Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹

Description
မိတ်ဆွေဘ၀တိုးတက်ချင်ရင်

ဗဟုသုတကြွယ်၀ချင်ရင်

ဘက်ပေါင်းစုံက ထူးချွန်ချင်ရင်

ဒီ Channel လေးကို Join လိုက်ပါခင်ဗျာ။

Since_date 31.5.2023

@Relationship_coach_by_Haruki

Channel Bot ~ @Haruki_helping_007_bot
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 1 week ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 2 weeks ago

1 week, 6 days ago

Hello guys 𝗕𝗟𝗔𝗖𝗞𝗟𝗜𝗦𝗧 is back

အရင်တစ်ခေါက်က acc တုန်းက Ban ခံရလို့ အသစ်ပြန်ထောင်းထားတာပါ

Post တွေကို များများ forward
များများ သိအောင်လုပ်ပေးပါဦး

@blaklistmyanmar

#𝗕𝗟𝗔𝗖𝗞𝗟𝗜𝗦𝗧

1 week, 6 days ago

ကိုယ့်လမ်းကိိုယ် ဖြောင့်ဖြောင့်လျှောက်မယ်

ကိုယ့်နဂိုစိတ်ထားကို
လက်ဝယ်ထိန်းသိမ်းထားမယ်

ကိုယ့်ခံစားချက်ကို
တတ်နိုင်သမျှ ထိန်းမယ်

ဒီလိုရိုးရှင်းတဲ့ဘဝမှာ
ကိုယ် နေပျော်အောင် ကြိုးစားတယ်

ဒီထက် ဘာတွေလိုသေးလဲ...

- နိုင်းနိုင်းစနေ

(つ﹏< ♡𝆬 React Need 🍓🎸

❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Sarto
୨୧ #Crd_to_original_writer

1 week, 6 days ago

သူ့နေရာကို ဝင်မကြည့်တတ်ဘဲနဲ့

ကိုယ့်နေရာကနေပြီး
ဘယ်တော့မှ... အပြစ်ပြောဖို့မတွေးနဲ့

ကိုယ်တိုင်ကြုံဖူးမှ နားလည်လိမ့်မယ်

-အရှင်သီလာစာရ

(つ﹏< ♡𝆬 React Need 🍓🎸

❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Sarto
୨୧ #Crd_to_original_writer

2 weeks, 6 days ago

Good Night to all my readers 😁❤️

#Haruki

2 weeks, 6 days ago

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ
ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ
လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့
တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရနေပြီ၊
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ
ရည်စားကိုပေါ်တင်တွဲလို့ ရပြီ၊
ဒါပေမဲ့ အရင်လောက် ရင်မခုန်တော့ဘူး။

အသက် 30 နှစ်မှာ
အရက်ကို စိတ်ကြိုက်သောက်လို့ ရနေပြီ၊
ဒါပေမဲ့ ဆယ်ကျော်သက် ဘဝတုန်းကလောက် သောက်လို့ မကောင်းတော့ဘူး။

အသက် 45 နှစ်မှာ
ကိုယ်စားချင်တဲ့ အစားစာတွေကို ဝယ်စားနိုင်နေပြီ၊
ဒါပေမဲ့ စိတ်ကြိုက်စားလို့ မရတော့ဘူး။

အသက် 65 နှစ်မှာ
ခရီးသွားဖို့ အချိန်ရော ငွေရော ရှိနေပြီ၊
ဒါပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရတော့ဘူး။

အသက် 70 နှစ်မှာ
ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ၊
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ
ကိတ်မုန့်လိုပဲ Expire Date ရှိတယ်
စားသင့်တဲ့အချိန်မှာ စားမှအရသာရှိတာ
အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ
အရသာမရှိတော့ဘူး။

လက်ရှိအချိန်မှာ
လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက်
ကိုယ့်ကိုကိုယ် ပျော်အောင်ထားပါ
အရမ်းမတွေးပါနဲ့
စိတ်ဆင်းရဲမခံပါနဲ့
ဘဝကတိုတိုလေးပါ။

Sarphat တွင်ဖတ်ရန် 👇*👇*👇**

https://sarphat.com/posts?id=3194

❣️ - https://t.me/Knowledge_Channel_By_Timmy

#Life_Knowledge
#From_Timmy
#Haruki

2 weeks, 6 days ago

နီးစပ်ရာပတ်ဝန်းကျင်အလိုက်
စိတ်ပြောင်းတတ်လွယ်၊
စာရိတ္တပျက်လွယ်
စိတ်အလိုလိုက်လွယ်တဲ့

"လူပုတ်သင်ညို"ထဲ မင်းမပါစေနဲ့

-ဦးဘုန်း(ဓာတု)

(つ﹏< ♡𝆬 React Need 🍓🎸

❁❁❁ @PTN_World Ꮺ࣭۪

@Stay_with_me_22_Bot

୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Sarto
୨୧ #Crd_to_original_writer

3 weeks, 6 days ago

တအောင့်နေ Unboxing 🤭

#Haruki

3 weeks, 6 days ago

သူငယ်ချင်းတစ်စုနှင့်ဓာတ်ပုံသွားရိုက်သောအခါ🗿

#David

3 weeks, 6 days ago

**သူတို့လေးတွေ ငွေ မရှာတက်ပါဘူး
အဲဒါကြောင့် ဝယ်မစားနိုင်ပါဘူး...

သူတို့လေးတွေ အစားအစာ တွေကို
ကိုယ်တိုင်မလုပ်နိုင်ကြပါဘူး
အဲဒါကြောင့် လုပ်စားဖို့လဲမဖြစ်နိုင်ပါဘူး....

လူတွေဆီကလုစားဖို့ဆိုတဲ့ သတ္တိလဲမရှိပါဘူး ခွန်အားလဲမရှိပါဘူး အဲဒါကြောင့်

လုစားဖို့လဲမဖြစ်နိူင်ပါဘူး..ဒါပေမယ့်...
သူတို့သည်လဲ အသွေးအသားနဲ့
တည်ဆောက်ထားတဲ့ သတ္တဝါတွေမို့
ဆာတက်ကြပါတယ်..ဟုတ်ပါပြီ

အဲလိုဗိုက်ဆာပြီဆိုရင်
ဘယ်လိုဖြေရှင်နိူင်မလဲ.

အဲဒါကြောင့် ဗိုက်ဆာတဲ့အခါ
အစာစားနေတဲ့သူတွေ ဆီကစွန့်ပြစ်မဲ့

အကြွင်းအကျန်လေးတွေကို
မျှော်နေရပါတယ် ဒါပေမယ့်
တချို့သောလူသားတွေရဲ့

အပြုအမူကြောင့်
အစာမရတဲ့အပြင်ဘေးနာမျှော်နေလို့
ကန်ကြောက်ရိုက်နှက်
မောင်းထုတ်တာခံရပါတယ်....

တချို့ခွေးလေးတွေက
အင်မတန်မှဆာလောင်နေတဲ့အတွက်
ခိုးစားမိနိူင်ပါတယ် လွတ်သွားရင်
ဝမ်းဝနိူင်ပေမယ့် မလွတ်ပဲမိသွားရင်တော့ သွေးထွက်သံယိုဖြစ်တဲ့အထိ
ရိုက်နှက်ခံရနိူင်ပါတယ်..

ဟာ.. ရိုက်ခံရရင်ခိုးမစားနက်ပေါ့ပြောမှာပေါ့
ဟုတ်ပါတယ် သူတို့လဲအသားနာတက်တာပေါ့
ဒါပေမယ့် မခံနိူင်ဆာလောင်နေတဲ့
ဝမ်းရေးကြောင့် မိရင်ရိုက်နှက်ခံရမယ်ဆိုတာကို
သိပေမယ့် လဲ အရဲစွန့်ပြီးခိုးစားမိတာပါ....

ခွေးဆိုတာ လူစိမ်းတွေကိုမြင်ရင်ဟောင်တတ်
ကိုက်တတ်ပေမယ့်
သူကို တခါလောက်ပဲအစာကျွေးဘူးရင်တောင် နောက်တွေ့ရင်အမှီးလေးနန့်ပြီး
ပျော်နေကြတာပါ

ကျေးဇူးလဲမကန်းတတ်ကြပါဘူး
ခွေးဆိုတာ လူသားတွေအတွက်.
စားစရာဟင်း..တခွက်မဟုတ်ပါဘူး...
တကယ်တော့ ခွေးဆိုတာ
လူတွေအတွက်ကတော့ ထမင်းစားကျွန်ခံ
တိရိစ္ဆာန် လေးတွေပါ.....

ကျုပ်ပြောချင်တာကတော့
ဘယ်လိုတိရိစ္ဆာန်ပဲဖြစ်ဖြစ် အတက်နိူင်ဆုံး
နောက်ဆုံးအချေအနေထိ
ကိုယ်ချင်းစာတရားလေးထားပြီး
ညာတာ စာနာ
သနားငဲ့ညှာပေးပါလို့....**#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧#𝙇𝙞𝙛𝙚_𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚#𝙁𝙤𝙧𝙬𝙖𝙧𝙙_𝙤𝙣𝙡𝙮#𝘿𝙊𝙍𝘼

1 month ago

**"မှတ်သားဖွယ်ရာ ဘဝနေနည်းများ"

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတက်သည် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။**#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧#𝙇𝙞𝙛𝙚_𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚#𝙁𝙤𝙧𝙬𝙖𝙧𝙙_𝙤𝙣𝙡𝙮#𝘿𝙊𝙍𝘼

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 1 week ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 2 weeks ago