MPANews

Description
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 11 months, 2 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 10 months ago

1 year ago
အင်တာနက်လိုင်းမိချိန် ပြည်သူများဖုန်းစုပြောသည့်နေရာကို စစ်တပ်ဗုံးကြဲ

အင်တာနက်လိုင်းမိချိန် ပြည်သူများဖုန်းစုပြောသည့်နေရာကို စစ်တပ်ဗုံးကြဲ

6 Jan 2025 By Chun Nrein / MPA

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ်တွင် အင်တာနက်လိုင်းမိချိန် ပြည်သူများဖုန်းစုပြောသည့်နေရာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက်၊ ညနေ ၃ နာရီကျော်အချိန်တွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူအများအပြားရှိကြောင်း သိရသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/Sa5_mc5Vfdo

1 year ago
ရခိုင်ပြည်နယ် ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အေအေ အများအပြား သေဆုံး …

ရခိုင်ပြည်နယ် ကမ်းထောင်းကြီးမြို့ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အေအေ အများအပြား သေဆုံး ဆိုသည့် သတင်းအမှား

6 Jan 2025 By Wadi/MPA

ရခိုင်ပြည်နယ်ရှိ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အေအေတပ်ဖွဲ့ဝင် အများအပြား သေဆုံးဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက် ရှိသည်။
“People Media” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၃ ရက် နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့ နယ်၊ ကမ်းထောင်းကြီးမြို့ရှိ အေအေ နှင့် ပူးပေါင်းတပ်ဖွဲ့များ ခြေကုပ်ယူထားသည့် အဆောက်အအုံများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး အေအေတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့သော အဆောက်အအုံ ဓာတ်ပုံများနှင့်တကွ ရေး သားဖြန့်ဝေထားခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2etjxazc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 year ago
MPANews
1 year ago
စစ်တပ် ပြန်သိမ်းသွားသော တွင်းငယ်ရွာကို တော်လှန်ရေးတပ်များ ပြန်ဝိုင်းထား

စစ်တပ် ပြန်သိမ်းသွားသော တွင်းငယ်ရွာကို တော်လှန်ရေးတပ်များ ပြန်ဝိုင်းထား

3 Jan 2024 By Nway / MPA

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကို စစ်တပ်က ပြန်လည်သိမ်းယူသွားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ပြန်ဝိုင်းထားကြောင်း သိရသည်။

၂၀၂၄ခု၊ နိုဝင်ဘာ ၁၅ရက်မှ စတင်၍ စစ်တပ်က မြေပြင်၊ ဝေဟင်ထိုးစစ်များဖြင့် တော်လှန်ရေးတပ် များ သိမ်းပိုက်ထားသည့် တွင်းငယ်ရွာကို ထိုးစစ်ဆင်ခဲ့ရာ ရက် ၂၀ အကြာ ဒီဇင်ဘာ ငါးရက်တွင် တွင်းငယ်ရွာအား တော်လှန်ရေးတပ်ဖွဲ့များ လက်လွှတ်ပေးလိုက်ရကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ထံက သိရသည်။

"တွင်းငယ်ကနေဆုတ်တယ်ဆိုပေမဲ့ တွင်းငယ်ရဲ့ ပတ်ချာလည်မှာ ကျမတို့ရှိပါတယ်။ အဝေးကြီးကို ဆုတ်ရတာ မဟုတ်ဘူး။ တွင်းငယ်အပြင်ကနေ ပြန်ပြီးဝိုင်းထားပါတယ်" ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က MPA ကို ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/K4tl8
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 year ago
စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်တော့သည့် တောင်သာမြို့အနီး တိုက်ပွဲများပြင်းထန်နေ

စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်တော့သည့် တောင်သာမြို့အနီး တိုက်ပွဲများပြင်းထန်နေ

3 Jan 2025 By Hlaing / MPA

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တောင်သာမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ မြို့အနီးပတ်ဝန်းကျင်၌ တိုက်ပွဲများပင် ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၀ရက်တွင် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး - Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီး လက်ရှိအချိန်ထိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/vr9U2
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 year ago
MPA ညပိုင်းသတင်း(၃ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၅ ခုနှစ်)

MPA ညပိုင်းသတင်း(၃ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၅ ခုနှစ်)

- စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ပြည်သူများ စစ်ရေးအသိ၊ သတိရှိကြရန် KNDF တိုက်တွန်း

- NUG ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့က တောင်ပိုင်းစစ်ဒေသ ရှေ့တန်းနယ်မြေများထံ သွားရောက်

- အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများ ကုန်ပစ္စည်းကို ဖွင့်ဖောက်စစ်ဆေးပြီးမှ တင်ဆောင်ရန် ညွှန်ကြား

- ရေဦးမြို့မှ နေရပ်မပြန်နိုင်သေးသည့် ဒီပဲယင်းမြို့ခံ ၅၀၀ ကျော်အတွက် အကူအညီများလိုအပ်နေ

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/-fFOWEuAoII

1 year ago
သုံးစွဲသူအချို့ KBZ pay ထဲမှ ငွေများ ဖြတ်တောက်ခိုးယူခံရသော်လည်း …

သုံးစွဲသူအချို့ KBZ pay ထဲမှ ငွေများ ဖြတ်တောက်ခိုးယူခံရသော်လည်း KBZဘဏ် တာဝန်ယူမှုမရှိ

31 Dec 2024 By Wadi / MPA

သုံးစွဲသူ အချို့၏ KBZ-Pay အကောင့်ထဲမှ ငွေများဖြတ်တောက် ခိုးယူခံနေရသော်လည်း KBZဘဏ်က တာဝန် KBZ ဘဏ်မှ တာဝန်ယူ ယူ‌ဖြေရှင်းပေးမှု မရှိကြောင်း သုံးစွဲသူများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း Kpay သုံးစွဲသူအချို့၏ ဘဏ်စာရင်းထဲမှ ငွေသားများ ခိုးယူခံရမှုဖြစ်စဉ်များ ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့သည်။

KBZ Pay ၏ One Time Password (OTP)နှင့် SMS code များကို အခြားသူများကို ပေးခြင်းမရှိသော်လည်း ငွေများဖြတ်တောက်ခိုးယူခံရမှုရှိနေကြောင်း ဆိုရှယ်မီဒီယာ ဖေ့ဘွတ်ခ်ပေါ်၌ မျှဝေရေးသားခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/sXYT1
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 year ago
MPA ညပိုင်းသတင်း(၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်)

MPA ညပိုင်းသတင်း(၃၁ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်)

- ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးမှုများ လုပ်ဆောင်ရန်လိုအပ်နေ

- လာမယ့်နှစ်မှစပြီး စစ်ကောင်စီစိုးမိုးနယ်မြေများတွင် ဧည့်စာရင်းပိုစစ်ဆေးလာနိုင်

- ဧရာဝတီတိုင်းကိုရောက်လာသည့် ရခိုင်စစ်ဘေးရှောင်များ အိမ်ငှားခဈေးကြီးပေးနေရ

- စစ်ကိုင်းတွင် တပ်မဟာအသစ်ဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်မြှင့်မည်ဟု MDY PDF ဆို

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/DS5b-Fte09k

1 year ago
ကျမ ဒုလ္လဘ ဝတ်ခဲ့သည်

ကျမ ဒုလ္လဘ ဝတ်ခဲ့သည်

31 Dec 2024 By Maung Dagon / MPA

အောင်အောင်ကို ကတုံး အဖြစ် မြင်တွေ့လိုက်ရသဖြင့် အသိမိတ်ဆွေ တချို့နှင့် မျက်မှန်းတန်းမိနေသူ တချို့တို့ အံ့အားသင့်သည့် ပုံစံ ဖြစ်သွားကြသည်။

ပခုံးထိ ရှည်သည့် ဖြောင့်ထားသော ရွှေအိုရောင် ဟိုက်လိုက်ဖောက်ထားသည့် ဆံပင်ရှည်ဖြင့် မဟုတ်တော့၊
မိတ်ကပ်မလူး မျက်နှာပြောင်ဖြင့် နှုတ်ခမ်းနီလည်း မဆိုးထား။ ကော်လံကတုံး အဖြူ၊ ယောပုဆိုး အမဲဖြင့် အောင်အောင်က ယောကျာ်းဆန်ဆန် ဖြစ်နေသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/gv9gt
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

1 year ago
၂၀၂၅ သည် အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်တိုက်ပွဲဝင်ကြရမည့်နှစ်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော

၂၀၂၅ သည် အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်တိုက်ပွဲဝင်ကြရမည့်နှစ်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော

26 Dec 2024 By Nway / MPA

၂၀၂၅ ခုနှစ်သည် အကောင်းဆုံးပြင်ဆင်ပြီး ရင်ဆိုင်တိုက်ပွဲ ဝင်ကြရမည့်နှစ်ဖြစ်ကြောင်း NUGအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

စစ်ကောင်စီသည် အပြောင်းအရွှေ့၊ အလှုပ်အခတ် စစ်ရေးရှုံးနိမ့်မှု ရိုက်ခတ်မှုများနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်တွင်တော်လှန်ရေးအင်အားစုများသည် ရေရှည်သွားရမည့် အစီအမံများနှင့် အချိန်ကုန်နေ၍ မဖြစ်ကြောင်း၊ မြန်မြန်ဆန်ဆန် စီမံသင့်တာစီမံပြီး ရှေ့ဆက်ကြရမည့်အချိန်ဖြစ်ကြောင်းဒီဇင်ဘာ၂၄ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အဖွဲ့အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောကြားသည်။

" အချိန်တွေ၊ လူတွေ၊ ငွေတွေ အားလုံးကို တန်ဖိုးရှိရှိ အသုံးချကြရမယ့် အချိန်ဖြစ်ပါတယ်။လုပ်ဆောင်ချက်တွေ အမြန်အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းကြရမယ့် အချိန် ဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ် " ဟု ၎င်းကပြောသည်။

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 11 months, 2 weeks ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 10 months ago