https://www.peoplemediamyanmar.com/
Last updated 1 year, 1 month ago
Last updated 1 year, 1 month ago
www.fdsarr.ru/dance/
Last updated 1 year, 1 month ago
ရခိုင်ပြည်နယ်ရှိ မြို့နယ် အများစုကို ထိန်းချုပ်နိုင်ပြီးနောက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနည်းတူ စစ်သွေးကြွ AA က သတင်းထုတ်ပြန်လာသည်။
စစ်သွေးကြွနတ်မောက် PDF နဲ့ မြင်းခြံ PDF အဖွဲ့တို့ သတ်ဖြတ်လိုက်သော တပ်မတော်သား ၂ ဦး
ဖြစ်စဉ်မှာ
"ဒီဇင်ဘာ ၂၇ ရက်နေ့က မန္တလေးတိုင်း၊
ကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပါးတောင်မကြီးပေါ်ရှိ ဆက်သွယ်ရေးစခန်း ဧရိယာရှိ လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ တပ်မတော်သား ၂ယောက် လက်နက်နဲ့အတူ အရှင် ဖမ်းဆီးနိုင်ခဲ့ပြီးနောက် သတ်ဖြတ်လိုက်ကြောင်း စစ်သွေးကြွအဖွဲ့များက ယနေ့ သတင်းထုတ်ပြန်ထားသည်။"
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ရှိ လုံခြုံရေးစခန်းကို စစ်သွေးကြွအဖွဲ့များ ယနေ့ တိုက်ခိုက်လျက် ရှိနေသလို တပ်ဖွဲ့ဝင်များ လက်နက်ချရန် အသံချဲ့စက်များနဲ့ စစ်သွေးကြွများက ပြောဆိုလျက်ရှိသည်။
မော်လမြိုင်မြို့ရှောင်လမ်းတွင် ကုန်တင်ယာဥ်နှင့် ဆိုင်ကယ်တိုက်မိရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
................................................
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
မော်လမြိုင်မြို့ရှောင်လမ်း၊ မြေနီကုန်းကားဝင်းအရှေ့တွင် ကုန်တင်ယာဥ်နှင့်ဆိုင်ကယ်တိုက်မိရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၄ ရက် ည ၆ နာရီ ၁၀ မိနစ်အချိန်တွင် ယာဥ်တိုက်မိကြောင်း သတင်းရရှိသောကြောင့် ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့်ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းတို့မှ ဖြစ်စဥ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
"ကားရဲ့ဘယ်ဘက်ခြမ်းနဲ့ဆိုင်ကယ်တိုက်မိတာ။ ဆိုင်ကယ်မောင်းတဲ့သူ အမျိုးသားက ပွဲချင်းပြီး။ ဆိုင်ကယ်နောက်ကလိုက်တဲ့သူ အမျိုးသားလည်း ဒဏ်ရာရတယ်။ ကားမောင်းတဲ့သူလည်းရှိတယ်" လို့ ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုအခင်းနေရာတွင် သေဆုံးသူအမျိုးသားမှာ အသက် ( ၅၀) ကျော်ရှိကြောင်း ရုပ်အလောင်းကို ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ဒဏ်ရာရရှိသူအမျိုးသားကို ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအသင်းတို့မှ ပူးပေါင်း၍ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo -Credit
https://www.peoplemediamyanmar.com/
Last updated 1 year, 1 month ago
Last updated 1 year, 1 month ago
www.fdsarr.ru/dance/
Last updated 1 year, 1 month ago