𝗟𝗶𝗯𝗿𝗮𝗿𝘆 𝗳𝗿𝗼𝗺 𝗮𝗱𝗮𝗺📚

Description
Channel created date 2023. 12. december10 sunday✨

#Adam
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 6 days, 18 hours ago

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

2 months, 2 weeks ago

Good luck 11:11🍀

#sofia

2 months, 2 weeks ago

Meta အောက်က Facebook, messanger, instagram စတဲ့ app တွေ error တက်နေပါတယ်တဲ့နော်။ဝင်မရရင်hackခံရတဲ့မဟုတ်ပါဘူးနော်။တစ်ကမ္ဘာလုံးဖစ်တာပါ‌နော်😢။

#sofia

2 months, 2 weeks ago

ကမ္ဘာ့ အသက်ရှည်ဆုံးသတ္တဝါ7မျိုး🔍

1.Deep Sea Sponges

Deep Sea Spongesဆိုတာကပင်လယ်ရေနက်ပိုင်းတွေမှာအများဆုံးတွေ့ရတဲ့‌ရေမြှပ်လိုသတ္တဝါလေးတွေဖြစ်ပါတယ်။သူတို့က အနည်းဆုံးအသက် 2300ထိအသက်ရှည်နေနိုင်ပါတယ်။နှစ်ပေါင်း18000လောက်လည်းအသက်ရှင်နိုင်ပါ‌တယ်တဲ့🐋

2.Greenland Shark

Greenland Sharkဆိုတဲ့ငါးမန်းကတော့နှစ်ပေါင်း500လောက်အသက်ရှင်နိုင်ကြပါတယ်။Greenland shark‌ေတွကအသက်ရှင်တာကြာလာတာနဲ့အမျှ သူတို့ရဲ့မျက်လုံးကို ပိုးမွှားတွေကပ်လာတာကြောင့် မျက်လုံးတွေကသိပ်မမြင်နိုင်ပါဘူးတဲ့။၂၀၁၆ ခုနှစ်တုန်းက သုတေသီအချို့တွေ့ရှိခဲ့တဲ့ Greenland ငါးမန်းတစ်ကောင်ကတော့ အရှည် (၁၆) ပေရှိပြီး သက်တမ်းအားဖြင့် (၃၉၂) နှစ်ရှိပါတယ်တဲ့။🦈

3.Ocean Quahog

Ocean Quahogလို့ခေါ်တဲ့ဂုံးကောင်တွေကိုသမုဒ္ဒရာရေအေးပိုင်းမှာတွေ့ရတတ်ပါတယ်။အများအားဖြင့်အာတိတ်၊အတ္တလန္တိသမုဒ္ဒရာမှာအများဆုံးတွေ့ရပါတယ်။သူတို့သက်တမ်းက200ကနေ500အထိအသက်ရှင်နိုင်ပါတယ်။

4.Bowhead Whale

Bowhead Whaleဆိုတဲ့ဝေလငါးတွေရဲ့ပါးစပ်က"မြားကိုင်း"ကွေးညွတ်နေတာကြောင့်သူတို့ကိုBowhead Whaleလို့ခေါ်ဆိုကြတာပါ။သူတို့ဟာအနည်းဆုံး2ရာစု(အသက်200)အထိအသက်ရှင်နိုင်ပါတယ်။

5.Rockfish

Rockfishလို့ခေါ်တဲ့ငါးတွေကတော့ပစီဖိတ်သမုဒ္ဒရာထဲမှာနေထိုင်ကျက်စားကြပါတယ်။သူတို့ရဲ့ကြီးထွားမှုနှုန်းကအလွန်နှေးတာကြောင့်အသက်25နှစ်အထိမိတ်မလိုက်ကြပါဘူး။အသက်100/200လောက်အထိအသက်ရှင်‌နိုင်ကြပါတယ်။

6.Red Sea Urchin

ပင်လယ်နီသံပချုပ်Red Sea Urchin
တွေကအသက်100/200လောက်ထိအသက်ရှင်နိုင်ကြပါတယ်။သူတို့ကတစ်နှစ်ထက်တစ်နှစ်အရွယ်အစားလည်းပိုမိုကြီးထွားလာနိုင်ကြပါတယ်။သူတို့ကအိုမင်းတဲ့လက္ခဏာမပြကြပါဘူးတဲ့။ပင်လယ်သတ္တဝါတွေစားသုံးခြင်းကြောင့်သာသေဆုံးကြရပါတယ်။

7.Aldabra Giant Tortoise

Aldabra Giant Tortoiseလိပ်မျိုးစိပ်တွေကအသက်အရှည်ဆုံးကုန်းနေသတ္တဝါတွေအဖစ်မှတ်တမ်းဝင်ထားပါတယ်။အသက်ပျမ်းမျှအသက်189နှစ်အထိအသက်ရှင်နိုင်ပါတယ်။

#sofia
#knowledge
#animals

4 months ago

ငါတယောက်ပဲရှိတာလားမသိ😂😭

#sofia

4 months ago
4 months ago

သူများနိုင်ငံမှာ အသက်၂၃နှစ်နဲ့ ကမ္ဘာက သိ နေချိန်မှာ ၊ မြန်မာနိုင်ငံမှာက ၂၂ ၊ ၂၃ တွေကတော့
မိဘက စိတ်မချလို့ဆိုတာနဲ့ လူညွှန်တုံးနေတာတွေမှိုလိုပေါက် တဲ့ ကိစ္စ ကို ပြောရမယ်ဆိုရင်

" ကြိုးစား ရင် ဘာမဆို ဖြစ်နိုင်တယ် “ဆိုတာ
ရဲ့ နောက်ကွယ်မှာသာမန် အားဖြင့်တော့အရည်အချင်းရှိရမယ်၊အထောက်အပံ့ ကောင်းရှိရမယ်။

အရည်အချင်းဆိုတဲ့ နေရာ မှာ …
တစ်ခုခုကို ထူးချွန် ပြောင်မြောက်စွာ နဲ့ လှပသေသပ်စွာ ၊ ပြီးမြှောက် အောင် လုပ်နိုင်တာမျိုးကို ဆိုလိုချင်တာ ဖြစ်တယ်။

ဥပမာ - ဂီတ ၊ အနုပညာ ၊ စာပေ ၊ပန်းချီ စတာတွေ ကို မွေးရာပါ ဝါသနာ ပါတာမျိုး ရှိသလို လုပ်ရင်း နဲ့ သဘောကျလို့ကြိုက်နှစ်သက်သွားတာ မျိုးလည်း ရှိတယ်။

ကျွန်တော်ဆိုလည်း ဓါတ်ပုံ ရိုက်ရတာ ဟာ ကိုယ်ဝါသနာပါ မှန်း ၊ စိတ်ဝင်စားမှန်း ၊ အဲ့ အလုပ်လုပ် ရရင် ပျော်နေမှန်း ဆိုတာကို လွန်ခဲ့ တဲ့ ၆ နှစ် ၇ နှစ်လောက်ကမှ စတင် ရှာဖွေ တွေ့ ရှိခဲ့တာပဲ ၊ အဲ့တော့ က်ိုဟာ ဘာဖြစ်ချင်နေတာ လဲ ဆိုတာ ကို သိဖို့တော့လ်ိုတယ်။

လွှတ်ထားတိုင်း သာ “ ဆေးသမား ဖဲသမား
ဘာညာ ဖြစ်ရမယ် ဆိုရင် ပြည်ပ နိုင်ငံတွေမှာ
ကျွန်တော်တို့ ပြောသမျှ အရာ တွေဟာ လွယ်လင့် တကူ ရတယ်။

“ ဥပမာ ဆေးခြောက်ဆိုရင် ထိုင်းမှာ လမ်းဘေး
မှာ တောင် ရတယ် “
အဓိက က ကိုယ်ဖြစ်ချင်တာကို ကို့ဟာကိုယ်
သိဖို့ လိုတယ် ။

“ WHAT IS YOUR MISSION IN LIFE “

နောက်ထပ် အထောက်အပံ့ကောင်းဆိုတာ
မိဘ က ပိုက်ဆံ ရှိတာ တို့ ခရိုနီ သားသမီး
ဖြစ်နေတာတို့ ကို ပြောတာ မဟုတ်ဘူး။

တိုင်းပြည် ရဲ့ အခြေအနေ ၊ စည်ပင် သာယာ ဝပြောမှု ရယ် ၊ နောက်ပြီး တော့ လူငယ်တွေက်ို နေရာ ပေးမှု ရယ် တို့ အဲ့လို တွေ ရှိတယ်။

အခု အဓိက ပြောချင်တဲ့ အချက်က လူငယ်တွေကို နေရာပေးမှု ပါပဲ ။
လူငယ်တွေကို နေရာ ပေးမှု ဆိုတာ ရဲ့ အစ က မိသားစု ရဲ့ အိမ် တစ်အိမ်မှာပဲ စတယ်။
အိမ်တစ် အိမ်က နေ မှ တိုင်းပြည်ကို ရောက်ပြီး နိုင်ငံ နဲ့ ချီပြီးပြောရမှာပဲ၊

နေရာပေးမှု ဆိုတာက ကို့ရဲ့ သားသမီး မြေးတွေဟာ အသက်ငယ်ရာ ကနေ ကြီးလာကြတဲ့ သူတွေပဲ၊အဲ့လိုအသက်အရွယ်တစ်ခု ရလာတဲ့ အခါ သူတို့ကို
မိသားစု ရဲ့ တာဝန်တစ်ခုခု ကို ခွဲဝေ ပေးတာမျိုးပေါ့

“ မင်းတို့ က ဒါလေးတောင် တို့ နင်က ဒါလေးတောင် မလုပ်တတ်ဘူး လုပ်မနေပါ နဲ့ “ လို့ ပြောမယ့် အစား ၊ အဲ့တာ က အဲ့လို လုပ်ရတယ် ဒါမျိုးမှ စနစ်ကျမယ်ဆိုပြီး ဦးဆောင်နိုင်အောင် သင်ပေးရမယ်။

ပြီးရင် ဘောလုံး ဝါသနာ ပါလို့ ကစား နေတဲ့
ကလေး တစ်ယောက်ကို
ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး အလုပ်မဟုတ်တာတွေ လုပ်မနေစမ်းပါနဲ့ “ အဲ့လို ပြောတာတွေ ကြောင့် လူငယ်တော်တော် များများ ဟာ လွပ်လပ်စွာ ပျံသန်းနိုင်ခွင့် မရှိကြတော့ ပါဘူး

တစ်ချို့တစ်လေ လူကြီးတွေ ဆို အပြင်ဗဟုသုတဘာမှမရှိပဲ သူတို့သမီးက
အိမ်ထဲမှာပဲနေတာဆိုပြီး ဂုဏ်တယူယူလုပ်ပြနေတဲ့ မိဘတွေလည်းရှိသေးတယ်။

လှောင်အိမ် ထဲက ငှက်တွေ ဟာ သူတို့
ပတ်ဝန်းကျင်လောက် ပဲ သိပြီးတော့ လွတ်လပ်စွာ
ပျံသန်းခွင့် ရတဲ့ ငှက်တွေ က သာ ကမ္ဘာကြီးကို
မိုင်ထောင်ချီ နိုင်ကြတာ ပါ။

မိုင်ထောင်ချီ ပျံသန်း မယ့် ငှက်တွေ ဟာ အစ
ပိုင်းမှာတော့ ရာသီဥတု ဒဏ် အခက်အခဲတွေ
ကြုံနိုင်မယ် ဒါပေမယ့် အကြိမ်ဖန် များလာတဲ့ အခါ ကို့ ဟာကိုယ် အားကိုး ပြီး အဲ့ဒီ အခက်အခဲတွေကို
ကျော်လွှားပြီး သိမ်းငှက် လ်ိုပဲ ဖြတ်သန်းနိုင်လိမ့်မယ်။

လူငယ်တွေ လွတ်လပ်စွာ ပျံသန်းနိုင်ကြပါစေ။

_credit :Nyi Thu Ta._

#sofia
#knowledge
#credit

4 months, 1 week ago
4 months, 1 week ago

ဒီပုံပြင်က အားလုံးအတွက်အားဖြစ်စေမယ်လို့ထင်ပါတယ်။

တခါတုန်းက ခရီးသွားကုန်သည်အဖွဲ့တဖွဲ့ဟာတောင်ကုန်းကိုဖြတ်ပြီးခရီးသွားကြရင်းမထင်မှတ်ဘဲ အဖွဲ့ထဲကတယောက်ကခြေချော်ပြီးချောက်ကမ်းပါးထဲကျသွားတယ်။
ပြုတ်ကျသွားတဲ့သူဟာ ချောက်ကမ်းပါးထက်ဝက်မှာရှိတဲ့ ကျောက်စွယ်လေးမှာတင်နေတယ်။ချောက်ကမ်းပါးကြီးကလဲတအနက်တော့ဘယ်သူ့မှဆင်းမကယ်ရဲကြဘူး။
အဲ့ဒီ့တော့ ကုန်သည်အဖွဲ့က
"ပြုတ်ကျတဲ့သူကို ကူညီဖို့မလွယ်ကူဘူးသူကသေလူဖစ်သွားပြီ။
အဲ့ဒီ့တော့ သူ့အိမ်ကိုဘာများမှာချင်လဲဆိုပြီး ကမ်းပါးထိပ်ကနေအော်ပြီးမေးကြမယ်"ဆိုပြီး
"ဟေ့လူ မင်းကမကြာခင်သေရတော့မယ်။ဒီချောက်ကမ်းပါးကြီးကို မင်းတက်နိုင်မှာမဟုတ်ဘူး။ငါတို့လဲဆင်းကာ်လို့မရနိုင်ဘူး။ဒီတော့မင်းအိမ်ကမိသားစုကိုဘာမှာချင်လဲပြော"ငါတို့သွားပြောပေးမယ်ဆိုပြီးအော်‌ေပြာကြတယ်တဲ့။
အဲ့အချိန်မှာပြုတ်ကျသွားတဲ့သူသာ ချောက်ကမ်းပါးကြီးကိုကုတ်တက်ဖို့ကြိုးစားပါတော့တယ်။
အဲ့ဒါနဲ့ ကမ်းပါးပေါ်ကအဖွဲ့ကလည်း တက်ဖို့မကြိုးစားပါနဲ့တော့၊ထပ်ပြီးပြုတ်ကျလိမ့်မယ်။မင်းအိမ်ကိုမှာချင်တဲ့စကားကိုသာငါတို့ကိုပြောလိုက်ပါ။အဖွဲ့ကရမယ့် မင်းရဲ့ဝေစုကိုလည်းမင်းအိမ်ကိုပေး,ပေးပါ့မယ်။လို့အော်ပြောလိုက်ကြတယ်။
အဲ့လိုပြောလိုက်တော့မှာ အောက်ကသူဟာကြိုးစားပြီးတက်လာလေပဲ။ဒီလိုနဲ့တက်လာလိုက်တာမယုံနိုင်အောင်ပါပဲ။သူကအပေါ်ကိုရောက်လာခဲ့တယ်။
ဒီတော့မှအပေါ်ကသူ့အဖွဲ့ဟာ ဝမ်းသာအားရဖြစ်ပြီး "မင်းကိုမဖြစ်နိုင်ပါဘူး။မကြိုးစားနဲ့တော့လို့ပြောတာကို ဂရုမစိုက်ပဲဘာလို့ဇွတ်အတင်းတက်လာနိုင်ခဲ့တာလဲ"လို့ဝိုင်းမေးကြတော့
"ငါကနားသိပ်မကြားတဲ့သူတယောက်ပါ။မင်းတို့ပြောတာကိုငါသိပ်မကြားရဘူး။ငါကမင်းတို့ငါ့ကိုအပေါ်တက်ဖို့ တွန်းအားပေးနေတယ်ထင်တာနဲ့အားကြိုးမာန်တက်တက်လာခဲ့တာပါ"လို့ပြန်ပြောလိုက်တယ်။

အဲ့လိုပါပဲ
ဘဝမှာအောင်မြင်ဖို့အတွက်အခက်တွေပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့အခါ ပတ်ဝန်းကျင်ရဲ့အထင်သေး ကဲ့ရဲ့ ထိုးနှက်ချက်စကားတွေကိုလျစ်လျှူရှူထားလိုက်ပါ။

ဒီစာကိုဖတ်ပြီးsofiaတော့စိတ်အဆင်ပြေလာပြီးမစွန့်လွှတ်ချင်ပဲဒီထက်ပိုပြီးကြိုးစားလာချင်တဲ့စိတ်ဖစ်လာတယ်❤️‍🩹

#sofia
#knowledge

4 months, 1 week ago
4 months, 2 weeks ago

ဒီ Chလေးမှာ Sec owner needပါတယ်ဗျ🫶🏿**@Cool_About_Quotes - ကိုယ့်Chလိုစောင့်ရှောက်နိုင်မှလာပါ

- 24/7 active ဖြစ်တဲ့သူ

-Own chမရှိတဲ့သူ

- Admတွေကိုထိန်းပေးမဲ့သူ

-အတွေ့အကြုံရှိတဲ့သူ

အဲ့အချက်တွေနဲ့ကိုက်ညီမှလာပါရှင်🦫🐾

Dm -** @LoonMayKha#𝐊𝗂𝗋α#LoonMayKha#NeedAdm

We recommend to visit

ကြော်ငြာထည့်သွင်းရန် @Vip_admin_3

Last updated 6 days, 18 hours ago

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 3 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago