်း စစ်တပ်က အာဏာသိမ်းခဲ့သဖြင့် လွှတ်တော်ဖျက်သိမ်းခဲ့ရပြီ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးကာလအတွင်း လူထုလက်နက်ကိုင်တော်လှန်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်ခုအတွင်းမှ မြို့များနှင့် စစ်တပ်စခန်းရာချီကို ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားချိန်တွင် စစ်ခေါင်းဆောင်က နိုင်ငံရေးအရလုပ်ဆောင်ရန် ပြောဆိုလာခြင်းလည်း ဖြစ်သည်။

ထို့ပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုအား ပြိုကွဲစေလိုသည့် နိုင်ငံရေးအမြတ်ထုတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က လူငယ်များအား လေ့ကျင့်သင်တန်းပေးကာ လက်နက်ခဲယမ်းထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်အတွင်း မြို့နယ်အချို့၌ လက်နက်ကိုင်တိုက်ခိုက်မှုများ ပေါ်ပေါက်လာကြောင်း ၎င်းက ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် မြို့များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီဖြစ်သည့်အပြင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်တပ်လက်အောက်ရှိ မြို့များနှင့် တပ်စခန်းများအား တိုက်ခိုက် သိမ်းပိုက်လျက်ရှိသည်။

ထို့ပြင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးအတွင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ ဟိုပန်နှင့်ပန်လုံမြို့တို့၏ စီမံအုပ်ချုပ်ခွင့်အား စစ်ကောင်စီခန့် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌကိုယ်တိုင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ထံ အခမ်းအနားဖြင့်ပင် တရားဝင်လွှဲပြောင်းပေးခဲ့ရသည်။

လက်ရှိတွင် နိုင်ငံတဝှမ်းစစ်ရေးအရ ရှုံးနိမ့်မှုများဖြင့် အကျပ်အတည်းတွေ့နေသည့် စစ်ကောင်စီသည် အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ရွေးကောက်ပွဲတရပ်ကျင်းပရန်လည်း ကြိုးပမ်းနေပြီး နိုင်ငံရေးအရတည်ငြိမ်မှုရှိစေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးနေကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ထို့ပြင် နိုင်ငံရေးပါတီများနှင့် ပြည်သူ့လုံခြုံရေးစနစ်ဖော်ဆောင်ရန် ဆွေးနွေးခဲ့ရာ အဓိကအားဖြင့် အကြမ်းဖက်မှုများအား သတင်းပေးရန်ဖြစ်ပြီး သတင်းပေးပို့သူကိုလည်း လျှို့ဝှက်ပေးရမည်ဖြစ်ကာ ပြည်သူ့လုံခြုံရေးစနစ်မှတဆင့် ပြည်သူ့ကာကွယ်ရေးစနစ်ဖော်ဆောင်သွားရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

We recommend to visit

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 4 months, 2 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 2 weeks, 5 days ago

Freedom over censorship, truth over narrative. Question more!

Last updated 2 years, 2 months ago