Hypen Education

Description
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 10 months, 3 weeks ago

9 Monate, 4 Wochen her
သံသရာစက်ဝန်းအတွင်းမှ တစ်ဖန်ပြန်လည်လာသော ‌နွေဦး...***🍂***

သံသရာစက်ဝန်းအတွင်းမှ တစ်ဖန်ပြန်လည်လာသော ‌နွေဦး...🍂

နွေဟာ အရင်လိုပဲ ဆိုပေမဲ့ အရင်လို မဟုတ်တော့တဲ့ နှလုံးသား တစ်စုံကြောင့် ပူဆွေးနေကြပြီလား Hypers🎓 လေးတို့ရေ...❤️‍🩹

နွေခေါင်ခေါင် ပူပြင်းလှတဲ့အချိန်မှာ အသည်းကွဲ mood ဝင်ပြီး ငိုင်နေရင် ပတ်ဝန်းကျင်က ပိုပူလာတတ်တယ်ဗျ။ ဒါ‌ကြောင့် နှလုံးသားလေးကို ဆေးကုသလိုမျိုး ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကြီးကိုလည်း ဆေးကုသပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ အပူချိန်ဟာ တဖြည်းဖြည်း လျော့ကျပြီး ပတ်ဝန်းကျင်က သာယာစိုပြေလာမှာပါ🫂

ဆိုတော့... ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက်  အသည်းကွဲတာလေးကို ခဏဘေးချိတ်ထားပြီး Hypen ရဲ့သတင်းစကားလေးကို ဖတ်ရှုသွားပေးပါဦးခင်ဗျာ...🫧

🍁 နွေဦးစစချင်းမှာပဲ Hypen က သတင်းလေး တစ်ခု သယ်ဆောင်လာပါတယ်။ ဒါကတော့ မြန်မာ့ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုကွန်ယက်က ဦးစီးတဲ့ 𝐏𝐥𝐞𝐝𝐠𝐞 𝐘𝐨𝐮𝐫 𝐂𝐥𝐢𝐞𝐧𝐭 𝐀𝐜𝐭𝐢𝐨𝐧 ဆိုတဲ့ ပြိုင်ပွဲလေး ကျင်းပ‌နေတယ်ဆိုတာပဲ ဖြစ်ပါတယ် 🎉

ဒီပြိုင်ပွဲလေးမှာ ကျွန်တော်တို့ Hypen Organization ရဲ့ Head တစ်ယောက်ဖြစ်တဲ့အပြင် Hypen ရဲ့ မိတ်ဖက် For The Future Myanmar Organisation ရဲ့ Founder လည်းဖြစ်သူ ​​​ကိုမင်းခန့်သွေးက 𝐏𝐎𝟐: 𝐅𝐮𝐭𝐮𝐫𝐞 𝐘𝐚𝐧𝐠𝐨𝐧 𝐆𝐫𝐞𝐞𝐧 𝐒𝐩𝐚𝐜𝐞𝐬 ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါဝင်ယှဉ်ပြိုင်ထားပါတယ်

အခုပြိုင်ပွဲမှာ ဆုရရှိတဲ့အခါ မြန်မာနိုင်ငံရဲ့ ရာသီဥတုကို ပိုမိုသာယာ၊လှပလာအောင် ဖန်တီးပေးနိုင်မဲ့ Project တွေ စတင်နိုင်ဖို့ အထောက်အပံ့ကောင်းတွေ ရရှိလာမှာပဲဖြစ်ပါတယ်💞

ဒါကြောင့် Hypers🎓 လေးတို့အနေနဲ့လည်း အသည်းကွဲနေရင်‌တောင် အနာဂတ်ရဲ့ နွေဦးမှာ အပူချိန်တဖြည်းဖြည်းလျော့ကျစေရေးကို တစ်ထောင့်တစ်နေရာကနေ ကူညီပါဝင်နိုင်ဖို့အတွက် PO2 ကို အောက်က link လေးမှ  voting ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ 🙂‍↕️

https://forms.gle/9qP5zQvdsWpzKG7U6

#PledgeYourClimateAction
#hypen_org

9 Monate, 4 Wochen her
Hypen Education
10 Monate her

Hypers🎓 လေးတို့ထဲမှာ အကဝါသနာပါသူလေးတွေများ ရှိကြသလား⁉️

🛖 အရင်တစ်ပတ်တုန်းက Korean Hanok ဆိုတဲ့ ရိုးရာအိမ်လေးတွေအကြောင်းကို ဝေမျှပေးခဲ့တာ Hypers🎓 လေးတို့ မှတ်မိကြမယ် ထင်ပါတယ်။ မဖတ်ရသေးတဲ့ Hypers🎓 လေးတို့အတွက်ကတော့ ဒီမှာပါ

https://www.facebook.com/share/p/18Lq4LnnX7/

ဒီတစ်ပတ်မှာတော့ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အနုပညာအကအလှလေးတွေအကြောင်း ဝေမျှပေးချင်တာမို့ Korea 🇰🇷 နိုင်ငံရဲ့ ရိုးရာအကတွေနဲ့ စလိုက်ကြရအောင်ပါ🎀

💃🏻 Korean Folk Dance ခေါ် ကိုရီးယားရိုးရာအကဆိုတာက ကိုရီးယားရဲ့ ရိုးရာယဉ်ကျေးမှုကို တိုက်ရိုက် ပြသနေတဲ့ အနုပညာတစ်မျိုးပဲ ဖြစ်ပါတယ်။ ပွဲတော်၊ အခမ်းအနားနဲ့ အထိမ်းအမှတ်ပွဲတွေမှာ လူတွေကြား စည်းလုံးမှုကို ဖော်ပြတဲ့အနေနဲ့ ဖျော်ဖြေကပြလေ့ရှိတဲ့ ကိုရီးယားရိုးရာအကတွေကို ဒီကနေ့မှာ Hypen ကနေ ဝေမျှပေးလိုက်တာမို့ သူတို့ရဲ့ အကအလှတွေက ဘယ်လိုတောင် လှပမလဲဆိုတာ သိရဖို့ အဆုံးထိ ဖတ်ကြည့်လိုက်ကြရအောင်။

🎎 Ganggangsullae (ဂန်ဂန်ဆူလဲ)
ဂန်ဂန်ဆူလဲဟာ လပြည့်ညအောက်မှာ အမျိုးသမီးတွေ စုဝေးလို့ လက်တွဲကာ စက်ဝိုင်းပုံစံနဲ့ ကပြတဲ့ အကတစ်မျိုးဖြစ်ပါတယ်။ ဒီရိုးရာအကကိုတော့ ရာသီသီးနှံကောင်းစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ အချင်းချင်း စည်းလုံးမှုကို ကိုယ်စားပြုလို့ ကလေ့ရှိကြပါတယ်🌾

🎎 Buchaechum (Fan Dance) – ဘူချဲချွမ်
ဘူချဲချွမ်ဆိုတာကတော့ အရောင်အသွေး စုံလင်လှတဲ့ ယပ်တောင်တွေကို အသုံးပြုလို့ လှပစွာ ကပြလေ့ရှိတဲ့ အကအလှတစ်မျိုးပဲ ဖြစ်ပါတယ်။ သဘာဝရဲ့ လှပမှုကို ပုံဖော်ရင်း ပန်းပွင့် သို့မဟုတ် ငှက်ပျံ ကဲ့သို့သော သင်္ကေတများကို ဖော်ကျူးလို့ ကပြဖျော်ဖြေတဲ့ အကဟာလည်း ကြည့်ရှုသူများအဖို့ ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်🕊️

🎎 Jinju Geumbae (ဂျင်ဂျူဂျွမ်ဘဲ)
ဂျင်ဂျူဂျွမ်ဘဲဆိုတဲ့ အကလေးကတော့ ဂျင်ဂျူဒေသမှ စတင်လာတဲ့ ရိုးရာအကဖြစ်ပြီး အမျိုးသားတွေရဲ့ စစ်ရေးသန်မာမှုကို သရုပ်ဖော်တဲ့အနေနဲ့ ကပြလေ့ရှိပါတယ်🤺

🎎 Talchum (Mask Dance) – တယ်ချွမ်
တယ်ချွမ်ဟာ မျက်နှာဖုံးဝတ်ဆင်ကာ ကပြတဲ့ အကတစ်မျိုးဖြစ်ပြီး လူမှုပြဿနာတွေကို ဟာသနဲ့ သရော်ကာ ပေါင်းစပ်ကပြတဲ့ ဒီအကလေးမှာတော့ မျက်နှာဖုံးတွေဟာ လူတန်းစား အခြေနေအရပ်ရပ်ကို ကိုယ်စားပြုပါတယ်။ ဒီအနုပညာဟာဆိုရင်လည်း အင်မတန်မှ ရသအစုံအလင်ကို ပေးစွမ်းနိုင်တဲ့ အကလေးပဲ ဖြစ်ပါတယ် 🎭

ဒီအကနဲ့ ပတ်သက်လို့လည်း Hypen က ရေးသားဝေမျှခဲ့ဖူးတာမို့ အသေးစိတ်ကို ဖတ်ရှုဖို့ရာဆိုရင် ဒီ Link လေးကို Click လိုက်ပါနော်🖇️

https://www.facebook.com/share/p/1Kk6PMwDFF/

🌸 တချို့သောအရာတွေရဲ့ နောက်ကွယ်မှာ သမိုင်းတွေရှိကြသလို ကိုရီးယားရိုးရာအကတွေမှာလည်း သမိုင်းဝင်အဓိပ္ပါယ်များစွာ ရှိနေပါတယ်။ ဥပမာ~ ဂန်ဂန်ဆူလဲကို လယ်ယာတွေမှာ သီးနှံအထွက်ကောင်းစေရန် ဆုတောင်းတစ်မျိုးအဖြစ် ဖျော်ဖြေကြပြီး🎑၊ ဘူချဲချွမ်ကို နန်းတွင်းပွဲတွေမှာသာ🏯 သွားရောက်ဖျော်ဖြေပေးလေ့ရှိကြပါတယ်။ ဒါ့အပြင် ရိုးရာဝတ်စုံ (Hanbok) နဲ့ ကိုရီးယားရိုးရာတူရိယာတွေဖြစ်တဲ့ Janggu, Buk, Gayageum တို့ဟာ ရိုးရာအကတွေကို ပိုပြီးမြိုင်ဆိုင်စေရန် တန်ဆာဆင်ပေးတဲ့အရာတွေမို့ သူတို့ကိုလည်း မေ့ထားလို့ မရပြန်ပါဘူး🪘

💁🏻‍♀️ ဒါပဲလားဆိုရင်လည်း မဟုတ်ပြန်ပါဘဲနဲ့ ဒေသအလိုက် အကပုံစံ ကွဲပြားမှုတွေလည်း ရှိပါသေးတယ်။ အနုပညာအကအလှတွေမှာ အမျိုးသမီးတွေ ကပြဖျော်ဖြေတာက များပြားတာမို့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကလည်း အလွန်အရေးကြီးပါတယ်။ များ‌သောအားဖြင့် ဂန်ဂန်ဆူလဲလို အကတွေကို အမျိုးသမီးတွေကသာ ဖျော်ဖြေကြရတာမို့ပါ။

💫 ကိုရီးယားစစ်ပြီးတဲ့နောက်မှာတော့ ရိုးရာအနုပညာတွေကို ပြန်လည်အသက်သွင်းလာတဲ့အတွက် ယနေ့အခါမှာ နိုင်ငံတကာ အနုပညာပြပွဲတွေအဖြစ်လည်း ရိုးရာအကတွေကို ဖျော်ဖြေလာသည်အထိ တိုးတက်လာခဲ့ပါတယ်။ ဒီလောက်ဆိုရင်တော့ Korea နိုင်ငံရဲ့ ရိုးရာအကအလှတချို့အကြောင်းကို သေချာလေး သိသွားမယ်လို့ ထင်ပါတယ်။

ပျောက်ဆုံးနေတဲ့ ပညာလမ်းစတချို့ကို ရှာဖွေနိုင်ဖို့နဲ့ ဗဟုသုတများစွာ ရရှိဖို့ဆိုရင်တော့ ❝ လူငယ်တွေမှ လူငယ်တွေဆီသို့ ❞ အရာရာကို ဂရုတစိုက် ဝေမျှပေးနေတဲ့ Hypen Org ကို နေ့စဉ် စောင့်ကြည့်ဖို့ သတိရလိုက်ပါနော်😉

🪄Hypen Facebook Page ~
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

🪄Hypen Organization Channel ~ https://t.me/hypen_org

#ContentwriterbyShune
#GraphicDesignbyHaru
#hypen_edu
#KoreanFolkDance

12 Monate her

? ?????????? ???????????? ?

Hypen ကနေ Hypers? လေးတို့ကို ထားမသွားဘူးလို့ သူလို အကြိမ်ကြိမ် အခါခါပြောခဲ့ပြီးမှ မထင်မှတ်ဘဲ အခုအချိန်မှာ ခဏတာတော့ ခွဲခွာရပါဦးမယ်ကွယ်?

Hypers?: ဟင် ဘာလို့လဲ ထားသွားတော့မို့လား

စတာပါ" အမြဲကြိုးစားနေကြတဲ့ Hypers ?လေးတွေကို မပံ့ပိုးဘဲ ထားသွားစရာလားနော်?❤️
?? ၂၀၂၄ တစ်နှစ်တာလုံးမှာ Hypen ရဲ့ Hypers ?လေးတွေက ကြိုးကြိုးစားစားနဲ့ ပညာရေးအပြင် ဗဟုသုတရဖွယ်တွေကိုပါ အမြဲအဆက်မပြတ် လေ့လာသင်ယူခဲ့ကြတယ် မဟုတ်လား။ တစ်နှစ်ပတ်လုံး ကြိုးစားရင်း တစ်ခါတစ်ရံမှာ လဲကျမလိုဖြစ်သွားလို့ ပြန်လည်သန်မာပြလိုက်၊ ငိုလိုက်ရယ်လိုက်နဲ့ ပင်ပန်းခဲ့ရပြီပေါ့နော်? တစ်နှစ်ပတ်လုံးမှာ အများကြီး ကြိုးစားရှင်သန်ခဲ့ကြတဲ့ Hypers? လေးတွေအတွက်လည်း Hypen ကနေ ဂုဏ်ယူလျက်ပါရှင်?

??‍♀️ ဒီတော့ တစ်နှစ်တာလုံး ကြိုးစားခဲ့သမျှကို ခနတာ အမောဖြေ အနားယူရင်း နောက်လာမဲ့ ???? အတွက် အားမွေးဖို့ရာ အေးအေးဆေးဆေး အပန်းဖြေနိုင်ဖို့ Hypen ကနေ ??????? လေး စီစဉ်ပေးထားပါတယ်ရှင်?
? အဲဒါကတော့ ဘယ်ရက်တွေထိလဲဆိုရင် ???????? ?? ရက်မှ ??????? ? ရက်နေ့အထိပဲ ဖြစ်ပါတယ်။
? ဒီပိတ်ရက်လေးမှာဆိုရင် Hypen တို့ဘက်က Post တင်ခြင်း၊ Page Messenger တွင် လာရောက်မေးမြန်းသည်များကို ဖြေဆိုခြင်းတွေပါ ရပ်နားထားပြီး Hypers? လေးတို့နဲ့ အတူတူ ပိတ်ရက်မှာ အနားယူကြမှာ ဖြစ်ပါတယ်⛱️

? ပိတ်ရက်ကလေးမှာ အေးအေးဆေးဆေး အနားယူကြဖို့ဆိုတာ မှန်ပေမဲ့ လာမဲ့ ???? အတွက် ?????? ????? လေးတွေ ဆွဲထားဖို့တော့ မမေ့ပါနဲ့ မိုင်ဟိုက်ပါလေးတို့ရေ…

ဘယ်လိုဆွဲရမလဲ၊ ဘာကြောင့် ?????? ????? ဆွဲသင့်သလဲဆိုတာကို သေချာမသိသေးဘူးဆိုရင်တော့ Hypen ရဲ့ Come Back မှာ သေသေချာချာ ရှင်းပြပေးပါမယ်နော်။

? ပိတ်ရက်မှာ အနားယူကြမှာဆိုပေမဲ့ လာမဲ့ ??.??.???? ?????? ????? မှာတော့ “???????? ?? ??????????” ????? နဲ့ ??????? ???????? ???? လေးကတော့ ပုံမှန်ည၈နာရီ စံတော်ချိန်အတိုင်း ရှိနေဦးမှာ ဖြစ်ပါတယ်။

?️ အနားယူနေရင်း Hypen တို့နဲ့ အရမ်းအဆက်အသွယ်ပြတ်မသွားစေဖို့ရာ ?????? ????? ရဲ့ အချိန်နှစ်နာရီလောက်ကိုတော့ ??????? ???????? ???? က Faci အချောလေးတွေနဲ့အတူတူ ဆွေးနွေးတိုင်ပင်ရင်း Speaking လေ့ကျင့်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ?

☄️ ဒါဆိုရင်တော့ လာမဲ့ ??????? ? ရက်နေ့မှာ HYPEN တို့က ဘယ်လိုမျိုး ပညာရပ်တွေ၊ အခွင့်အလမ်း လှလှလေးတွေ၊ ဖဟုသုတရဖွယ်တွေနဲ့ အတူတူ တစ်ဖန်ပြန်လာမလဲဆိုတာ စောင့်မျှော်ပေးကြရင်း တစ်နှစ်တာရဲ့အဆုံးသတ်မှာ ပျော်ရွှင်ဖွယ် အမှတ်တရတွေ ဖန်တီးလို့ အနားယူလိုက်ကြရအောင်☃️

? နှစ်သစ်မှာ Hypers? လေးတို့အားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းပြီးတော့ မျှော်မှန်းထားတဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ဆောင်နိုင်ကြပါစေလို့ Hypen Org မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်?
Hypen က Hypers? လေးတို့ဆီကို ပြန်လာတဲ့အခါ မသိရ မရှိရလေအောင် အနားမယူခင် Like & Follow လေး ကြိုတင်လုပ်ဆောင်သွားကြမယ်နော်?

❄️????? ???? ???????
https://t.me/hypen_org

❄️????? ???????? ????
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

#ContentwriterbyShune
#GraphicDesignbyZinThaw
#Newyear
#Holidays
#hypen_org

12 Monate her
Hypen Education
12 Monate her
***?*** နောက်ဆုံးတစ်လုံးကတော့

? နောက်ဆုံးတစ်လုံးကတော့

?  천 리 길도 한 걸음 부터.(ချောန် ရီ ဂီးလ်ဒို ဟန်း ဂေါရွမ်း ဘူထော)
ခရီးမိုင်ထောင်ပေါင်းများစွာကိုလည်း ခြေလှမ်းတစ်လှမ်းက စတယ်လို့ အဓိပ္ပာယ်ရပါတယ် ?

▪️ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေဆိုတာက သေးငယ်တဲ့ ?????? လေးတွေကပဲ စတယ် ဆိုပြီး ပြောချင်တဲ့အခါမျိုးမှာ သုံးတဲ့ စကားပုံ ဖြစ်ပါတယ် ❤️‍?

? ကဲ…ဒါဆိုရင် ဒီအပေါ်က ?????? လေးတွေကို ??????? လေးတွေ နားလည်သွားပြီ ဖြစ်တဲ့အတွက်ကြောင့် ပြန်ပြီးအသုံးချဖို့ မမေ့ပါနဲ့နော်။ နောက်အပတ်တွေမှာလည်း အခုလို အမိုက်စား ?????? လေးတွေကို ဆက်ပြီး ??????? လုပ်ပေးသွားမှာဖြစ်တဲ့အတွက် ????? ???????? ???? နဲ့ ???????? ??????? တို့ကို ???? ??? ?????? လုပ်ထားကြပါအုံး ?

????? ???????? ????
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

????? ???????? ???????
https://t.me/hypen_org

#hypen_org
#ContentwriterbySandarChoandMyintMyatKhine
#GraphicDesignbySuuLae
#Friday_Idiom

1 Jahr, 2 Monate her

ဒါဆို စိတ်ကျန်းမာရေးအပေါ်ရော ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ

?နွေးထွေးတဲ့ ကုသမှု၊ စာနာတဲ့ ဖေးမမှုတွေသာ မရှိရင် သေးငယ်တဲ့ စိတ်ခံစားချက်လေးတစ်ခုကလည်း ပြင်းထန်တဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်?

ဒါကြောင့်~
? Post-Traumatic Stress Disorder (PTSD) - စိတ်အနှောင့်အယှက်ဖြစ်စေသော မှတ်ဉာဏ်များ၊ ရှောင်ရှားမှု၊ တုံ့ပြန်မှုများ မြင့်မားလာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထုံထိုင်းခြင်းစတဲ့ လက္ခဏာရပ်များ။

? Depression and Anxiety - Trauma ရဲ့သားကောင်အဖြစ် စတင်လာရာကနေ ဝမ်းနည်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ပူပင်သောကများ မြင့်မားသော ကာလများကိုလည်း ရေရှည် ခံစားရနိုင်ပါတယ်။

? Substance Abuse & Suicidal Thinks - အချို့သော ဒဏ်ရာဒဏ်ချက်ခံရသူများဟာ စိတ်ခံစားချက်ကို ဖြေရှင်းသည့်အနေနဲ့ မူးယစ်ဆေးဝါး ? ၊ အရက်သေစာများကို ? သုံးစွဲလာနိုင်ပြီး အထူးသဖြင့် အထီးကျန် ခံစားရသူများဟာလည်း မိမိကိုယ်ကို အဆုံးစီရင်ရန် အတွေးများ? စသဖြင့် ဖြစ်ပေါ်နိုင်ပါတယ်။

ကဲ Hypers? လေးတို့ရေ...
ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကနေတစ်ဆင့် ဖြစ်ပေါ်ရရှိလာရတဲ့ Trauma တွေဟာ အင်မတန်မှ ကြောက်စရာကောင်းတာကို သိရှိသွားလိမ့်မယ်လို့ ထင်ပါတယ်နော်?

? စိတ်ဒဏ်ရာတွေက လူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိနိုင်တာမို့ သင့်လျော်တဲ့ ပံ့ပိုးကူညီမှုနှင့် ကုသမှုမရှိပါက ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ တွယ်တာခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေး ခက်ခဲခြင်းကဲ့သို့သော နာတာရှည် စိတ်ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာစေနိုင်ပါတယ်?

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အဆိုအရလည်း ခန့်မှန်းခြေအားဖြင့် လူ ၇၀ ရာခိုင်နှုန်းလောက်က တစ်သက်တာတွင် အနည်းဆုံး စိတ်ထိခိုက်စရာ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ရလေ့ ရှိပါသတဲ့ ?

အဲဒီကနေတစ်ဆင့် စိတ်ဒဏ်ရာ ခံစားရသူတွေရဲ့ 20% လောက်က PTSD ဖြစ်လာပါတယ်?
"Women are about twice as likely as men to develop PTSD after a traumatic event"
PTSD ဖြစ်ပေါ်ရာမှာ အမျိုးသမီးရာခိုင်နှုန်းက ပိုများတယ်လို့လည်း ဖော်ပြထားပါသေးတယ်?

?? ဒါဆိုရင်တော့ မိမိကိုယ်ကိုယ်သာမက ပတ်ဝန်းကျင်က မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကိုပါ ဒီလို ဝေဒနာဆိုးကို မဖြစ်စေဖို့၊ မဖြစ်နိုင်ဖို့ အချင်းချင်း ခံစားချက်တွေကို ဖွင့်ဟရင်း ဖေးမလိုက်ကြပါစို့နော်?

အခြားသော Hypers? လေးတို့ ပတ်ဝန်းကျင်လေးကို သာယာလှပစေဖို့ လမ်းညွှန်ပြသပေးမဲ့ အဖော်မွန်ကောင်းလေးအဖြစ်တည်ရှိရင်း များစွာသော ဗဟုသုတ၊ ပညာရပ်တွေကို ဝေမျှပေးဦးမှာ ဖြစ်တဲ့ Hypen Org လေးကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးပါဦးနော် ?❤️

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Telegram Channel -
https://t.me/hypen_org

#ContentwriterbyShune
#GraphicDesignbyEaindraKo
#Mentalhealth
#Victimstraumaandmentalhealth
#hypen_org

1 Jahr, 2 Monate her

လူ့ပတ်ဝန်းကျင်တွေကြားထဲမှာ မသိမသာ စိုးမိုးနေတဲ့အရာက ဘာလဲဆိုတာ သိကြလား မိုင်ဟိုက်ပါလေးတို့ရေ~

ဖွင့်ဟခွင့် မရရှိတဲ့အရာတွေပေါ်မှာ မြိုသိပ်လာခဲ့ကြရရင်း တစ်ဖက်မှာ ဒီအရာတွေက သာမန်ပါပဲလို့ ခံစားလာရတဲ့အခါ မသိစိတ်နဲ့ သိစိတ်တွေကြားမှာ စိတ်ဒဏ်ရာဆိုတဲ့ Trauma ဆိုတာက ရရှိလာခဲ့ကြပါတယ်?

? ဒီ Trauma ဆိုတဲ့ စိတ်ဒဏ်ရာက ဘယ်လိုကနေ စတင်ဖြစ်ပေါ်လာလဲဆိုရင်တော့...
Abuse, Violence, or A sudden life-changing event ဆိုတာတွေကနေတစ်ဆင့် တဖြည်းဖြည်း စတင်လာခဲ့တာပေါ့ကွယ်။

ဒီဒဏ်ရာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှု ရှိမရှိဆိုတာမျိုးကိုတော့ Hypen တို့တစ်တွေ သေချာမသိရှိနိုင်သေးပါဘူး ?

? စိတ်ဒဏ်ရာရသူအများစုဟာ လွဲမှားတဲ့ ခံယူချက်တွေ၊ ဆင်ခြင်တုံတရားမဲ့တဲ့ ကြောက်ရွံ့မှုတွေ ?၊ စိုးရိမ်ပူပန်မှုတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာထုံကျဉ်မှု(fear, anxiety, and emotional numbness.) တို့ကို မကြာခဏ ရင်ဆိုင်ရလေ့ရှိပြီး ဘဝလမ်းကြောင်းနဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာလည်း အဟန့်အတားသဘော ဖြစ်ပေါ်စေပါတယ် ?️

Hypers? လေးတို့ရေ အမျိုးမျိုးသော စိတ်ဒဏ်ရာတွေကနေမှ PTSD၊ Depression များသာမက မူးယစ်ဆေးဝါးသုံးစွဲခြင်းကဲ့သို့သော အန္တရာယ်ရှိတဲ့ ယန္တရားများဆီ ပြောင်းလဲသွားနိုင်တဲ့ အခြေအနေမျိုးကိုလည်း ဖြစ်ပေါ်ရောက်ရှိသွားစေနိုင်ပါသေးတယ်နော် ?

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 10 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 10 months, 3 weeks ago