ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month, 2 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago
တရုတ်နယ်စပ်ဂိတ်က ပိတ်ထားသေးတယ်။ ပြီးခဲ့တဲ့ တရက်နှစ်ရက်လောက်က နာရီပိုင်းလောက် တရုတ်ဘက်က ပြန်ဖွင့်လာတာ။ ဒီရက်ပိုင်းကတော့ ကချင် KIO ဘက်ကနေ ပြန်ပိတ်ခိုင်းလိုက်တာ။ နာရီပိုင်းလောက်ဖွင့်ပြီးတော့မှ သူတို့ဘက်က သူတို့စိတ်ကြိုက် ဖွင့်ချင်ဖွင့်၊ ပိတ်ချင်ပိတ် အဲဒီလိုပုံစံလုပ်နေလို့ ဒီဘက်မြန်မာပြည်ဘက်ကနေ ပြန်ပိတ်လိုက်တာ။ လူလည်း အဝင်အထွက် လုံးဝ ပိတ်လိုက်တာ။ တရုတ်တွေရော အကုန်ပဲ။ ဘယ်တော့ပြန်ဖွင့်မလဲတော့ မသိရသေးဘူး
Website တွင် ဖတ်ရန် https://bit.ly/4hP5Dxe
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ အေဂျင်စီတွေက ပြန်ခေါ်ပေးရမည်
~~~
■ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စစ်မှုထမ်းဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက တာဝန်ယူပြီး မဖြစ်မနေ ခေါ်ပေးရမဲ့ ပြင်ဆင်ချက်အသစ်ကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အသိပေးအကြောင်းကြားလာတယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက RFA ကို အတည်ပြုပြောပါတယ်။
ပြင်ဆင်လိုက်တဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် စာချုပ်အသစ်ထဲမှာ ပြည်ပရောက်သွားတဲ့ အလုပ်သမားတွေ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အချိန် မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းနိုင်ဖို့အတွက် အလုပ်သမား အေဂျင်စီတွေဘက်က တာဝန်ယူခေါ်ပေးရမဲ့ ပြင်ဆင်ချက်ကို ထည့်သွင်းပြဋ္ဌာန်းလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြင်ဆင်ချက်အသစ်ကြောင့် ပြည်ပသွားမဲ့ အလုပ်သမားတွေထက် အေဂျင်စီတွေအတွက် ပိုပြီးအကျပ်အတည်း ဖြစ်လာနိုင်တယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူ RFA ကို ပြောပါတယ်။
“စာချုပ်အသစ်ကို အလုပ်သမားက မကြိုက်ရင်တောင် လက်မှတ်ထိုးပြီး ထွက်ရရင်ပြီးရော လုပ်သွားလို့ရသေးတယ်။ တကယ်လို့ ကျွန်တော်တို့ လွှတ်လိုက်တဲ့အထဲက အလုပ်သမားက စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီဆိုရင် အဲဒီမှာစပြီး ဒုက္ခရောက်ပြီ။ သူက ပြန်မလာဘူးဆိုရင် ကျွန်တော်တို့ကို အရေးယူမှာလား၊ လူစားထိုး ရှာပေးရမှာလား၊ စစ်မှုထမ်းဖို့အတွက် အေဂျင်စီရဲ့တာဝန် ဖြစ်လာတယ်။ တာဝန်ခံပြီး ပြန်ခေါ်ပေးရမယ်ဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီဘက်က လုပ်လိုက်တာ။ ဖိအားတွေ အရမ်းများလာတယ်”
ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ ချုပ်ဆိုရတဲ့ စာချုပ်အသစ်ထဲမှာ အလုပ်လုပ်တဲ့ကာလ နှစ်နှစ်အတွင်း ဆင့်ခေါ်မှာမဟုတ်ဘူးလို့ ညွှန်ကြားထားပေမဲ့ စစ်မှုထမ်းဖို့ လူလိုတဲ့အခါ အေဂျင်စီတွေကို ဖိအားပေး ခေါ်ခိုင်းလာမှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။
ပြည်ပရောက် အလုပ်သမားတွေ လုပ်အားခ ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေပြန်မလွှဲတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ လိုင်စင်ပိတ်သိမ်းခံရတာကြောင့် အခုလည်း စစ်မှုထမ်းဖို့ မခေါ်ပေးနိုင်တဲ့ အေဂျင်စီတွေ ဆက်ပြီး ပိတ်သိမ်းခံရနိုင်တယ်လို့ အေဂျင်စီတွေဘက်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေ အကျုံးဝင်ပြီး ငြင်းဆိုရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ဒါကြောင့် စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေလည်း များပြားလာတာပါ။
စစ်မှုထမ်းဖို့ စာရင်းသွင်းပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ပျက်ကွက်နေသူတွေကို အရေးယူဖို့ဆိုပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက နိုဝင်ဘာ ၇ ရက်နေ့က ပြောဆိုထားပါတယ်။
နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_____
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (RFA Photo)
#ပြည်ပရောက် #အလုပ်သမားများ #စစ်မှုထမ်း #အေဂျင်စီများ #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
မြန်မာတစ်ဦးကို သေသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သော ထိုင်းစစ်သားများ အရေးယူမခံရ
ဖမ်းဆီးခံရစဉ် ကိုအောင်ကိုကိုအား ထိုင်းစစ်သားများက သစ်သားတုတ်ကျိုးသည်အထိ ရိုက်နှက်ခဲ့သဖြင့် ခန္ဓာကိုယ်အနှံ့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ဟု မျက်မြင်သက်သေများကဆိုသည်။
*ပုံစာ – ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးခံရစဉ် အသက်ရှင်နေသေးသော အောင်ကိုကိုကို စစ်သားတစ်ဦးက ဓါတ်ပုံရိုက်ထားစဉ်။
ဓာတ်ပုံ - Fortify Rights*
သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/14/11/2024/101166/
NUG လက်အောက်ခံ MNOU အား CDM ကျောင်းသားတစ်ဦး၏ တိုင်စာ
Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် ရဲ့ ရိုင်းစိုင်းမှု၊ Professional မဆန်မှု နဲ့ ရင့်ကျက်မှုမရှိခြင်းတို့အား အရေးယူပေးပါရန် ❗
ကျနော်တို့ CDM ကျောင်းသားတွေအနေနဲ့ တော်လှန်ရေးကာလမှာ ဒီလိုကျောင်းတွေ ပေါ်ပေါက်လာတာ၊ စီစဉ်ပေးတာကို ကျေးဇူးအများကြီးတင်ရပါတယ်။ အစစအရာရာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ စတင်လာခဲ့ကြတာဖြစ်လို့ အကုန်လုံးကိုလည်း နားလည်ပေးသလို ကျောင်းသားတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့နေရာကနေ ပါဝင်ရင်း ပညာရေးလမ်းကြောင်းပေါ် ဆက်ပြီး လျှောက်လှမ်းနိုင်အောင် အတူတူကြိုးစားပါဝင်ခဲ့ပါတယ်။
MNOU ဟာ စတင်ခဲ့တဲ့အချိန်တုန်းက လူညီညွတ်ပြီး Educated ဖြစ်တဲ့ ပညာရေးအသိုင်းအဝိုင်းရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ပြောင်းလဲသွားတာ မြင်ရတာ ရင်နာစရာပါပဲ။ ကျောင်းလျှောက်ဖို့ စတင်ကြေငြာကတည်းက ကျောင်းအပ်ပြီး Moodle account မရခင်အထိ စာပြန်တာတွေဟာ Professional မဆန်ဘဲ (ကျောင်းတစ်ကျောင်းရဲ့ ပုံရိပ်ကို ထိခိုက်တဲ့ထိ) ရင့်သီးမောက်မာနေတာ အောက်ကပုံအတိုင်းပါပဲ။ (ဒါတောင် ဥပမာ အနေနဲ့ ss တစ်ခုတည်း ပြထားတာဖြစ်ပါတယ်)
ကျွန်နော်တို့ MNOU ကျောင်းသားတွေအနေနဲ့ စကစလက်ထက်ကလို ကျောင်းသားအပေါ် ရိုင်းစိုင်းရင့်သီးမောက်မာမှုတွေကို လုံးဝ (လုံးဝ) လက်မခံနိုင်ပါဘူး။ ဒါကြောင့် MNOU အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးဖို့ တောင်းဆိုလိုပါတယ်။
(ဒီအကြောင်းတွေကို private ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း Unprofessional staffတွေက Ban လိုက်တဲ့အတွက် အခုအချိန်ကစပြီး လူသိရှင်ကြားဖြေရှင်းပြီး တရားမျှတမှုကို တောင်းဆိုလိုပါတယ်)
ထရမ့်သမ္မတ ဖြစ်လာရင် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေကို အမေရိကန်လက်ခံမှု ပယ်ဖျက်နိုင်ခြေရှိဟုဆို
-People's Spring
အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကို အကြောင်းပြုပြီး ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာ ဒုက္ခသည်တွေ အမေရိကန်ဆီ ရွှေ့ပြောင်း အခြေချခွင့် အစီအစဉ်တွေ ပယ်ဖျက်ခံရဖွယ် ရှိနေကြောင်း လူ့အခွင့်အရေးပညာရှင် တစ်ဦးက သတိပေးခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့သူ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ ပြည်ပကနေ ရွှေ့ပြောင်း အခြေချလာသူတွေအပေါ် ခါးသီးတဲ့ အမြင်မျိုး ရှိသူ ဖြစ်ပါတယ်။
လက်ရှိ အမေရိကန် အစိုးရဟာ ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ် လက်ခံပြီး အခြေချ ခိုလှုံခွင့် ပေးနေပေမယ့် ထရမ့်အာဏာရလာရင် အဲဒီ အစီအစဉ်ကို ဖျက်သိမ်းနိုင်တယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အားပေးကူညီမှုအဖွဲ့ (AHRLA)ရဲ့ ဒါရိုက်တာ ဖိလစ် ရောဘတ်ဆန်က ပြောပါတယ်။
လက်ရှိ အမေရိကန် အစိုးရရဲ့ အစီအစဉ်ထဲမှာတော့ လူနည်းစု တိုင်းရင်းသားအများစု ပါဝင်တဲ့ ဒုက္ခသည် ၆၀၀၀၀ လောက်ကို အမေရိကန် အပါအဝင် တခြား တတိယ နိုင်ငံတွေမှာ ရွှေ့ပြောင်း နေရာချပေးဖို့ ရည်ရွယ်ထားပါတယ်။
ထိုင်းနဲ့ အမေရိကန် အစိုးရတွေ ဆွေးနွေးပြီးတဲ့နောက် ထိုင်းနယ်စပ် ဒုက္ခသည် စခန်းတွေကို အပြီးပိတ်သိမ်းနိုင်ရေးအတွက် အဲဒီ အစီအမံကို သဘောတူခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အမေရိကန်မှာ အစိုးရ ပြောင်းတော့မှာဖြစ်ပြီး အဲဒီ သဘောတူညီမှုကို ဆက်လက် အကောင်အထည်ဖော်ဖို့ မသေချာတော့ပါဘူး။
ထရမ့်ဟာ လူ့အခွင့်အရေး ရှုထောင့်ကို ဘယ်တုန်းကမှ ဦးစားမပေးခဲ့ဘူးလို့ ရောဘတ်ဆန်က ပြောပါတယ်။ ထရမ့်ဟာ ရွှေ့ပြောင်းအခြေချမှုတွေကို ဆန့်ကျင်တဲ့ မူဝါဒတွေကို အကောင်အထည် ဖော်လာချိန်မှာ နောက်ဆက်တွဲ အရှုပ်အထွေးတွေ၊ ဂယက်တွေပါ ကြုံလာရနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
ဥပမာ အမေရိကန်မှာ နှစ်တွေနဲ့ချီ နေထိုင်ခဲ့ပေမယ့် အမေရိကန် နိုင်ငံသား မဟုတ်သူတွေကို ဖမ်းဆီးပြီး နယ်နှင်တာမျိုးတွ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ ရောဘတ်ဆန်က အဲဒီလို နယ်နှင်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် မိသားစုတွေ ကွဲကွာတာ၊ အာဏာပိုင်တွေနဲ့ လူထုကြားမှာ တင်းမာတာတွေ ဖြစ်လာနိုင်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့် ထရမ့်ရဲ့ မူဝါဒတွေကို လက်မခံနိုင်တဲ့ ဒီမိုကရက်တစ်ပါတီ အုပ်စိုးရာ ပြည်နယ်တွေမှာ အဲဒီပြဿနာမျိုးတွေ ပိုမို ဖြစ်ပေါ်လာနိုင်တယ်လို့ ရောဘတ်ဆန်က ဆိုပါတယ်။
ထရမ့်ဟာ အမေရိကန်မှာ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ခွင့်၊ ဖျက်ချခွင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပိုမို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မယ့် မူဝါဒမျိုး ပြဋ္ဌာန်းဖို့ပါ ဖိအားပေးလာဖွယ် ရှိကြောင်း သူက သတိပေးသွားခဲ့ပါတယ်။
ကိုးကား: The Nation
" ထိုင်းအစိုးရက မြန်မာနိုင်ငံရေးအခြေအနေကိုနားလည်ဖို့လိုတယ်။ ကမ္ဘောဒီးယားနိုင်ငံလို မဟုတ်ဘူး။ ကမ္ဘောဒီးယားနိုင်ငံက ဘာပြဿနာမှမရှိဘူး။ မြန်မာနိုင်ငံကနေ အသက်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့လူတွေဟာ အခြေအနေ အမျိုးမျိုး အကြောင်းအမျိုးမျိုးနှင့် ထိုင်းနိုင်ငံကိုရောက်လာ ကြတယ်။ တချို့က နိုင်ငံလှုပ်ရှားသူတွေ၊ ပီဒီအက်ဖ်တွေ၊ ထောက်ပို့တွေ၊ ဘလက်လစ်ဝင်သူတွေ ဖြစ်ကြတယ်။ ဒီလိုလူတွေကို ဖမ်းဆီးပြန်ပို့ခြင်းမလုပ်သင့်ဘူး။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုရှိရမယ်"ဟု Mr. Sompong Srakaew က ပြောသည်။
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၇ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်က ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို လွှဲပြောင်းနေရပ်ပြန်ပို့ရာ ကော့သောင်းမြို့ရှိ စစ်ကောင်စီအဖွဲ့က အသက်အရွယ်ငယ်ရွယ်သူ ၂၇ဦးကို ရွေးထုတ်ပြီး ကော့သောင်းမြို့ခွဲတမ်းအတွက် စစ်မှုထမ်းရန် ခေါ်ဆောင်ခံခဲ့ရသည်။
ထိုင်နိုင်ငံတောင်ပိုင်း အကျဥ်းထောင်အသီးသီး၌ အကြောင်းအမျိုးမျိုးဖြင့် အကျဥ်းကျခံရသော မြန်မာရွှေ့ပြောင်းလုပ်သားများ ပြစ်ဒဏ်ကျခံပြီးနောက် ထိုင်း - မြန်မာနှစ်နိုင်ငံသဘောတူညီမှုဖြင့် နေရပ်ပြန်ပို့ပေးသည့် အစီအစဥ်မှာ ယခင်ကတည်းက လစဥ်ပြုလုပ်လေ့ရှိသည်။
အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့မှ ကော့သောင်းမြို့သို့ စက်လှေဖြင့် နေရပ်ပြန်ပို့ပေးခြင်း ဖြစ်သည်။
သို့သော် လက်ရှိတွင် စစ်ကောင်စီက နေရပ်ပြန်ပို့ခံရသူများအနက် လူငယ်များအား ရွေးထုတ်ပြီး စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်နေခြင်း ဖြစ်သည်။
DAILY HIGHLIGHTS (01 Nov 2024)•••••••••••••••®•••••••••••••••*⚠️ *စစ်ရေးထူးခြားသတင်းများ
ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ ၁ တစ်ခုလုံးကို KIA သိမ်းပိုက် ထိန်းချုပ် – AT
နယ်ခြားစောင့်တပ် (၁၀၀၁) ဌာနချုပ်နှင့် လဂွေ ပြည်သူ့စစ်စခန်းသိမ်းရဟု KIA အတည်ပြု – PS
အမ်းရှိ နပခ စစ်တိုင်းဌာနချုပ်မကျစေရန် စစ်ကောင်စီက တပ်ရင်း ၅ ရင်းခန့်ဖြင့် အပြင်းအထန်ခုခံနေရပြီး AA ၏ ထိုးစစ် အရှိန်မြင့်လာ – AT
*💬 *နိုင်ငံရေးထူးခြားသတင်းများ
ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ လုံခြုံရေးကြောင့် ရုံးခန်းဖွင့်ရန်နှင့် ဆိုင်းဘုတ်ချိတ်ရန် အခက်ကြုံ – DVB
🌐 နိုင်ငံခြားရေးထူးခြားသတင်းများ
အကြမ်းဖက်မင်းအောင်လှိုင် ၈ ကြိမ်မြောက် မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရန် နိုဝင်ဘာလ ၅ ရက်နေ့ တရုတ်နိုင်ငံသို့ သွားရောက်မည် – KT
📊 စီးပွားရေးထူးခြားသတင်းများ
ပြည်ပရောက် မြန်မာများ လုပ်ခလစာ နိုင်ငံခြားငွေများ ပြည်တွင်းသို့ စစ်ကောင်စီ ဘဏ်များမှတစ်ဆင့် ပြန်လွှဲလျှင် လျှပ်စစ်ကားနှင့် ဆိုင်ကယ်များ တင်သွင်းခွင့်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေး – KT
🖥 အခြားထူးခြားသတင်းများ
ဖြတ်သန်းမှု ၃၆ နှစ်အတွင်း တပ်ဖွဲ့ဝင် ၈၀၀ ကျော် ကျဆုံးခဲ့ဟု ABSDF ထုတ်ပြန် – TI
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 month, 2 weeks ago
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Last updated 1 year, 10 months ago