ကာတွန်းကမ္ဘာChannelမှကြိုဆိုပါတယ်ဗျ။
@cartoonadmin99 ကိုဆက်သွယ်နိုင်ပါတယ်။
Last updated 1 year, 1 month ago
မိတ်ဆွေတို့ရဲ့ လုပ်ငန်းကြေငြာများ
ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်ပေးပါ။
Last updated 1 year, 1 month ago
Anime တွေကြည့်ဖို့ Senpai ရဲ့ ချန်နယ် အားလုံး ဝင်ပေးထားကြပါ
Last updated 1 year ago
Hello I'm back 👋
ဒီနေ့မှာတော့ ကြာရှည်နေပြီဖြစ်တဲ့ကျွန်မရဲ့ အကြွေးလေးကို လာတင်ပေးတာပါရှင်။
တော်တော်ကို နောက်ကျသွားရတဲ့အတွက်တော့ တောင်းပန်ပါတယ်🙇🙇
ကဲ NUGဘက်က University တွေဖွင့်နေပြီလားဆိုရင်တော့ "ဟုတ်ကဲ့"ဖွင့်နေပါပြီရှင်။
မိမိတက်ချင်တဲ့ University တွေကို online ကနေ တက်ရောက်လို့ရသလားဆိုရင်တော့ "ဟုတ်ကဲ့" ရနေပါတယ်ရှင်။
ကဲ ဒီတော့ NUGဘက်နေ မြို့နယ် တော်တော်များများက တက္ကသိုလ်တွေကနေ မေဂျာတော်တော်များများကို ( ဆေး၊အင်ဂျင်နီယာ၊သူနာပြု၊နည်းပညာတက္ကသိုလ်၊...) onlineကနေ တက်ရောက်သင်ကြားလို့ရအောင် ဖွင့်လှစ်ထားနေပါတယ်။
ကိုယ်က Federal School ကနေ ကျောင်းပြီးလို့ တက္ကသိုလ်ဆက်တက်ချင်ပြီဆိုရင်တော့ သူတို့ရဲ့ official channel ကို သွားရောက်ပြီးတော့ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်နဲ့ မေဂျာအကြောင်းကို သွားရောက်စောင့်ကြည့်ပြီးတော့ ဝင်ခွင့်လျှောက်ရုံပါပဲရှင်။
ဘယ်မေဂျာတွေ ဘယ်တက္ကသိုလ်တွေကို ဖွင့်ထားနေပြီလဲဆိုတာကို အသေးစိတ်သိချင်တယ်ဆိုတော့ အောက်မှာရှိတဲ့ official channel linkလေးကို နှိပ်ပြီး ဝင်ရောက်လေ့လာကြည့်ကြပါရှင်...‼️
Hello Hello 👋
Happy New Year guys 🎉
နှစ်သစ်မှစလို့ စိတ်သစ်လူသစ်နဲ့ ပိုမိုတိုးတက်ပြီး ပျော်ရွှင်ကျန်းမာကြပါစေနော်။
Hello Guys ??
ကျွန်မက Online Federal School တက်နေကြတဲ့သူတစ်ချို့ စိုးရိမ်နေကြတဲ့ High school ပြီးရင်
?တက္ကသိုလ်တွေက NUGဘက်ကနေ online အတန်းတွေဖွင့်ပြီလား..?
?ဘယ်အတန်းတွေဖွင့်ပြီလဲ..?
?အကုန်ရောဖွင့်ရဲ့လား..?
?ဘယ်လိုဆက်တက်ရမလဲ..?
စတဲ့မေးခွန်းတွေအတွက် content လေး sharing လုပ်ဖို့ စီစဉ်ထားပါတယ်။
ဒါကြောင့် Stay tuned နော်..??
Hello Hello ? ?
အားလုံးပဲ ပိတ်ရက်ဆိုတော့ ပျင်းနေကြမယ်ဟုတ်!?
ဒီနေ့မှာတော့ Vocabပိုင်းကို အားနည်းတယ်၊ စကားလုံးတစ်လုံးရဲ့ Noun form ကိုသိပေမဲ့ adj ၊ verb စတဲ့တစ်ခြားformsတွေကို မေးတဲ့အခါကျ မသိတော့တာမျိုး ဖြစ်ရလား ဒါမှမဟုတ် formတွေကိုတော့ပိုင်တယ် synonym, antonymတွေကိုတော့ မသိလို့ ဒီတစ်မျိုးတည်းပဲ သုံးနေရလို့ ကိုယ့်ကိုယ့်ကိုယ် အားမရဖြစ်နေလား??
အပေါ်ကကျွန်မပြောသလို ဖြစ်နေခဲ့ပြီး ဘယ်လိုဖြေရှင်းနိုင်မလဲ၊ လေ့လာနိုင်မလဲမသိဖြစ်နေတဲ့သူတွေအတွက် ဒီနေ့ကျွန်မက vocab လေ့လာတဲ့နေရာမှာ ထိရောက်တဲ့နည်းလေးကို မျှဝေပေးချင်ပါတယ်။
‼️ပထမဆုံးကတော့ အားလုံးသိတဲ့အတိုင်း ဒီတိုင်းတော့မဖြေရှင်းနိုင်ပါဘူး ကိုယ်တိုင်လေ့လာမှ ကြိုးစားမှရမှာပါ။
ကဲ ကျွန်မတို့မသိတဲ့ New wordတစ်လုံးကို တွေ့ပြီဆိုပါတော့ ကျွန်မတို့ dictionary ရှာကြတယ်ဟုတ်? ဒါပေမဲ့တော်တော်တော်များများက အဲ့တစ်လုံးပဲရှာပြီး ပြီးသွားကြပါတယ် အခုအဲ့အကျင့်လေးကိုပြင်လိုက်ပါ။
?Dictionary ရှာတဲ့အခါ သိချင်တဲ့စကားလုံးတစ်ခုတည်းတင်မဟုတ်ပဲ သူ့ရဲ့ verb ၊noun ၊adj စတဲ့ပုံစံတွေကိုပါရှာပါ။
?ရှာပြီးတဲ့နောက်မှာ ကိုယ်ပြန်ကြည့်လို့ မှတ်မိရလွယ်မဲ့ ဝါကျတည်ဆောက်ပုံနဲ့ သူ့ရဲ့meaningကို English လိုရေးထားပါ ။
?အဲ့ဒီစကားလုံးရဲ့ synonym နဲ့ antonymတွေကို ရှာပြီး ထပ်မှတ်ပါ။
?အဲ့ဒါထပ်ပိုရချင်သေးတယ်ဆိုရင်တော့ အဲ့ဒီစကားလုံးတစ်ခြား ဘယ်စကားလုံးတွေနဲ့ဆက်ရင် ဘယ်လိုအဓိပ္ပာယ်တွေရနိုင်မလဲရှာပါ။ ဟုတ်ပါတယ် phrasal verb ပုံစံမျိုးပါ။
~ ဉပမာ ကိုယ်ရှာတဲ့ စကားလုံးက takeဆိုရင် ( take out, take off)စတာမျိုးပါ တွဲရှာပြီး မှတ်ရင် လုံးဝကို vocab ပိုင်းမှာ သိသိသာသာတိုးတက်လာပါလိမ့်မယ်။ စကားလုံးတစ်လုံးတည်းကနေ အများကြီးကို သိလာရပါလိမ့်မယ်ရှင်။
ဒီတော့အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ကြပါစေရှင်။
Hello အားလုံးပဲမင်္ဂလာပါ ကျွန်မက ဒီGen Z Dreams ရဲ့ owner ဖြစ်ပါတယ်။ အရင်ဆုံး ကျွန်မ အခုပြောမဲ့အကြောင်းအရာလေးကို အဆုံးထိဖတ်ပေးစေချင်ပါတယ်။
ဒီကြားထဲမှာ ကျွန်မအကြာကြီး ဝေလေလေ ဖြစ်နေခဲ့ပါတယ်။အားလုံးလဲသတိထားမိကြမှာပါ။ ကျွန်မအများကြီးလဲ ပြန်သုံးသပ်ခဲ့ပါတယ်။ ကျွန်မ ဒီလိုပုံစံနဲ့ channel ကို run နေတာဟာ ထိရောက်ရဲ့လား၊ တကယ်ပဲ ကျွန်မတစ်ယောက်တည်း ဒီနယ်ပယ်တွေအများကြီးကို မျှဝေပေးနိုင်ပါ့မလား၊ တကယ်လဲ ကျွန်မ မလုပ်နိုင်ခဲ့ပါဘူး ကျွန်မက ကျွန်မမှာ ရှိနေတာတဲ့ ကျွန်မ လက်လှမ်းမှီပေမဲ့ မကျွမ်းကျင်မပိုင်နိုင်တဲ့ အပိုင်းတွေတော်တော်များများကိုပါ မျှဝေပေးနိုင်ဖို့မျှော်လင့်ခဲ့ပါတယ်။ တကယ်လက်တွေ့မှာ ဒါတွေကို တစ်ယောက်တည်းလုပ်ဆောင်နိုင်ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်မက သိပ်လောဘကြီးခဲ့ပါတယ်။ တကယ်လဲ ကိုယ်မကျွမ်းကျင်ပါပဲ တတ်နိုင်သမျှ များများမျှဝေပေးချင်ရုံနဲ့ နယ်ပယ်တွေအများကြီးကို ထည့်ခဲ့ပါတယ်။
အခုကျွန်မ ပြန်သုံးသပ်ပြီး သေချာနားလည်ပြီးတဲ့နောက်မှာ channel ကို လူငယ်တွေအတွက် English၊ ကျွန်မ လက်လှမ်းမီသလောက် ကျွန်မ သိခဲ့တဲ့ပညာရေးအခွင့်အလမ်းတွေ၊အခုCDMလူငယ်တစ်ချို့ ပူနေရတဲ့ ပညာရေးနဲ့ ပတ်သတ်တဲ့ ကိစ္စတစ်ချို့ကို ကျွန်မသိသလောက် ကျွန်မတတ်နိုင်သလောက် ပြန်လည်မျှဝေဖို့နဲ့ ကျွန်မ Englishစာ လေ့လာခဲ့တဲ့ တစ်လျှောက် ကျွန်မအတွက် ထိရောက်အသုံးဝင်ခဲ့တဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးသွားဖို့ပဲ လုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း အသိပေးလိုက်ရပါတယ်။
စာရှည်သွားရတဲ့အတွက် ကျွန်မတကယ်ကို အားနာရပါတယ်။အကုန်ကိုဖတ်ပေးကြမယ်လို့လဲ မျှော်လင့်ပါတယ်။ ဖတ်ပေးလို့လဲ တကယ်ကျေးဇူးတင်ပါတယ်။
ကာတွန်းကမ္ဘာChannelမှကြိုဆိုပါတယ်ဗျ။
@cartoonadmin99 ကိုဆက်သွယ်နိုင်ပါတယ်။
Last updated 1 year, 1 month ago
မိတ်ဆွေတို့ရဲ့ လုပ်ငန်းကြေငြာများ
ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်ပေးပါ။
Last updated 1 year, 1 month ago
Anime တွေကြည့်ဖို့ Senpai ရဲ့ ချန်နယ် အားလုံး ဝင်ပေးထားကြပါ
Last updated 1 year ago