Why Pay for Entertainment? Access Thousands of Free Downloads Now!

MPANews

Description
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

1 month, 2 weeks ago
ဝက်လက်မြို့ပေါ်တွင် စစ်မှုထမ်းရန် လူစာရင်းကောက်ခံ

ဝက်လက်မြို့ပေါ်တွင် စစ်မှုထမ်းရန် လူစာရင်းကောက်ခံ

16 Mar 2024 By MPA CJ 020

စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်မှုထမ်းရန်အတွက် လူစာရင်းကောက်ခံနေပြီး ဝါဒဖြန့်စာစောင်များလည်း ဖြန့်ချိနေကြောင်း သိရသည်။

မတ်လ၁၅ရက်တွင် ဝက်လက်မြို့၊ အမှတ်-၃ ရပ်ကွက်အတွင်း လူစာရင်းကောက်ခြင်းနှင့် စစ်မှုထမ်းဥပဒေဆိုင်ရာ ဝါဒဖြန့်စာစောင်များကိုလည်း တစ်အိမ်တက်ဆင်းလိုက်လံဝေငှခဲ့ကြောင်း ဝက်လက်မြို့ခံအချို့ထံက သိရသည်။

'လူငယ်စာရင်းကောက်နေပြီ။လူစာရင်းကောက်တာနဲ့ပတ်သက်ပြီး လူတွေကိုတော့အုပ်ချုပ်ရေးမှူးရုံး တွေမခေါ်သေးဘဲ စာရင်းပဲကောက်သေးတာပါ။အုပ်ချုပ်ရေးမှူးတွေဦးဆောင်တာပါ" ဟု ဝက်လက်မြို့ခံတစ်ဦးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3g3Py
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 month, 2 weeks ago
ဘဝများ ကြေချင်သလောက် ကြေ စစ်တပ်ထဲတော့ လုံးဝ မဝင်

ဘဝများ ကြေချင်သလောက် ကြေ စစ်တပ်ထဲတော့ လုံးဝ မဝင်

16 Mar 2024 By MPA CJ 023 (ဆောင်းပါး)

“စစ်ထဲမဝင်ချင်လို့သာ ထွက်လာရတာ၊ ရဲမြင်ရင် ကြောက်နေရတဲ့ မဲဆောက်မှာ ကျတော်မ ပျော်ဘူး”ဟု အငယ်ကောင် (အိမ်အမည်) က နွမ်းဖတ်နေသောလေသံဖြင့် ပြောသည်။

အငယ်ကောင်မှာ ယခုမှ အသက် ၁၉ နှစ်ပြည့်ပြီးစ အရွယ်။ ဟိုး…မွန်ပြည်နယ် မြို့လေးတစ်မြို့မှ ထွက်ပြေးတိမ်းရှောင်လာခဲ့သူ။ မိဘမရှိ၊ နောက်ခံအသိုင်းအဝိုင်းမရှိ၊ မူလတန်းပ ညာရေးပင် သင်ကြား တတ်မြောက်ခဲ့ခြင်းမရှိ။ ကြီးတော်များနှင့်အတူ အကြော်တဲတွင် ညှော်နံ့များ တလူလူဖြင့် ဘဝကို ထု ဆစ်ခဲ့သူ။ သူတို့၏ အကြော်ဆိုင်မှာ သူတို့၏မြို့လေးတွင် ဂုဏ်ထူးဆောင်အ မှတ်တံဆိပ်အဖြစ် နှစ်လရှည်ကြာ အောင်လံစိုက်ထူခဲ့ပြီးဖြစ်၍ သူတို့မိသားစုဘဝ အမြင်မလှသော်လည်း စားနိုင်သောက်နိုင်ရုံတင်မက စုမိဆောင်းမိ ငွေသားများဖြင့် ခိုင်ခိုင်မာမာ။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3g3NW
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 month, 3 weeks ago
MPANews
1 month, 3 weeks ago
ချောင်းဦးမြို့နယ် စိုက်ပျိုးရေးရုံးနှင့် စစ်တပ်ဂိတ်တို့ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး

ချောင်းဦးမြို့နယ် စိုက်ပျိုးရေးရုံးနှင့် စစ်တပ်ဂိတ်တို့ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး

10 Mar 2024 By MPA CJ 025

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ စိုက်ပျိုးရေးရုံးနှင့် စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးပြီး ၅ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Myaung Special People Defense Force(MSPDF)က ယနေ့(မတ် ၁၀ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့(မတ် ၉ရက်)၊ မနက် ၁၁နာရီ ၁၀မိနစ်က ချောင်းဦးမြို့နယ် စိုက်ပျိုးရေးရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း၅စင်းဖြင့် ဗုံးသီး ၁၅လုံးကြဲချတိုက်ခိုက်ခဲ့ပြီးနောက် ချောင်းဦး-မြင်းမူလမ်းမပေါ်တွင် တပ်စွဲထားသည့် ခရေဖြူ စစ်ဆေးရေးဂိတ်ကို ဗုံးသီး ၁၀လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင်း Myaung Special People's Defense Force- ပြန်ကြားရေးတာဝန်ခံ လွင်ဂူး ကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3ftDd
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 month, 3 weeks ago
ရွာကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၈ဦးသေဆုံးဟု

ရွာကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၈ဦးသေဆုံးဟု

10 Mar 2024 By MPA CJ 025

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာကြီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား၈ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မတ် ၈ရက်၊ မနက် ၈နာရီခန့်တွင် အင်အား ၁၀၀ကျော်ဖြင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ရွာကြီးကျေးရွာသို့ ဝင်ရောက်ချိန်၌ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3ftzF
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 month, 3 weeks ago
တိုင်းနှင့်ပြည်နယ်အသီးသီးတွင် မတ်လ ၁၅ ရက်နောက်ပိုင်း နေ့အပူချိန်များမြင့်တက်လာနိုင်သဖြင့် သက်ကြီးရွယ်အိုနှင့် …

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် မတ်လ ၁၅ ရက်နောက်ပိုင်း နေ့အပူချိန်များမြင့်တက်လာနိုင်သဖြင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အထူးသတိပြုသင့်ဟုဆို

10 Mar 2024 By MPA CJ 015

မြန်မာနိုင်ငံ​အတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လာမည့် မတ်လ ၁၅ ရက်နောက်ပိုင်းမှစ၍ နေ့အပူချိန် ၄၀°C အထက် မြင့်တက်လာနိုင်သဖြင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အပူဒဏ် (Heat Stroke) ကြောင့် အသက်ဆုံးရှုံးမှုများ မဖြစ်အောင် အထူးသတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးပြောဆိုသည်။

ယခုအချိန်သည် ဆောင်းအကုန် - နွေအကူး ရာသီကူးပြောင်းကာစ ကာလဖြစ်သောကြောင့် ညအအေးဓာတ်သည် နေ့အပူချိန်ကို မသိမသာလျော့ကျအောင် လုပ်နိုင်နေဆဲဖြစ်သော်လည်း ညအပူချိန်များတိုးလာပြီး ညဘက်အအေးပေါ့လာသည့်နောက်ပိုင်းတွင် နေ့အပူချိန်များ သိသိသာသာမြင့်တက်လာမည် ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3ft5L
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

2 months ago
စစ်ကိုင်းတွင် မိုင်းဆွဲခံရသော စစ်တပ် ရမ်းပစ်သည့် ကျည်ထိမှန်ကာ ဆီကားမီးလောင်၊ …

စစ်ကိုင်းတွင် မိုင်းဆွဲခံရသော စစ်တပ် ရမ်းပစ်သည့် ကျည်ထိမှန်ကာ ဆီကားမီးလောင်၊ ဆိုင်ကယ်ဖြင့် ဖြတ်လာသည့် သားအမိ ၂ဦး မီးသင့်သေဆုံး

6 Mar 2024 By MPA CJ 007

စစ်ကိုင်းမြို့နယ်အတွင်း မိုင်းဆွဲခံရသော စစ်တပ်က ရမ်းပစ်သည့် ကျည် ထိမှန်ကာ ဆီဘောက်ဆာ ကားမီးလောင်ခဲ့ရာ အနီးမှ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသော သားအမိ ၂ဦးလည်း မီးသင့်သေဆုံး ခဲ့ကြောင်း သိရသည်။

မတ်လ ၅ရက်၊ နံနက် ၆နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မုံရွာကားလမ်းပေါ်တွင် မြင်းမူမြို့နယ်မှ ပြန်လာသော စစ်ကားတစ်စီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာပြီး ရမ်းသန်းပစ်ခတ်ခဲ့ရာ ၎င်းတို့နှင့် ပေ၄၀၀အကွာရှိ ဆီဘောက်ဆာကားတစ်စီး ကျည်ထိမှန်ကာ မီးလောင်သွားကြောင်း ယင်းဆီဘောက်ဆာကားအနီး ဆိုင်ကယ်ဖြင့် ဖြတ်လာနေသည့် အမျိုးသမီးတစ်ဦးနှင့် ၁၀နှစ်အရွယ်ကလေးတစ်ဦးတို့ပါ မီးသင့်ကာ မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3f8yF
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

2 months ago
ငါန်းဇွန်မြို့ ရေလည်သောင်အနောက်ရွာမှ ပြည်သူများကို စစ်တပ်က ဖမ်းဆီးထားဟုဆို

ငါန်းဇွန်မြို့ ရေလည်သောင်အနောက်ရွာမှ ပြည်သူများကို စစ်တပ်က ဖမ်းဆီးထားဟုဆို

6 March 2023 By MPA CJ 017

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်အနောက်ရွာမှ ပြည်သူများကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့ (မတ်လ ၆ရက်)၊ မနက်ပိုင်းက ငါးဇွန်မြို့နယ်၊ လင်္ကာဒီပရွာတွင် ညအိပ်ပြီးထွက်လာသည့် အင်အား ၇၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ရေလည်သောင်အနောက်ရွာကို ဝင်ရောက်ကာ တရွာလုံးကို ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်းရှိမရှိကို မသိရသေးကြောင်း ဒေသခံပြည်သူတစ်ဦးက MPA ကိုပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/3f8xi
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

2 months ago
MPANews
4 months ago
MPANews
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago