ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot
Last updated hace 7 meses
Last updated hace 3 semanas, 5 días
ဆက်သွယ်ရန် Admin Account ⬇️
@Trs234456
@Trs234456
Last updated hace 1 mes, 1 semana
ခုလို စိတ်ဝင်စားစရာကောင်းတဲ့ သင်တန်းကို သင်ကြားပေးသွားမည့် Instructor နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 🙆♂️✨
အစ်ကို Han Shin Thant ဟာ တစ်ကိုယ်ရည် ဝါသနာအရ freelancer အနေဖြင့် ဓာတ်ပုံပညာကို နှစ်နဲ့ချီပြီး အတွေ့အကြုံရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ဒီ field အပေါ်ဝါသနာပါတာဖြစ်ပြီး ကျောင်းတွင်းကာလတွေမှာလည်း ဆုရဖူးသူတစ်ယောက်ဖြစ်ပါတယ်။ အခုမှာတော့ သူ့ရဲ့ အသိပညာတွေနဲ့ဓာတ်ပုံရိုက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး လူငယ်တွေအပေါ် မျှဝေဖို့ Instructor ဆရာတစ်ယောက်အနေနဲ့ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
အစ်ကို Han Shin Thant ရဲ့ ဆန်းသစ်တဲ့ ဓာတ်ပုံလက်ရာတွေကို ကြည့်ရှုနိုင်ရန် portfolio လေးလည်းမျှဝေပေးလိုက်ပါတယ်။
Portfolio: https://sites.google.com/view/han-shin-thants-portfolio/works
English Version Below:
We’re excited to introduce the instructor for this engaging workshop! 🙆♂️✨
Meet Mr. Han Shin Thant,
Mr. Han Shin Thant is a seasoned freelance photographer with years of experience fueled by his passion for photography. Since his younger years, he has been deeply dedicated to this field, even earning awards during his school days. 🏞📸
Now, he is combining his knowledge and real-world experiences to inspire and mentor young photography enthusiasts as an instructor. 👨🏫
To explore Mr. Han Shin Thant’s innovative photography works, check out his portfolio below:
Portfolio: Han Shin Thant's Portfolio (https://sites.google.com/view/han-shin-thants-portfolio/works)
📸 Workshop Announcement: Lens of The Youth (Photography Workshop) 📸
မင်္ဂလာပါ Futureseers တို့ရေ 🙆♂️✨
သင်ဟာ-
✅ freelance/commercial အနေနဲ့အလုပ် လုပ်ချင်လို့ဖြစ်ဖြစ်
✅ portfolio တစ်ခုတည်ဆောက်ချင်လို့ဖြစ်ဖြစ်
✅ ဝါသနာအရပဲ ဖြစ်ဖြစ်
photography ပညာရပ်ကို သင်ယူချင်တဲ့သူတွေများ ရှိပါသလား။ ⁉️
ဒါဆိုရင်တော့ For The Future - Myanmar မှ ပံ့ပိုးကူညီ၍ For The Future ; Education Institute - Myanmar မှ ဦးစီးကျင်းပမည့် “Lens of The Youth: Photography Workshop” က Futureseers လေးတို့အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ 🥸
ဒီ 2 ရက်တာ virtual workshop လေးမှာဘာတွေသင်ပေးသွားမလဲဆိုတာ စိတ်ဝင်စားနေကြပြီလို့ထင်ပါတယ်နော်။ 👀
ဟောဒီ 2 ရက်တာ crash course သင်တန်းလေးဟာ ဓာတ်ပုံပညာကို စိတ်ဝင်စားတဲ့လူတွေအတွက် creative industry ထဲ ခြေလှမ်းစနိုင်အောင် photography ရဲ့ အခြေခံတွေကို အသေးစိတ်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ သမားရိုးကျ ဓာတ်ပုံရိုက်တာကိုကျော်လွန်ပြီး ရသဖော်ကျူးနိုင်အောင် ကူညီပေးမည့် composition techniques တွေနဲ့ lighting ချိန်ပုံချိန်နည်း အမျိုးမျိုးကို ထည့်သွင်းသင်ကြားသွားမှာပါ။ ဒါ့အပြင် camera setting နဲ့ ထွက်လာတဲ့ဓာတ်ပုံတွေကို ပိုပြောင်မြောက်အောင် photo editing tips တွေထိပါ ခေါင်းစခြေဆုံး သင်ကြားပေးမှာပဲဖြစ်ပါတယ်။ 🙂↕️📸
ဓာတ်ပုံပညာအကြောင်းလေ့လာချင်ပေမဲ့equipment ဝယ်ဖို့ အခက်အခဲတွေ့နေတဲ့ Futureseers အဖို့လည်း ဒီသင်တန်းတက်ရန် မိုဘိုင်းဖုန်းသာ လိုအပ်ကြောင်း ထပ်ပြီး သတင်းကောင်းပါးပါရစေ။ 🥳📲
သင်တန်းအသေးစိတ်:
🗓 Date: 30th - 31st January 2025 (Thursday & Friday)
⏰ Time: 07:00 PM - 09:00 PM (MMT)
📍Venue: Via Zoom
📩 လျှောက်လွှာဖောင်: https://forms.gle/kB4MpqjfaGRt3Zto8
⏳ ဖောင်ပိတ်ရက်: 26.01.2025 (မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ)
သင်တန်းသားလူဦးရေကို အယောက် 40ဦး အတိ ပြန်လည်ရွေးချယ်သွားမှာဖြစ်လို့ အခုပဲ လက်မနှေးဘဲ လျှောက်ထားဖို့ နှိုးဆော်လိုက်ပါတယ်။ 👏💁♂️
English Version Below:
📸 Workshop Announcement: Lens of The Youth (Photography Workshop) 📸
Hello, Futureseers! 🙆♂️✨
Are you:
✅ Interested in pursuing photography either as a freelance or commercial career?
✅ Looking to build a professional portfolio?
✅ Or simply just passionate about photography as a hobby?
If yes, look no further because For The Future: Education Institute - Myanmar, supported by For The Future - Myanmar, is excited to host “Lens of The Youth: Photography Workshop” for you! 🥸✨
We’re certainly sure that our Futureseers will be excited to hear what this 2-day virtual workshop has in store for you, so here is an overview of what you can expect to learn. 📖
This 2-day crash course is designed to help photography enthusiasts equip essential skills and confidence necessary when stepping into the creative industry. First and foremost, you will be learning the fundamentals of photography and the camera settings in detail, gaining a solid understanding of the key concepts. Next, we will be exploring different composition techniques to transform your photos into visually compelling artworks. The workshop will also cover lighting essentials, teaching you how to work with various lighting conditions to enhance your shots. Finally, you will dive into photo editing tips, learning how to optimize your equipment and enhance your images. This workshop is tailored for you, starting from learning the basics to generating the final product!
No fancy equipment? No worries! This course is structured in a way that you do not need any additional resources but only required a mobile phone to participate.
Workshop Details:
🗓 Date: 30th - 31st January 2025 (Thursday & Friday)
⏰ Time: 7:00 PM - 9:00 PM (MMT)
📍Venue: Zoom
📩 Application Form: https://forms.gle/kB4MpqjfaGRt3Zto8
⏳ Deadline: 26th January 2025, 12:00 PM
Make sure to apply now and secure your spot, as we only have limited seats for 40 participants. We can’t wait to see you at the workshop, Futureseers! 👏🌟
#forthefuture_edu_mm
#for_the_future_education_institute_myanmar
#ForTheFuture_Myanmar
#ForTheFututureEducationInstitute_Myanmar
#LensofTheYouth
#ContentCreation
#Photography
#CrashCourse
Debate Club Facilitator
https://docs.google.com/forms/d/1PXaqJulE3tKEfFtvj8Lt3LpbSTim5JM2UFuuTsc4OOk/edit?usp=drivesdk
အကြင်နာဖြန့်ဝေသော လက်တစ်စုံဖြစ်ဖို့... ?
တိုက်စားခံလိုက်ရတဲ့ အချိန်တွေကို နောင်တတွေနဲ့အတူ မဖြတ်သန်းရစေဖို့၊ အထီးကျန်တဲ့နေ့ရက်တွေကို ကျော်လွှားနိုင်ဖို့၊ ပျောက်ဆုံးနေတဲ့ အနာဂတ်တွေကို ပြန်လည်ရှာဖွေဖို့၊ ကိုယ်ဝါသနာပါရာကို ခြေလှမ်းသစ်တွေ စတင်နိုင်ဖို့ရာအတွက် အခွင့်အရေးအသစ်တွေကို For The Future-Myanmar Organization ကနေ ယူဆောင်လာပြီပဲ ဖြစ်ပါတယ်။ ✨
For The Future-Myanmar Organization ဟာဆိုရင် Sustainable Development Goals (SDG) တွေကို အခြေခံပြီး လူငယ်တွေရဲ့ တိမ်မြုပ်နေတဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးနိုင်ဖို့အတွက် တစ်ဖက်တစ်လှမ်းကနေ ကူညီအားဖြည့်ပေးနေတဲ့ Non-profit Organization တစ်ခုပဲဖြစ်ပါတယ်။
? ဒီလို Organization လေးမှာ Volunteer လုပ်ရင်း အကြင်နာတွေ ဖြန့်ဝေပေးနိုင်မဲ့ လက်တစ်စုံဖြစ်ဖို့ အခွင့်အရေးလေးတွေကတော့...
✅ Experience မရှိသေးတဲ့ သူတွေအနေနဲ့လည်း အတွေ့အကြုံရှိပြီးသား Senior တွေရဲ့ အကူအညီနဲ့အတူ အတွေ့အကြုံအသစ်တွေကို ရယူနိုင်မှာဖြစ်လို့ အချိန်ဆွဲမနေပဲ ခုချက်ချင်းပဲ Register လုပ်လိုက်တော့နော်။
✅ တူသောအကျိုးပေးတယ်ဆိုသလိုပဲ Volunteer တစ်ယောက်အနေနဲ့ မတူညီတဲ့ နေရာအသီးသီးက မိတ်ဆွေအသစ်တွေနဲ့အတူတူ Task တွေကိုလုပ်ဆောင်ရမှာဖြစ်လို့ Networking skill, Team Work skill အပြင် Problem-solving skill တွေပါ တိုးတက်လာမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့ရဲ့ For The Future-Myanmar ကနေ ဒီနှစ်ထဲမှာပဲ For The Future; Education Institute-Myanmar ကို ဂုဏ်ယူစွာနဲ့ ထပ်မံဖွင့်လှစ်ထားပြီး လူငယ်တွေအတွက် အကျိုးလည်းရှိ၊ ပျော်စရာလည်းကောင်းမဲ့ Club (3) ခုကိုလည်း အပတ်စဉ် ပြုလုပ်ပေးလျက်ရှိပါတယ်။
◾ ငြင်းရခုန်ရတာ ဝါသနာပါတဲ့ သူတွေအတွက် " War of Words Debate Club "
◾ စာဖတ်ဝါသနာအိုးလေးတွေအတွက် " The Book Sitters Reading & Speaking Club "
◾ စိတ်အေးလက်အေး စကားလက်ဆုံကြလို့ရမဲ့ " Tea Talk Speaking Club "
✅ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ Club တွေအပြင် အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်တဲ့ Class တွေ၊ ဘာသာစကားသင်တန်းတွေကိုပါ Free အနေနဲ့ ဖွင့်လှစ်ပေးထားတာဖြစ်လို့ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် Join ရင်းနဲ့ ကိုယ့်ရဲ့ ဗဟုသုတနဲ့ အသိပညာနယ်ပါယ်တွေကိုပါ ချဲ့ထွင်နိုင်မဲ့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်။
ကဲ...ဒါဆိုရင်တော့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုးကို လက်မလွှတ်ရလေအောင် သက်ဆိုင်ရာပုံတစ်ပုံချင်းစီအောက်က Link လေးကနေတစ်ဆင့် ခုပဲ လျှောက်ထားလိုက်တော့နော်။
?Form Deadline လေးကတော့ 20.11.2024 (Wednesday) 7:00 PM ပဲဖြစ်ပါတယ်။
?Interview အတွက်ရွေးချယ်ခံရတဲ့ သူတွေကိုတော့ 22.11.2024 (Friday) မှာ Mail ကနေတစ်ဆင့် ဆက်သွယ်ပေးမှာဖြစ်လို့ Spam Box တွေထဲပါမကျန် စစ်ပေးကြပါဦးနော်။
?Interview အတွက်ရက်ကိုတော့ 23,24,25,26 အဖြစ်သတ်မှတ်ထားပြီး Final Result ကိုတော့ 29.11.2024 (Friday) မှာ ကြေညာပေးသွားမှာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် Update အကြောင်းအရာတွေကို မျက်ခြည်မပြတ်ရအောင် For The Future-Myanmar ရဲ့ Facebook, Instagram နဲ့ Telegram တို့ကို Like & Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Telegram - https://t.me/For_The_Future_Myanmar
YouTube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlWTZ
ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot
Last updated hace 7 meses
Last updated hace 3 semanas, 5 días
ဆက်သွယ်ရန် Admin Account ⬇️
@Trs234456
@Trs234456
Last updated hace 1 mes, 1 semana