ကြော်ငြာထည့်သွင်းရန် @sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 2 months, 1 week ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago
Jumbo ခြင်ဆေးခွေအပါအဝင် ပိုးသတ်ဆေး ၂၃ မျိုးကို မှတ်ပုံတင်ပယ်ဖျက်
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ (၄၃) ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ အစည်းအဝေးဆုံးဖြတ်ချက်အရ Jumbo ခြင်ဆေးခွေအပါအဝင် ပိုးသတ်ဆေး ၂၃ မျိုးကို မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းကနေ ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲက ဒီကနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ အသိပေး ကြေညာလိုက်ပါတယ်။
၆ လအထက် မှတ်ပုံတင်သက်တမ်းကျော်လွန်ပြီး သက်တမ်းတိုးဖို ပျက်ကွက်ခဲ့တဲ့ Chao Xin ၊ K-Nofos 72 EC ၊ Piperonyl Butoxide ၊ Golden Frog Mosquito 700 WP ၊ Erapizole ၊ Agro Sulf Frey 50 SC ၊ Halocide 5 SC ၊ RDF Granary ၊ Pancozole 25% WDG နဲ့ VANIDA PACLO တို စတဲ့ ပိုးသတ်ဆေး ၁၁ မျိုးကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။
အလားတူပဲ ကုမ္ပဏီများက မှတ်ပုံတင်ဖျက်သိမ်းလိုကြောင်း တင်ပြလာတဲ့ Jumbo Mosq. Coil ၊ Jumbo 1 Mosquito Coil ၊ Byter Spy ၊ Trounce 40% EC ၊ Program ၊ Poe Special ၊ Shwe Taung Thu Star-1 25 SL ၊ Hmoe Weik Sar ၊ Gold Medal ၊ Hmoe Doctor နဲ့ Myay Bayin ၊ Super 10 G တိုစတဲ့ ပိုးသတ်ဆေး ၁၂ မျိုးကိုလည်း မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပိုးသတ်ဆေးစာရင်းကနေ ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။
ယခုလို မှတ်ပုံတင်ပယ်ဖျက်ထားတဲ့ ပိုးသတ်ဆေးတွေကို ဈေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချနေတာ စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တယ်လို အဲဒီကြေညာချက်မှာ အသိပေးထားပြီး (၄၂) ကြိမ်မြောက် အစည်းအဝေးအထိ ပိုးသတ်ဆေးစုစုပေါင်း ၄,၂၃၇ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို သိရပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အကိုင် (၂၇) မျိုး
မဲဆောက်၊ စက်တင်ဘာ ၂၄ #ထိုင်းအလုပ်သမားဥပဒေရေးရာကဏ္ဍ
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို လုပ်ကိုင်ခွင့်မပြုတဲ့ အလုပ်အကိုင်(၂၇)မျိုး ရှိပါတယ်။
ထိုင်းအစိုးရက သူတို့နိုင်ငံသား အခြေခံလူတန်းစားများ လုပ်ကိုင်နေတဲ့အလုပ် အကိုင်များကို နိုင်ငံခြားသားအလုပ်သမားတွေက ဝင်ရောက်လုပ်ကိုင်မှာစိုးတဲ့အတွက် အခုလို ကန့်သတ်ထားတာဖြစ်ပါတယ်။
အဲဒီ ကန့်သတ်ထားတဲ့ အလုပ်အကိုင်(၂၇)မျိုးကို နိုင်ငံခြားသားအလုပ်သမားတွေဝင်ရောက်လုပ်ကိုင်လို့ ဖမ်းဆီးခံရမယ်ဆိုရင် ဒဏ်ငွေ ဘတ် ၅၀၀၀ ကနေ ဘတ် ၅၀၀၀၀ အထိ ချမှတ်ခံရမှာဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရတဲ့ အလုပ်သမားကို ထိုင်းနိုင်ငံအတွင်း (၂) နှစ် အလုပ် လုပ်ကိုင်ခွင့်ပိတ်သိမ်းပြီး ၎င်းနေထိုင်တဲ့ နိုင်ငံကိုပြန်လည်ပို့ဆောင်ခြင်းခံရမှာ ဖြစ်ပါတယ်။
ထိုင်းအစိုးရက လုပ်ကိုင်ခွင့်မပြုတဲ့ အလုပ်အကိုင်(၂၇) မျိုးကတော့ ၁။ သစ် သားပန်းပုလုပ်ငန်း၊ ၂။ ယာဉ်မောင်းလုပ်ငန်း၊ ၃။ လေလံတင်အရောင်းအဝယ်လုပ်ငန်း၊ ၄။ ကျောက်မျက်ရတနာလုပ်ငန်း၊ ၅။ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ၆။ ယက်ကန်းလုပ်ငန်း၊ ၇။ ဖျာယက်ခြင်းလုပ်ငန်း၊ ၈။ စက္ကူထုတ်လုပ်ခြင်းလုပ်ငန်း၊ ၉။ ပန်းယွန်းလုပ်ငန်း၊ ၁၀။ ထိုင်းတူရိယာလုပ်ငန်း၊ ၁၁။ ကြေးထည်ကနုတ်ဖော်ခြင်းလုပ်ငန်း၊ ၁၂။ ရွှေထည် ငွေထည်လုပ်ငန်း၊ ၁၃။ ကြေထည်းလုပ်ငန်း၊ ၁၄။ ထိုင်းရိုးရာအရုပ်ပြုလုပ်ခြင်းလုပ်ငန်း၊
၁၅။ သပိတ်လုပ်ငန်း၊ ၁၆။ ချည်ယက်လုပ်ငန်း၊ ၁၇။ ဗုဒ္ဓရုပ်ပွားတော်ထုဆစ်ခြင်းလုပ်ငန်း၊ ၁၈။ စက္ကူနှင့်ပိတ်ဖြင့်ပြုလုပ်သောထီးလုပ်ငန်း၊ ၁၉။ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း၊ ၂၀။ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ၂၁။ ဆေးလိပ်လိပ်ခြင်းလုပ်ငန်း၊ ၂၂။ ဧည့်လမ်းညွှန်လုပ်ငန်း၊ ၂၃။ ဈေး/ လှည့်လည်ရောင်းခြင်းလုပ် ငန်း၊ ၂၄။ ထိုင်းအက္ခရာစီခြင်းလုပ်ငန်း၊ ၂၅။ ပိုးချည်လုပ်ငန်း၊ ၂၆။ အတွင်းရေမှူးလုပ်ငန်း၊ ၂၇။ ဥပဒေရေးရာဝန်ဆောင်မှုလုပ်ငန်း တို့ဖြစ်ပါတယ်။
ကြော်ငြာထည့်သွင်းရန် @sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 2 months, 1 week ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago