Last updated 3 месяца, 4 недели назад
“Basın milletin müşterek sesidir. Başlıbaşına bir kuvvet, bir okul, bir öncüdür.”
-Mustafa Kemal Atarürk.
Last updated 3 недели, 5 дней назад
???̧? ????? ?? ????? ????? ?? ? ??
?? @yakuzaccs_bot
?? @yakuzastorecc
???????? ????????? ?? ?????????
???? ?? ? ???? ?? ??????? ?
Last updated 9 месяцев назад
🙏🙏🙏
✏️🔍🔎🔏🔐🔒🔓❤️
နံနက်ခင်း မေတ္တာပို့ ဆုတောင်း
~~~~
သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြကုန်သော
လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအပေါင်းတို့သည်.....
ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ..
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ..
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ..
သူတော်စိတ်မြတ် အငြိမ်းဓာတ် လွှမ်းပတ်
ကမ္ဘာတည်ပါစေ
မေတ္တာစိတ်မြတ် အအေးဓာတ် လွှမ်းပတ်ကမ္ဘာခြုံပါစေ
သတ္တဝါမှန်သမျှ ဘေးမခ အေးမြချမ်းသာရှိပါစေ
သတ္တဝါမှန်သရွေ့တရားတွေ့ ၊ ချမ်းမြေ့သာယာရှိပါစေ
တပ်က ကြေညာထားတာရှိတယ်။ လက်ရှိ အကြမ်းဖက်သောင်းကျန်းသူတွေ သိမ်းပိုက် ထားတဲ့ နေရာတွေကို “၎င်းတို အဓမ္မ ရယူထားသောနေရာ”လိုပဲ အတိအလင်း ထုတ်ပြန် ထားတယ်။ ဒီအနက်အဓိပ္ပာယ်အရ တပ်ဟာ ဆုံးရှုးသွားတဲ့ နေမြေတွေကို လက်လွှတ်ခြင်း မရှိသလို MNDAA သွားလိုနေတဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုကိုလည်း ထိထိ ရောက်ရောက် ချေမှုန်းနေတာ တွေ့ရတယ်။ အဓိက ထောက်ပြစရာအချက်ကတော့ တပ်မတော်ရဲ့ လေကြောင်းပစ်မှတ်တွေအတွက် ဘယ်အဖွဲအစည်းက မြေပုံညွှန်းပေး နေသလဲ ဆိုတဲ့ စဉ်းစားချက်ပါပဲ။ဒါပေမယ့် တပ်ကလည်း သတင်းရရှိမှု အခြေအနေအရ လိုအပ်သလို တုံပြန်သွားမယ်လို ကြေညာထားတာကလည်း ထူးခြားချက်ပါပဲ။ ဒါကို ပြည်သူတွေ မမေ့မလျော့ သတိပြုကြဖို လိုတယ်။
-----
MNDAA သိမ်းပိုက်ထားတဲ့ လားရှိးမြိုကို စက်တင်ဘာ ၈ရက်နဲ့ ၉ ရက်နေ့တွေမှာ တပ်မတော်က လေကြောင်းတိုက်ခိုက်မှု စလုပ်ခဲ့တာ တွေ့ရတယ်။ စက်တင်ဘာ ၈ ရက်နေ့ရဲ့ လေကြောင်း ပစ်မှတ်တွေက Silver Sky ဟိုတယ်နဲ့ ရပ်ကွက် ၁၂ က အားကစားရုံတွေ ဖြစ်ခဲ့တယ်။ စက်တင်ဘာ ၉ရက်နေ့ ပစ်မှတ်တွေက ရပ်ကွက်(၁)နဲ့ နမ့်ပေါင်ကျေးရွာနားက ကျောက်မီးသွေးတွင်းကို ရက်ဆက်နီးပါး တိုက်ခိုက်ခဲ့တာ ရှိတယ်။ တဆက်တည်း စက်တင်ဘာ ၁၀ ရက်နဲ့ ၁၃ ရက်မှာလည်း နမ့်ပေါင်ကျေးရွာက အခြေပြုတဲ့ အကြမ်းဖက်တွေကို တိုက်ခိုက်ချေမှုန်းခဲ့တာလည်း တွေ့ရတယ်။
------
နောက်ထပ်လေကြောင်းတိုက်ခိုက်မှုကတော့ စက်တင်ဘာ ၂၁ ရက်နေ့မှာ ထပ်မံတွေ့ ခဲ့ရသလို ပစ်မှတ်ကလည်း လားရှိးမိုတယ်ဖြစ်ခဲ့တယ်။ စက်တင်ဘာ ၂၄ ရက် (ဒီကနေ့) မနက်ခပ်စောစောမှာလည်း လားရှိးမြိုကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်အထိ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့တာ တွေ့ရတယ်။ ပစ်မှတ်တွေကတော့ ရပ်ကွက် (၂)မှာ ရှိတဲ့ ရထိုက် ဟိုတယ်နဲ့ ဖူလီလိုက် ဟိုတယ်တွေ ဖြစ်တာ တွေ့ရတယ်။ တကယ်တော့ … ဖူလီလိုက် ဟိုတယ်ဆိုတာ ဖုန်မိသားစု ကိုးကန့်ကနေ ထွက်ပြေးပြီးတဲ့နောက်ပိုင်း… ပယ် မိသားစုနဲ့အတူ ချမ်းသာလာခဲ့ကြတဲ့ လျို မိသားစုပိုင် စီးပွားရေး လုပ်ငန်းခွဲ တစ်ခုလည်း ဖြစ် တယ်။
----
ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင်… အကြမ်းဖက်သောင်းကျန်းသူလို တံဆိပ်ကပ်ခံရပြီးတဲ့ နောက်ပိုင်း တပ်မတော်က သိသိသာသာ ချေမှုန်းနေတာကလည်း အထင်အရှားပါပဲ။ MNDAA အနေနဲ့ ပြည်ထောင်စုက ခွဲမထွက်တာ၊ NUG နဲ့ မပူးပေါင်းပါဘူးလို ကတိကဝတ် ပြုတာတွေထက် မူရင်းဌာနေဒေသမှာသာ နိုင်ငံတော်ရဲ့ တရားဝင် အသိအမှတ်ပြုမှုနဲ့အတူ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို ကြိုးစားတာက ပိုပြီး ဂုဏ်သိက္ခာရှိမယ်လိုတော့ ယူဆမိတာပါပဲ။ သတိပြုဖိုလိုတဲ့အချက်က တပ်ဟာ MNDAA ကို အကြမ်းဖက်အဖြစ် သတ်မှတ်ထား တာက… လိုအပ်ရင် နိုင်ငံသားအခွင့်အရေးနဲ့ တိုင်းရင်းသားဆိုတဲ့ အခွင့်အရေးပါ ဆုံးရှုးစေနိုင်တယ်ဆိုတဲ့ အချက်ကို ဖုန်မိသားစုတွေ သဘောပေါက်ဖို ကောင်းပါတယ်။
----
တရုတ်ကြားဝင်စေ့စပ်မှုကို တပ်နဲ့ အစိုးရက လိုလားပါလိမ့်မယ်။ ဒါပေမယ့် နယ်မြေကျူးကျော် သိမ်းပိုက်ထားတဲ့ မြိုတွေကို တပ်က လွယ်လွယ်လက်လျော့ လိမ့်မယ်လို တွေးထားရင်တော့…မှားပါလိမ့်မယ်။ ပြည်သူ့စစ် တပါတ်စဉ်ကို ၅ ထောင် နှုန်းနဲ့ စိတ်ရှည်ရှည်ခေါ်နေတဲ့ တပ်ရဲ့လုပ်ဆောင်ချက်ဟာ အချိန်ကြာရင် သိသာလာ ပါလိမ့်မယ်။ ခုလည်း လားရှိးကို ဗုံးကြဲတယ်ဆိုတာထက် အကြမ်းဖက်နေရာကို သတင်းအရ လေကြောင်းတိုက်ခိုက်မှု ပြုခဲ့တယ်လို ပြောရင် ပိုပြီးမှန်ပါလိမ့်မယ်။ ထပ်လည်း လာပါလိမ့် ဦးမယ်။
(နရီမိုး)
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် နှင့်ပတ်သက်၍ မော်ဒယ်များ ခြုံငုံသုံးသပ်ချက်
Global Forecasting Model (GFS) Data ၏ ရလဒ်များအရ ၂၀-၉-၂၀၂၄ ရက်နေ့တွင် အပူပိုင်းမုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံ ကမ်းခြေအနီးကို ရောက်ရှိနိုင်ပြီး၊ အကြွင်းအကျန် တိမ်တိုက်များသည် ၂၁-၉-၂၀၂၄ ရက်နေ့ခန့်တွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများမှ တစ်ဆင့်မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ဒေသတို့ကို ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရပါသည်။
European Centre for Medium-Range Weather Forecasts (ECMWF) Data ရလဒ်များအရ ၁၉-၉-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ကမ်းခြေအနီးကို ရောက်ရှိနိုင်ပြီး၊ အကြွင်းအကျန် တိမ်တိုက်များသည် ၂၁-၉-၂၀၂၄ ရက်နေ့ခန့်တွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများမှ တစ်ဆင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ဒေသတို့ကို ဖြတ်သန်းပြီးနောက် ၂၂-၉-၂၀၂၄ ရက်နေ့ခန့်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ် နိုင်သည်ဟု ခန့်မှန်းရပါသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ Weather Research and Forecasting အရ ၂၀-၉-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ကမ်းခြေအနီးကို ရောက်ရှိနိုင်ပြီး၊ အကြွင်း အကျန် တိမ်တိုက်များသည် ၂၀-၉-၂၀၂၄ ရက်နေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့မှ တစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသများကို ဖြတ်သန်းပြီးနောက် ၂၁-၉-၂၀၂၄ ရက်နေ့ခန့်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
ယင်းမော်ဒယ် (၃)ခု၏ ခြုံငုံသုံးသပ်ချက်များအရ ၂၁-၉-၂၀၂၄ ရက်နေ့မှ ၂၅-၉-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
နောက်ထပ် ထူးဆန်းတဲ့ မုန်တိုင်း တလုံး ထပ်လာပါပြီ၊ ၄၈ နာရီပဲ အချိန်ရပါတော့မယ် (ရေတက်မှ မရှောင်ကြပါနဲ့၊ အခုကတည်းက ကြိုတင်ပြင်ဆင်ကြပါ)
ပရဟိတအဖွဲ့တွေနဲ့ ရေဘေးအလှူရှင်တွေ မုန်တိုင်းသတင်း နားစွင့်ပြီး အားဖြည့်ထားကြပါ။ Yagi မုန်တိုင်းလမ်းကြောင်းအတိုင်း နောက်မုန်တိုင်း တလုံး ၀ငျလာတော့မှာပါ။ သေချာသလောက် ဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ စူပါမုန်တိုင်းလောက် မကြီးပေမဲ့ တိုင်ဖွန်း မုန်တိုင်း ဖြစ်နေတာကြောင့် ကြိုတင်ပြင်ဆင်ရပါမယ်။ (မိုးလေ၀သပညာရှင်တချို့က တိုင်ဖွန်းမုန်တိုင်းအဆင့်မှ လျော့ကျပြီး လေဖိအားနည်းရပ်၀န်းလို့လဲ ဆိုပါတယ်) Hong Kong Observatory က အပူပိုင်းဆိုင်ကလုန်းလို့ ဆိုပါတယ်။ အတည်တကျ ပြန်လည်ထူထောင်ရေးတွေကို တစ်ပတ်ခန့် ရပ်နားပြီး ယနေ့မှစ၍ ကြိုတင်ပြင်ဆင် ရှောင်ရှားဖို့ လိုအပ်ပါမယ်။
ယခု ရေကြီးခဲ့တဲ့ ဒေသတွေမှာ မိုးသည်းသည်းမဲမဲ (မိုးရေချိန် ၁၀ လက်မ ၀နျးကငြျပွနျရှာနိုငျတာမို့ ကြီးမားတဲ့ ရေဘေး ထပ်မံ ဖြစ်လာနိုင်ပါတယ်။ စက်တင်ဘာ ၂၀ ရက် ညပိုင်းမှ စ၍ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်တွေမှာ မိုးရေချိန် ၁၀လက်မ ရွာနိုင်ပါတယ်လို့ ဆိုပါတယ်။ မြ၀တီမြို့မြောက်ဘက်မိုင်အကွာကနေ ဖြတ်မှာမို့ ကရင် ၊ မွန်၊ ကရင်နီ ၊ ပဲခူးအရှေ့အနောက် ၊ နေပြည်တော် ၊ မကွေး စစ်ကိုင်းအောက်ဘက် နဲ့ ရခိုင်တွေမှာ မိုးပြင်းထန်စွာရွာသွန်းနိုင်ပါတယ်။ (လေဖိအားနည်းရပ်၀န်းက ရခိုင်ကမ်းလွန်မှာ ပင်လယ်ထဲ ဆင်းသွားပြီး မုန်တိုင်းငယ်ပြန်ဖြစ်လာမယ်ဆိုရင် ရခိုင်ဒေသ အထူးဂရုစိုက်ဖို့လိုကြောင်း တွက်ပြကြပါတယ်) ယခင်ရေကြီးခဲ့တဲ့နေရာတွေက မြစ်၊ချောင်းတွေမှာ ရွံနွံ ၊ နုန်းတွေ ပြည့်နေတာကြောင့် ချောင်းအနက်နဲ့ မြေက တပြေးညီဖြစ်သွားပြီမို့ ဒီတစ်ခါ တောင်ကျရေက ပိုမို လျင်လျင်မြန်မြန် ပြင်းပြင်းထန်ထန် စီးကျလာနိုင်ကြောင်း သတိပေးပါတယ်။
ရေမြင်မှ ပြေးဖို့ အချိန်မရှိပါဘူး။ မြစ်နား၊ ချောင်းနားမှာ ရှိခဲ့တဲ့ ၊ မပြိုမပျက်သေးတဲ့ အိမ်တွေမှာ လတ်တလော ပြန်နေဖို့ မသင့်တော့ပါဘူး။ ကုန်းမြေအမြင့် ရေလွတ်ရာကို ကြိုတင်ရှာဖွေဖို့ ၊ ရေမှာ ပေါ့တဲ့ အရာ (ရေသန့်ဘူး ၊ ဖော့ဘူး) ရှာဖွေဖို့ အချိန်လုံလောက်ပါသေးတယ်။ ပြီးခဲ့တဲ့ မုန်တိုင်းကြောင့် ရေပြည့်ခဲ့ပြီဖြစ်တဲ့ ဆည်တွေက အခြေအနေ ဆိုးရွားနိုင်ပါတယ်။ အန္တရာယ်ရှိလာနိုင်ပါတယ်။ ဆည်ကျိုးပေါက်တာ ဖြစ်လာနိုင်တဲ့အတွက် ဆည်အောက်ဘက်မှာ နေတဲ့ မြို့ရွာက ပြည်သူတွေ ရှောင်ရှားဖို့ လိုပါတယ်။
၂၀ရက်နေ့ ညဦးပိုင်းမှာ မိုးစတင်ရွာလာမှာမို့ ၄၈နာရီကျော် ပြင်ဆင် ရှောင်ရှားချိန် ရပါသေးတယ် (ရေတက်လာမှ ရှောင်မယ်လို့ မတွေးကြနဲ့ခင်ဗျာ ပြီးခဲ့တဲ့ရေဘေးမှာ အများဆုံး အသက်ဆုံးရှုံးရတဲ့သူတွေဟာ ရေတက်လာမှ ရှောင်ကြလို့ပါ.. အခုတစ်ခေါက်က မြစ် ၊ ချောင်းတွေ ရွံနွံနဲ့ ကောကုန်ပြီမို့ ရေတက်နှုန်း ပိုမြန်နိုင်ပါတယ်) ယခု ၄ ရက်အတွင်းမှာ မုန်တိုင်းသတင်းအခြေအနေကို အထူးနားစွင့်ထားဖို့လိုအပ်ပါတယ်။ မိုးလေ၀သ ပညာရှင်တွေရဲ့ ထုတ်ပြန်ကြေငြာချက်ကို စောင့်ကြည့်ပါ။ ကြိုတင်ပြင်ဆင် ရှောင်ရှားကြပါ။
Last updated 3 месяца, 4 недели назад
“Basın milletin müşterek sesidir. Başlıbaşına bir kuvvet, bir okul, bir öncüdür.”
-Mustafa Kemal Atarürk.
Last updated 3 недели, 5 дней назад
???̧? ????? ?? ????? ????? ?? ? ??
?? @yakuzaccs_bot
?? @yakuzastorecc
???????? ????????? ?? ?????????
???? ?? ? ???? ?? ??????? ?
Last updated 9 месяцев назад