Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Myanmar Newspapers

Description
Advertising
We recommend to visit

Last updated 1 month, 4 weeks ago

Diario de la juventud cubana
www.juventudrebelde.cu

Last updated 3 weeks, 5 days ago

Kelas Anak Binaan Ustadz Muhammad Abduh Tuasikal

Last updated 4 days, 4 hours ago

1 month, 4 weeks ago

ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၂

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒေါက်တာဝါဝါမောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တက်ဟုန်ပြည်နယ်ခွဲတို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/124996

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

1 month, 4 weeks ago

“အများပြည်သူဆိုင်ရာဘဝနှင့် ဆုံးဖြတ်ချက်ချမှုတို့၌ ပါဝင်ဆောင်ရွက်ခွင့်သည် အမျိုးသမီးများ ၏ အခွင့်အရေးဖြစ်သည်” ဟု အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘော တူစာချုပ်( Convention on the Elimination of All forms of Discrimination Against Women- CEDAW)၌ ပြဋ္ဌာန်းထားခဲ့ပါသည်။ ယင်းစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် မြန်မာအစိုးရက လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့အနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် ယဉ်ကျေးမှုကို သွေဖည်ခြင်း မရှိဘဲ အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ဆောင် ရွက်ပေးလျက်ရှိနေပါသည်။ ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ် အီရန်နိုင်ငံသူ နာဂစ်မိုဟမ်မဒီက သတ်မှတ်ခံခဲ့ရပြီး စပိန်အမျိုးသမီး ဘောလုံးအသင်းမှ ဘွန်မာတီက ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအမျိုးသမီးအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

လောကကြီး တည်ငြိမ်အေးချမ်းရေးမှသည် ပျော်ရွှင်ရေးတို့အတွက် ဖျော်ဖြေမှုရသစုံ ဖန်တီး နိုင်စွမ်းရှိသည့် အမျိုးသမီးတို့ထံတွင် ပညာရေး၊ လူမှုရေး၊ စီးပွားရေးတို့သာမက နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍစုံကိုပါ ယခုထက်မက ပိုမိုမျိုးစေ့ချမြှုပ်နှံပေးကြမည်ဆိုပါလျှင် မဝေးတော့သော အနာဂတ်ကာလတစ်ခုတွင် ရှိပြီးသားအရှိန်အဟုန်ထက် ပိုမိုတိုးတက်ကောင်းမွန်သော လူ့ဘောင်သစ် တစ်ခုကို တည်ဆောက်နိုင်လိမ့်မည်မှာ မလွဲဧကန် ပင်ဖြစ်ပါသည်။ ။

https://t.me/myanmarnewspaper/124987

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

1 month, 4 weeks ago

နိုင်ငံတော်ကာကွယ်ရေးအတွက် မြန်မာ့တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများကိုပါ ထမ်းဆောင်စေခဲ့သည်။ ယနေ့အချိန်တွင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းကိုပါ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီဖြစ်၏။ နိုင်ငံတော်နှင့်တပ်မတော်၏သမိုင်းတွင် ရဲစွမ်းသတ္တိဆိုင်ရာ သူရဘွဲ့ကို အမျိုးသမီးထဲမှ ထူးထူးခြားခြားတစ်ဦးသာ ရရှိခဲ့ပါသေးသည်။ ထိုအမျိုးသမီးသည်ကား “ မချစ်ပို” ပင်ဖြစ်၏။ “သူရမချစ်ပို”တည်းဟူသော အာဇာနည် ရဲမေသည် သတ္တိအရာတွင်စံတင်ခဲ့ကာ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိခဲ့သည့် အမျိုးကောင်းသမီးတစ်ဦးအဖြစ် ယနေ့ထက်တိုင် လူသေသော်လည်း နာမည်မသေခဲ့သူဖြစ်ပါသည်။         

မြန်မာအမျိုးသမီးများသည် အားကစားကဏ္ဍဖြင့်လည်း တိုင်းပြည်၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေး ခဲ့ကြပါသေးသည်။ ကမ္ဘာတွင်ထင်ရှားသည့် ဖလောရင့်နိုက်တင်ဂေးလ်ဆုကိုလည်း မြန်မာနိုင်ငံမှ ဗိုလ်မှူး ဒေါ်ခင်အုန်းမြ (၁၉၆၄ ခုနှစ်) နှင့် ဒေါ်အမ်ယောနမ် (၁၉၉၃ ခုနှစ်) တို့က ရရှိခဲ့ကြသည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူစရာပင်ဖြစ်ပါသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှသည် ယနေ့ တိုင်အောင် အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းတွင် ဝန်ကြီးအဆင့် အမျိုးသမီးများလည်း ရှိခဲ့ရှိနေဆဲပင် ဖြစ်၏။ အနုပညာဆိုင်ရာတွင်လည်း ထူးချွန် ထက်မြက်သည့် စာပေပညာရှင်အမျိုးသမီးများစွာပေါ်ထွက်ခဲ့ပါသည်။ ဆရာမကြီး ဂျာနယ်ကျော် မမ လေး၊ စောမုံညင်း၊ မကြန်၊ ခင်ဆွေဦး၊ ခင်ဆွေယု၊ မိုးမိုး(အင်းလျား)၊ မစန္ဒာ စသည့် ဂန္ထဝင်မြောက် စာရေးဆရာမကြီးများပေါ်ထွက်ခဲ့ပြီး တိုင်းကျိုးပြည် ပြု စာပေများစွာဖန်တီးကာ ပြည်သူတို့ကို နား၊ မျက်စိများဖွင့်ပေးခဲ့ကြသည်။               

ရှေးအခါက ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းသော မြန်မာအမျိုးသမီးများ၏ ဂုဏ်သတင်းသည် ယနေ့ခေတ်တိုင် မွှေးရနံ့ထင်ကျန်ဆဲဖြစ်၏။ လေဘာတီမမြရင် အကဖျော်ဖြေရာတွင် ခြေသလုံး မြင်အောင်ကပါက ဆုတော်ငွေချီးမြှင့်မည်ဟု အမျိုးသားတစ်ဦးက တောင်းဆိုခဲ့ဖူးကြောင်း မှတ်သားရသည်။ တစ်နိုင်ငံလုံး၏ အချစ်တော် သဘင်အနုပညာ ရှင်လေဘာတီမမြရင်က ထိုကမ်းလှမ်းမှုကို ငြင်းဆိုကာမြန်မာမှုကိုထိန်းသိမ်းပြသသွားသည်မှာ လေးစားဖွယ်စိတ်ဓာတ်ပင်ဖြစ်ပါသည်။

အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ ပါဝင်ခဲ့ကြ

မြန်မာတွင်သာမက ကမ္ဘာပေါ်ရှိအမျိုးသမီးတိုင်းသည် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်တစ်ခု တည်ဆောက်ရာတွင် အုပ်တစ်ချပ်သဲတစ်ပွင့်ပမာ ပါဝင်ခဲ့ကြသူများဖြစ်သည်ကို သမိုင်းကအထောက် အထားအခိုင်အမာပြလျက်ရှိနေသည်။ ကမ္ဘာတွင် မာသာထရီဇာ ရှိသကဲ့သို့ မြန်မာတွင်လည်း ဘွားဦးဇွန်းရှိခဲ့သည်။ မြန်မာတွင် သူရမချစ်ပို ရှိသကဲ့သို့ ကမ္ဘာတွင်လည်း ပိုလန်နိုင်ငံသူ အိုင်ရင်းဂတ်၊ အိန္ဒိယမှနီဂျားဘာနော့စသည့် အမျိုးသမီးငယ်လေးများပေါ်ထွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ ဖမ်းဆီးထားသည့်ဂျူးလူမျိုးများအား တောတွင်းစခန်းတစ်နေရာမှ လွတ်မြောက် ရေးကြိုးပမ်းခဲ့သူ အိုင်ရင်းဂတ်မှာ မိမိအသက်ကို ပဓာနမထားဘဲ ကူညီကယ်ဆယ်ပေးခဲ့သူဖြစ်သည်။ လူတစ်ဖက်သားအသက်ပေါင်းများစွာကို စွန့်စားကယ်တင်ခဲ့သည့် ၎င်း၏လုပ်ရပ်အတွက် ၁၉၈၂ ခုနှစ် တွင် အစ္စရေးနိုင်ငံက ထိုအမျိုးသမီးအား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့သည်။

အိန္ဒိယသူလေး နီဂျားဘာနော့၏ လုပ်ရပ်က လည်း တကယ့် စွန့်စားမှုတစ်ခုပင်။ သူသည် ၁၉၈၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ပါကစ္စတန်နိုင်ငံ ကရာချီလေဆိပ်အကြမ်းဖက်မှု တွင် အသက်စွန့်ခဲ့သူလေးဖြစ်သည်။ အကြမ်းဖက် သမားတို့ကို တတ်နိုင်သမျှလှည့်စားကာ ခရီးသည်များနှင့် လေယာဉ်မှူးများကို ဘေးကင်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နောက်ဆုံးကလေးငယ်သုံးဦးကို အသက်ကယ်ပေါက်မှ ဆင်းသက်နိုင်ရေး ကြိုးစားစဉ် သေနတ်မှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်၏။ ကလေးများ၏အသက်ကိုကယ်ရင်း အကြမ်းဖက်သမားတို့၏ ကျည်များကို ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။ အံ့ဖွယ်အမျိုးသမီးအာဇာနည်များပင်ဖြစ်ပါ၏။

မြန်မာအမျိုးသမီးတို့၏ စွမ်းဆောင်ရည်သည် ကမ္ဘာနှင့်သော်လည်းကောင်း၊ ဒေသတွင်း၌သော်လည်းကောင်း နိမ့်ပါးခြင်းမရှိခဲ့ဘဲ ပခုံးချင်းယှဉ်နိုင်သည့် အနေအထားတွင်ရှိနေပါသည်။ သမိုင်း ကြောင်းအထောက်အထားများက အထင်ရှာဆုံး သက်သေများပင်ဖြစ်ပါ၏။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံအုပ်ချုပ်ရေးမှသည် အနုပညာ အားကစားနယ်ပယ်အသီးသီးအထိ ခြေဆန့်နိုင်ခဲ့ကြသည်။ သို့တိုင်အောင် ယနေ့အချိန်အခါတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခွင့်အား လူ့အခွင့် အရေး၏အခြေခံသဘောတရားများဖြင့် ချိန်ထိုးလာ ခဲ့ကြသည်ကို တွေ့ရှိရသည်။

အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ဆောင်ရွက်

3 months, 4 weeks ago
Myanmar Newspapers
3 months, 4 weeks ago
Myanmar Newspapers
3 months, 4 weeks ago
Myanmar Newspapers
4 months ago

ဒီမာရဝိဇယ ဘုရားကြီးကို ကျွန်တော်တစ်ယောက်ထဲနဲ့ လာရောက်ဖူးမြော်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အရင်က ရုပ်မြင်သံကြားနဲ့ သတင်းစာတွေထဲမှာတော့ ခဏခဏဖူးမြော်ခဲ့ပါတယ်။ အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရအောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။ အခုဘုရားကြီးကို စတင်မြင်တွေ့ရတဲ့ အချိန်မှာ ပြောမပြနိုင်အောင် ဝမ်းသာကြည်နူးမှုကို ခံစားခဲ့ရပါတယ်။ ဖူးမြော်လိုက်ရတဲ့အခါမှာလည်း ရင်ထဲမှာ အတော်လေးအေးချမ်းခဲ့ပါတယ်။ တည်ထားပူဇော်ထားတဲ့ ဗိသုကာလက်ရာတွေဟာလည်း အံ့မခန်းတွေပါပဲ။ ကျွန်တော့်အနေနဲ့ မိသားစုနဲ့အတူ နောက်တစ်ခေါက် လာရောက်ဖူးမြော်ဖို့ ရည်ရွယ်ထားပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေလည်း လာရောက်ဖူးမြော်ကြပါ။ စိတ်အေးချမ်းမှုကို ရရှိကြမှာပါလို့ ပြောလိုပါတယ်။

ဒေါ်သန်းသန်းမော် (အငြိမ်းစားနိုင်ငံ့ဝန်ထမ်း)

ကျွန်မ ဒီမာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ရမယ်လို့ မသိခင်မှာ နေမကောင်းဖြစ်နေခဲ့တာပါ။ အခုဖူးမြော်နေတဲ့ အချိန်မှာ ရင်ထဲအေးချမ်းပြီး ဝမ်းသာကြည်နူးတဲ့ ခံစားချက်မျိုး ရရှိပါတယ်။ ဘုရားကြီးရဲ့မေတ္တာဓာတ်တွေကြောင့် ကျွန်မရောဂါသက်သာပျောက်ကင်းခဲ့တယ်လို့ ကျွန်မခံယူပါတယ်။ ဘုရားဖူးဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဘုရားကြီး အောင်မြင်စွာ တည်ဆောက်ပူဇော်နိုင်ဖို့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ဘုရားတာဝန်ရှိသူတွေက အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့အတွက် အသိအမြင်ဗဟုသုတတွေလည်း များစွာရရှိခဲ့ပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝသက်တမ်းအချိန်လေးအတွင်းမှာ အသက်ရှင်နေထိုင်နေစဉ် ကာလအတွင်း အံ့ဩစရာတွေနဲ့ပြည့်နေတဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်း အောင်ရဲသွင်

ဓာတ်ပုံ - ဖိုးပြည့်စုံ

https://t.me/myanmarnewspaper/115526

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

4 months ago

ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကဲ့သို့ ဗုဒ္ဓသာသနာသည်လည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲမယ်လို့ ယုံကြည်ပါတယ်

ဒေါက်တာဘဟန် (ပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်)

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ လာရောက်ဖူးမြော်ကြည်ညိုကြသည်။

အဆိုပါ ဘုရားဖူးအဖွဲ့များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီများနှင့် သာသနိကအဆောက်အဦးများကို လှည့်လည်ဖူးမြော်ကြည်ညိုလေ့လာကြပြီး ခမ်းနားထည်ဝါစွာ ပူဇော်ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မျက်မြင်ဖူးမြော်တွေ့ရှိရမှုနှင့် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် သာသနိကအဆောက်အဦးများအား လေ့လာခွင့်ရရှိမှု ရင်တွင်းခံစားချက်များကို မေးမြန်းရေးသားတင်ပြလိုက်ရပါသည်။

ဒေါက်တာဘဟန် (ပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်)

ကျွန်တော်တို့အနေနဲ့ Naypyitaw State Academy မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို တက်ရောက်ကြပြီး ဒီနေ့မှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ ဒီဘုရားကြီးကို အရင်ကတည်းက ဖူးမြော်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ အခုမျက်မြင်ဖူးမြော်ရတဲ့အတွက် လွန်စွာကို ကြည်နူးပီတိဖြစ်မိပါတယ်။ ဒီဘုရားကြီးဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက် ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဗုဒ္ဓသာသနာတော်ဟာ အဓွန့်ရှည်တည်တံ့ခိုင်မြဲမယ်လို့လည်း ယုံကြည်မိပါတယ်။ ဘုရားကြီးတည်ထားပူဇော်ထားတဲ့ ဗိသုကာလက်ရာတွေဟာလည်း အင်မတန်သပ်ရပ်ပြီး စနစ်တကျနဲ့ ထုဆစ်ထားတာကို တွေ့ရှိရတဲ့အတွက်လည်း မြန်မာ့အနုပညာလက်ရာကို အထင်ကြီးလေးစားမိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း ဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြစေလိုပါတယ်။

ဒေါက်တာဝင်းဝင်းသန်း (ပါမောက္ခချုပ်၊ မြိတ်တက္ကသိုလ်)

ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံကို တက်ရောက်လာခဲ့ကြတဲ့ ပါမောက္ခချုပ်တွေစုစည်းပြီး ဘုရားကြီးကို လာရောက်ဖူးမြော်ကြခြင်း ဖြစ်ပါတယ်။  စကျင်ကျောက်နဲ့ ပတ်သက်တဲ့ ထိုင်တော်မူရုပ်ပွားတော်တွေအနက် ကမ္ဘာပေါ်မှာ အကြီးဆုံးဆင်းတုတော်ကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အနုပညာလက်ရာမှာလည်း စံထားလောက်ပြီး ကြီးမားလေးလံတဲ့ ဆင်းတုတော်ကြီးကို ဒီနေရာအထိ ရောက်ရှိအောင် ပင့်ဆောင်ပူဇော်နိုင်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်မအနေနဲ့ ဒီဘုရားကြီး စတင်ဖူးမြော်ခွင့်ပြုတဲ့ အချိန်ကလည်း ဖူးမြော်ဖူးပါတယ်။ အခုကတော့ ဒုတိယအကြိမ်အဖြစ် ပါမောက္ခချုပ်တွေ စုစည်းပြီး လာရောက်ဖူးမြော်ကြခြင်း ဖြစ်ပါတယ်။ ဘုရားကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ ဆောင်ရွက်ထားတဲ့အပိုင်းကိုလည်း တာဝန်ရှိသူတွေက အသေးစိတ်ရှင်းပြကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အားလုံးက ဒီဘုရားကြီး တည်ထားပူဇော်တဲ့ သတင်းကြားကတည်းက လာရောက်ဖူးမြော်ကြဖို့ စိတ်အားထက်သန်နေကြပါတယ်။ အခုဆိုရင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ ဂုဏ်ယူစွာနဲ့ လာရောက်ဖူးမြော်နေကြတာကို တွေ့မြင်ရတဲ့အတွက်လည်း ကြည်နူးမိပါတယ်။

ဒေါက်တာမြတ်ညွန့် (ပါမောက္ခချုပ်၊ တောင်ငူ တက္ကသိုလ်)

ကျွန်တော့အနေနဲ့ ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို တက်ရောက်ပြီး ဘုရားကြီးကို လာရောက်ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့တည်ထားပူဇော်ခဲ့တဲ့ ဘုရားကြီးဟာ အခုဆိုရင် ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ပေါ်ထွန်းနေပြီဖြစ်ပါတယ်။ ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားစေဖို့ ရည်ရွယ်ချက်နဲ့အညီ ဖြစ်ပေါ်လာတဲ့ ဒီဘုရားကြီးဟာ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ထင်ရှားပါတယ်။ ဒီလိုထင်ရှားတဲ့ ဘုရားကြီးကို ဖူးမြော်ရတဲ့အတွက် ကျွန်တော်တို့ ပါမောက္ခချုပ်တွေ အားလုံးဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်ပြီး ဘုရားကြီးကို တည်ထားပူဇော်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့တကွ တာဝန်ရှိသူတွေ အားလုံးကိုလည်း ဘုရားဖူးလာပြည်သူများ ကိုယ်စားကျေးဇူးတင်ရှိပါတယ်။ တည်ထားပူဇော်ထားတဲ့ အနုပညာလက်ရာတွေဟာလည်း တကယ့်ကိုအံ့မခန်းလက်ရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဘုရားကြီးကို မဖြစ်မနေလာရောက် ဖူးမြော်ကြည်ညိုကြစေလိုပါတယ်။

4 months ago

ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇန်နဝါရီ ၂၇

ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ  နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကျောက်စာတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။

ဆက်လက်၍ ဘုရားဖူးလာအဖွဲ့များသည် ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့များသည် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။

ယင်းနောက် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ်အပိုင်းလေးပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော်ပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းတင်ဓာတ်ပုံများနှင့် အခြားလေ့လာသင့်သည်များကို လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦးများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရသည်။ 

သတင်းစဉ်

https://t.me/myanmarnewspaper/115520

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

4 months, 1 week ago

ဒုတိယဝန်ကြီး ဦးလွင်ဦး မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၉

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ် သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့်ယဉ်ကျေးမှုအစရှိသော ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်သွားရေးနှင့် လက်မှတ်ရေးထိုးရန် ရှိသည့် သဘောတူစာချုပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/114435

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

We recommend to visit

Last updated 1 month, 4 weeks ago

Diario de la juventud cubana
www.juventudrebelde.cu

Last updated 3 weeks, 5 days ago

Kelas Anak Binaan Ustadz Muhammad Abduh Tuasikal

Last updated 4 days, 4 hours ago