Unlock a World of Free Content: Books, Music, Videos & More Await!

The Irrawaddy - Burmese

Description
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Advertising
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 week ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months, 3 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month, 3 weeks ago

18 hours ago
ကာတွန်း

ကာတွန်း

A War Economy (ကာတွန်း- ဘီရုမာ/ဧရာဝတီ)

https://bit.ly/3XqmYov

19 hours ago

ဒေသထွက်ဆန်ဆိုပေမယ့် ကုန်သည်တွေက နောင်မွန်းဘက်က လယ်လုပ်တဲ့ မိသားစုဆီကို သွားတယ်။ စပါး ၃ပုံးဖြစ်ဖြစ် ၅ပုံးဖြစ်ဖြစ် ရသလောက် ရောင်းပေးပါဆိုပြီး လိုက်ဝယ် ဆန်စက်မှာ သွားကြိတ်ပြီး ရောင်းတာ။ ဒါတောင်မှ ရှားနေပြီ။ တယောက်ကို နို့ဆီဗူး ၄ဗူးလောက်ပဲ ဝယ်လို့ရတယ်။ ၄ဗူး တသောင်းပေးရတယ်။ဒါက လူအကုန်ဝယ်လို့ရတဲ့အထိ မလောက်တော့ဘူး

Website တွင် ဖတ်ရန် https://bit.ly/3VJaUNB
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ

ပူတာအိုတွင် ဆန်ပြတ်မည်ကို ဒေသခံများစိုးရိမ်

ယခုနှစ်တွင် လယ်သမား ၈၀ ရာခိုင်နှုန်းနီးပါး စပါးမစိုက်နိုင်သေးကြောင်းနှင့် ကျွဲ၊ နွား မရှိသည့် တောင်သူတချို့မှာ လူအင်အားကို အသုံးပြုပြီး လယ်ထွန်နေကြရကြောင်း

ဒေသထွက်ဆန်ဆိုပေမယ့် ကုန်သည်တွေက နောင်မွန်းဘက်က လယ်လုပ်တဲ့ မိသားစုဆီကို သွားတယ်။ စပါး ၃ပုံးဖြစ်ဖြစ် ၅ပုံးဖြစ်ဖြစ် ရသလောက် ရောင်းပေးပါဆိုပြီး လိုက်ဝယ် ဆန်စက်မှာ သွားကြိတ်ပြီး ရောင်းတာ။ ဒါတောင်မှ ရှားနေပြီ။ တယောက်ကို နို့ဆီဗူး ၄ဗူးလောက်ပဲ …
19 hours ago

သန်လျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန်ကြံစည်မှုဖြင့် ၄ ဦး ထပ်အဖမ်းခံရ

ဧရာဝတီ၊ ဇွန် ၁၇၊ ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည့် သန်လျင် အမှတ် ၃ တံတားသစ်ဖွင့်ပွဲတွင် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရန်စီစဉ်သူ ၉ ဦး ဖမ်းဆီးမှုနှင့်ဆက်စပ်၍ မြို့ပြပြောက် ကျားတပ်ဖွဲ့ဝင် လူငယ် ၄ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ စစ်ကောင်စီက ထုတ်ပြန်ထား သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖမ်းဆီးရမိထားသူများကို စစ်ဆေးရာမှ Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အသက် ၂၁ နှစ် မှ ၃၄ နှစ်အရွယ်အတွင်းရှိ ကိုမျိုးသိန်းထွန်း၊ ကိုဇော်ကြီး (ခ) ကိုထက်၊ ကိုရဲဇော်ထွန်း (ခ) ဖီးနစ်နှင့် ကိုရှိန်းမြင့်မိုရ်အောင် (ခ) ကိုရှိန်းတို့အား ဇွန် ၁၄ ရက်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ရန်ကုန်မြို့ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်နှင့် ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တို့တွင် ဖောက်ခွဲမှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။

စစ်ကောင်စီထုတ်ပြန်ထားသော ဓာတ်ပုံများအရ ဖမ်းဆီးခံထားရသည့် အသက် ၃၄ နှစ်အရွယ် ကိုရဲဇော်ထွန်း (ခ) ဖီးနစ်၏ မျက်နှာမှာ ဖူးရောင်ဒဏ်ရာများနှင့် ရိုက်နှက်ခံထားရသည်ကို တွေ့ရသည်။

ဇွန် ၈ ရက်က ပြုလုပ်သည့် သန်လျင်တံတားဖွင့်ပွဲတွင် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မည့် ရန်ကုန်လူငယ်များကို ဖမ်းဆီးပြီးနောက်ပိုင်း၌ ရန်ကုန် တိုင်းအတွင်းအကြမ်းဖက်သမားများ၏ အငွေ့ အသက်ကင်းစင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရမည်ဟု စစ်ခါင်းဆောင်က ဇွန် ၁၀ ရက်တွင် ပြောဆိုထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

သန်လျင်တံတားဖွင့်ပွဲ တိုက်ခိုက်ရန်ကြံစည်မှုဖြင့် ၄ ဦး ထပ်အဖမ်းခံရ
1 day, 17 hours ago

မသေဖို့အရေး ပတ်ပြေးနေရတယ်၊ သံတွဲ ဆင်ခေါင်းကနေ ပြေးလာတာ၊ အခုတောင်ကုတ်ကနေ ပြေးရ ပြန်ဦးဖို့၊ မနေ့ နေ့လယ်ကတည်းက လေယာဉ်နဲ့ကြဲလိုက် အိမ်နားတောင်က အမြောက်နဲ့ လှမ်းထုလိုက်လုပ်နေတာ ဘယ်ကိုကျလဲ အတိအကျမသိ၊ မီးချောင်းထိုးဆိုလား အဲဒီဘက်လို့လည်း ပြောတယ်။ အခု ညဘက်လည်း ဒရုန်းနဲ့ ဝဲပြီး နေတယ်ကြဲနေတယ်

Website တွင် ဖတ်ရန် https://bit.ly/4cnGCpm
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ

AA နှင့် စစ်တပ်တိုက်ပွဲ တောင်ကုတ်အထိပျံ့လာ

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် ဧရိယာများသာမက တိုက်ပွဲနှင့် မသက်ဆိုင်သည့် တောင်ကုတ် မြို့နှင့် ထိစပ်နေသည့် ကျေးရွာများဘက်သို့လည်း အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု ရှိနိုင်

မသေဖို့အရေး ပတ်ပြေးနေရတယ်၊ သံတွဲ ဆင်ခေါင်းကနေ ပြေးလာတာ၊ အခုတောင်ကုတ်ကနေ ပြေးရ ပြန်ဦးဖို့၊ မနေ့ နေ့လယ်ကတည်းက လေယာဉ်နဲ့ကြဲလိုက် အိမ်နားတောင်က အမြောက်နဲ့ လှမ်းထုလိုက်လုပ်နေတာ ဘယ်ကိုကျလဲ အတိအကျမသိ၊ မီးချောင်းထိုးဆိုလား အဲဒီဘက်လို့လည်း ပြောတယ်။ အခု …
1 day, 17 hours ago

ဗိုလ်သင်တန်းတက်ရောက်သူနည်းလာ၍ အသက် ကန့်သတ်ချက် ဖြေလျော့

ဧရာဝတီ၊ ဇွန် ၁၆၊ ၂၀၂၄

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တက္ကသိုလ်များသို့ တက်ရောက်မည့်လူဦး ရေမှာ သိသိသာသာလျော့နည်းလာခြင်းကြောင့် စစ်ကောင်စီက အသက်ကန့်သတ်ချက်အား ဖြေလျော့လိုက်ကြောင်း သိရသည်။

မကြာသေးခင် ရက်ပိုင်းအတွင်း စစ်ဆေးတက္ကသိုလ် ဗိုလ်လောင်းနှင့် စစ်အင်ဂျင်နီယာ ဗိုလ်လောင်းများခေါ်ယူရာ၌ လျှောက်ထားသူသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အသက် ၁၇ နှစ်ထက် မငယ်ရ အသက် ၂၀ နှစ်ထက် မကြီးရ ဟု သတ်မှတ်ထားသည်။ ယခင်က အဆိုပါ သင်တန်းကျောင်းများအတွက် ဗိုလ်လောင်းခေါ်ယူရာတွင် အသက် ၁၈ နှစ် ထက်မကြီးရဟု သတ်မှတ်ထားခြင်းဖြစ်ရာ ၂ နှစ် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တက္ကသိုလ်သို့ တက်ရာက်ရန် လျှောက်ထားသူမှာ တနှစ်ထက်တနှစ် လျော့ကျခဲ့ပြီး စစ်သားမိသားစုများထဲကပင် ဝင်ရောက်မည့်သူ နည်းပါးလာသည့်အတွက် ယခုကဲ့သို့ အသက် တိုးမြှင့် သတ်မှတ်ခြင်းဖြစ်ကြောင်း CDM စစ်သည်များက မှတ်ချက်ပြု သည်။

ယခုနောက်ပိုင်း၌ စစ်တက္ကသိုလ်များမှ သင်တန်းသားခေါ်ယူရာတွင် လျှောက်ထားသူမှာ ၁၀၀ အောက်သာရှိပြီး ယခင် က ၁ နှစ်လျှင် အနည်း ဆုံး ၃၀၀ မှ အများဆုံး ၁၀၀၀ ထိ လျှောက်ထားကြကြောင်း သိရသည်။ သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများတွင် အထိအခိုက်အကျ အဆုံးများလာခြင်း၊ ရာထူးတက်ရန် အခွင့်အလမ်းနည်းပါးလာခြင်း၊ ပြည် သူလူထုမှ စစ်တပ်အား မုန်းတီးလာခြင်းတို့ကြောင့် အခြားအဆင့်များတွင်သာမက ဗိုလ်သင်တန်းကျောင်းများမှာပင် ဝင်ရောက်သူနည်းလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီသည် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကာ အတင်းအကျပ် စစ်သားသစ် ခေါ်ယူစုဆောင်းလျက်ရှိသည်။

ပုံစာ - စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၆၅ သင်တန်းဆင်းပွဲ/ CINCDS

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

ဗိုလ်သင်တန်းတက်ရောက်သူနည်းလာ၍ အသက် ကန့်သတ်ချက် ဖြေလျော့
1 day, 17 hours ago
The Irrawaddy - Burmese
1 week, 1 day ago

အမြင့်ပေ ၃၀၀၀ ခန့်အတွင်းမှာ ပျံသန်းမယ့် မောင်းသူ ပါတာနဲ့ မောင်းသူမဲ့ မြို့ပြ လေယာဉ် အမျိုးအစား နှစ်မျိုးလုံး ဖြစ်ပြီး ဝေဟင်ပျံ အငှားယာဉ်များ အဖြစ်သာမက ကိုယ်ပိုင် ခရီးသည်တင် ယာဉ်များ အဖြစ်ပါ သုံးနိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

Website တွင် ဖတ်ရန် https://bit.ly/3yMBBIg
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ဧရာဝတီ

တရုတ် ကွမ်ကျိုးမြို့ ကောင်းကင်ယံမှာ ကားပျံတွေ လာတော့မယ်တဲ့

ပိုက်ဆံ သုံးနှိုင်တဲ့ လူကုံထံ အသိုင်းအဝိုင်းနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

အမြင့်ပေ ၃၀၀၀ ခန့်အတွင်းမှာ ပျံသန်းမယ့် မောင်းသူ ပါတာနဲ့ မောင်းသူမဲ့ မြို့ပြ လေယာဉ် အမျိုးအစား နှစ်မျိုးလုံး ဖြစ်ပြီး ဝေဟင်ပျံ အငှားယာဉ်များ အဖြစ်သာမက ကိုယ်ပိုင် ခရီးသည်တင် ယာဉ်များ အဖြစ်ပါ သုံးနိုင်ဖို့ …
1 week, 1 day ago

တီးတိန် မံဆောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ

ဧရာဝတီ၊ ဇွန် ၉၊ ၂၀၂၄

ချင်းပြည်နယ် ကလေး- တီးတိန်- ရိဒ်ကားလမ်းရှိ မံဆောင်းတံတား ဇွန် ၈ ရက် မနက်က မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇွန် ၈ ရက်တွင် တီးတိန်မြို့နှင့် ၃ မိုင်အကွာရှိ လမ်းဇန်ကျေးရွာသို့ ဝင်ရောက်၍ လမ်းသွားလမ်းလာ လူငယ် ၃၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ကာ ထိုစစ်ကြောင်းမှ တံ တားကိုလည်း မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတဦးက "သူတို့က လမ်းဇန်ကို အရင်လာတယ်။ လူငယ်တွေရဲ့ ဖုန်းတွေစစ် မြေပေါ်မှာ ၃ နာရီလောက်ကြာအောင် မှောက်ထားခိုင်းတယ်။ ပြီးတော့ သူတို့စစ်ကြောင်းက တချို့က မံဆောင်းတံတားဘက်တက်သွားပြီး မိုင်းခွဲလိုက်တယ်။ မိုင်းခွဲပြန်လာတော့မှ ဖမ်းထားတဲ့သူတွေကို လွှတ် ပေးတာ" ဟု ပြောသည်။

အဆိုပါ တံတားသည် တီးတိန်မြို့နှင့် ၇ မိုင်အကွာ မဏိပူရမြစ်ပေါ်ရှိ တံ တားအရှည် ၃၆၀ ပေ၊ တံ တားခံနိုင်ဝန်အား ၁၃ တန်ရှိသော မြစ်ကူးကြိုး တံတားဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးတွင်လည်း အရေးပါသော တံတားဖြစ်ကာ တံတားသက်တမ်းကြာမြင့်လာသောကြောင့် ၁၃ တန်အောက် ကားများသာ သွားလာခွင့်ပြုထားသည်။ ၂၀၂၀ ပြည့်နှစ်တွင် အဆိုပါ တံတားအနီး သံကူကွန်ကရစ်တံတား ၁ စင်း စတင်ဆောက်လုပ်ခဲ့သော်လည်း ပြီးစီးခြင်းမရှိသေးသောကြောင့် အသုံးပြု၍ မရသေးကြောင်း ဒေသခံများက ပြောသည်။

မေလ ၂၆ ရက်မှ စတင်၍ PDF Zoland ဦးဆောင်သော ချင်းတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စွဲထားသော နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင် တန်း (န.တ.လ)ရုံးနှင့် တာဝါတိုင်စခန်းကုန်းတို့ကို သိမ်းယူရရှိထားကြောင်း၊ လက်ရှိ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များ တံတားကို အသုံး ပြု၍ တီးတိန်သို့ မဝင်နိုင်ရန် ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်နိုင်ကြောင်း PDF Zoland မှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်ကောင်စီ လော်ဘီချန်နယ်များတွင်မူ မံဆောင်းတံတားကို ချင်းပူး ပေါင်းအဖွဲ့များ ဖျက်ဆီးခြင်း ဖြစ်ကြောင်း ရေးသားထားကြသည်။

ဓာတ်ပုံ- CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

တီးတိန် မံဆောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
1 week, 1 day ago
The Irrawaddy - Burmese
1 week, 2 days ago

တရားမဝင်ငွေဖြင့် ပြည်ပအိမ်ခြံမြေများ ဝယ်ယူနေဟု စစ်ခေါင်းဆောင် ပြော

ဧရာဝတီ၊ ဇွန် ၈၊ ၂၀၂၄

ပြည်ပနိုင်ငံများ၌ အိမ်ခြံမြေဝယ်ယူကြရာတွင် တရားမဝင်ငွေကြေးများဖြင့် ဝယ်ယူခြင်းများရှိခဲ့သဖြင့် စိစစ်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်၌ ယမန်နေ့က ပြုလုပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဝယ်ယူသည့်သူများကိုလည်း စည်းကမ်း ဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ရွှေစျေးနှင့် ငွေကြေးစျေးနှုန်းမှာ သဘာဝမကျဘဲ အဆမတန်ပြောင်းလဲလာသည်ကို တွေ့ရပြီး ဝိသမစီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမ ဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေစျေး၊ ငွေစျေးများမှာ ရှိသင့်ရှိထိုက်သည့်စျေးနှုန်းသို့ တဖြည်းဖြည်း ကျဆင်းလာခဲ့ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

မေလကုန်တွင် ရွှေစျေးမှာ အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ၅၈ သိန်းနှင့်ဒေါ်လာဈေး တဒေါ်လာ ၅၀၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့ပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့၍ ဇွန် ၆ ရက်တွင် ရွှေတကျပ်သား ၄၈ သိန်းကျော်နှင့် တဒေါ်လာလျှင် ၄၃၀၀ ကျော်ပေါက်စျေးရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ထို့ပြင် နိုင်ငံ၏ စီးပွားရေးကျဆင်းစေရန် ရည်ရွယ်၍ အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြသဖြင့် ငွေစျေးတည်ငြိမ်ရန် အရေးကြီးကြောင်းနှင့် အခက်အခဲအကျပ်တည်းများကြားမှ နိုင်ငံ၏ စီးပွားရေးကို အတိုင်းအတာတခုထိ ပြန်လည် ဦးမော့လာစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်းမှနေ၍ ထိုင်းနိုင်ငံရှိ ကွန်ဒို ဝယ်ယူထားသူများနှင့် ရောင်းချသူများကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးခြင်း၊ ဝရမ်းထုတ်ခြင်းများပြုလုပ်လျက်ရှိပြီး နိုင်ငံခြားငွေအကောင့် ဖွင့်ထားသူများကိုလည်း စစ်ဆေး အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ စစ်ကောင်စီက စိစစ်အရေးယူမှုများ ပြုလုပ်နေသော်လည်း စစ်ခေါင်းဆောင် သားနှင့် သမီးအပါအဝင် စစ်ဗိုလ်ချုပ်မိသားစုများ၊ စစ်တပ်နှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းရှင်ကြီးများမှာ ပြည်ပနိုင်ငံများ၌ ငွေစာရင်းဖွင့်လှစ်ခြင်း၊ အိမ်ရာဝယ်ယူခြင်းများ ရှိနေသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge

The Irrawaddy

တရားမဝင်ငွေဖြင့် ပြည်ပအိမ်ခြံမြေများ ဝယ်ယူနေဟု စစ်ခေါင်းဆောင် ပြော
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 week ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months, 3 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 1 month, 3 weeks ago