Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

Hypen Education

Description
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago

1 month, 1 week ago
***🪭*** ### 二兎を追う者は一兎をも得ず - にとをおうものはいっとをもえず

🪭 ###  二兎を追う者は一兎をも得ず -  にとをおうものはいっとをもえず

ယုန်နှစ်ကောင်ဖမ်းတဲ့ လူ‌က  ယုန်တစ်ကောင်မှကို မရလိုက်ဘူး။

  • ရည်မှန်းချက်တွေအများကြီးကို အကုန်လုံးကိုတစ်ပြိုင်နက် ရရမယ်ဖြစ်ရမယ်ဆိုပြီး အတင်းလိုက်ကြိုးစားနေ‌တဲ့ အခါ တစ်ခါတစ်လေမှာ တစ်ခုမှကို မရလိုက်တာမဖြစ်လိုက်တာမျိုးအခြေအနေကိုဆိုလိုခြင်းဖြစ်တယ်။

🔸 ဒီနေ့အတွက် နောက်ဆုံး Idiom လေးရဲ့ Example လေးကိုကြည့်ကြရအောင်
- 彼は同時に複数のプロジェクトを進めようとしているが、二兎を追う者は一兎をも得ずだと気づいていないようだ。

かれはどうじにふくすうのプロジェクトをすすめようとしているが、にとをおうものはいっとをもえずだときづいていないようだ。

သူက တစ်ချိန်ထဲမှာပဲ project တွေအများကြီးကို လုပ်ဖို့ကြိုးစားနေပေမဲ့ ယုန်နှစ်ကောင်ဖမ်းတဲ့ လူ‌က  ယုန်တစ်ကောင်မှကို မရလိုက်ဘူးဆိုတဲ့အဆိုကို သတိမထားမိဘူးထင်တယ်။

- 彼女は同時に仕事と趣味に時間を割こうとしているが、二兎を追う者は一兎をも得ずの危険性を忘れているようだ。

かのじょはどうじにしごととしゅみにじかんをわりこうとしているが、にとをおうものはいっとをもえずのきけんせいをわすれているようだ。

သူမက တစ်ချိန်ထဲမှာပဲ အလုပ်မှာ ရော သူမရဲ့ဝါသနာတွေမှာ ရော အချိန်ကို နှစ်မြုပ်ထားပေမဲ့ ယုန်နှစ်ကောင်ဖမ်းတဲ့ လူ‌က  ယုန်တစ်ကောင်မှကို မရလိုက်ဘူးဆိုတဲ့အတိုင်းအဲ့အန္တရယ်ကို မေ့နေတဲ့ပုံပဲ။

1 month, 1 week ago
***🪭*** ### 猿も木から落ちる - さるもきからおちる

🪭 ###  猿も木から落ちる -  さるもきからおちる

မျောက်တောင်မှ သစ်ပင်ပေါ်ကပြုတ်ကျတာပဲ

  • ဘယ်လောက်ဘဲ ကျွမ်းကျင်ပညာရှင်ဖြစ်ပါစေ အမှားလုပ်မိတာမျိုး၊ ကျရှုံးတဲ့အချိန်ရှိဖူးတာမျိုးဆိုတာ ဖြစ်လေ့ရှိပါတယ်ဆိုတာကိုဆိုလိုခြင်းဖြစ်တယ်။

🔸 မျောက်တောင်မှ သစ်ပင်ပေါ်ကပြုတ်ကျတာပဲ ဆိုရဲ့ Example လေးကတော့

- 有名な作家でも、時々、猿も木から落ちる。彼らも間違いをします。
ゆうめいなさっかでも、ときどき、さるもきからおちる。かれらもまちがいをします。

ကျော်ကြားတဲ့စာရေးဆရာတွေတောင်မှပဲ တစ်ခါတလေတော့ မျောက်တောင်မှ သစ်ပင်ပေါ်ကပြုတ်ကျတယ်ဆိုတာမျိုးလိုပဲလေ သူတို့‌လည်း မှားတဲ့အခါလည်းရှိမှာပေါ့။

- 彼は優秀なプログラマーだが、猿も木から落ちる。時々、間違いを します。

かれはゆうしゅうなプログラマーだが、さるもきからおちる。ときどき、まちがいをします。

သူက အရမ်းတော်တဲ့ programmer ဖြစ်ပေမဲ့လည်း မျောက်တောင်မှ သစ်ပင်ပေါ်ကပြုတ်ကျသလိုမျိုးပဲ တစ်ခါတစ်လေတော့ အမှားလုပ်မိတာမျိုးရှိမှာပေါ့လေ။

1 month, 1 week ago
***🪭*** ### 能ある鷹は爪を隠す - のうあるたかはつめをかくす

🪭 ###  能ある鷹は爪を隠す -  のうあるたかはつめをかくす

ကျွမ်းကျင်လိမ္မာတဲ့ သိမ်းငှက်က သူ့ရဲ့လက်သည်းတွေကို ဖွက်ထားတတ်တယ်။

  • တကယ် talent ရှိတဲ့သူ တကယ် ပညာရှိတဲ့သူတွေက သူတို့ရဲ့ကျွမ်းကျင်မှုကို ထုတ်မပြကြဘူး ကြွားဝါလေ့မရှိကြဘူးဆိုတာကို ဆိုလိုခြင်းဖြစ်တယ်

🔸 ဒီစာကြောင်းလေးအတွက် Example လေးကတော့

- 新入社員の中には、能力が高いのに謙虚さが欠けている人もいる。能ある鷹は爪を隠すということを学ぶ必要がある。

しんにゅうしゃいんのなかには、のうりょくがたかいのにけんきょさがかけているひともいる。のうあるたかはつめをかくすということをまなぶひつようがある。

အလုပ်သမားအသစ်တွေထဲမှာ စွမ်းဆောင်ရည်မြင့်တဲ့သူတွေ ရှိပေမဲ့လို့ နှိမ့်ချတတ်တဲ့စိတ်ရှိသူတွေက နည်းတယ်။ ကျွမ်းကျင်လိမ္မာတဲ့ သိမ်းငှက်က သူ့ရဲ့လက်သည်းတွေကို ဖွက်ထားတတ်တယ်ဆိုတာကို သိထားဖို့လိုနေကြပြီ။

- 彼は頭の良いことを誰にも言わないが、能ある鷹は爪を隠すというのは彼のモットーだ。

かれはあたまのよいことをだれにもいわないが、のうあるたかはつめをかくすというのはかれのもっとーだ。

သူဘယ်လောက် ဉာဏ်ကောင်းတဲ့ဆိုတာကို ဘယ်သူ့ကိုမှမပြောပြဘူး (လိုက်ပြီးကြွားမနေဘူး) ကျွမ်းကျင်လိမ္မာတဲ့ သိမ်းငှက်က သူ့ရဲ့လက်သည်းတွေကို ဖွက်ထားတတ်တယ်ဆိုတာကတော့ သူ့လက်ဆွဲဆောင်းပါးလေ။

1 month, 1 week ago
***🪭*** ### 口は災いの元 - くちはわざわいのもと

🪭 ### 口は災いの元 - くちはわざわいのもと

ပါးစပ်ဆိုတာ ပြဿနာတွေရဲ့ အရင်းအမြစ်ပဲ

  • ဂရုမစိုက်မိဘဲ လက်လွတ်စပယ် ပြောလိုက်မိတဲ့စကားတွေကြောင့် ပြဿနာတွေအများကြီး ဦးတည်သွားတတ်တယ် ဆိုတာကို ဆိုလိုခြင်းဖြစ်တယ်။

🔸 ဒီစာကြောင်းလေးအတွက် Example လေးတွေကြည့်ကြရအောင်

- 会議での口の過ちが、プロジェクトに大きな問題を引き起こした。本当に口は災いの元だと思う。

かいぎでのくちのあやまちが、プロジェクトにおおきなもんだいをひきおこした。ほんとうにくちはわざわいのもとだとおもう。

ကုမ္မဏီမှာ စကားပြောမှားတဲ့အမှားကြောင့် project ကို ကြီးမားတဲ့ ပြဿနာဖြစ်စေခဲ့တယ်။ တကယ်ကိုပဲ ပါးစပ်ဆိုတာ ပြဿနာတွေရဲ့ အရင်းအမြစ်လို့ပဲ ထင်မိတယ်။

- 彼女は口が軽すぎて、いつも人を傷つける。口は災いの元だということを学ぶ必要がある。

(  かのじょはくちがかるすぎて、いつもひとをきずつける。くちはわざわいのもとだということをまなぶひつようがある。)

သူမက စကားပြောတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ပြောပြီးတော့ အမြဲလူတွေကို နာကျင်စေမိတာမျိုးပဲဖြစ်ဖြစ်သွားတယ်။ ပါးစပ်ဆိုတာ ပြဿနာတွေရဲ့ အရင်းအမြစ်ဆိုတာကို သူလေ့လာဖို့လိုနေပြီ။

1 month, 1 week ago
***🪭*** ### 井の中の蛙、大海を知らず - いのなかのかわず、たいかいをしらず

🪭 ###     井の中の蛙、大海を知らず - いのなかのかわず、たいかいをしらず

ရေအိုင်ထဲက ဖားလေးက ကျယ်လှတဲ့ သမုဒ္ဒရာကြီးအကြောင်း ဘာမှမသိဘူး။

  • လူတစ်ယောက်က သူ့ရဲ့ experience ရဲ့နည်းနည်း ရှု့ထောင်ကျဉ်းကျဉ်းလောက်ပဲသိနားလည်ပြီး တကယ်ကျယ်လှတဲ့ အပြင်လောကကြီး အကြောင်းဘာမှလည်းမသိတဲ့ သူမျိုးကို ‌ဆိုလိုခြင်းဖြစ်တယ်။

🔸သူရဲ့ Example စာကြောင်းလေးကတော့

- 私たちが多くの経験を積むことで、井の中の蛙から脱出できる。
(   わたしたちがおおくのけいけんをつむことで、いのなかのかわずからだっしゅつできる。  )

ပိုပိုများတဲ့ အတွေ့အကြုံတွေကို ရလာရင်းနဲ့ကျွန်တော်တို့တွေက ရေအိုင်ထဲက ဖားလေးဘ၀က လွတ်လာနိုင်လိမ့်မယ်။

- 彼は自分のコミュニティの外のことについては全く興味がない。井の中の蛙だね。

(  かれはじぶんのコミュニティのそとのことについてはまったくきょうみがない。いのなかのかわずだね。)

သူက သူ့ရဲ့ အသိုင်းအ၀န်းအပြင် အခြားပြင်ပနဲ့ ပတ်သက်ပြီး လုံး၀စိတ်၀င်စားမှု မရှိဘူး။ ရေအိုင်ထဲက ဖားလေးအတိုင်းပါပဲလား။

1 month, 1 week ago
Idioms လေးတွေကိုနားမလည်လို့ စိတ်ရှုပ်နေပြီလား ***🤷***

Idioms လေးတွေကိုနားမလည်လို့ စိတ်ရှုပ်နေပြီလား 🤷

ဒီလိုဆိုရင် ဘယ် Language မှာမဆို အရေးပါလှတဲ့ Idioms လေးတွေကို Hypers 🎓လေးတို့အတွက် Hypen ရဲ့ ldioms Friday အစီအစဥ်လေးရောက်လာပါပြီဗျို့...📯

ဒီအပတ် အလှည့်ကျတဲ့ Idioms လေးတွေကရော ဘာလေးများဖြစ်မလဲ 👀

ကဲ့... ဒီအပတ် Friday အတွက်အလှည့်ကျလာတဲ့ Idioms လေးတွေကတော့ ဆာကူရာမြေ ကိုသွားဖို့ လုပ်နေတဲ့ သူများအတွက် Japanese Idioms လေးတွေဖြစ်ပါတယ်။

ဒီ Idioms လေးတွေက အသုံးများပြီး၊ ဂျပန်စာလေ့လာနေသူတိုင်း သိထားသင့်တဲ့ Japanese Idioms လေးတွေဆိုလည်းမမှားပါဘူး 🔥

ဒါဆိုရင်တော့ Example နဲ့တကွပေးထားတဲ့ Idioms လေးတွေကို လေ့လာကြရအောင်

Let's go 🏃

အပတ်စဉ်တိုင်း ဒီလို အသုံးဝင်တဲ့ idioms အမျိုးမျိုးကို မျှဝေပေးသွားမှာမလို့ Hysan page and Telegram channelsတွေကို like and follow လုပ်သွားဖို့ မမေ့ပါနဲ့နော်

Hypen Main Channel-
https://t.me/hypen_org

Hypen Facebook Page-
https://www.facebook.com/profile.php?id=100083376309050

#ContentWriterby_MyintMyatKhine
#Grapicby_Poepo
#Hypen_Org
#Idioms_Friday

1 month, 1 week ago
Hypen Education
1 month, 1 week ago

ကျန်းမာပျော်ရွှင်တဲ့နေ့ရက်ပေါင်းများစွာ...🍀

Helllo Hypers လေးတို့ရေ 🎓
ကျောင်းသားတိုင်းလိုက်နာပီးကျင့်သုံးသင့်တဲ့ Healthy Habits လေးတွေကို Sharingသွားပါမယ် ရှင့်🧑‍🎓

ယနေ့ခေတ် ကျောင်းသားလူငယ် တော်တော်များများဟာ စာတွေသင်ယူလေ့လာနေချိန်မှာ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုမစိုက်မိတာမျိုးတွေရှိလာတတ်ပါတယ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကျန်းမာရေးမကောင်းရင် သဲထဲရေသွန်ဖြစ်မှာပါပဲ😓

ဒီလိုမျိုးတွေမဖြစ်အောင် 🙅‍♀ Hypen ကနေ Student တွေအတွက် Healthy Habits လေးတွေကို သိသလောက် မျှဝေပေးသွားပါမယ်

  1. Get Enough Sleep 😴

ကျောင်းသားတစ်ယောက်က စာလေ့လာမှတ်ယူနိုင်ဖို့ဆိုရင် အိပ်ချိန်လုံလောက်မှု က အရေးအကြီးဆုံးပါ 🧠 ဦးနှောက်က ကောင်းကောင်းမွန်မွန် အနားမယူရဘူးဆိုရင် စာတွေ မှတ်နိုငိဖို့ရာ ခဲယဥ်းလာတတ်ပါတယ်
5⃣AM Morning Routine လေးကို စမ်းသပ်ကြည့်ဖို့ အကြံပေးချင်ပါတယ် မနက်စောစော ထခြင်းက အိပ်ရေးမ၀ဘူးလို့ထင်ရစေပင်မဲ့ တကယ်တမ်းကျ ဦးနှောက်က မနက်စောစောမှာပိုပြီး တက်ကြွလန်းဆန်းစေတတ်ပါတယ်
ညဆိုရင်လည်း စောစောအိပ်ဖြစ်တဲ့အတွက် ညနောက်ကျတဲ့ထိ မနေဖြစ်တာကြောင့် အိပ်ချိန်လုံလောက် စေပါတယ် 👏

ကျောင်းသားတစ်ယောက်ဟာ ကျောင်းမှာတစ်နေကုန် သင်ယူဖို့အတွက် Energy ပြည့်နေဖို့လိုပါတယ်။ ဒါကြောင့် ပျမ်းမျှ ၇နာရီကနေ ၈ နာရီအိပ်သင့်ပါတယ်။ အနည်းဆုံး ၆ နာရီလောက်တော့အိပ်ထားမှ မနက်ကျရင် ကျောင်းသွားတဲ့အခါ ခေါင်းကြည်နေမှာပါ...💁‍♀

  1. Mind your eating habit 😋

ကျောင်းသားအများစုဟာ Breakfast မစားဘဲ ကျောင်းသွားတာပါ...တကယ်တော့ ဒါလုံးဝမကောင်းပါဘူး 🙅‍♀ Skipping breakfastရဲ့ ဆိုးကျိုးတွေက အများကြီးရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် မနက်စာမစားဘဲအတန်းတက်တဲ့ ကျောင်းသားဟာ သင်သမျှစာတွေကို ထင်သလောက် Absorb မလုပ်နိုင်တော့ပါဘူး။ တစ်ညလုံးမစားထားရတဲ့အပြင် မနက်စာပါလွတ်ခဲ့ရင် ခန္ဓာကိုယ်ထဲမှာ Glucose တွေနည်းသွားတဲ့အခါ Hypoglycemia(သွေးတွင်းအချိုဓာတ်နည်းခြင်း)မျိုးဖြစ်ပြီး ခေါင်းမူးတာ၊ မူးလဲတာမျိုးတွေကြုံရတတ်ပါတယ် 🤷‍♀

နောက်တစ်ချက်ကတော့ နေ့လည်စာကို သေချာရွေးချယ်စာသုံးဖို့ပါ... ကျောင်းမှာဖြစ်သလိုဝယ်စားလိုက်တာမျိုး 🍟 Junk food တွေပဲစားတာမျိုးက ခန္ဓာကိုယ်အတွက်အာဟာရမဖြစ်စေပါဘူး။ အာဟာရပြည့်နေမှသာ စာလေ့လာရာမှာ အာရုံစူးစိုက်မှုကောင်းပြီး ပိုသင်ယူမှတ်သားနိုင်မှာပါ။ ဒီတော့ ကိုယ့်အတွက်အာဟာရဖြစ်စေမယ့် အစာတွေကိုရွေးပြီးဝယ်စားတာမျိုးပဲလုပ်သင့်ပါတယ်။🥦 အကောင်းဆုံးကတော့ အိမ်ကနေ Lunch Box ထည့်သွားတာပါပဲ...

  1. Stay Hydrated 💦

ခန္ဓာကိုယ်အတွက် ရေဆိုတာ မရှိမဖြစ်အလိုအပ်ဆုံးအရာပါ ကျောင်းသားအရွယ်တော်တော်များများက ရေသောက်ဖို့ကို ပေါ့ဆကြပါတယ် ရေထက် အချိုရည် တွေကို ပိုမိုသောက်ကြပါတယ် ။
ဒီရေအစားထိုး အချိုရည်တွေက သောက်တာများရင် ခန္ဓာကိုယ်အတွက်ဆိုးကျိူးက ပိုများပါတယ် 🥤
ဒါကြောင့် ရေဆာနေချိန်မှာရေကိုပဲလုံလုံလောက်လောက် သောက်ပေးပါနော်။🤗

  1. Exercise 🏋‍♂

အချိန်ပေးပြီး Workout မလုပ်ဖြစ်ရင်တောင် ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်ကတော့ရှိသင့်ပါတယ်။စာလုပ်တဲ့နေရာမှာလည်း တစ်နေကုန်အကြာကြီးထိုင်ပြီးမလုပ်ဘဲ break time လေးထားပြီး လမ်းထလျှောက်တာမျိုး လေကောင်းလေသန့်လေးထရှူတာမျိုးလုပ်ပေးပါ 😊
သီချင်းလေးဖွင့်ပြီး ရေမချိုးခင် ခဏလောက် workout လုပ်ဖြစ်ရင်တော့ ကျန်းမာရေးအတွက်အကောင်းဆုံးပါ

  1. Reduce your screen time (Let your eyes take a rest) ‼️

ဒါကတော့ကျောင်းသားတိုင်းနီးပါးဟာ online class တွေတက်ရ စာလုပ်လည်း screenကြည့်ရ ၊ နားတဲ့အချိန်လည်း game ဆော့ရ ၊ fbသုံးလည်း screenကြည့်ရ ၊ ရုပ်ရှင်ကြည့်လည်း screenကြည့်ရ ဆ်ိုတော့ ကြာတဲ့အခါ မျက်လုံးကိုထိလာနိုင်တာမို့ screen time မလျှော့နိုင်ရင်တောင် မျက်လုံးအတွက် အနားပေးတဲ့အချိန်မျိုးထားပေးသင့်ပါတယ်📌 အနားယူတဲ့အချိန်မှာ မျက်လုံးလေးမှိတ်ထားတာ စိမ်းစိုတဲ့ အရောင်ရှိတဲ့နေရာလေးတွေကြည့်ပေးတာမျိုးလုပ်ပေးပါနော် 🌳

ဒါလေးတွေကတော့ ကျောင်းသားအရွယ်မှာ ကိုယ့်ရဲ့ကျန်းမာရေးအတွက် လိုက်လုပ်ပေးသင့်တဲ့အချက်လေးတွေကို ဖြစ်ပါတယ်ရှင့် 👩‍🏫 အသုံးဝင်မယ်လို့လည်းမျှော်လင့်ရင်း ကျန်းမာပျော်ရွှင်ရတဲ့နေရက်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေရှင် 🌻

Hypers လေးတို့အနေနဲ့ information တွေမလွတ်ရလေအောင် Channel - https://t.me/hypen_org

Hypen Facebook Page - https://www.facebook.com/profile.php?id=100083376309050 လေးကို subscribe လုပ်ပြီး စောင့်မျှော်ပေးကြပါဦးရှင်

#𝗖𝗼𝗻𝘁𝗲𝗻𝘁𝘄𝗿𝗶𝘁𝗲𝗿𝗯𝘆𝗞𝗵𝗶𝗻𝗠𝗲
#𝗚𝗿𝗮𝗽𝗵𝗶𝗰𝗗𝗲𝘀𝗶𝗴𝗻𝗲𝗿𝗯𝘆𝗥𝗼𝘆

#hypen_org

1 month, 1 week ago
1 month, 1 week ago
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago