Unlock a World of Free Content: Books, Music, Videos & More Await!

Deborah Channel

Description
လိုချင်ရင် ပေးဆပ်ရမှာ ရင်းရမှာတွေတော့ ရှိပါလိမ့်မယ်

အနာဂတ်မြန်မာနိုင်ငံတော်ကြီး ပိုအေးချမ်းနိုင်ဖို့ အတူတူကြိုးစားကလစ်ကြပါစို့
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 week, 2 days ago

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 2 hours ago

1 week, 2 days ago

Nway Oo Family Youtube Channel ကို သွား
( မ သွား ခင် v p n ချိတ် )

Video ထဲ ဝင် အ ပေါ်ဆုံး က Video လေး ကို ဖွင့်
နား ထောင် ပြီး ဘာ ကြီး လဲ ဆို တာ ဒီ မှာ ပြန် လာ ပြော ကြ ပါ 🤔

1 week, 2 days ago

ဘေးလမ်းကြားလေးထဲမှာ ကလေးတွေ ဆော့နေတာ
သူတို့ကြက်တောင်က ခြံဘက်ထဲ ကျလာလို့ ကျနော့်ညီမကိုတွေ့တော့ အန်တီရေ အန်တီရေ နဲ့ အော်ခေါ်ကြတာ 😁
အငယ်မက အတန်းတက်နေလို့
ကျနော်ပဲ သွားကောက်ပေးလိုက်တယ် ပြီးတာနဲ့ အိမ်ထဲ ဝင်သွားတာပေါ့
နောက်တခါကျ သိသွားတာနေမယ်

မမရေ မမရေ နဲ့ လှမ်းခေါ်ပြန်ရော
သွားကြည့်လိုက်တော့ ကလေးလေးက ဘောလုံးလေးကောက်ပေးလို့ရမလားတဲ့ 😅

ကိုယ်ကလည်း ဟုတ်ပါပြီရှင့်ပေါ့
ကောက်ပေးလိုက်တော့ ကိုယ်လည်း အိမ်ထဲ မဝင်တော့ပဲနဲ့ အဲ့နားပဲ ထိုင်နေလိုက်တယ် ခဏနေကျတော့ ကလေးလေးက ပြန်ရောက်လာပြီ
ကျေးဇူးတင်ပါတယ်ရှင့်တဲ့
( ကလေးတွေထဲမှာက သူက အငယ်ဆုံးလေး )

အဲ့စကားကြားမိတော့ ကိုယ့်ရင်ထဲ ပျော်မိတယ် ဘာကြောင့်လဲဆိုရင်

သူများက ကိုယ့်ကို တခုခုလုပ်ပေးတဲ့အခါမှာ ကျေးဇူးတင်ဖို့ မမေ့တတ်တဲ့ ကလေးလေးရဲ့ စိတ်ဓာတ်လေးကို သဘောကျမ်ိလို့ပါ။ 

မိတ်ဆွေတို့လည်း တခုခုဆိုရင် ကျေးဇူးတင်ဖို့ ဝန်မလေးပါနဲ့ ။  🫰

ကိုယ်ကိုယ်တိုင်ကလည်း သူများဆီက ကျေးဇူးတင်တဲ့အသံကို ကြားချင်လို့ လုပ်ပေးတာမျိုးမဟုတ်ပဲ ကိုယ့်က တာဝန်အရ လုပ်ပေးရတာမျိုး / သူ့ပြဿနာကို ငါကူညီနိုင်တဲ့အနေထားမှာရှိလို့  လုပ်ကူပေးလို့ရတယ်ဆိုတဲ့ အသိမျိုးနဲ့ ကူညီပေးလိုက်ပါဗျာ 🙂↕️🙂↔️

အားလုံးပဲ ခက်ခဲလှတဲ့ခေတ်ကာလကြီးမှာ
ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းရင်း ခက်ခဲနေသူတွေကို ကူညီပေးဖို့ မမေ့ပါနဲ့ ။ ✌️

အားလုံးပဲ အစစအရာရာ ဂရုစိုက်ကြပါ။ 🤟

1 week, 2 days ago

စာသင်ခန်းထဲ ဆရာမက
ကင်မရာဖွင့်ဆိုရင် အားလုံးက
နာရေးယပ်တောင် ကိုယ်စီနဲ့ 🪭

2 months, 1 week ago

Nway Oo Hti 2.0 အကြောင်း သိကောင်းစရာ (Part 2)

➡️ နွေဦးထီ လက်မှတ်များကို ဘယ်အချိန်မှ စတင် ဝယ်ယူနိုင်ပါသလဲ?

နွေဦးထီ version အသစ်ကို ၂၀၂၄ မတ်လ ၁ ရက် နေ့မှ စပြီး တရားဝင် ဝယ်ယူနိုင်ပါမည်။

➡️ နွေဦးထီ ကို မည်သည့် နေရာတွင် ဝယ်ယူနိုင်ပါသလဲ?

နွေဦးထီ၏ တရားဝင် website အသစ် ဖြစ်သည့် www.nwayoohti.com တွင်သာ အကောင့်ဖွင့်၍ ဝယ်ယူနိုင်ပါသည်။

➡️ နွေဦးထီ လက်မှတ် ကို ဘယ်လို ဝယ်ယူနိုင်ပါသလဲ?

နွေဦးထီလက်မှတ်ကို ကိုယ်တိုင် စိတ်ကြိုက် ဝယ်ယူလိုပါက -

၁။ အရင်ဆုံး နွေဦးထီ အကောင့်ဖွင့်ရန်  https://app.nwayoohti.com/register မှာ စာရင်းသွင်းရပါမည်။

၂။  မိမိ၏ SDB - နွေဦးဘဏ် အကောင့်နှင့် ချိတ်ဆက်ပြီး နွေဦးထီ အကောင့်ထဲသို့ နှစ်သက်ရာ ငွေကြေး ၁၀ မျိုးဖြင့် ငွေသွင်းရပါမည်။

၃။ ထီထိုးရန် ငွေသွင်းပြီးနောက် မိမိ နှစ်သက်ရာ ထီနံပါတ်စဥ်ကို တကြိမ်လျှင် ၁၅ စောင် အထိ ရွေးချယ် ဝယ်ယူနိုင်ပါသည်။

➡️ ထီပေါက်ငွေများကို မည်သည့် ငွေကြေးဖြင့် ပြန်လည် ထုတ်ပေးမလဲ?

ထီကံစမ်းမဲ ပေါက်‌သော ငွေများအားလုံးကို မြန်မာကျပ်ငွေ  MMK ဖြင့် ပြန်လည် ထုတ်ပေးပါမည်။

➡️ နွေဦးထီ ပေါက်ခဲ့လျှင် ဆုကြေးငွေများ ကို မည်သို့ ထုတ်ယူ ရရှိနိုင်မလဲ?

အကယ်၍ နွေဦးထီ ပေါက်ပြီဆိုလျှင် ဆုကြေးငွေများသည် နွေဦးထီ အကောင့် သို့  ၂၄ နာရီ အတွင်း  အလိုအလျောက် စနစ်ဖြင့် ရောက်ရှိလာမည် ဖြစ်ပါသည်။

ထိုဆု‌ကြေးငွေများကို အသုံးပြုလိုပါက နွေဦးထီ အကောင့် ထဲမှ မိမိ ချိတ်ဆက်ထားသော SDB အကောင့် ထဲသို့ အကန့်အသတ်မရှိ ပြောင်းရွှေ့ ထုတ်ယူနိုင်ပါမည်။

➡️ နွေဦးထီ လက်မှတ် ဝယ်ယူမယ်ဆိုရင် အခြား currency ဖြစ်ပါက ငွေလဲနှုန်းကို ဘယ်လို သတ်မှတ်ထားပါသလဲ?

နွေဦးထီ လက်မှတ်များ ကို မြန်မာကျပ်အစား အခြား သော currency ဖြင့် ဝယ်ယူမည်ဆိုပါက မိမိ ထည့်ဝင်ထားသည့် ငွေကြေး အမျိုးအစား အလိုက် ထီတစောင်၂၀၀၀ကျပ် နှင့် ညီမျှသော ပမာဏကို  အလိုအလျောက်စနစ်ဖြင့် ပြင်ပပေါက်စျေး ငွေလဲနှုန်း ထက် မနည်း တွက်ချက်ပေးပါသည်။

➡️ နွေဦးထီ ကို NUGPay နဲ့ ထိုးလို့ရပါသလား။

နွေဦးထီ 2.0 မှာ NUGPay နဲ့ တိုက်ရိုက် ထီထိုးနိုင်ခြင်း မရှိသော်လည်း SDB နွေဦးဘဏ်၏ Relationship Manager (RM) များမှ တဆင့် မိမိ၏ NUGPay ထဲမှ ငွေကို SDB အကောင့် ထဲသို့ ပြောင်းရွှေ့ရန် ဆက်သွယ် ဆောင်ရွက်ပြီး နွေဦးထီ အကောင့်နှင့် ချိတ်ဆက်ကာ ထီ ကံစမ်းနိုင်ပါသည်။

➡️ နွေဦးထီ အကောင့်နဲ့ SDB အကောင့် Email မတူပဲ အသုံးပြုလို့ရပါသလား?

နွေဦးထီ အကောင့် ဖွင့်ထားသော Email နှင့် SDB အကောင့် ဖွင့်ထားသော Email တို့သည် မတူညီနေလျှင်လည်း ချိတ်ဆက် အသုံးပြု၍ ရပါမည်။

➡️ နွေဦးထီအတွက် Mobile App  (iOS, Android ) ရှိ ပါသလား ?

လတ်တလောတွင် mobile app မရှိသေးပါ။ သို့သော် နွေဦးထီ website ကို မိမိ၏ မည်သည့် device မှ မဆို web browser မှ ဝင်၍ အသုံးပြုနိုင်ပါသည်။

➡️ နွေဦးထီ နှင့် SDB အကြား အပြန်အလှန် ငွေလွှဲပြောင်းလို့ ရပါသလား?

SDB အကောင့် မှ နွေဦးထီ အကောင့် ထဲသို့ အနည်းဆုံး 3,000 MMK နှင့်ညီမျှ သော ပမာဏမှ စ၍ ငွေသွင်းနိုင်ပါသည်။

နွေဦးထီ အကောင့် မှ SDB အကောင့် သို့ ပမာဏ ကန့်သတ်ထား ခြင်းမရှိ ပြန်လည် လွှဲပြောင်းထုတ်ယူ နိုင်ပါသည်။

#ဒို့ထီဒို့အနာဂတ်
#NwayOoHti
#WeDreamBold
#SpringDevelopmentBank

နွေဦးထီအကြောင်းသိရန်

https://www.facebook.com/share/p/f2AM4ywinvrZYboZ/?mibextid=WC7FNe

2 months, 1 week ago

ဂျူး လို့ခေါ်တာတွေ့လိုက်တယ်
ဘယ်သူလဲတော့ မသိဘူး 🥸

2 months, 1 week ago

ဘယ်သူစာပို့သေးလဲဟင်
မနက်ကတည်းက မီးပျက်နေတာ
ခုထိမလာသေးလို့

4 months, 2 weeks ago
4 months, 2 weeks ago
4 months, 2 weeks ago

မြန်မာပြည်ကို မတရားသဖြင့် အထိန်းသိမ်းခံ ဘဝမှ လွတ်မြောက်ချင်သူတွေရဲ့ တဟုန်ထိုး အားပေးမှုကြောင့် နွေဦးဘဏ်ဟာ နွေဦးခရီးလမ်း‌ပေါ်မှာ အရာထင် ကောက်ကြောင်းပေါ်ခဲ့ပါပြီ။

ရှေ့ဆက်ပြီး ဘဏ္ဍာရေးကဏ္ဍ အတွက် ပိုမိုရုပ်လုံးပေါ်ဖို့၊ နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်တဲ့ ဘဏ်တစ်ခု အဖြစ် ရပ်တည်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ စဥ်ဆက်မပြတ်သော ပါဝင်ကူညီမှုတွေ အမြဲမပြတ် လိုအပ်နေပါတယ်။

အခုဆို နွေဦးဘဏ်အကောင့်ရှိရုံနဲ့ နိုင်ငံတကာ ငွေကြေးစနစ် (၁၀) မျိုးကို မိမိစိတ်ကြိုက် အချိန်မရွေး လုံခြုံစွာ လဲလှယ် ဝယ်ယူရောင်းချနိုင်တဲ့အပြင် ငွေစုနိုင်တယ်၊ ရွှေစုနိုင်တယ်။ မကြာခင်ကာလမှာ မိမိပိုင် ဘဏ်ရှယ်ယာတွေကို ရောင်းဝယ်နိုင်ပါတော့မယ်။

အမြဲမပြတ် အစဥ်တိုးတက်မှုကိုသာ အားထုတ်ရှာဖွေနေတဲ့ နွေဦးဘဏ်မှာ အနာဂတ် လုပ်ငန်းစဥ်တွေ များစွာ ထပ်မံ ထည့်သွင်းပေးဖို့ရှိနေပါတယ်။

မကြာခင်မှာ ထပ်မံရောက်ရှိလာမယ့် နွေဦးဘဏ်ရဲ့ ခေတ်မှီငွေကြေးဝန်ဆောင်မှုများကို ခေတ်မမှီလိုက်၊ မသိလိုက် မရှိရလေအောင် အကောင့်မရှိသူများ အခု ကတည်းက အကောင့်ဖွင့်ထားဖို့ ဖိတ်ခေါ်တိုက်တွန်းပါတယ်နော်။

နှစ်မကုန်ခင် နွေဦးဘဏ်မှာ အကောင့်ဖွင့်ထားသူ ဦးရေ တစ်သိန်း ပြည့်အောင် နွေဦးအမျိုးတို့ရေ ချစ်ခင်ကြင်နာစွာနဲ့ ဝိုင်းတွန်းပေးကြပါလို့လည်း မေတ္တာရပ်ခံ လိုက်ရပါတယ်။

#SDB100KCampaign
#realbankrealfreedom
#SpringDevelopmentBank

4 months, 3 weeks ago

17:17

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 week, 2 days ago

Last updated 1 month, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 2 hours ago