Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

Thant Htut Tin

Description
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

6 months, 3 weeks ago

“ပေါက်ကြသူတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကို အင်္ဂလိပ်လို ဖြေရမယ်။ သူတို့ မြန်မာလိုတတ်သိ နားလည်နေပေမဲ့ အင်္ဂလိပ်လိုပဲ ဖြေရမယ်ဆိုတော့ အင်္ဂလိပ်လို ကျက်ရတာပေါ့”

“ကိုယ့်စကားနဲ့ကိုယ် ရေးရင်ကော”
“ ဒါဆိုရင် အမှတ်တွေ နည်းကုန်မှာပေါ့။ အမှတ်ပေးစည်းမျဉ်းက ပြဋ္ဌာန်းစာအုပ်နဲ့ ပေးတာ၊ အမှတ်နည်းရင် သူတို့ တက်ချင်တဲ့တက္ကသိုလ် မတက်နိုင်တော့ဘူး”

“သူတို့ စာကျက်တာ မမှားဘူးပေါ့”
“မမှားဘူး။ ဒါပေမဲ့ စာတွေရပေမဲ့ ပညာမတတ်တော့ဘူး၊ သူတို့ဟာ အတွေးဉာဏ်တွေ ရှင်သန်ဖို့ မဖြစ်နိုင်တော့လို့ပဲ"

“ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ”

“#ကိုယ့်မိခင်ဘာသာစကားနဲ့သင်ရင်ပိုကောင်းတာပေါ့”

“တရုတ် တရုတ်လိုသင်တယ်၊
ဂျပန် ဂျပန်လိုသင်တယ်၊
ကိုးရီးယား ကိုးရီးယားလိုသင်ကြတယ်”

“သူတို့ တိုးတက်တယ်”

“ကျွန်တော်တို့ ပညာရေးနဲ့ပတ်သက်ပြီး သဘောထားပြောင်းဖို့ လိုပြီထင်တယ်ဗျာ”

“မြန်မာပြည်မှာ မြန်မာလိုသင်တဲ့တစ်နေ့ ဘွဲ့ရရမရရ ပညာတတ်တွေ များပြားလာမှာပါပဲ”

ဒေါက်တာခင်မောင်ညို

6 months, 3 weeks ago

#မြန်မာလိုသင်တဲ့တစ်နေ့ဘွဲ့ရရမရရပညာတတ်တွေပေါများလာမည်မှာအမှန်

ဒေါက်တာခင်မောင်ညို
----------------------

***ဘွဲ့ရ နှင့် ပညာ

ကျွန်တော်တို့မြန်မာပြည်တွင် ဘွဲ့ရအများစုကို 'ဘွဲ့ရပညာမတတ်' ဟူ၍ စွပ်စွဲပြောဆိုကြသည်။

၁၄ နှစ်ခန့်အချိန်ကုန်လူပန်းပြီး ကြိုးစားခဲ့သူများစွာကို ဘွဲ့ရသည့်အခါ သူတို့ကို ဘာကြောင့် 'ပညာမတတ်'ဟု ဟူ၍ စွပ်စွဲပြောဆိုကြသနည်း...။

လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ပညာကို
ဘယ်လိုသင်ကြလဲ....။

ဥရောပနိုင်ငံအများကို ကြည့်ရင် သူတို့သည် မိခင်ဘာသာစကားဖြင့်သာ စာသင်သည်ကို တွေ့ရမည်။

ပြင်သစ်တွင်
ပြင်သစ်ဘာသာရပ်ဖြင့်သာ စာသင်သည်။

ဂျာမနီတွင်
ဂျာမန်ဖြင့် စာသင်သည်။

အာရှနိုင်ငံများတွင်ကော.....။
ထိုင်းတွင်
ဘာသာရပ်အားလုံးကို ထိုင်းလိုသင်သည်။
ထိုင်းတက္ကသိုလ်များတွင် ထိုင်းလိုပင် သင်သည်။

တရုတ်တွင်လည်း ထို့အတူတရုတ်လိုဖြစ်သည်။
တရုတ်မှာ တက္ကသိုလ်တက်ရင် ၉၉% သောကျောင်းတွေဟာ တရုတ်လိုပင် သင်သည်။

အင်တာနက်နှင့်ပတ်သက်၍ အားလုံး တရုတ်လို ကြည့်လို့ရသည်၊ ရှာလို့ရသည်။

ဂျပန်ကော ဘာထူးသလဲ...။
သူတို့တက္ကသိုလ်များတွင် ဂျပန်လိုပင် သင်သည်။
ဂျပန်က အင်္ဂလိပ်လိုရေးသားထားသော ထွက်သမျှ စာအုပ်အားလုံးလိုလိုကို ဘာသာပြန်သည်။

ကိုရီးယားတွင်လည်း. ဒီလိုပဲပေါ့။
ဒီကောင်တွေ အင်္ဂလိပ်စာညံ့သည်။
အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ကြပါ။
နိုင်ငံခြားသားတစ်ယောက်တလေ လမ်းလျှောက်နေသည့်အခါ လာပြီး မေးလျှင် မဖြေရဲ။ ရှက်ရှက်နှင့် ထွက်ပြေးကြရသည်။

တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊
အားလုံး အင်္ဂလိပ်လို ညံ့သည်။
ထိုသို့ ညံ့သည့်အကြောင်းကား သူတို့သည် ကျောင်းတွင် ဘာသာရပ်အားလုံးကို မိခင်ဘာသာစကား (mother Tongue) ဖြင့်သာ သင်ယူကြသောကြောင့် ဖြစ်သည်။

သူတို့အင်္ဂလိပ်စာညံ့သည်မှာ မှန်သော်လည်း သူတို့ ဘာသာရပ်ကို ကျွမ်းကျင်သည်။
ဂျပန်သည် တီထွင်မှု (innovation) များစွာကို ပြုလုပ်ခဲ့သည်။
သူတို့သည် ကမ္ဘာတွင် အကောင်းဆုံးသော အီလက်ထရွန်းနစ်ပစ္စည်းများကို ထုတ်လုပ်သည်။

ဒုတိယ ကမ္ဘာစစ်တွင်
အဏုမြူဗုံးအချခံရ၍ ပြာပုံဖြစ်ခဲ့ရသော ဂျပန် ချမ်းသာသွားသည်။
ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်သွားသည်။

တောင်ကိုရီးယားသည် ဒီမိုကရေစီမှာ အတော်နောက်ကျသည်။
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးသွားသော်လည်း ကိုရီးယားစစ် မပြီးသေးပါ။

မြောက်ဘက်က တရုတ် ကူတိုက်ပေးသည်။
တောင်ဘက်က အမေရိကန်တို့ ကူတိုက်ပေးသည်။
မြောက်ဘက်က ဆိုးလ်မြို့အနီးထိပင် ဝင်ခဲ့သည်။
တောင်ဘက်က တွန်းလှန်သည်။
နောက်ဆုံးစစ်ပြေငြိမ်းကာ 'တောင်နှင့်မြောက်' ဟူ၍
ကိုရီးယား နှစ်ခြမ်းကွဲလေသည်။
စစ်ဘေးဒဏ်ကြောင့် ကိုရီးယား မွမွကြေနေလေသည်။

၁၉၆၀ ပြည့်နှစ်အလွန်က
ကိုရီးယားကို ရောက်သူ တစ်ယောက်၏
မှတ်တမ်းတွင် ကိုရီးယားတို့ဆင်းရဲပုံကို ဖော်ပြထားသည်။

လမ်းတွေမှာ
ရေအိုင်နေတဲ့ ချိုင့်ခွက်တွေနဲ့၊
အစာရေစာ ၀လင်အောင်မစားကြရ၊ လမ်းဘေးတွင် ဟောင်နေသော ခွေးသည်ပင် စားစရာမရ မဝသောကြောင့် ချိနဲ့သောအသံဖြင့် ဟောင်နေရှာသည်။မိန်းမတွေဆံပင်ဖြတ်ကာ
အစိုးရကို ရောင်းကြရသည်။

သို့သော် ၁၉၈၈ခုနှစ် ဆိုးလ်မြို့ကို ပြန်ရောက်တော့ ကိုရီးယားသည် စပြီးချမ်းသာလာပါပြီ။
ဆိုးလ်တွင် အိုလံပစ် ကျင်းပသည်။ ဒီမိုကရေစီကို ပြည့်ဝစွာ အသုံးချနေကြသည်။
ယနေ့တောင်ကိုရီးယားသည် ကမ္ဘာ့အဆင့်မီ ချမ်းသာတဲ့ နိုင်ငံဖြစ်နေပါပြီ။

ကိုရီးယားမှထုတ်သော ဆမ်ဆောင်း ဖုန်းများ၊ မော်တော်ကားများသည် ကိုရီးယားကို အခြေခိုင်စေသည်။

တရုတ်ကိုတော့ ပြောစရာမလိုပါ။
ယနေ့တရုတ်သည် ကမ္ဘာတွင် လူဦးရေအများဆုံးနိုင်ငံ ဖြစ်သလို ဒုတိယအချမ်းသာဆုံးနိုင်ငံ ဖြစ်နေလေပြီ။

အင်္ဂလိပ်စာတတ်သော တရုတ်များ နိုင်ငံရပ်ခြားက ပြန်လာကြသည်။
အင်္ဂလိပ်စာမတတ်သော တရုတ်များက နိုင်ငံကို အုပ်ချုပ်သည်။

ဒီအတိုင်းပါပဲ၊
ထိုင်းကိုကြည့်ပါ။
သူတို့ကျောင်းနှင့် တက္ကသိုလ်များတွင် ထိုင်းလိုသာ အဓိကထား၍ ပညာသင်ပေးသည်။

ကျွန်တော်တို့ဆီက လူသန်းဂဏန်း မဟုတ်ရင်တောင် သိန်းဂဏန်းပေါင်းများစွာသည် ထိုင်းတွင် အလုပ်လုပ်နေကြရသည်။
ထိုင်းအများစုသည် အင်္ဂလိပ်လို မတတ်ပါ။
ကျွန်တော်တို့ဆီ အနိမ့်ဆုံးလစာကို တစ်နေ့ လေးထောင်ပြည့်အောင် မပေးနိုင်မီ ထိုင်းတွင် တစ်သောင်းပေးသည်။
ကိုးရီးယားတွင် ငါးသောင်းပေးသည်။ဂျပန်တွင် တစ်သိန်းပေးသည်။
သူတို့တွင် ပညာရေးကို မိခင်ဘာသာဖြင့်ပင် သင်သည်။

ဘယ်လိုစဖြစ်တာလဲဒီအကြောင်းကို ဆွေးနွေးမိသည်။

“ကျွန်တော်တို့ဟာ ၁၉၈၁ ခုနှစ်ကစပြီး မူလတန်းကစလို့ အင်္ဂလိပ်လိုသင်ဖို့ ပြဋ္ဌာန်းတယ်။
၁၉၈၄ ခုနှစ်မှာ ၉ တန်း၁၀ တန်းက စာတွေကို အင်္ဂလိပ်လို သင်တယ်။ GCE 'O' Level အတိုင်းသင်ဖို့ ဆုံးဖြတ်တယ်။”

“မြန်မာတစ်ပြည်လုံး ကျောင်းတွေမှာအင်္ဂလိပ်လိုသင်တော့တာပေါ့”

“ဟုတ်ပါတယ်။ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဇီဝဗေဒ အားလုံး အင်္ဂလိပ်လို သင်ပါတယ်”

“သူတို့ကို သင်တဲ့ဆရာဆရာမတွေက မူလက ဘယ်လို ဘွဲ့ရတာလဲ”

“မြန်မာလိုပဲသင်ပြီး ဘွဲ့ရတယ်သူတို့ အင်္ဂလိပ်လို သင်ဖို့ အခက်အခဲ
တွေ ရှိတယ်။ ဒါပေမဲ့ သူတို့ဟာ တစ်နေ့ တစ်ပိုဒ်ချင်းဆီ
ကျောင်းသားတွေကို လာဖတ်ပြတယ်၊ တတ်သမျှမှတ်သမျှ အဓိပ္ပာယ်ပြန်ပေးကြတယ်"

“ကျောင်းသားတွေ သဘောပေါက်တာပေါ့”

10 months, 1 week ago

တစ်ကယ်လို့ဘက်ရွေးကြကြေးဆိုရင်
ကျနော်ဟာPDF လူငယ်များဘက်မှာ
နေပါမယ်။
NLD ပြည်ခိုင်ဖြိုး မထောက်ခံတာ မကြိုက်တာက
သပ်သပ်ပါ။

လူငယ်အများစုဟာ လက်ရှိ့ကာလမှာ နိုင်ငံရေးပြသနာထဲကို ရိုးဖြောင့်စွာ
မခံချင်စိတ်နဲ့ ကျွံဝင်လာကြသူများမို့ပါ။
သူတို့ရဲ့ နိုင်ငံချစ်စိတ်ကို
လေးစားရပါတယ်။

နစကဘက်ကရပ်တည်စရာအကြောင်းလုံဝမရှိပါ။
နစကဟာကျနော်တို့အရပ်သားများ
ထောက်ခံ သည်ဖြစ်စေမထောက်ခံသည်ဖြစ်စေ
ဥပဒေကသူ့ကိုခိုင်းထားတဲ့တာဝန်ကိုအပြီးသတ်ပြီးတာနဲ့နောက်အစိုးရကို အာဏာလွှဲပေးရမယ့်
ယာယီ caretaker gvmt သာဖြစ်ပါတယ်။

အခုပို့စ်ဟာ ကျနော်တန်ဖိုးထားတဲ့၊ဲ့လူငယ်အများစုကို ရည်ညွန်ရေးသားခြင်းဖြစ်ပါတယ်။
လူငယ်မျိုးဆက်သစ်တွေဟာ၊ခေတ်မျိုးစုံ၊အစိုးရမျိုးစုံကို၊တွေကြုံပြီးမှလူလတ်ဘဝ၊
လူကြီးဘဝကို ရောက်ရှိ့သွားရမှာပါ။

ဒီပါတီ၊ဒီအစိုးရ၊ဒီပုဂ္ဂိုလ်၊တဦးတယောက်ရပ်တည်နိုုင်ရေးအတွက်၊ကိုယ့်ရဲ့လူငယ်ဘဝကိုအဆုံးသတ်ခံသွားရမှာ
အလွန်သနားစရာကောင်းပါတယ်။
သမိုင်းဆိုတာမအအောင်သင်ပေးတာလို့ပြောလိုပါတယ်။
တချို့က လူငယ်တွေကိုမြှောက်ပင့်၊ခိုင်းစားနေကြပါတယ်။
အရပ်သားအစိုးရဖြစ်ဖြစ်၊တပ်မတော်အစိုးရဖြစ်ဖြစ်ခနလေးပါ။
လက်နက်ကိုင်တိုက်မှတော်လှန်ရေးမဟုတ်ပါ၊"အချိန်ကသာတော်လှန်ရေး"ဖြစ်ပါတယ်။
လူငယ်တွေဟာအချိန်ကာလတခုကိုဖြတ်
သန်ရင်အတွေ့အကြုံကောင်းတွေကိုရှာမှီးကာ
မိမိဘဝရှင်သန်ရပ်တည်နိုင်အောင်ကြိုးစားနေထိုင်ကြပါ။

နောက်ဆုံးရှင်သန၊်ကျန်ရစ်သူတွေကသာ၊အနာဂတ်ရဲ့သမိုင်းကို၊ရေးထိုးကြမှာဖြစ်လို့၊မိမိဘဝကိုအဆုံးသတ်မခံကြပါနဲ့။

နိုင်ငံချစ်ကိုတကယ်ချစ်ကြရင်...

၁။နိုင်ငံရေးကို ကြိုးစားလေ့လာပါ။
ချစ်တာမုန်းတာဘေးချိတ်ထားလိုက်ပါ။
နိုင်ငံတည်ဆောက်ရေးမှာလက်တွေ့ကျကျ ထိထိရောက်ရောက်ရလဒ်ကောင်းတွေထွက်အောင်ပါဝင်ထမ်းဆောင်လို့ရတဲ့နည်းလမ်းများစွာရှိပါတယ်။
လူငယ်တွေ ပါဝင်လာတဲ့
နိုင်ငံရေးကိုအင်မတန်မှ မျှော်လင့်ပါတယ်။

၂။ဘယ်ဘက်ကအသုံးချတာမှ မခံရဖို့
အားထုတ်ကြပါ...
ကျနော်ကိုယ်တိုင်နုစဉ်အခါကအကြိမ်ကြိမ်အသုံးချခံခဲ့ဖူးသလိုကျနော်တို့ခေတ်(88) နိုင်ငံရေးကာလတလျောက်လူငယ်များအသုံးချခံရတာကိုလည်းအများကြီးတွေ့ကြုံခဲ့ဖူးတာမို့
(လူငယ်ဆိုရင်အသုံးချမယ်ဆိုသူတွေသာများပြီး ပျိုးထောင်မယ့် လမ်းပြမယ့်သူရှားတာမို့)
ဒါကို တင်ပြရခြင်းပါ။

နစက ရဲ့ပညာပေးကာလကျော်လွန်ခဲ့ပြီး
အရေးကြီးကာလမို့ဒီပို့စ်ကို တင်ပြခြင်းပါ။
လူငယ်များ ဘာလုပ်ကြ ညာလုပ်ကြဆရာလုပ်ဖို့ ဘယ်တော့မှစိတ်မကူးပါ။
လူကြီးတစ်ယောက်ပြောရမယ့်ပြောသင့်တဲ့စကားကိုတာဝန်ကျေဖို့ ပြောရုံသက်သက်ပါ။
လူငယ်များအနေနဲ့မိမိကိုယ်ပိုင်အတွေးအခေါ်နဲ့
နက်နက်နဲနဲတွေးခေါ်မြော်မြင်ပြီးအမှန်တစ်ကယ်လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြပါ။
လူငယ်များ လမ်းရွေးမှန်ကြမှသာအနာဂတ်ကို တည်ဆောက်လို့အောင်မြင်ပါလိမ့်မယ်။
လူငယ်များလမ်းမှားရောက်ရင်တိုင်းပြည်အနာဂတ်ပျောက်ပါလိမ့်မယ်။
နိုင်ငံရေးသမားတွေအမှားလုပ်မိပြီးနောက်ဆုတ်မရလို့၊မထူးဇာတ်ခင်းကြတဲ့အမှားရဲ့ ဒဏ်ကိုမျိုးဆက်သစ်လူငယ်တွေ မျှခံဖို့အကြောင်းမရှိပါ။
နစကအနေနဲ့သူ့တာဝန်အရရွေးကောက်ပွဲ မတိုင်ခင်တည်ငြိမ်မှုရအောင်အစွမ်းကုန်လုပ်ရတော့မယ့်အချိန်ရောက်လာပါပြီ။
နိုင်ငံသားအားလုံး အတူတကွအောင်ပွဲခံနိုင်မယ့် အနာဂတ်ကို၊အားလုံးအတူတကွတည်ဆောက်ဖို့လမ်းကိုရွေးချယ်လို့ရပါတယ်။
ဘယ်သူကမှ အဲဒီလမ်းကိုပိတ်မထားပါ။
ပိတ်ထားလို့လည်းမရပါ။
ကိုယ်တိုင်ကရွေးချယ်တတ် ရွေးချယ်နိုင်ကြဖို့ လိုရင်းပါ။
ဘယ်တစ်ဦးတစ်ယောက်မှထိခိုက်နစ်နာတာမျိုး
မမြင်လိုမကြားလိုခြင်းကြောင့်ဉာဏ်မီသမျှ တင်ပြရခြင်းဖြစ်ပါတယ်။
ဒီ့ထက်ပိုမပြောလိုပါ။
ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပြီးနိုင်ငံတည်ဆောက်နိုင်မယ့်လမ်းကောင်းကိုကိုယ်တိုင်ရွေးချယ်နိုင်ကြပါစေ။

crd
PiteTin

10 months, 1 week ago

ကျနော်က
လူ့အခွင့်အရေးဆိုတာကို
၁၀၀% ယုံကြည်လက်ခံသူ
တန်ဖိုးထားသူဖြစ်ပါတယ်။

သို့သော် ဒီတစ်ခုတည်းကိစ္စ
စဉ်းစားပြီး အစွန်းရောက်နေတဲ့
ပေါကြောင်ကြောင်ကောင်တော့မဟုတ်။

လူတိုင်းဟာ မွေးရာပါအခွင့်အရေးတွေ ရကိုရရပါလိမ့်မယ်။

ဒီအခွင့်အရေးတွေကို
အပြည့်အဝ အာမခံချက်ပေးနိုင်တဲ့ နိုင်ငံတွေပဲ
ငြိမ်းချမ်းဖို့ သာယာဖို့
အာမခံချက်ရှိပါတယ်။

သို့သော်
လူ့အခွင့်အရေးနဲ့
လူ့အဖွဲ့အစည်း ရဲ့အကျိုးစီးပွားကြားက
မျှချေကို တည်ဆောက်ကြဖို့
မဖြစ်မနေလိုပါတယ်။

လူ့အခွင့်အရေးအတွက်ဆိုတာနဲ့
လူ့အဖွဲ့အစည်း အကျိုးစီးပွားကို
မျက်ကွယ်ပြုလို့မရသလို
လူ့အဖွဲ့အစည်း အကျိုးစီးပွား ဆိုတာနဲ့
လူ့အခွင့်အရေးကို
ပစ်ပယ်လို့ လုံးဝမရပါ။

လူ့အဖွဲ့အစည်း က မာမာချာချာမရှိဘဲ
လူ့အခွင့်အရေးအပြည့်အဝရမယ်ထင်ရင်လည်း
ရူးနှမ်းခြင်းသက်သက်ဖြစ်ပါတယ်။

လူ့အခွင့်အရေးကို
ငြင်းဆန်နေရင်
အဲဒီလူ့အဖွဲ့အစည်းဟာ
စံနှုန်းပျက် ဂုဏ်ငယ်နေရမှာဖြစ်သလို
လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာဝပြောဖို့ မလုပ်နိုင်ရင်လည်း
အောက်တန်းနောက်တန်းကျနေမှာပါပဲ။

လူ့အခွင့်အရေးနဲ့
လူ့အဖွဲ့အစည်း အကျိုး
ဒီနှစ်ခုကြားမျှချေကို
ဟန်ချက်ညီအောင် ထိန်းပေးထားနိုင်တာကတော့
လူကျင့်ဝတ်များ စည်းကမ်းများ
ဥပဒေများ နဲ့
တရားဥပဒေစိုးမိုးရေး တို့ပဲဖြစ်ပါတယ်။

ဒါတွေ ခိုင်မာနေသ၍
လူ့အခွင့်အရေးအတွက်ရော
လူ့အဖွဲ့အစည်း အကျိုးစီးပွားအတွက်ပါ
အာမခံချက် ရှိနေပါလိမ့်မယ်။

ဒါတွေယိုယွင်းနေသ၍
လူ့အခွင့်အရေးကိစ္စလည်း
အငြင်းပွားနေကြရအုံးမှာဖြစ်သလို
လူ့အဖွဲ့အစည်း အကျိုးစီးပွားအတွက်လည်း
အာမခံချက်ရှိဖို့
ရုန်းကန်နေကြရလိမ့်အုံးမှာပါပဲ။

လူ့အခွင့်အရေးကိုပဲ
ဦးစားပေးလို့မရသလို
လူ့အဖွဲ့အစည်းအကျိုးစီးပွားကိုပဲ
ဦးစားပေးလို့မရပါ။

အစွန်းနှစ်ပါး လွတ်ဖို့အတွက်
ကျင့်ဝတ်စည်းကမ်းတွေတန်ဖိုးထားတတ်ကြရန်
တရားဥပဒေစိုးမိုးရန်အစွမ်းကုန် ကြိုးစားကြရုံမှတပါး
အခြားမရှိပါ။

crd
PiteTin

10 months, 1 week ago

ကိုယ့် လူ မဟုတ်လို့
အမှားတွေကို
စစ်စစ်ပေါက်ပေါက်ရှာ
အမှားမတွေ့လည်း
ကြံဖန်စွပ်စွဲ
တိုက်ခိုက် သိက္ခာချ။

ကိုယ့်လူမို့
ဘယ်လောက်မှားမှား
ထင်တိုင်းကြဲ ထင်ရာစိုင်းနေလည်း
ထောက်ခံ ကာကွယ်ရုံမက
မြှောက်ပင့် အားပေး။

ဆိုရင်
ဒါ နိုင်ငံတည်ဆောက်ရေးဖြစ်မလား။
အုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးရေးဖြစ်မလား။
စဉ်စားကြဖို့လိုပါတယ်။

အမှားကို
အမှားမှန်းသိသိနဲ့
ဖုံးဖိကာကွယ် မြှောက်ပင့်ပေးတာဟာ
ကိုယ်တိုင်အမှားကျူးလွန်တာနဲ့အတူတူပါပဲ။

မိမိရဲ့ဘဝစာမျက်နှာမှာ
ဘယ်လိုခြေရာ ချန်ခဲ့ချင်လဲ?။
ဘယ်လိုသမိုင်းထားခဲ့ချင်လဲ?။

ဆင်ခြင်တွေးဆကြည့်ဖို့လိုအပ်ပါတယ်။

crd
PiteTin

10 months, 2 weeks ago

ကလေးတွေကို
ငယ်စဉ်ကတည်းက
ဘယ်လိုပြုစုပျိုးထောင်နေကြသလဲဆိုတဲ့
'ဓလေ့' က
ကလေးတစ်ယောက်ချင်းဘဝကိုတင်မကဘူး
လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့
ယဉ်ကျေးမှု တန်ဖိုးတွေ
(ပညာရပ်စကားနဲ့ပြောရင်
value of informal (cultural) institution တွေ)အပေါ်ကိုပါ
ပြင်းပြင်းရှရှသက်ရောက်တယ်။
နိုင်ငံတစ်ခုမှာ
အေးချမ်းသာယာမှုရှိရေး၊
တည်ငြိမ်ရေး၊ တိုးတက်ရေး၊
ဂုဏ်ကျက်သရေမြင့်မားရေး
အားလုံး ပြည့်စုံမပြည့်စုံကို
ကလေးသူငယ်နဲ့ လူငယ်
ပြုစုပျိုးထောင်ပုံက
သွယ်ဝိုက်ပြဌာန်းပါတယ်။

ကလေးဘဝကတည်းက
လူပီသတဲ့စိတ်နေသဘောထား
အမြစ်တွယ်အောင်၊ အတွေးအခေါ်နဲ့ ယုံကြည်မှု တည့်မတ်မှန်ကန်အောင်
ပြုစုပျိုးထောင်ပေးနိုင်ကြဖို့လိုတယ်။

ဥပမာ
ကလေးတွေကို
အခါကြီးရက်ကြီး
ဘုရားကျောင်းကန်ပို့တာ
ဘုရားရှိခိုးသင်တာ ကောင်းမွန်လှသလိုပဲ
တရားရဲ့အနှစ်သာရဖြစ်တဲ့
တန်ဖိုးအစစ်တွေကိုလည်း
ရင်ထဲထည့်ပေးနိုင်ဖို့လိုတယ်။

ကိုယ်ချင်းစာတတ်ဖို့၊ မာန်မာနဖယ်ရှားဖို့၊ မတရားမလုပ်ဖို့၊ ကောင်းတဲ့အသက်မွေးမှုကို
မြတ်နိုးဖို့၊ မတော်လောဘကိုမုန်းတတ်ဖို့၊ အသိပညာကို
တန်ဖိုးထားဖို့၊ မိတ်ကောင်းဆွေကောင်းဖြစ်တတ်ဖို့ စတဲ့
အကာမဟုတ်တဲ့အနှစ်တွေကို
ဖြည်းဖြည်းချင်း လမ်းပြသင်ကြားပေးနိုင်ကြဖို့လိုတယ်။

ဒါမှသာ
ကလေးတွေ လူလားမြောက်တဲ့အခါ
ပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်လာကြမယ်။
လူအချင်းချင်း
သရော်လှောင်ပြောင်တာ
နှိပ်စက်တာ နှိမ်ချတာ စော်ကားတာ ကို ရှက်စရာလို့
ခံယူတတ်လာကြမယ်။
မတရားတဲ့ မဟုတ်မှန်တဲ့
အသက်မွေးမှုနဲ့ နေထိုင်ဖို့
ရှက်ရွံ့တတ်လာကြမယ်။
ပညာဗဟုသုတကို အမြဲရှာမှီးလိုစိတ်ရှိလာကြမယ်။
ကျင့်ဝတ်တွေ စည်းကမ်းတွေကို
တန်ဖိုး ထား လိုက်နာမှ
လူတစ်ယောက်ရဲ့ ဂုဏ်ပုဒ်
ပြည့်စုံတယ်ဆိုတာ
နားလည်တတ်လာကြမယ်။
အဲသလိုလူတွေ စုဝေးနေထိုင်တဲ့ လူ့ဘောင်တစ်ခုရဲ့
မြင့်မြတ်ခြင်းကို
နည်းနည်းတွေးကြည့်ကြစမ်းပါ။
ဒါတွေဖြစ်လာဖို့က
မိဘတွေရဲ့ တန်ဖိုးထားမှုတွေ
စိတ်ဓာတ်တွေ သဘောထားတွေ
တော်တည့်မှန်ကန်မှသာ
ဖြစ်လာမှာမို့
လွယ်သလား ခက်သလား တွေးကြည့်လို့ရပါတယ်။(မိဘအများစုရဲ့ ပြုစုပျိုးထောင်ပုံက ကြောက်စရာအင်မတန်ကောင်းတဲ့အတ္တပေါ် လုံးလုံး အခြေခံထားတာဖြစ်ပါတယ်။
ကလေးတွေအတွက် အဆိပ်ပြင်းပြင်းကို နေ့စဉ်တိုက်ကျွေးနေကြခြင်းသာ။)
ဒီလိုပြသနာတွေကိုအလေးမထားကြဘဲနဲ့
လောကနိဗ္ဗာန်ကို မျှော်နေကြတယ်ဆိုရင်
ဒါ ဆောင်းအိပ်မက်တစ်ခုထက်
မပိုနိုင်ပါဘူး။

ဒါမလုပ်နိုင်ကြသေးသ၍ကတော့
ဘယ်စနစ်နဲ့သွားသွား
ဘယ်သူအုပ်ချုပ်အုပ်ချုပ်
ငြိမ်းချမ်းသာယာပြီးတော့
တန်ဖိုးတွေ ပြည့်ဝတဲ့
လူ့ဘောင်အဖွဲ့အစည်းဆိုတာ
အိပ်မက်လို့ပဲ
ရနေပါလိမ့်အုံးမယ်။
လက်တွေ့မှာ
နိုးပါ။

crd
PiteTin

10 months, 2 weeks ago

ကိုယ့် လူ မဟုတ်လို့
အမှားတွေကို
စစ်စစ်ပေါက်ပေါက်ရှာ
အမှားမတွေ့လည်း
ကြံဖန်စွပ်စွဲ
တိုက်ခိုက် သိက္ခာချ။

ကိုယ့်လူမို့
ဘယ်လောက်မှားမှား
ထင်တိုင်းကြဲ ထင်ရာစိုင်းနေလည်း
ထောက်ခံ ကာကွယ်ရုံမက
မြှောက်ပင့် အားပေး။

ဆိုရင်
ဒါ နိုင်ငံတည်ဆောက်ရေးဖြစ်မလား။
အုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးရေးဖြစ်မလား။
စဉ်စားကြဖို့လိုပါတယ်။

အမှားကို
အမှားမှန်းသိသိနဲ့
ဖုံးဖိကာကွယ် မြှောက်ပင့်ပေးတာဟာ
ကိုယ်တိုင်အမှားကျူးလွန်တာနဲ့အတူတူပါပဲ။

မိမိရဲ့ဘဝစာမျက်နှာမှာ
ဘယ်လိုခြေရာ ချန်ခဲ့ချင်လဲ?။
ဘယ်လိုသမိုင်းထားခဲ့ချင်လဲ?။

ဆင်ခြင်တွေးဆကြည့်ဖို့လိုအပ်ပါတယ်။

crd
PiteTin

10 months, 2 weeks ago

နိုင်ငံသားတွေခမျာ
နိုင်ငံရေး လောက က လူတွေ
မြင်စေချင်သမျှ ကြားစေချင်သမျှကို
မြင်ခွင့်ကြားခွင့်ရကြပြီး
ကန့်လန့်ကာနောက်ကွယ်က
ဖြစ်ပျက်နေတာ ရှိနေတာတွေ
မြင်ခွင့်သိခွင့်မရကြဘူး။
ဘယ်လောက်ညံ့တဲ့
နိုင်ငံရေး သမားမဆို
အများမမြင်စေချင်
မသိစေချင်သမျှကို
ဖုံးဖိထားတဲ့ကိစ္စမှာတော့
တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ကြတာပဲ။

နိုင်ငံရေး လောက က လူတွေက
ပျော်စေချင်ရင် ပျော်
ဝမ်းနည်းစေချင်ရင် ဝမ်းနည်း
ကျေနပ်စေချင် ကျေနပ်
ဒေါသထွက်စေချင်ဒေါသထွက်။
အဲဒါ
ပြည်သူပြည်သူနဲ့
နာမည်လှလှလေးအပေးခံထားရတဲ့ သာမန်အရပ်သားတွေ ဘဝပဲ။

တစ်ကယ့်ကို
စိတ်စေတနာမှန်တဲ့ နိုင်ငံရေးခေါင်းဆောင်မျိုးတွေ
ကံကောင်းထောက်မလို့
ရခဲ့ကြမှပဲ
နိုင်ငံသားတွေဟာ
နိုင်ငံရေး ရဲ့ အသီးအပွင့်တွေကို
စားသုံးခံစားခွင့်ရှိကြတယ်။

ဘယ်တိုင်းပြည်
ဘယ်စနစ်မှာမဆို
ဒီသဘောအတိုင်းပါ။
အဲဒါ
နိုင်ငံရေး ပါ။

crd
PiteTin

10 months, 2 weeks ago

စံတန်ဖိုးတွေဟာ
နိုင်ငံရေးမှာ
ပဓာနအကျဆုံးအရေးကြီးဆုံးပါ။
စံတန်ဖိုးတွေ
ရနိုင်သလောက် ရာနှုန်းများများရဖို့
အားလုံး(အားလုံး) က ဦးတည်ပြီးဝိုင်ဝန်း
တည်ဆောက်ကြမှအောင်မြင်မှာပါ။

ကျနော်တို့နိုင်ငံသားအားလုံး စိတ်တူကိုယ်တူရည်ရွယ်ချက်တူဖြင့်
စံတန်ဖိုးတွေ တည်ဆောက်နိုင်ရေး
တာဝန်ထမ်းဆောင်ကြဖို့လိုပါတယ်။

လူပုဂ္ဂိုလ်စွဲ ပါတီအဖွဲ့အစည်းစွဲးနှင့်
ထောက်ခံ/ကန့်ကွက်နေကြသလို
ကိုယ်ကျိုးစီးပွားကြည့်ပြီးလုပ်ဆောင်နေကြလျှင့်စံတန်ဖိုးတွေယခုထက်ပို၍နိမ့်ကျနေဦးမှာဖြစ်ပါတယ်။

လူတစ်ယောက်ချင်းဆီမှစ၍နိုင်ငံသားအားလုံးမှာ
တာဝန်ရှိတယ်ယူဆပြီးစံတန်ဖိုးမြင့်မားလာရန်တာဝန်ထမ်းဆောင်ကြဖို့လိုပါတယ်။

တန်းတူညီမျှခွင့်၊
လွတ်လပ်ခွင့်၊
အေးချမ်းသာယာစွာ
အားလုံးအတူတကွ
ယှဉ်တွဲနေထိုင်ခွင့်၊
နိုင်ငံသားတိုင်းရဲ့မူလအခွင့်အရေးနဲ့
ရပိုင်ခွင့်များ
စသည်တို့ကိုအပြည့်ဝမရရှိ့နိုင်သော်လဲရာနှုံးတော်တော်များများရဖို့လူထုတရပ်လုံးရဲ့တာဝန်ဟုယူဆပါတယ်။

ငယ်ငယ်တုန်းကတော့
ငယ်စိတ်နဲ့
ဒီစံတန်ဖိုးတွေဟာ
အပြည့်အဝရကိုရရမယ်ဆိုတဲ့
စိတ်ရှိ့ခဲ့သော်လဲ
အခု သိလာချိန်မှာတော့
ဘယ်လူ့အဖွဲ့အစည်းမှာမှ
စံတန်ဖိုးတွေ
၁၀၀% အပြည့်အဝမရနိုင်တာ
နားလည်လာပါတယ်။

သို့သော် ခုဏပြောသလိုပဲ
စံတန်ဖိုးတွေ ဆီကိုအားလုံးက ဦးတည်လုပ်ကိုင်ကြဖို့လဲတာဝန်ရှိတယ်။

ဒါမလုပ်နိုင်ရင်
စံတန်ဖိုးတွေ နဲ့ တဖြည်းဖြည်း
ပိုဝေးလာလို့
လူ့အဖွဲ့အစည်း နိုင်ငံ
နိမ့်ကျမယ် တန်ဖိုးကျမယ်
အုပ်ချုပ်တဲ့အစိုးရတွေ
ဖိအားပေးခံရမယ်။
ဘာမှ မကောင်းပါဘူး။

နိုင်ငံရေး မှာ
ဘယ်တော့မှ
သတိလက်လွတ်လုပ်လို့မရတဲ့
ကိစ္စကြီးတခုရှိ့ပါတယ်။

အာဏာမရခင်မှာစံတန်ဖိုးအကြောင်းကိုရွန်းရွန်းဝေအောင်ပြောခဲ့ကြသော်လဲလက်တွေအာဏာရလာတဲ့အခါစံတန်းဖိုးတွေကိုမျက်ကွယ်ပြု၍ချိုးဖောက်ခဲ့ကြတာအားလုံးအသိပါ။

နိုင်ငံသားတွေအနေနဲ့လည်း
စံတန်ဖိုးတွေ ကို ချိုးဖျက်နေတဲ့ အုပ်စုတွေကို
ကိုယ့်နောင်မျိုးဆက်တွေရဲ့အကျိုးစီးပွားအတွက်
ဆန်ကျင်သင့်ပါတယ်။
ဝေဖန်သင့်ပါတယ်။
လူတိုင်းမှာလဲတာဝန်ရှိပါတယ်။
ဒါကချစ်ခြင်းမုန်းခြင်းကိစ္စမဟုတ်ပါ။
အားလုံးက လမ်းမှန်မှသာဒီမိုကရေစီက
ခရီးတွင်မှာဖြစ်ပါတယ်။

စံတန်ဖိုးတွေ ဆိုတာ
လက်ရှိရေခံမြေခံနဲ့က
ဖြည်းဖြည်းချင်းတည်ဆောက်ယူကြရင်တောင်
ဆယ်စုနှစ်တွေချီကြာပါလိမ့်မယ်။

အခုလို
လူအများအားကိုးတဲ့ အုပ်စုတွေက
ဖျက်လိုဖျက်ဆီးလုပ်နေကြရင်
တားဆီးမယ့်သူမရှိ
ဘုမသိဘမသိ မြှောက်ပင့်ပေးနေမိကြရင်
ခင်ဗျားတို့ကျနော်တို့တွေဘယ်လိုအနာဂတ်မျိုး
မျှော်လင့်လို့ရမှာလဲ?။

လေးလေးနက်နက်တွေးခေါ်ဆုံးဖြတ်ပြီး
တာဝန်ကျေကြပါတိုက်တွန်းလိုက်ပါတယ်ခင်များ။

Crd
Pitetin

10 months, 2 weeks ago

၈၈အ​ရေးခင်းကာလမှစ၍ယခုလက်​ရှိ့ကာလအထိ၊
နိုင်​ငံ​ရေးသမားအများစုရဲ့၊​ကောတ်​ကျစ်​ယုတ်​မာ​သော​သွေးထိုးမှု့ကိုမြန်​မာပြည်​သူလူထု၇၀%​ကျော်​လက်​ခံယုံကြည်​​နေကြပါတယ်​။

ကိုယ်​ကြိုးရှာနိုင်​ငံ​ရေးလုပ်​စားသူများက၊အ​နောက်​အုပ်​စုသြဇာခံ၊မီဒီယာများမှတဆင့်​အတုအ​ယောင်​အလိမ်​အညာသတင်းများဖြန့်​​ဝေကာကျ​နော်​တို့နိုင်​ငံ​ကိုဖျက်​ဆီးဖို့ကြံစည်​​နေကြပါတယ်​။

မြန်​မာနိုင်​ငံ​ရေးကိုမငြိမ်​မသက်​ဖြစ်​​အောင်​လုပ်​ကြံဇာတ်ခင်နေကြတဲ့အဓိကတရာခံများက​တော့"ဒီမိုက​ရေစီအမည်​ခံလုပ်​စားနိုင်​ငံ​ရေးသမား"မျာပါ။

နိုင်​ငံနဲလူမျိုးတိုးတက်​​ကောင်းမွန်​​ရန်​ဦး​ဆောင်လမ်းပြ​​ရမည်​အစား၊ပြည်​သူလူထုကိုအသုံးချ၍မိမိကိုယ်​ကြိုးစီးပွာတိုးတက်​ရန်​သာကြံစည်​​နေကြတာပါ​။

နိုင်​ငံ​ကောင်းကြိုးပြည်​သူ​ကောင်းကြိုလုပ်​​ဆောင်​ဖို့ထက်​>
"လွယ်​အိပ်​တလုံး​ဘော့ပင်​တ​ချောင်းနိုင်​ငံကို​ရောင်းစားဖို့" ကြံ​နေကြတာကိုနားလည်သ​ဘော​ပေါက်​​ဖို့လိုပါတယ်​။

တကယ်​စစ်​မှန်​​သောနိုင်​ငံ​ရေးသမားမျာက၊ပြည်​သူလူထုကိုအသုံးမချ၊ရာထူးအာဏာမမက်၊ပြည်​သူအတွက်​အနစ်​နာခံ၍ကိုယ်​ကြိုးစွန့်​ကြသူများပါ။

လူ​လောကမှာ​ကြောတ်​စရာအ​ကောင်းဆုံးလူသားများက​တော့"လုပ်​စားနိုင်​ငံ​ရေးသမား"ဖြစ်​ပါတယ်​။

နိုင်​ငံ​ရေသြဇာကြီး​လေပို၍​ကြောတ်​စရာ​ကောင်း​လေမို့၊လူ​လောကမှာမရှိ့သင့်​​သော၊လူတန်း​စားတရပ်​ဟုသတ်​မှတ်​ရပါမည်​။

မြန်​မာပြည်​သူအများစုက၊လုပ်​စားနိုင်​ငံ​ရေးသမားများရဲအသုံးချခံဘဝကို​ရောက်​မှန်​မသိ​ရောက်​​နေကြပါတယ်​။

မြန်​မာလူမျိုးတို့ရဲ့အယုံလွယ်​​သောစိတ်​ကိုအသုံးချကာဆူပူအုံကြွမှု့ဖြစ်​​အောင်​လုပ်​ကြံဖန်​တီး​နေကြတာကိုနာလည်​သင့်​ပါပြီ။

ကမ္ဘာ​ပေါ်ရှိ့နိုင်​ငံအသီးသီး၌ပြည်​သူလူထုအကြိုးစီးပွားအား၊ကိုယ်ကြိုးစွန့်၍​​ထမ်းရွတ်​ခဲ့ကြ​သော၊နိုင်​ငံ​ရေးသမားစစ်​စစ်​မှာလက်​ချိုး​ရေလို့ရပါတယ်​။

ကျ​နော်​တို့မြန်​မာပြည်​မှာ​လဲမွေးဖွားသည်​မှ​သေဆုံးချိန်​အထိ၊ပြည်​သူလူထုအကြိုးကြည့်​ကာဦ​ဆောင်​လမ်းပြခဲ့​သော၊နိုင်​ငံ​ရေးသမားစစ်​စစ်​မှာ၊ငြိမ်းချမ်း​ရေးပိသုကာဆရာကြီးသခင်​ကိုယ်​​တော်​မှိုင်​တဦးသာ​ရှိ့ခဲ့ပါတယ်​။
(ကျ​နော်​အယူအဆသာ)

အချိန်​မတန်​ပဲ​ကြွေလွင့်​သွားခဲ့ရ​သောနိုင်​ငံ​ရေးသမားစစ်​စစ်​မျာရှိ့​ကောင်းရှိ့နိုင်​ပါသည်​။

မည်​သို့ပင်​ဆိုပါ​စေ၊လူထု​ကောင်းကြိုး၊တိုင်းပြည်​​ကောင်းကြိုးအာ၊အနစ်​နာခံကာဦး​ဆောင်​လမ်းပြ​ပေးကြမည်​၊နိုင်​ငံ​ရေးသမားစစ်​စစ်​များ​၊ပေါ်ထွက်​လာပါ​စေဟုဆန္ဒပြုလိုက်​ပါတယ်​ခင်​များ...

KNT

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago