Dive into the Ultimate Free Library: Your One-Stop Hub for Entertainment!

Knowledge Sharing for improve 💐

Description
သင်ဗဟုသုတစာပေတွေမြတ်နိုးရင်
သင်စိတ်ကျနေရင်
သင့်ဘဝပြောင်းလဲချင်ရင်
ဒီchannelလေးကို join လိုက်ပါ။

Channel date-15.4.24
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago

6 days, 21 hours ago

**⋒ လည်ရင်ဘာကြောင့်နံရတာလဲ?

⋒ နှာစေးရင်ဘာလို့နှပ်ချေးထွက်တာလဲ?

⋒ ဆီးတွေအရမ်းများလာရင်ဆီးအိမ်က
ပေါက်ကွဲထွက်တတ်လား?**
── ⋅   ⋅ ──────⠀♡⠀────. .──

♡彡      ပေါက်ပေါက်ရှာရှာမေးခွန်းတွေဆိုပြီး တွေးမိကြမှာပါ။ ပုံမှန်ကလေးတွေ ပေါက်ကရလိုက်မေးတဲ့မေးခွန်းမျိုးလို့ထင်တတ်ကြမှာပါ။ ဒါဆိုဒါတွေကဘာကြောင့်ဖြစ်တာလဲ ဘာလို့ဒီလိုဖြစ်ရတာလဲရောတွေးဖူးကြလား။ ဒီနေ့တော့အမင် ထူးဆန်းတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ၊ လုပ်ဆောင်မှုတွေ၊ လူတွေရဲ့ အလေ့အကျင့်တွေအကြောင်း ကိုဖတ်ဖူးတဲ့အထဲကပြန်လည်မျှဝေသွားမှာပါ။
── ⋅   ⋅ ──────⠀♡⠀────. .──

␥ လေလည်ရင်ဘာကြောင့်နံရတာလဲ

♡彡     လေလည်တယ်၊ အီးပေါက်တယ်ဆိုတာ လူတိုင်းလုပ်တဲ့အလုပ်ပါ။ အနံ့ထွက်လာရင်တော့ ရှက်စရာကောင်းတာပေါ့လေ။ ဒီနံတာကရော ဘာကြောင့်လဲလို့ မတွေးမိကြဘူးလား။

♡彡     ‌လူတွေထမင်းစား၊ ရေသောက်တဲ့အခါ လေတွေကိုပါမျိုချမိကြပါတယ်။ အဲဒီလို မျိုချမိတဲ့လေတွေကို ပြန်ထုတ်တဲ့နည်းလမ်းဟာ လေလည်တာပါ။ လည်လိုက်တဲ့လေတွေထဲမှာပါတဲ့ ဟိုင်ဒရိုဂျင်ဆလဖိုက်နဲ့ အမိုနီးယား ဂက်စ်တွေမှာ အနံ့တွေရှိကြပါတယ်။ ဒါကြောင့် အီးပေါက်ရင် အနံ့နံရတာပါတဲ့။
‌── ⋅   ⋅ ──────⠀♡⠀────. .──

␥‌နှာချေရင်ဘာကြောင့်နှပ်ချေးထွက်တာလဲ
‌
♡彡     ‌လူတစ်ယောက်ရဲ့ အသက်ရှူစနစ် (Respiratory system) ဟာနှာခေါင်းကနေစတင်ပါတယ်။ နှာခေါင်းက အသက်ရှူစနစ်ထဲက ပိုးမွှားတွေ၊ ဖုန်မှုန့်တွေမဝင်အောင် ခံတပ်အနေနဲ့ တားဆီးထားပါတယ်။ ဝင်လာတဲ့ ဖုန်မှုန့်တွေ ပိုးမွှားတွေကို ဖမ်းယူထားဖို့အတွက် နှာခေါင်းရဲ့အတွင်းနံရံက စေးပျစ်တဲ့ အရည် (mucus) ကိုထုတ်ပေးပါတယ်။ ဒါဟာ အများခေါ်တဲ့ နှာရည်ပါ။ အရည်ဆိုဘာကြောင့် တချို့ နှပ်ချေးတွေက အခဲတွေဖြစ်နေတာလဲဆိုရင်တော့ နှာခေါင်းထဲမှာ ရှိနေတဲ့ အချိန်ပမာဏအပေါ်မှာပဲမူတည်ပါတယ်။

♡彡     နောက်တစ်ချက်က နှာရည်ဟာ နှာခေါင်းအတွင်းပိုင်းကို စိုစွတ်နေစေပါတယ်။ နှာခေါင်းအတွင်းပိုင်းနံရံ ခြောက်သွေ့ပြီး အက်ကွဲလာရင် တခြားရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်နိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
── ⋅   ⋅ ──────⠀♡⠀────. .──

␥ ဆီးတွေအရမ်းများလာရင် ဆီးအိမ်ကပေါက်ကွဲတတ်လား။

♡彡    ဆီးအရမ်သွားချင်လာတယ်၊ အိမ်သာရှာမရသေးလို့ မသွားရတဲ့ အခြေအနေမျိုးကြုံဖူးကြတယ်မလား။ ဆီးအိမ်ကြီးအရမ်းတင်းလာပြီး ထွက်ကျတော့မယ်လို့ခံစားရတယ်။ ဒါဆိုရင် တကယ်ရော ပေါက်ကွဲသွားနိုင်လားပေါ့နော်။
── ⋅   ⋅ ──────⠀♡⠀────. .──

♡彡 ဆီးအိမ်ကို ကြွက်သားတွေနဲ့ တည်ဆောက်ထားပါပြီးတော့ ၃၅၀ ကနေ ၅၀၀ မီလီလီတာထိဆန့်ပါတယ်။ ဆီးအိမ်ထဲမှာ ၂၀၀ မီလီလီတာ လောက်ရှိလာရင် စပြီးတော့ ဆီးသွားချင်စိတ်ဖြစ်ပါတယ်။ ၄၅၀ မီလီလီတာမှာ ဆီးထိန်းနိုင်စိတ်ပျောက်သွားပြီးတော့ ဆီးထွက်ကျတာမျိုးဖြစ်မှာပါ။

♡彡 ပေါက်ကွဲနိုင်လားဆိုတော့ ပေါက်ကွဲနိုင်ပါတယ်။ ဆီးအိမ်မပေါက်ကွဲခင်မှာ မပေါက်အောင် ခန္ဓာကိုယ်က ကာကွယ်တဲ့သဘောနဲ့ ဆီးသွားချင်စိတ်ကို စိတ်နဲ့ ထိန်းချုပ်လို့မရအောင်လုပ်လိုက်ပါတယ်။ ဆီးထွက်သွားတော့ ဆီးအိမ်တင်းတာ လျော့သွားတာပေါ့။ ဆီးအိမ်ပြည့်တင်းနေပြီး ကားတိုက်မိတာ၊ ဗိုက်ပေါ်ပစ္စည်းတွေပြုတ်ကျတာ၊ မတော်တဆမှုတွေမှာ တော့ ဆီးအိမ်ပေါက်ကွဲတာဖြစ်နိုင်ပါတယ်။ ဆီးအောင့်ထားလို့ ဆီးအိမ်တင်းရုံနဲ့ကတော့ ဆီးအိမ်မပေါက်ကွဲဘဲ ဆီးထွက်ကျတာက ပိုဖြစ်နိုင်ပါတယ်။

▬▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭
𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ
Ɗ𝛔ռ'ϯ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!!

── ⋅   ⋅ ──────⠀♡⠀────. .──
𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot **⌂

Ɍᥱᥲсϯі𝛔ռ ՟ἹἹժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮ིྀ₍・ﻌ • ₎ིྀა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ .** #𝐊ռ𝛔ωƖᥱժցᥱ

1 week ago

အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းကောင်းဖြစ်ဖို့စာဖတ်သူလေးဟာ ဘယ်အလုပ်ခွင်ပဲရောက်ရောက် အလုပ်ရှင်တိုင်းသဘောကျရတဲ့ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ချင်ပါသလား။ လူတိုင်း ကိုယ့်အလုပ်ရှင်သဘောကျတဲ့ ဝန်းထမ်းကောင်းဖြစ်ချင်ကြမှာပါ။

ထူးချွန်တဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့ရာ ကိုယ်လုပ်ကိုင်တဲ့အလုပ်အပေါ် ချစ်မြတ်နိုးစိတ်အပြည့်ရှိရပါမယ်။ စာဖတ်သူလေးအနေနဲ့ အလုပ်ကိုချစ်မှ အလုပ်ကလည်း စာဖတ်သူလေးကိုပြန်ပြီး ချစ်နိုင်မှာပါ။

စာဖတ််သူလေးဟာ အလုပ်ခွင်မှာ အရည်အချင်းပြည့်ဝတဲ့ ဝန်ထမ်းကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုကျွန်တော်ပြောပြမယ့်အချက်လေးတွေကို လိုက်နာဆောင်ရွက်ကြည့်ပါနော်။ တာဝန်ကျေတာထက်ပိုတဲ့ အရည်အချင်းပြည့်ဝတဲ့ ဝန်းထမ်းကောင်းတစ်ဦးဖြစ်လာမှာ မလွဲဧကန်ပါပဲခင်ဗျာ။

အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းကောင်းဖြစ်ဖို့ လိုက်နာရမယ့်အချက် (၅) ချက်
(၁) စေတနာထား လုပ်ကိုင်ပါ
ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ စေတနာထားပြီးလုပ်ကိုင်ပါ။ ကိုယ်ဟာဝန်ထမ်းဆိုပေမယ့်လည်း ကိုယ်ရဲ့ ကိုယ်ပိုင်အလုပ်တစ်ခုလို သဘောထားပြီး အစစအရာရာစေတနာတရားရှေ့ထားပြီး လုပ်ဆောင်သင့်တာဖြစ်ပါတယ်။

စေတနာဆိုတာ ရောင်ပြန်ဟပ်စေတာကြောင့် အလုပ်အပေါ် စေတနာထားသလောက် အလုပ်ကလည်း စာဖတ်သူလေးအပေါ် ပြန်လည် အကျိုးသက်ရောက်စေမှာပါ။

(၂) တာဝန်ယူမှုတာဝန်ခံမှုရှိပါ
ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်တစ်ခုအပေါ် တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိခြင်းဟာ ဝန်ထမ်းကောင်းတိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုပါ။

ကိုယ်လုပ်လိုက်တဲ့ကိစ္စတစ်ခုမှာ အမှားပါခဲ့ရင်တောင် တခြားသူအပေါ်အပြစ်တင်ခြင်း၊ ခေါင်းရှောင်ခြင်း၊ မသိကျိုးကျွန်ပြုခြင်းများ ဘယ်တော့မှမပြုလုပ်သင့်ပါဘူး။ ဖြစ်လာတဲ့အကျိုးရလဒ်ကိုပဲ အကောင်းဆုံးဖြေရှင်းဖို့ နည်းလမ်းရှာရမှာဖြစ်ပါတယ်။

(၃) အချိန်ကိုတန်ဖိုးထားပါ
အချိန်ကို လေးစားတန်ဖိုးထားတဲ့ သူတိုင်းအတွက် အောင်မြင်မှုဆိုတာ လက်တစ်ကမ်းအလိုမှာရှိနေပါတယ်။ ဘာလုပ်လုပ်ကြိုတင်ပြင်ဆင်မှုရှိပြီး အချိန်ကိုအကျိုးရှိစွာစီမံခန့်ခွဲတက်ခြင်းဟာ တိကျသေချာတဲ့ လုပ်ဆောင်မှုမျိုး ဖြစ်စေမှာဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူလေးအနေနဲ့ အချိန်ကို တန်ဖိုးထားလုပ်ဆောင်တဲ့အကျင့်ကိုလေ့ကျင့်ယူပါ။

(၄) စေ့စပ်သေချာမှုရှိပါ
အသေးအမွှားကိစ္စလေးတွေကအစ စေ့စပ်သေချာမှုရှိရင် အမှားဆိုတာဖြစ်မလာနိုင်သလို မတော်တဆအမှားတစ်ခုခုဖြစ်ပေါ်ခဲ့ရင်လည်း ကြီးကြီးမားမားဆုံးရှုံးမှုမျိုးကြုံရမှာမဟုတ်ပါဘူး။

ဘာပဲလုပ်လုပ် သေချာမှုရှိအောင် ပြန်လည်စစ်ဆေးတဲ့အကျင့်ကိုလက်ကိုင်ထားပါ။ အလုပ်ခွင်မှာ စေ့စပ်တဲ့သူတစ်ယောက်ဟာ ဘဝရဲ့အရေးကြီးအခန်းကဏ္ဍတွေမှာလည်း စေ့စပ်မှုရှိတဲ့အကျင့်ကောင်းတစ်ခု ရရှိစေမှာဖြစ်ပါတယ်။

(၅) ပေါင်းသင်းဆက်ဆံရေးကောင်းပါ
ဝန်ထမ်းကောင်းတို့မည်သည် အလုပ်ခွင်မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရုံသာမက အလုပ်ခွင်ပြင်ပမှာလည်း ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်လိုပါတယ်။

လူတစ်ယောက်အတွက် ပေါင်းသင်းဆက်ဆံရေးဟာ အခရာကျတယ်လို့ဆိုနိုင်ပါတယ်။ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကို လူအများနဲ့ပူးပေါင်းဆောင်မယ်ဆိုရင် လျင်မြန်လွယ်ကူစွာပြီးစီးနိုင်သလို အောင်မြင်တဲ့ရလဒ်တစ်ခုကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

ဝန်ထမ်းကောင်းဆိုတာ နောင်တချိန်မှာ အလုပ်ရှင်ကောင်းဖြစ်ပါတယ်ခင်ဗျာ။

နွေဦးအက္ခရာ ( May 12,2024 . 8:50 PM )

SarPhat - https://www.sarphat.com/articles/4263

#Daily_Life
#Moti
#Life_Knowledge
#Haruki

1 week ago

**Friendship တစ်ခုကို အလွယ်တကူပြတ်စဲသွားအောင်လုပ်နိုင်တဲ့အရာများ

Fake** တွေများတဲ့ အခုလိုလောကထဲမှာ ကောင်းမွန်ပြီးစစ်မှန်တဲ့ Friendship တစ်ခုကို တည်ဆောက်နိုင်ဖို့က မလွယ်လှပါဘူး။ ဒါကြောင့် ကိုယ့်မှာ ကောင်းမွန်ပြီးစစ်မှန်တဲ့ Friendship ရှိတယ်ဆိုရင် ခိုင်မြဲအောင်ထိန်းသိမ်းသင့်ပါတယ်။

ဒါဆို ဘယ်လိုခိုင်မြဲအောင် ထိန်းသိမ်းမလဲ။ ဒီဆောင်းပါးထဲက ကျွန်တော်မျှဝေထားတဲ့အချက်တွေကို ကိုယ့်သူငယ်ချင်းပေါ်လုံးဝမလုပ်မိပါစေနဲ့။ ဘာကြောင့်လဲဆိုရင်တော့ ဒီအရာတွေက Friendship တစ်ခုကို အလွယ်တကူ ပြတ်စဲသွားအောင်လုပ်နိုင်တဲ့ အရာတွေ ဖြစ်နေလို့ပါပဲ။

ဒီထဲက အချက်တွေကိုသတိထားရှောင်ရှားခြင်းဖြင့် ကောင်းမွန်သော သူငယ်ချင်းဆက်ဆံရေးကို တည်ဆောက်နိုင်ပါစေခင်ဗျာ။

၁။ မနာလိုစိတ်များခြင်း
Friendship တစ်ခုကို ပြတ်စဲအောင်လုပ်နိုင်တာ၊ လူတွေရဲ့စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်တာက မနာလိုစိတ်ပါပဲ။ မနာလိုစိတ်က တစ်ယောက်ထဲဖုံးကွယ်ထားလို့လည်း ခဏပဲရမှာပါ။ အချိန်တန်ရင် ဟန်မဆောင်နိုင်ပဲ ပေါ်လာတာပါပဲ။ ခဏခဏပေါ်လာ တဲ့အခါမှာတော့ Friendship တစ်ခုက ဝေးကွာပြီး ပြတ်စဲသွားမှာပါပဲ။

၂။ သစ္စာမရှိခြင်း
ကိုယ့်ကိုယုံကြည်လို့ပြောပြထားတာတွေကို နောက်ကွယ်မှာပြန်ပြီး အပုပ်ချတာတွေ၊ အခုခေတ်ဆို ကိုယ့်သူငယ်ချင်းရဲ့ရည်းစားကို စနှိုက်ကျော်တာတွေ စတဲ့သစ္စာမရှိမှုတွေကြောင့်လည်း Friendship တစ်ခုက အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်။

၃။ တစ်ကိုယ်ကောင်းဆန်လွန်းခြင်း
ဘယ်လိုဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ် တစ်ကိုယ်ကောင်းဆန်လွန်းတဲ့သူပါနေရင် အဆင်မပြေပါဘူး။ တစ်ဖက်လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ လူအမြင်ကပ်စရာလည်းဖြစ်ပြီး ဆက်ဆံရေးတွေမှာ အဆင်မပြေဖြစ်ရပါတယ်။ သူကကိုယ့်အတွက်ပဲကိုယ်ကြည့်တာ၊ တစ်ကိုယ်ကောင်းဆန်လွန်းတယ်ဆိုပြီး ကိုယ့်ကိုပယ်ထားတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။

၄။ နားလည်မှုအထင်အမြင်လွဲမှားခြင်း
သူငယ်ချင်းအချင်းချင်း ပွင့်လင်းသင့်ပါတယ်။ နာလည်မှုလွဲမှားတာ၊ အထင်အမြင်လွဲမှားတာတွေကိုမရှင်းဘဲ တစ်ယောက်နဲ့တစ်ယောက် ကြိတ်ပြီးစိတ်ကောက်နေရင်တော့ မခေါ်နိုင်မပြောနိုင်တွေဖြစ်ပြီး ဝေးကွာသွားကြမှာပါပဲ။ ဒါကြောင့် တစ်ခုခုစိတ်ခုစရာရှိရင် အထင်လွဲစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီးဖြေရှင်းသင့်ပါတယ်။

၅။ Third Person ရှိလာခြင်း
တချို့ကျတော့ ရည်းစားကိုတင်မဟုတ်ပဲ သူငယ်ချင်းကိုလည်း သဝန်တိုတာမျိုးတွေရှိပါတယ်။ ဒီလို Friendship မျိုးမှာ နောက်ထပ်ခင်ရတဲ့ အသစ်တစ်ယောက် Third Person ရှိလာရင် ငါ့ထက်ပိုခင်သွားပြီ၊ သူနဲ့သွားပြီး ငါ့ကျမခေါ်ဘူးဆိုတဲ့ နှိုင်းယှဉ်စိတ်တွေဝင်လာပြီး စိတ်ကောက်တာ၊ မခေါ်မပြောတာတွေ ဖြစ်လာတတ်ပါသေးတယ်။

သတိထားဆင်ခြင်နိုင်ပါစေ စာဖတ်သူလေး...

နွေဦးအက္ခရာ ( May 12, 2024 . 2:00 PM )

SarPhat - https://www.sarphat.com/articles/4252

#Daily_Life
#Life_Knowledge
#Haruki

1 week, 6 days ago

အားလုံး Good night ပါနော်

ဒီနေ့Channelမရမ်းဖြစ်လို့တောင်းပန်ပါတယ်

မနက်ဖြန်တော့ကောင်းကောင်းလေးရမ်းနိုင်အောင်ကြိုးစားသွားပါမယ်။

#Yuki

1 week, 6 days ago

🎍
**●┅ သိတဲ့သူနည်းတဲ့ အ‌ထွေထွေဗဟုသုတ ┅●
⋅•⋅⋅•⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∙∘☽༓☾∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅

⎙ ခွေးတစ်ကောင်ရဲ့ ဇီဝစွန့်ထုတ်မှုက Toyota Land cruiser နှစ်စီးစာရဲ့ စွန့်ထုတ်ပစ္စည်းလောက်ကို ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ကြောင်တစ်ကောင်ကတော့ Volkswagen ကားတစ်စီးနဲ့ညီမျှပြီး ဟမ်းစတား ၂ကောင်ကတော့ plasma TV တစ်လုံးနဲ့ညီမျှစွာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။

⎙ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးအရာက gonorrhea bacteria တွေပဲဖြစ်ပါတယ်။ သူတို့ဟာ သူတို့ခန္ဓာကိုယ်အလေး ချိန်ထက် အဆ တစ်သိန်းခန့်လေးတဲ့အရာတွေကို ဆွဲယူနိုင်ပါ တယ်။

⎙ ရေဘဝဲတွေမှာ နှလုံး ၃ခုပါဝင်ပါတယ်။

⎙   လူသားတစ်ယောက်ရဲ့ အရေပြားပေါ်မှာရှိနေတဲ့ သက်ရှိ အရေအတွက်ဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ လူသားအရေအတွက် ထက် များပြားပါတယ်။

⎙   လူတစ်ယောက် သက်တမ်းတစ်လျှောက်လုံးမှာ ကွာခဲ့တဲ့ အရေခွံတွေကို ပေါင်းလိုက်ရင် ပေါင် ၄ဝခန့် ရှိပါတယ်။

⎙   အမျိုးသားတွေမှာ တစ်စက္ကန့်ကို သုတ်ပိုးအကောင်ရေ ၁ဝဝဝ ခန့်ဖြစ်ပေါ်ပြီး တစ်နေ့တာလုံးမှာ သုတ်ပိုးအကောင်ရေ ၈၆သန်းခန့် ဖြစ်ပေါ်ပါတယ်။

⎙   လူသားတွေရဲ့ တံတွေးမှာ ပါဝင်တဲ့ opiorphin ဆိုတဲ့ နာ ကျင်မှုကိုသက်သာစေတဲ့ဓာတ်ဟာ မော်ဖိင်းထက် ၆ဆပိုမို အားကောင်းပါတယ်။

⎙   ၁၉၆ဝ ခုနှစ်မှာ အယုံကြည်ရဆုံးကိုယ်ဝန်စစ်ကိရိယာက အာဖရိကန်ဖားပြုပ်မတစ်ကောင်ပါပဲ။ အမျိုးသမီးတစ်ယောက် ရဲ့ ဆီးထဲကို ထို ဖားပြုပ်မကို စိမ်ထားပြီး ၁၂နာရီအတွင်းမှာ ဖားပြုပ်မ ဥဥရင် ကိုယ်ဝန်ရှိတယ်လို့ သတ်မှတ်ကြပါတယ်။

⎙   ဂေါ်ရီလာမျောက်တွေနဲ့ အာလူးတွေမှာ လူသားတွေထက် chromosomes နှစ်ခု ပိုမိုပါဝင်ပါတယ်။

⎙   ခွေးတွေက လူတွေထက် အဆ ၁ဝဝဝ ပိုပြီး အနံခံအာရုံ ကောင်းမွန်ပါတယ်။**

**▬▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭
𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ
Ɗ𝛔ռ'ϯ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!!

𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂

Ɍᥱᥲсϯі𝛔ռ ՟ἹἹժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🪷₊ ⊹ ˚⋆ .** #𝐊ռ𝛔ωƖᥱժցᥱ

2 weeks ago

အမေ့ဆုံးမစကားများထဲမှ စွဲစွဲမြဲမြဲမှတ်မိနေသောစကားတစ်ခွန်း။

အရင်ကကျွန်မကိုအမေကအိမ်ထဲမှာပစ္စည်းတစ်ခုခုသွားယူခိုင်းရင်ကျွန်မအိမ်ပေါ်သွား‌ဖို့အရမ်းကြောက်တက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အိမ်ထဲမှာကခြောက်ကပ်ကပ်နဲ့ကြောက်စဖွယ်အရမ်းကောင်းတယ်။ကျွန်မအမေက ကြာနေရင်အော်တက်ပါတယ်။ကျွန်မအမေအော်ရင်ကျွန်မအရမ်းကိုကြောက်တာ။
ကျွန်မကငယ်ငယ်ကတည်းက သရဲတို့ခွေးတို့ဆိုအရမ်းကြောက်တာသရဲနဲ့ခွေးကိုကြောက်တာကျွန်မရဲ့ဗီဇ။အဲ့ဒါတွေကြောက်ပေမယ့်အမေအော်တာကိုတော့ကျွန်မ‌ပိုကြောက်တယ်။အမေတစ်ချက်အော်လိုက်ရင်ကိုကြောက်တာ။ကျွန်မအမေအော်တာကိုပိုကြောက်တာကြောင့်အိမ်ပေါ်ကိုအမြန်တက်ပြီးပစ္စည်းကိုအမြန်သွားယူရတယ်။

တစ်နေ့မှာကျွန်မအမေ့ကိုနှိပ်ပေးနေတုန်းအမေကကျွန်မကိုဆုံးမတယ်။

အဲ့ဒါက

"ညီးဒီလိုကြောက်တက်နေလို့ဖြစ်မလားငါသေသွားရင်ဘယ်လိုလုပ်မလဲကိုယ့်အားကိုယ်ကိုးရတယ်ကွဲ့"

ကျွန်မအမေ့ရဲ့ဆုံးမသံကို‌ကြား‌ပြီးနောက်ကျွန်မနောက်ရက်တွေမှာ တစ်ယောက်ထဲအိမ်ထဲမှာနေတက်လာတယ်။
သရဲဆိုသိပ်ကြောက်မလာတော့ဘူး။
မွေးကတည်းကတစ်ယောက်ထဲဆိုတာသိလာတယ်။ကိုယ့်သမိုင်းကိုဘယ်သူ့မှမရေးပေးဘူးကိုယ့်ဘာကိုရေးရမယ်ဆိုတာသိလာတယ်။သရဲတွေ့ရင် ကိုယ့်အားကိုယ်ကိုးပြီးတိုက်ခိုက်မယ်ဆိုတယ့်စိတ်ဓာတ်တွေရှိလာတယ်။
ဒီလိုစိတ်ဓာတ်တွေဖြစ်ပေါ်လာတာအမေ့ရဲ့ဆုံးမမှုကြောင့်ပဲ။
အပြင်ဈေးထွက်ဝယ်ရင်လဲကျောက်ခဲတစ်လုံးကိုကျွန်မအမြဲဆောင်ထားလေ့ရှိပါတယ်။
ခွေးတစ်ကောင်တွေ့ရင်ထွက်ပြေးမနေပဲရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ဖို့ကျောက်ခဲတစ်လုံးကိုအမြဲဆောင်ထားခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်မ သိပ်မကြောက်လာတော့ဘူးသတ္တိလေးတွေနည်းနည်းရှိလာခဲ့တယ်။

စာဖတ်သူတို့လဲကိုယ့်အားကိုယ်ကိုးနိုင်အောင်ကြိုးစားကြည့်ကြပါ။ဘယ်သူ့မှကိုယ့်ဘေးမှာတစ်သက်လုံးရှိနေမှာမဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်အားကိုယ်ကိုးတက်အောင်သာကြိုးစားကြပါလို့ကျွန်မဒီစာရေးရင်းနဲ့ပြောချင်ပါတယ်။

ဖတ်ရှုပေးကြတယ့်တစ်ယောက်ချင်းဆိတိုင်းကိုလဲအထူးကျေးဇူးတင်ရှိပါတယ်။ဒိီစာထဲမှာစာဖတ်သူတို့အကျိုးတစ်ခုခုရရင်ကိုရေးရကျိုးလေးနပ်ပါပြီ။

#Yuki
#owner

2 weeks, 6 days ago

**People often avoid making decisions out of fear of making a mistake. Actually the failure to make decisions is one of life's biggest mistakes

.-Rabbi Noah Weinberg.

လူတွေဟာ အမှားလုပ်မိမှာကို ကြောက်လို့ ဆုံးဖြတ်ချက်တွေချတာကို ရှောင်လေ့ရှိပါတယ်။ တကယ်တော့ ဆုံးဖြတ်ချက်တွေချဖို့ ပျက်ကွက်တာက ဘဝရဲ့ အကြီးမားဆုံးအမှားတွေထဲက တစ်ခုပါ။

—Rabbi Noah Weinberg။**

#Yuki
#Motivation

2 weeks, 6 days ago

**No matter how far life pushes you down, no matter how much you hurt, you can always bounce back.

ဘဝက မင်းကို ဘယ်လောက်ပဲ တွန်းပို့နေပါစေ မင်းဘယ်လောက်ပဲ နာကျင်နေပါစေ မင်းအမြဲပြန်ပြန်တက်နိုင်တယ်။**#Yuki

2 weeks, 6 days ago
2 weeks, 6 days ago
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago