🌐𝐒𝐂𝐈𝐄𝐍𝐂𝐄 𝐖𝐎𝐑𝐋𝐃💡

Description
since- 26/12/23

crd for all org writer and thanks Sub📈


✅ just share.. stay learn...stay study..for Good Life💡
Advertising
We recommend to visit

Your movie recommendation system.

Place Ad: https://telega.io/c/iPapkorn

Disclaimer: Copyright Disclaimer Under Section 107 of the Copyright Act 1976.

Last updated 2 months ago

Mallu movies reviews only
https://t.me/joinchat/AAAAAEH0P6-5597WpcQ-Cg

⚠️Disclaimer: The contents of this channel are for information purposes only, and we are not sharing any copyright stuff!
Advertisement: @Globaladz

Last updated 1 year, 1 month ago

PAID PROMOTION: @Globaladz

6 months, 3 weeks ago

အချို့သော အချက်အလက်များကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

စူးစမ်းလေ့လာသိပ္ပံပညာကမ္ဘာ
💥🌍- @Science_Educational_World 🌟

#မှိုင်းတရံနှောင်
#forwardonly
#ᴄʀᴅ_ᴛᴏ_ᴏʀɢ

6 months, 3 weeks ago

အီဂျစ် ဘုရင်မ နီဖာတီတီ ( Nefertiti ) သို့မဟုတ် ရှေးကမ္ဘာကို ဦးဆောင်ခဲ့သူ အမျိုးသမီးတစ်ဦး

နီဖာတီတီ ဆိုတာ အီဂျစ်ဘုရင် အခီနာတွန် ရဲ့ မိဖုရားဖြစ်ပြီး ဘီစီ ၁၄ ရာစုလောက်မှာ စိုးစံထွန်းကားခဲ့သူဖြစ်ပါတယ်။ နီဖာတီတီသည် သူမရဲ့ ခင်ပွန်းဖြစ်သူ ဘုရင်ကိုပါ လွှမ်းမိုးချုပ်ကိုင်ခဲ့သူ၊ သြဇာအာဏာကို ကျော်လွန်အသုံးချခဲ့သူအဖြစ် သမိုင်းပညာရှင်အချို့က ယုံကြည်ခဲ့ကြပေမယ့် ခိုင်လုံတဲ့သက်သေတော့ ရှာမတွေ့ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်သူမဟာ ခင်ပွန်းဖြစ်သူ ဘုရင်အခီနာတွန်နဲ့အတူ Aton အတွန် နေနတ်ဘုရားကို ကိုးကွယ်ခဲ့ပြီး သူမရဲ့ သမီးခြောက်ယောက်နဲ့အတူ သူမရဲ့ ကိုယ်စားပြုမှုများက ထိုခေတ်အခါမှာ နတ်ဘုရားမအဖြစ်တောင် မှတ်ယူခဲ့ကြပါတယ်တဲ့။ နီဖာတီတီရဲ့ မျိုးရိုးသမိုင်းကို တိတိကျကျ မှတ်တမ်းမရှိခဲ့ပေမယ့် သူမအမည်ဟာ လှပတဲ့ အမျိုးသမီးလာပြီ ဟုအနက်ရပါတယ်။ အီဂျစ်ဗေဒပညာရှင်များကတော့ သူမဟာ မီတန်နီ (ဆီးရီးယား)မှ မင်းသမီးတစ်ပါးဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သူမမျိုးရိုးကို မသိရပေမယ့် ညီမဖြစ်သူ မက်နော့ဂျမက် Mutnodjmet ရှိခဲ့တယ်ဆိုတာ သေချာပါတယ်။ သူမဟာ လက်ထပ်ပြီး ဆယ်နှစ်အတွင်း သမီး ၆ ယောက်ကိုဖွားမြင်ခဲ့ပါတယ်။ အကြီး သုံးယောက်ကိုတော့ သီးဘီးစ် ( Thebes) မှာမွေးဖွားခဲ့တာဖြစ်ပြီး အငယ်သုံးယောက်ကိုတော့ အေမာန (Amarna) မှာဖွားမြင်ခဲ့တာပါ။ သမီးခြောက်ယောက်ထဲမှာ နှစ်ယောက်က အီဂျစ်ဘုရင်မတွေ ဖြစ်ခဲ့ကြပါတယ်။ နီဖာတီတီရဲ့ ရုပ်ပုံတွေဟာ ရှေးအီဂျစ်သင်္ချိုင်းများမှာ သူမခင်ပွန်းဘုရင်နဲ့အတူ တွေ့ရလေ့ရှိပြီး သီဘန် Theban ဘုရားကျောင်းတွင် ထုံးတမ်းစဥ်လာကိုးကွယ်ရာ တစ်ခုအနေနဲ့ အတွေ့များပါတယ်။ သူမဟာ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနဲ့ အပြာရောင် သရဖူကို ၀တ်ဆင်လေ့ရှိသူအဖြစ် ပုံဖော်ကြပါတယ်။

အခီနာတွန်ဘုရင်ရဲ့ နန်းသက် ငါးနှစ်မြောက် ကုန်ဆုံးချိန်မှာ နေနတ်ဘုရား Aton ဟာ အီဂျစ်နိုင်ငံရဲ့ အဓိကကိုးကွယ်ရာဖြစ်လာခဲ့ပြီး ဘုရားကျောင်းအဟောင်းတွေကို ပိတ်ချပစ်ခဲ့ပါတယ်။ တရားရုံးကိုလည်း မြို့တော် အာခီတတွန်သို့ ရွေ့ပြောင်းခဲ့ပါတယ်။ ဒီနေရာမှာတော့ နီဖာတီတီဟာ ဘာသာရေးမှာ အရေးပါတဲ့နေရာကပါ၀င်နေခဲ့ပါတယ်။ သူမဟာ ခင်ပွန်း ဘုရင် အခီနာတွန်၊ နေနတ်ဘုရား Aton နဲ့အတူ ဖွဲ့စည်းထားတဲ့ နေနတ်ဘုရားကိုးကွယ်သူ သုံးပွင့်ဆိုင်အဖွဲ့မှာ အမျိုးသမီး အမှုဆောင်အနေနဲ့ အမှုထမ်းခဲ့ပါတယ်။ သူမကို သက်မွေး၀မ်းကြောင်းဆိုင်ရာ နတ်ဘုရားမအနေနဲ့လည်း ဖော်ပြခဲ့ကြပါတယ်။ နီဖာတီတီနဲ့ သူမတော်၀င်မိသားစုဟာ ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ရုပ်ပုံများအဖြစ်သာမက တော်၀င်နဲ့ တော်၀င်မဟုတ်တဲ့ သင်္ချိုင်း နံရံတွေမှာပါ တွေ့ရပါတယ်။ အချို့သော ပညာရှင်များက သူမရဲ့ ရုပ်ကြွပန်းပုများနဲ့ ရုပ်ထုများကို စဥ်းစားခဲ့ကြပြီး သူမသည် ကြင်ယာတော်ထက် ခင်ပွန်းကိုကျော်လွန်အုပ်စိုးခဲ့သူ ဘုရင်မအဖြစ်သုံးသပ်ကြပါတယ်။ သို့သော် အထောက်အထားခိုင်လုံမှုမရှိတဲ့အပြင် မှတ်တမ်းမှတ်ရာလည်း မရှိခဲ့ပါဘူး။ အခီနာတွန်ဘုရင် နန်းသက် 12 နှစ်ပြည့်ပြီးနောက်ပိုင်း မင်းသမီးခြောက်ယောက်အနက်မှ တစ်ယောက်ဟာ သေဆုံးသွားခဲ့ပြီး မင်းသမီးသုံးယောက်နဲ့ နီဖာတီတီကိုယ်တိုင်ပါ ပျောက်ဆုံးသွားခဲ့ပါတယ်။ အရိုးရှင်းဆုံး ကောက်ချက်အရတော့ နီဖာတီတီလည်း သေဆုံးခဲ့တာဖြစ်ပြီး သူမရဲ့ သေဆုံးခြင်းအတွက် မှတ်တမ်းမရှိခဲ့သလို အာမာနတော်၀င်သင်္ချိုင်းမှာလည်း သူမကို သင်္ဂြိုဟ်ခဲ့ဖူးကြောင်း အထောက်အထားလည်း မတွေ့ခဲ့ရပါဘူး။ တူတန်ခမန်ဘုရင်ကို ထီးနန်းမအပ်မီ နီဖာတီတီ သည် Smenkhkare ဆမန်ခခဲဟူသည့် အမည်ဖြင့် အီဂျစ်ထီးနန်းကို ဘုရင်မအဖြစ် အုပ်ချုပ်ခဲ့တယ်လို့ အခြားသုတေသီများက ယူဆခဲ့ကြပါသေးတယ်။ ဆမန်ခခဲ အမည်နဲ့ ဘုရင်အတွက် အထောက်အထားတွေရှိခဲ့ပါတယ်။ ဘုရင်များချိုင့်ဝှမ်းမှာ မြှုပ်နှံထားခဲ့တဲ့ ရုပ်အလောင်း 20 ကျော်ကို 20 ရာစုမှာ ရှာတွေခဲ့ကြပြီး ဆမန်ခခဲနဲ့ နီဖာတီတီဟာ မတူညီဘူးဆိုတာသိခဲ့ရပါတယ်။ ဆမန်ခခဲ ဘုရင်ဟာ တူတန်ခမန်ရဲ့ အစ်ကိုတော်စပ်သူဖြစ်ပါတယ်။ အီဂျစ်သမိုင်းပညာရှင်အချို့ကလည်း နီဖာတီတီဟာ ဘုရင်များချိုင့်ဝှမ်းထဲမှာရှိတဲ့ အမည်မသိ ရုပ်အလောင်းများထဲက တစ်ခုဖြစ်မယ်လို့လည်း မှန်းဆထားကြပါတယ်။ 21 ရာစုအစောပိုင်းက အေမန်ဟိုတပ် 2 ( Amenhotep II ) သင်္ချိုင်းမှာရှာတွေ့ခဲ့ကြတဲ့ Younger Lady ဆိုတဲ့ ရုပ်အလောင်းဟာ နီဖာတီတီ ဖြစ်နိုင်ကြောင်း တော်တော်များများက လက်ခံထားကြပါတယ်။

ဘုရင် အာခီနာတွန်ကွယ်လွန်ပြီးနောက်မှာ အာမာန ကိုစွန့်ပစ်ခဲ့ကြပြီး နီဖာတီတီ သည် 1912 ဂျာမန်ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့ ရဲ့ တွေ့ရှိမှုတစ်ခုနဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့တာပါ။ ပန်းပုဆရာ သက်တမို့ Thutmose ရဲ့ အာမာန အလုပ်ရုံအပျက်အစီးတွေကြား နီဖာတီတီရဲ့ ပုံတူကို တွေ့ခဲ့ကြပြီး 1920 နှစ်များအတွင်း ဘာလင်မြို့ပြတိုက်တစ်ခုတွင် ပြသထားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ အာရုံစူးစိုက်မှုကို ရခဲ့ပြီးနောက် ရုပ်တုရဲ့ ဘယ်ဘက်မျက်လုံးပျောက်ဆုံးနေပေမယ့် ရှေးဟောင်းကမ္ဘာရဲ့ အလှဆုံးအမျိုးသမီးရုပ်တုတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူမနဲ့ ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး တိကျတဲ့ သမိုင်းသက်သေတွေကိုတော့ တွေ့ရခြင်းမရှိသေးပါဘူး။

6 months, 3 weeks ago

လူသူရောက်ဖို့အခက်ခဲဆုံးဒေသများ (Pole of inaccessibility)

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း ကုန်မြေများနှင့်အဝေးဆုံးနေရာမှာတည်ရှိတဲ့နေရာကို သွားရောက်ဖို့အခက်ခဲဆုံးဒေသ (Pole of inaccessibility) အဖြစ်သတ်မှတ်ထားပါတယ်။ Point nemo လို့လည်းလူသိများပါတယ်။ ဒီနေရာကကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်ကုန်းမြေနှင့်မဆို အဝေးဆုံးနေရာမှာရှိပါတယ်။ အနီးဆုံးကမ်းရိုးတန်းကိုမိုင်ပေါင်း ၁၆၇၀ ကျော် (၂၆၈၈ ကီလိုမီတာ) ဝေးပါတယ်။

ဒီနေရာကနေဖြတ်သွားတဲ့လေယာဉ်နှင့် သင်္ဘောများလည်းမရှိသလောက်နည်းတာကြောင့် တာဝန်ပြီးဆုံးသွားလို့ဖျက်သိမ်းတော့မယ့် ဂြိုဟ်တုနှင့်ဒုံးပျံများကို လူတွေအတွက်အန္တရယ်အနည်းဆုံးဖြစ်တဲ့ ဒီနေရာကို ပစ်မှတ်ထားပြီးပစ်ချပါတယ်။ ဒါကြောင့်ဂြိုဟ်တုသင်္ချိုင်းလို့လည်းတင်စားခေါ်ကြပါတယ်။ ဒီနေရာမှာစွန့်ပစ်ထားတဲ့ အာကာသယာဉ်ပေါင်း ၂၆၀ ကျော်ရှိပါတယ်။

Nemo ဆိုတာလက်တင်ဘာသာစကားနဲ့ No man or No one လို့အဓိပ္ပါယ်ရပါတယ်။ ဘယ်သူမှမရှိတဲ့နေရာပါ။ တကယ်လို့ဒီနေရာကိုသင်္ဘောနဲ့ရောက်ခဲ့မယ်ဆိုရင် အကွာအဝးအားဖြင့် ကမ္ဘာပေါ်ကကုန်းမြေထက် နိုင်ငံတကာအာကာသစခန်း (ISS) ကပိုပြီးနီးပါတယ်။

နိုင်ငံတကာအာကာသစခန်း ကမြေပြင်အထက်အမြင့်မိုင် ၂၂၀ မှာရှိပြီး Point nemo ကနေအနီးဆုံးကုန်းမြေက မိုင်ပေါင်း ၁၆၀၀ ကျော်ဝေးလို့ပါ) ။ Point nemo ကနေအနီးဆုံးလူနေထိုင်တဲ့နေရာတွေကတော့ မိုင် ၂၂၀၀ (၃၅၄၀ ကီလိုမီတာ) အကွာက အီစတာကျွန်းစုနှင့် မိုင် ၂၅၀၀ (၄၀၀၀ ကီလိုမီတာ) အကွာကနယူးဇီလန်နိုင်ငံတို့ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူသူအရောက်အနည်းဆုံး နေရာတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ ဒီနေရာကိုသတ်မှတ်ခဲ့တဲ့ Hrvoje Lukatela ကိုယ်တိုင်တောင်မရောက်ဖူးပါဘူး။ မြေပုံပေါ်မှာသာကြည့်ပြီးသတ်မှတ်ခဲ့တာပါ။ အန္တာတိကတိုက်တောင် တောင်အမေရိကတောင်ဘက်စွန်းနှင့် မိုင် ၆၀၀ ခန့်သာဝေးပါတယ်။

ဒီလိုမျိုးကမ်းရိုးတမ်းကနေ သွားရောက်ဖို့အခက်ခဲဆုံးနေရာတွေကို Pole of inaccessibility လို့သတ်မှတ်ထားပါတယ်။ တိုက်ကြီးများအလိုက် Pole of inaccessibility တွေရှိပါတယ်။ Point nemo ကိုတော့ oceanic pole of inaccessibility လို့ခေါ်ပါတယ်။ အခြား Pole of inaccessibility တွေကတော့

Eurasia pole of inaccessibility (တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကာဇတ်စတန်နယ်စပ်အနီး)

Africa pole of inaccessibility (အလယ်အာဖရိကနိုင်ငံ အိုဘိုမြို့အနီး)

North America pole of inaccessibility (အမေရိကန်ပြည်ထောင်စု South Dakota ပြည်နယ်)

South America pole of inaccessibility (ဘရာဇီးနိုင်ငံ Mato Grosso ပြည်နယ်)

Australia pole of inaccessibility (Northern Territory ပြည်နယ် Papunya မြို့အနီး)

Northern pole of inaccessibility (အာတိတ်သမုဒ္ဒရာရေခဲပြင်)

Southern pole of inaccessibility (အန္တာတိကတိုက်အတွင်းပိုင်း)

Oceanic pole of inaccessibility (Point nemo)

Northern / Southern pole of inaccessibility နှင့် North / South pole ကမတူပါဘူး။ ဥရောပကတော့ ကန္တာရမရှိတဲ့တစ်ခုတည်းသောတိုက်ဖြစ်တာကြောင့် pole of inaccessibility မရှိလို့ ဥရောပ-အာရှကို Eurasia လို့သာသတ်မှတ်ထားပါတယ်။

စူးစမ်းလေ့လာသိပ္ပံပညာကမ္ဘာ
💥🌍- @Science_Educational_World 🌟

#မှိုင်းတရံနှောင်
#forwardonly
#ᴄʀᴅ_ᴛᴏ_ᴏʀɢ

7 months ago
AU ဆိုတာ ဘာလဲ

AU ဆိုတာ ဘာလဲ

နေနဲ့ကမ္ဘာရဲ့ ကြားအကွာအဝေးက (၉၃) မီလီယံမိုင်ရှိပါတယ်။ ဒီအကွာအဝေးကို နက္ခတ္တဗေဒ ယူနစ်တစ်ခုအဖြစ် (1 AU) လို့သတ်မှတ်ထားပါတယ်။ ဒါ့ကြောင့် 1 AU (Astronomical Unit) ဟာ ၉၃ မီလီယံမိုင် ( သို့) ၁၅၀ မီလီယံ ကီလိုမီတာရှိတယ်လို့မှတ်သားနိုင်ပါတယ်။ အာကာသထဲက အလွန်ဝေးကွာတဲ့ အရာတွေကိုတိုင်းတာဖို့သုံးတဲ့ ယူနစ်လည်းဖြစ်ပါတယ်။

စူးစမ်းလေ့လာသိပ္ပံပညာကမ္ဘာ
💥🌍- @Science_Educational_World 🌟

#မှိုင်းတရံနှောင်
#forwardonly
#ᴄʀᴅ_ᴛᴏ_ᴏʀɢ

7 months ago
မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်) နေကြဝဠာ …

မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်) နေကြဝဠာ (နေအဖွဲ့အစည်း) အတွင်းမှာ ဂြိုဟ်ရံလ မရှိတဲ့ဂြိုဟ်များဖြစ်ကြပါတယ်။ လက်ရှိချိန်အထိ နေအဖွဲ့အစည်းအတွင်းမှာ နာဆာ (NASA) ကရှာတွေ့ပြီး အတည်ပြုထားတဲ့ ဂြိုဟ်ရံလပေါင်း (၁၇၆) ခုရှိပြီး တစ်ချို့ဂြိုဟ်ရံလတွေက မာကျူရီဂြိုဟ် ထက်တောင်ကြီးမားကြတယ်လို့သိရပါတယ်။

စူးစမ်းလေ့လာသိပ္ပံပညာကမ္ဘာ
💥🌍- @Science_Educational_World 🌟

#မှိုင်းတရံနှောင်
#forwardonly
#ᴄʀᴅ_ᴛᴏ_ᴏʀɢ

7 months ago
အလင်းနှစ်ဆိုတာ ဘာလဲ?

အလင်းနှစ်ဆိုတာ ဘာလဲ?

အလင်းနှစ် ဆိုတာက စကြဝဠာကိုတိုင်းတာရာမှာ အသုံးပြုတဲ့ အတိုင်းအတာ ယူနစ်တစ်ခုပါ။ အလင်းဟာ တစ်စက္ကန့်လျင် ကီလိုမီတာ ၃ သိန်း ခရီးသွားနိုင်ပါတယ်။ထိုကဲ့သို့ အမြန်နှုန်းဖြင့် တစ်နှစ်လုံး အလင်းဖြတ်သန်းသွားတဲ့ အကွာအဝေးဟာ အလင်းနှစ် ၁ နှစ် ဖြစ်ပါတယ်။

စူးစမ်းလေ့လာသိပ္ပံပညာကမ္ဘာ
💥🌍- @Science_Educational_World 🌟

ပင့်ကူကြောက်တဲ့သူတွေကိုမန်းရှင်းလိုက်ကြပါအုံး😅

#မှိုင်းတရံနှောင်
#forwardonly
#ᴄʀᴅ_ᴛᴏ_ᴏʀɢ

7 months ago
Anelosimus Eximius လို့အမည်ရတဲ့ ပင့်ကူမျိုးစိတ်တစ်မျိုးဟာ အပင်ခပ်မြင့်မြင့်တွေပေါ်မှာ ပင့်ကူအိမ်တွေဖွဲ့ပြီးနေတက်တဲ့ …

Anelosimus Eximius လို့အမည်ရတဲ့ ပင့်ကူမျိုးစိတ်တစ်မျိုးဟာ အပင်ခပ်မြင့်မြင့်တွေပေါ်မှာ ပင့်ကူအိမ်တွေဖွဲ့ပြီးနေတက်တဲ့ ပင့်ကူမျိုးစိတ်တစ်မျိုးပါ။ မိတ်လိုက်တဲ့ရာသီဆိုရင်တော့ ပင့်ကူအိမ်တွေကို ရှုပ်ထွေးစွာဆောက်လုပ်ထားတက်ကြပါသေးတယ်။ မှတ်တမ်းတွေအရ (၁၉၇၀) မှာ တိုက်ခက်ခဲ့တဲ့လေပြင်းတွေကြောင့် ဒီပင့်ကူတွေဟာ ကမ္ဘာအရပ်ရပ်ကို ပျံနှံ့ရောက်ရှိသွားကာ ပင့်ကူမိုးသဖွယ်ရွာချခဲ့ပါသတဲ့။

စူးစမ်းလေ့လာသိပ္ပံပညာကမ္ဘာ
💥🌍- @Science_Educational_World 🌟

ပင့်ကူကြောက်တဲ့သူတွေကိုမန်းရှင်းလိုက်ကြပါအုံး😅

#မှိုင်းတရံနှောင်
#forwardonly
#ᴄʀᴅ_ᴛᴏ_ᴏʀɢ

7 months ago
🌐𝐒𝐂𝐈𝐄𝐍𝐂𝐄 𝐖𝐎𝐑𝐋𝐃💡
7 months ago
ဂျပန်နိုင်ငံက Yonaguni ဆိုတဲ့ မြို့တော်ဟာဆိုရင်လည်း ထူးဆန်းမှုတွေ တစ်ပုံတစ်ပင်နဲ့ …

ဂျပန်နိုင်ငံက Yonaguni ဆိုတဲ့ မြို့တော်ဟာဆိုရင်လည်း ထူးဆန်းမှုတွေ တစ်ပုံတစ်ပင်နဲ့ ပြည့်နှက်လို့ နေပါတယ်။ ဘယ်လိုထူးဆန်းတာတွေလဲဆိုတာ့ ရေအောက်မြို့တော်ရဲ့ အကြွင်းအကျန်တွေထဲက တစ်ချို့ ကျောက်တုံးတွေဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၀၀၀၀ ) နီးပါး သက်တမ်းရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒီသက်တမ်းဟာဆိုရင် အီဂျစ်က ပိရမစ်သက်တမ်းတွေထက်တောင် ပိုပြီးစောလို့နေပါသေးတယ် ။

စူးစမ်းလေ့လာသိပ္ပံပညာကမ္ဘာ
💥🌍- @Science_Educational_World 🌟

#မှိုင်းတရံနှောင်
#forwardonly
#ᴄʀᴅ_ᴛᴏ_ᴏʀɢ

7 months ago
တွင်းဖြူတွေကို ယခုချိန်ထိရှာမတွေ့သေးပေမဲ့ သင်္ချာနည်းအရတော့ ဖြစ်နိုင်ခြေရှိနေတုန်းပါပဲ။ တွင်းနက်ဆိုတာလည်း ရှေးယခင်က …

တွင်းဖြူတွေကို ယခုချိန်ထိရှာမတွေ့သေးပေမဲ့ သင်္ချာနည်းအရတော့ ဖြစ်နိုင်ခြေရှိနေတုန်းပါပဲ။ တွင်းနက်ဆိုတာလည်း ရှေးယခင်က အယူအဆအဆင့်သာရှိခဲ့တဲ့ အာကာသဝတ္ထုတစ်ခုပါ။ ယခုအခါမှာလည်း တွင်းဖြူတွေဟာ အယူအဆအဆင့်သာရှိသေးတယ်ဆိုပေမဲ့ သင်္ချာကတော့ ယင်းတို့ရှိနိုင်ကြောင်း အတည်ပြုပေးထားပါတယ်။ တွင်းဖြူဆိုတာကတော့ တွင်းနက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ဒြပ်ပစ္စည်းနဲ့အလင်းတို့ကို ဆွဲငင်ရမယ့်အစား ပြန်လည်ထုတ်ပေးပါတယ်။

စူးစမ်းလေ့လာသိပ္ပံပညာကမ္ဘာ
💥🌍- @Science_Educational_World 🌟

#မှိုင်းတရံနှောင်
#forwardonly
#ᴄʀᴅ_ᴛᴏ_ᴏʀɢ

We recommend to visit

Your movie recommendation system.

Place Ad: https://telega.io/c/iPapkorn

Disclaimer: Copyright Disclaimer Under Section 107 of the Copyright Act 1976.

Last updated 2 months ago

Mallu movies reviews only
https://t.me/joinchat/AAAAAEH0P6-5597WpcQ-Cg

⚠️Disclaimer: The contents of this channel are for information purposes only, and we are not sharing any copyright stuff!
Advertisement: @Globaladz

Last updated 1 year, 1 month ago

PAID PROMOTION: @Globaladz