𝗗𝗶𝗲 𝗳𝗼𝗿 𝘂

Description
July 24
Advertising
We recommend to visit

Sheyx oken ?

Building the most secure zkEVM ecosystem. Committed to Ethereum. Bootstrapped by
Consensys

Channel link-
https://t.me/+hY2YPwon1TwyNjY9

10 months, 2 weeks ago

18နှစ်ဆိုတာ ဘဝမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးအရွယ်ပဲတဲ့

အဲနောက်ပိုင်း19 20 25 စသဖြင့် တက်ကြွမှုတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်အားတက်ရတဲ့အချိန်ကာလတွေ။ တစ်ယောက်ယောက်ကိုအဆုံးထိချစ်ပစ်လိုက်ပြီးအသည်းကွဲသွားရင်တောင် အမှတ်တရလှလှလေးအဖြစ်သိမ်းဆည်းထားနိုင်ခဲ့တဲ့အသက်အရွယ်လေးတွေ

ဒါပေမဲ့ကြောက်နေကြရတယ် ။သူများတွေအတွက်အလှပဆုံးအသက်အရွယ်လေးတွေကိုငါတို့မှာ ဝန်ထုပ်ဝန်ပိုးလိုခံစားနေရတယ်

တကယ်ဆိုပန်းလေးတွေဟာဖူးပွင့်နေရမှာ
အိပ်မက်တွေဟာ အတောက်ပဆုံးဖြစ်နေရမှာ
ငါတို့မှာလည်း ကိုယ်ပိုင်ဘဝ ဆုတောင်းလေးတွေရှိနေခဲ့တာမလို့လေ

ပုံပြင်တွေကသင်ပေးခဲ့တယ်
အိပ်မက်တွေနောက်လိုက် ကြယ်လေးတွေကလမ်းပြပေးလိမ့်မယ်တဲ့

ငါတို့ကမ္ဘာမှာတော့
ကြယ်တွေကမတောက်ပတော့ဘူးပဲ

- lavenderpan

10 months, 2 weeks ago

လူငယ်လို နေကြည့်
ရေပေါ်ဆီလို့ မြင်ကြလိမ့်မယ်

လူကြီးလို နေကြည့်
လူသိ လူတတ်ကြီး လို့ ရွဲ့ကာ နှိမ်လိမ့်မယ်

ဘုရားချွတ်တာတောင် မကျွတ်တဲ့
တစ်ချို့သတ္တဝါတွေ ဆီက သင်ခန်းစာမှ အပ
မင်းမျှော်လင့်နေစရာ ကျန်တာ မရှိဘူး ။

"မင်းအကြိုက်စွန့်ပြီး လူ့အကြိုက်လိုက်နေသ၍
မင်း လူ ဖြစ် ရှုံး ပြီ သာ မှတ်"

- ဒဿ

10 months, 2 weeks ago

စိတ်ကျန်းမာရေးက အရေးကြီးဆုံးပဲ
ရူးနေတာကိုပြောတာမဟုတ်ဘူး
Mental support ပေးတဲ့သူက လိုကိုလိုအပ်တယ်

လူတစ်ယောက်က စိတ်အဆင်မပြေရင် ခြေကုန်လက်ပမ်းကျပြီး ဘာမှလုပ်ချင်စိတ်မရှိဘူး
အနီးအနားက စိတ်အဆင်ပြေဖို့ supporting လုပ်ပေးတဲ့သူရှိရင် တဝက်လောက်တော့ စိတ်သက်သာတယ်

Your mental health is just as important as your physical health.

- Crd
- ?

10 months, 2 weeks ago

" ခေတ် "

ခေတ်အကြောင်းပြောရင်
ခြေဗလာနဲ့ လမ်းလျှောက်နေရတဲ့
လူငယ်တွေကို အသံသွင်းပြီး
ဖိနပ်နဲ့ လူကြီးတွေဆီက သမိုင်းကို
စပ်စပ်စုစု မေးရမယ်။

နွေမှာ ရွာတဲ့မိုး
မိုးမှာ သည်းတဲ့မိုး
ဆောင်းမှာ ငိုတဲ့မိုး
သောကမိုးတွေက
ခေတ်အဆက်ဆက်က လူတွေရဲ့
ခြေ‌ထောက်ကို ရွှံ့ပေစေတုန်းပဲ။

တရားလည်း ကျပါတယ်
တရားလည်း မရနိုင်ဘူး
တရားနဲ့ဖြေဖို့
တရားမှုကို လိုက်ရှာရင်း
ပုရစ်အော်သံကြား ညဉ့်နက်ခဲ့ရတယ်။

ခေတ်ကို အပြစ်တင်နေတဲ့လူတွေက
ခေတ်ကို ပြင်နေတဲ့လူတွေကို
ခေတ်အကြောင်းပြောရင်း၊ ခိုညည်း ညည်းရင်း
တရားပြန်ပြကြတယ်။

စာနာမှုက ခေတ်နဲ့မဆိုင်ကြောင်း
တရားပြန်ချလိုက်ရင်
ဝရုန်းသုန်းကား ပြေးကြတယ်
ရွှံ့တွေက ကြမ်းပြင်မှာ
အုံလိုက်ကျင်းလိုက်။ ။

- ခြေဦးတည့်ရာကဗျာများ
- ဇေး
- ဆီးနှင်းခဲ

10 months, 2 weeks ago

အဖွားကပြောဖူးတယ်
တစ်ယောက်ယောက်အတွက် ရည်ရွယ်ထားရင်
အခြားတစ်ယောက်ကို ပေးမပစ်ရဘူးတဲ့
ချစ်ခြင်းမေတ္တာ ဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာ ဖြစ်ဖြစ်။

- Crd

10 months, 2 weeks ago

မြေပဲဆံနဲ့ထန်းလျက်ကိုက်ပြီး
ကြီးပြင်းလာခဲ့ရတာပါပဲ..။

ကိုယ်ဘဝကိုယ်မမေ့ပါဘူး
ကိုယ်ဟာအောက်တန်းမကျတဲ့အတွက်လည်း
ကိုယ့်နေထိုင်မှုပုံစံဖြင့်သာ
အေးအေးဆေးဆေး နေထိုင်ပါတယ်..။

ဝ"မရှိပဲ "ဝိ" လုပ်ခြင်းကိုရှောင်ကျဉ်ပြီး
ရံဖန်ရံခါ အိပ်ရာထနောက်ကျတတ်တဲ့
အခြေခံလူတန်းစားတစ်ယောက်ပါ..!!

ထမင်းကြမ်း မကျန်တဲ့
မနက်ခင်းဟာ ပြဿဒါးပါပဲ..။

- ရိုးတံ

10 months, 2 weeks ago

ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ
မင်းသမီးကို ကားတိုက်ပြီး သေရမယ့်
ဇာတ်ဝင်ခန်းရိုက်ဖို့အတွက် ရှူတင်မန်နေဂျာက
အငှါးကား လိုက်ရှာရသတဲ့ ……..

ရုပ်ရှင်ရိုက်တာဆိုတော့ ဒါရိုက်တာ
စိတ်တိုင်းမကျမချင်းအထပ်ထပ်ပြန်ရိုက်ရမှာမို့
အချိန်ကုန်၊ရမယ့်ငွေက မစို့မပို့ဆိုတော့
taxi သမားတွေက သိပ်မလိုက်ချင်ကြဘူး …

ရှူတင်မန်နေဂျာလည်း မင်းသမီးကို
တိုက်မယ့်ကားရဖို့ အချိန်
အတော်ကြာအောင် ရှာရင်း တိုင်ပတ်နေတာပေါ့ …

အဲဒီထဲမှာ ရုပ်ရှင်ပိုးရှိတဲ့ ကားသမားတစ်ယောက်က
ကျေကျေနပ်နပ်လက်ခံပြီး လိုက်လာသတဲ့။
သူပါရမယ့် ဇာတ်ဝင်ခန်းက
ဘယ်လိုပုံစံလဲ မေးတော့
မင်းသမီးကို ကားနဲ့တိုက်မိတဲ့အခန်း ဖြစ်ကြောင်း
ရှူတင်မန်နေဂျာက ပြောပြတယ်။

ကားသမားက အဲဒါဆို သူလည်း ပါရမှာပေါ့ ….
သူ အကောင်းဆုံး သရုပ်ဆောင်
ပေးပါ့မယ် ဘာညာပြောလာတော့ ရှူတင်မန်နေဂျာ စိတ်ညစ်ရပါရော။
ဟုတ်တယ်လေ၊ကားနဲ့ မင်းသမီးကို တိုက်၊
မင်းသမီးက သွေးအိုင်ထဲ လဲကျ၊
မင်းသားရောက်လာပြီး ပွေ့ထူ၊ စကားတွေပြော၊
ဘေးက လူတွေဝိုင်းအုံကြည့်ကြတယ့် ဇာတ်ဝင်ခန်း
တစ်ခုမှာ ကားသမားရဲ့ မျက်နှာ ဘယ်ပါပါ့မလဲ ???

ဘယ်လိုလုပ်ပြီး သရုပ်ဆောင်ဖို့ အခွင့်အရေးရပါ့မလဲ?
တကယ်လိုအပ်တာက ကားပဲလေ …..

ရှူတင်မန်နေဂျာကလည်း
သရုပ်ဆောင်ဖို့ တက်ကြွနေရှာတဲ့
ကားဆရာကို အားနာတာတစ်ကြောင်း၊
အငှါးကားနောက်ထပ် ထပ်ရှာဖို့
မလွယ်တာကတစ်ကြောင်းမို့
ကားဆရာကို ….
ခင်ဗျား သရုပ်ဆောင်ရမှာပါလို့ လိမ်ပြောလိုက်တယ်။

ဘယ်လိုလိမ်ပြောသလဲဆိုတော့
မင်းသမီးကို ခင်ဗျားကားနဲ့ တိုက်ပြီးရင်
ကားတံခါးကိုဖွင့်ပြီး
နောက်ကိုမကြည့်စတမ်း ပြေးပေတော့ …

ခင်ဗျားနောက်က လူအုပ်ကြီးက
ဝိုင်းရိုက်ဖို့ လိုက်လာမှာလို့ဖြီးလိုက်တယ်။
ကားသမားကတော့ စိတ်ချ ဆရာ၊
သဘာဝ ကျအောင် ပြေးပြမယ်ဆိုပြီး တက်ကြွနေတယ်။

ရိုက်ကွင်းရောက်တော့
ရီဟာဇယ်ခဏလုပ်ပြီး ရုပ်ရှင်ရိုက်ပါလေရော။
ကားသမားက သင်ထားတဲ့အတိုင်း
သူ့ကားကိုမှန်မှန်လေးမောင်းလာ၊
ပြေးထွက်လာတဲ့ မင်းသမီးကို တိုက်၊
မင်းသမီးလဲကျသွားတာနဲ့
ကားဆရာက တံခါးကို ဝုန်းကနဲဖွင့်ဆင်းပြီး
ဖိနပ်ပါကျွတ်ကျန်အောင်
သုတ်ခြေတင်ပြေးတော့တာပဲ ….

အကြောင်းအရင်းမသိတဲ့ ရုပ်ရှင်အဖွဲ့သားတွေက
အားလုံးကြောင်ကြည့်နေကြတယ် …..
ကားဆရာက အိုက်တင်မပီပြင်မှာစိုးလို့
နောက်ကို လှည့်မကြည့်ဘဲ
တန်းနေအောင် ပြေးချသွားလိုက်တာ
သူတို့မ္ကၥိတစၧဳံးအထိပဲတဲ့ …..

သူ့စိတ်ထဲမှာတော့ နောက်က ကင်မရာနဲ့
လိုက်ရိုက်နေတယ် ထင်ရှာမှာပေါ့။

ရှူတင်မန်နေဂျာက
အကျိုးအကြောင်း ပြောပြလိုက်တော့မှ
ဒါရိုက်တာအပါအဝင် အဖွဲ့သားအားလုံး
တဝါးဝါး ပွဲကျအောင် ရယ်ကြသတဲ့။
အတော်လေးကြာမှ ချွေးသံရွှဲရွှဲနဲ့ ကားသမား
ပြန်ရောက်လာပြီး
(ဘယ့်နှယ်လဲ ဆရာတို့၊ ကျွန်တော် ပြေးတဲ့
အိုက်တင် ပီပြင်လား၊ အဆင်ပြေလား)မေးသတဲ့။

ကားဆရာကို သနားလည်းသနား၊
အားလည်းနာသွားတဲ့ ဒါရိုက်တာက
(ခင်ဗျား အိုက်တင် အရမ်းကောင်းတယ်)
ဘာညာနဲ့ နှစ်သိမ့် အားပေးလိုက်ရသတဲ့။
ဇာတ်လမ်းက ဒီအထိတော့ ပြုံးစရာပါပဲ။

နောက်ဆုံးပိတ်စာကြောင်းလေးကို ဖတ်ရမှ
စာဖတ်သူကျွန်တော်လည်း ပြုံးရာကနေ
ငိုင်တွေသွားမိတော့တယ်။

(ကျွန်တော်တို့ရော ဘဝမှာ
ကိုယ်မပါတဲ့အခန်းအတွက်
ဘယ်လောက်များ ပြေးခဲ့ကြပြီးပြီလဲ).....တဲ့။

ကိုယ့်ကို ''အပျော်ပေးဆော့တဲ့'' လူတွေအတွက်၊
'' ထမင်းသိုး ဟင်းသိုး'' လို့ သဘောထားကြတဲ့
ပတ်ဝန်းကျင်အတွက် …..
ကိုယ့်ရဲ့ ပါဝင်ကြိုးပမ်းမှုကို အသိအမှတ်
မပြုကြတဲ့ အသိုင်းအဝိုင်းအတွက်
ကျွန်တော်တို့ ဘယ်နှကြိမ်ကစားပေးခဲ့ရပြီလဲ ?

ခွန်အားတွေ၊ချွေးစက်တွေ
ဘယ်လောက်တောင်များ ပေးဆပ်ခဲ့ရပြီလဲ?
ပြေးရင်း ကစားရင်း မောလာလို့
ခဏနားချိန်မှာ စဉ်းစားကြည့်ကြပါဦး။

- နီကိုရဲ

10 months, 2 weeks ago

ကျမျက်ရည်

အိုင်းရစ်ပန်းလေးတွေ ပွင့်လုရောပေါ့လို့
နိုးထမိတဲ့ ဖေဖေါ်ဝါရီရဲ့ အဦးဆုံးနံနက်ခင်းမှာ
မြို့ရဲ့မြူတွေကြားက သံချပ်ကားတွေ
ခေါင်းထိုးထွက်လာတာကို တွေ့လိုက်ရတယ် ။

နောက်တော့ အမှောင်ရယ် ၊ ငရဲရယ် ၊
အား ....... လို့ မဆုံးတော့မယ့်အသံနဲ့
အာခေါင်ခြစ်အော်နေတဲ့ ဦးခေါင်းပွင့်မျိုးဆက်ရယ် ။

အချစ်ရေ တိမ်တွေက သေနတ်ဒင်နဲ့တူလိုက်တာ
မင်းကြောက်လား ။
မကြောက်ဘူး၊ ရွံတာလို့ဖြေ ၊
ကိုယ်မင်းကို ပန်းလေးပန်ပေးချင်သေးတယ်
ဒါပေမယ့် ဝမ်းနည်းစရာပဲ ဒီတိုင်းပြည်ဟာ ဘာပန်းမှပွင့်တော့မှာမဟုတ်ဘူး ။

မင်းရဲ့မျက်ရစ်ကလေးတွေ မို့နေပါလား
ငိုကြွေးထားသလားကွယ် ၊
အတွင်းရော အပြင်ရော ငိုနေတယ်လို့ဖြေ ၊
ငိုပါ ချုံးပွဲချပြီး ငိုပါလေ
ဒီအချိန် ရယ် နေတဲ့ မိန်းမတွေထက်
ငိုနေတဲ့မိန်းမတွေကပိုလှတယ်လို့ထင်တယ်
မင်းမျက်ဝန်းတွေက သိပ်လှတော့
ကျမျက်ရည်ကလည်း သိပ်ကိုလှမှာပေါ့ ။

ကိုယ်တို့အမိမြေ
ချစ်စရာလေးနော်
သေနည်းရောင်စုံနဲ့လေ ။

မင်းဘာအရောင်နဲ့သေချင်လဲ
အနီရောင်နဲ့သေချင်တယ်လို့ဖြေ၊
ကိုယ်လည်း Crimson ဘက်ယိမ်းတဲ့အနီရောင်နဲ့သေမယ်

ကိုယ်တို့ရက်သိပ်မကွာဘဲသေကြမယ်
အရမ်းအေးတဲ့နိုင်ငံတွေမှာ ပြန်မွေးဖွားကြမယ်
တက္ကသိုလ်အတူတက်ကြမယ်
သမိုင်းစာအုပ်အတူဖတ်ကြမယ်
မြန်မာနိုင်ငံအကြောင်းဖတ်မိတဲ့အခါ
" ဒီနိုင်ငံကြားဖူးသလိုလိုပဲ ..."
ဆိုတဲ့ မျက်မှောင်ကြုံတာမျိုးဖြစ်သွားလိမ့်မယ် ။

ကိုယ်တို့နောင်ဘဝရောက်နေပြီလေ။
အရင်ဘဝက အကြောင်းတွေ ပြန်မသိတော့ဘူးလေ ။
အရင်ဘဝအကြောင်း မှတ်မိနေဦးမယ်ဆိုရင်
နောင်ဘဝဆိုတာကလည်း ဘာအဓိပ္ပါယ်ရှိမှာလဲနော့် ။

ကိုယ်တို့ သားမွှေးမဟုတ်တဲ့ အနွေးထည်တွေဝတ်မယ်
တောင်ယဉ်စွန်းတန်းက တာရာတွေကို ကြည့်မယ်
မင်းကို သွေးအားကောင်းအောင် ဂရုစိုက်မယ်
နှစ်သစ်ကူးနီးရင် ကိုယ်တိုင်လုပ်ထားတဲ့ ဝိုင်တွေသောက်မယ် ။

ကိုယ်တို့နောင်ဘဝမှာ တကယ်ပျော်ရွှင်နိုင်လောက်တယ်
ဒါပေမယ့် ထူးဆန်းတဲ့ ပြဿနာတစ်ခုတော့ ရှိချင်ရှိနိုင်တယ် ။
အဲ့ဒါကတော့ နှစ်စဉ် နှစ်တိုင်း
ဖေဖေါ်ဝါရီလရဲ့ အစောဆုံးနံနက်ခင်းတိုင်းမှာ ကိုယ်တို့နိုးနေသည်ဖြစ်စေ
အိပ်မောကျနေသေးသည် ဖြစ်စေ
ကိုယ်တို့မျက်လုံးထောင့်စွန်းတွေက
ဘယ်လိုမှ ရပ်တန့်လို့ရအောင်
မျက်ရည်တွေ တသွင်သွင်စီးကျနေလေ့ရှိတဲ့အကြောင်းပေါ့ ။

- သူဝေး

10 months, 2 weeks ago

ဘာတစ်ခုမှ အဆင်မပြေတာကိုရော၊
ကံဆိုးမှုအကြိမ်ကြိမ် ကျရောက်ရတာကိုရော၊
ရောဂါပိုးမွှားတွေ ထူထပ်သိပ်သည်းနေခဲ့တာကိုရော၊
တစိမ့်စိမ့် တမြေ့မြေ့ နာကျင်ပြီး
ဆာလောင်နေရတာကိုရော၊
ကိုယ်က ချစ်လိုက်ပြီး ပြန်အချစ်ခံခွင့်ရတာကိုရော၊
အမုန်းခံလိုက်ရတာကိုရော၊
အစစစုပေါင်းဖြစ်တည် ပျက်ယွင်းနေတဲ့
ဒီ ဘဝတိုတိုဆိုတာလေးကို
အထူးလှိုက်လှဲစွာ ကျေနပ်လှပါတယ်။

- မောင်ချောနွယ်

We recommend to visit

Sheyx oken ?

Building the most secure zkEVM ecosystem. Committed to Ethereum. Bootstrapped by
Consensys

Channel link-
https://t.me/+hY2YPwon1TwyNjY9