ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3
Last updated 12 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 5 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 2 weeks, 2 days ago
✨???????????? ??? ????? ?????????? ???????✨
????? ?????????? ? ပါ ???????လေးတို့ရေ…
? အခုဆိုရင် ပျော်ရွှင်စရာတွေနဲ့ ပြည့်နေတဲ့ သီတင်းကျွတ် ?အခါသမယ အချိန်လေးကို အသစ်တဖန်ပြန်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီလို တစ်နှစ်မှတစ်ခါပဲရတဲ့ အချိန်လေးမှာ ချစ်ရတဲ့မိသားစုတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ အချိန်ဖြုန်းပြီး အနားယူလို့ရအောင် Hypen Organization ကနေပြီးတော့ Thadingyut အတွင်းမှာ Holiday လေးရှိတဲ့အတွက် ပိတ်ရက်လေးကို ကြေညာပေးချင်ပါတယ် ?
သီတင်းကျွတ် ? ပိတ်ရက်လေးကတော့ ➡️ October 16 ကနေစပြီး ➡️ October 20 အထိ ၅ ရက်တိတိ ပိတ်ပေးသွားမှာ ဖြစ်တဲ့အတွက် Hypers? လေးတွေ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်လေး ကုန်ဆုံးနိုင်ပါတယ် ?
? ပိတ်ရက်အတွင်းမှာ Hypen ကနေပြီးဖွင့်ထားတဲ့ အတန်းလေးတွေနဲ့ Speaking Club လေးတွေကိုလည်း ရပ်နားထားမှာဖြစ်ပါတယ်။
?Page မှာ တင်မဲ့ပို့စ်တွေကလည်း Schedule လုပ်ပြီးသားပို့စ်တွေသာဖြစ်ပြီး Page Messenger ကိုလည်း ပိတ်ရက်အတွင်း ရပ်နားထားမှာမို့ Reply လေးတွေကို ပြန်နိုင်မှာမဟုတ်ကြောင်း၊ သိချင်တာတွေကို မေးမြန်းထားလို့ရပြီး October 21 ရက်နေ့မှသာ စာတွေအားလုံးကို Reply ပြန်ပေးမှာဖြစ်ကြောင်း Announce လုပ်ပါတယ်ရှင့် ?
Hypers? လေးတို့အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယ ? ပိတ်ရက်လေးမှာ မိသားစု၊ ဆွေမျိုး၊ ကိုယ်ချစ်ခင်ရတဲ့ သူတွေနဲ့အတူ အေးအေးချမ်းချမ်း အနားယူပြီး ပျော်ရွှင်ဖွယ်အမှတ်တရများစွာကို ဖန်တီးနိုင်ကြပါစေလို့ Hypen ကနေပြီး ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါတယ်ရှင့် ?♀️
Hypen Facebook Page
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
Hypen Education Channel
https://t.me/hypen_edu
#Hypen_Org
#ContentwriterbyMyintMyatKhine
#GraphicDesignbyY
#ThadingyutHoliday
Hypen: Hello Hypers? လေးတို့ အဆင်ပြေကြရဲ့လား❓
Hypers ?: အဆင်ပြေပါတယ်⛈
တစ်ခါတစ်ရံမှာ လူတွေက သူတို့ကိုယ်တိုင် အဆင်မပြေတဲ့အခိုက်အတန့်နဲ့ ကြုံတွေ့နေရပေမဲ့ အဆင်ပြေပါတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူလေးယောက်မှာ တစ်ယောက်ဟာ စိတ်ကျန်းမာရေး ပြဿနာတစ်ခုစီ ကြုံတွေ့နေရတာကြောင့် ကျွန်တော်တို့အနေနဲ့ တစ်ယောက်ယောက်ကို အဆင်ပြေရဲ့လားလို့ မေးကြတဲ့အခါတိုင်းမှာ နောက်ထပ်တစ်ခေါက် အဆင်ပြေရဲ့လားလို့ ထပ်မံမေးမြန်းသင့်ပါတယ်?♂️
It's ok not to be ok ဆိုတဲ့ စကားလေးကို မမေ့ပါနဲ့ Hypers?လေးတို့ရေ?
Hypen: တကယ်အဆင်ပြေတာ သေချာရဲ့လား Hypers?လေးတို့
Hypers?: အမှန်တကယ်တော့ အဆင်ပြေဘူးလို့ ခံစားနေရတယ်။ တစ်ယောက်ယောက်ဆီက ပွေ့ဖက်ပေးတာမျိုး၊ နှစ်သိမ့်ပေးတာမျိုး စတဲ့ အကူအညီ လိုအပ်နေပါတယ်?
Hypen ကနေ Hypers?လေးတို့ကို အခုလိုမျိုး အဆင်ပြေရဲ့လား၊ အဆင်ပြေရဲ့လားလို့ တဖွဖွမေးနေတဲ့ ဒီနေ့ဟာဆိုရင် တစ်ကမ္ဘာလုံးက သတ်မှတ်ထားတဲ့ World Mental Health Day ဖြစ်ပါတယ်။ 1992 ခုနှစ်မှာ World Federation For Mental Health(WFMH) ကနေ ကမ္ဘာတစ်ဝှမ်းက Mental Health Issues တွေကို သတိပြုနိုင်စေဖို့ ဒီ October 10 ရက်နေ့ကို World Mental Health Day လို့ သတ်မှတ်ခဲ့ပါတယ်?
Mental Health Issues တွေက အသက်အရွယ်မရွေး၊ လိင်အမျိုးအစားမရွေးဘဲ လူတိုင်းအပေါ် သက်ရောက်မှုရှိပါတယ်။ လူအများစုဟာ အထင်အမြင်လွဲမှားမှုနဲ့ အကဲဖြတ်ခံရမှုတို့ကို ကြောက်ရွံ့တာကြောင့် အကူအညီတောင်းခံဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီ World Mental Health Day မှာ Mental Health Problems တွေ ခံစားနေရတဲ့ လူတစ်ဦး၊တစ်ယောက်ချင်းစီတိုင်းကို ကူညီကြဖို့ ဘယ်လိုမျိုး ပူးပေါင်းပါဝင်နိုင်သလဲဆိုရင်
☔ Mental Health နဲ့ပတ်သက်တဲ့ Information တွေကို Social Media ပေါ်ကနေသာမက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို မျှဝေပေးခြင်းအားဖြင့် Mental Health Awareness ကို မြှင့်တင်နိုင်ပါတယ်?
☔ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ Struggling လုပ်နေရတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ ရင်ဖွင့်စကားတွေကို စာနာမှုအပြည့်နဲ့ နားထောင်ပေးရင်း လိုအပ်တယ်ဆိုရင် ကုသမှုခံယူဖို့ကိုလည်း တိုက်တွန်းခြင်းအားဖြင့် ကူညီနိုင်ပါတယ်?
☔ Mental Health ကောင်းမွန်ဖို့ တရားထိုင်တာမျိုးနဲ့ အခြားသော Activities တွေ လုပ်ဆောင်ရင်း မိမိကိုယ်မိမိ Self Care လုပ်နိုင်တဲ့ အကြောင်းအရာတွေကိုလည်း မျှဝေပေးနိုင်ပါတယ်?
World Mental Health Day ဟာ ကျွန်တော်တို့လူသားတိုင်းအတွက် Mental Health က အလွန်အရေးပါတဲ့အချက်ဆိုတာကို မမေ့လျော့ဖို့အတွက် မီးမောင်းထိုးပြနေတဲ့ Reminder ပါ။ ဒါကြောင့် ဒီနေ့အတွက်တင်သာမက နေ့ရက်တိုင်းမှာ Mental Health အတွက် အကူအညီလိုအပ်နေတဲ့ တစ်ယောက်စီတိုင်းကို လက်ကမ်းကူညီကြပါစို့လားဗျာ?
ရှေ့ဆက်မဲ့ မနက်ဖြန်တိုင်းမှာ Hypen ကနေ Hypers?လေးတို့ဆီ အရောက်လှမ်းလာနိုင်ဖို့ Hypen ရဲ့ Social Media Platforms တွေကို Like & Follow လုပ်ထားကြပါဦးနော်?
Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
Hypen Education Channel-
https://t.me/hypen_edu
#ContentwriterbyHlwar
#GraphicDesignbyEaindraKo
#worldmentalhealthday
#hypen_org
皆さん、こんにちは...?
?ဂျပန်သွားဖို့ ပြင်နေကြတဲ့ မီနားစံတို့အတွက် ဂျပန်စကားပြောလေ့ကျင့်လို့ရမဲ့ Hypen ရဲ့ ???????? ???????? ???? လေး တစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ?
ဒီအပတ်မှာရော ဘယ်လိုမျိုးစိတ်၀င်စားဖို့ကောင်းပြီး သူငယ်ချင်းတွေနဲ့ တော်ကီများများဖုတ်လို့ရမဲ့ ဘာ Topic အကြောင်းပြောရမလဲဆိုတာကို ကျွန်တော်နဲ့အတူတူ ခန့်မှန်းကြည့်ကြမလား...?
?လက်ရှိမှာရေပန်းစားနေတဲ့ Pop culture trend အချို့ဟာ ကျွန်တော်တို့ အားပေးနေတဲ့ ဂီတ၊ ရုပ်ရှင်အသိုင်းအဝိုင်းမှ အနုပညာရှင်တွေကနေတစ်ဆင့် ကူးစက်လာတယ်လို့ ပြောရင် မမှားပါဘူး။ ဒါပေမဲ့ Pop culture လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် Fashion ကပြေးမလွတ်အောင် နံပါတ်တစ် ချိတ်နေမှာအမှန်အကန်ပါပဲ?
?ကမ္ဘာကျော် မင်းသမီးကြီး Marilyn Monroe တို့ကအစ ၀တ်ပြခဲ့တဲ့ Skinny Jeans တွေဟာ Cowboy တွေခေတ်စားတဲ့ 1950 နှောင်းပိုင်းနှစ်တွေမှာ အတော်လေးကို Trend ဖြစ်ခဲ့သလို ကျွန်တော်တို့ မြန်မာမှာဆိုရင်လည်း Fashion icon တွေဖြစ်ကြတဲ့ တင့်တင့်ထွန်းနဲ့ အိန္ဒြာကျော်ဇင်တို့လို မင်းသမီးကြီးတွေကိုတောင် သူတို့ဘာ၀တ်သလဲဆိုတာကိုပါ လိုက်စိတ်၀င်စား၊ အတုယူရင်းအပြိုင်အဆိုင် ရှိုးထုတ်ခဲ့ကြဖူးမှာပါ?
ဒါကြောင့်ပဲ “Fashion က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာ”ဆိုတာကို ငြင်းလို့မရတာကြောင့်မလို့ စတိုင်ကျကျ၀တ်တတ်စားတတ်ဖို့ကို ဟိုးအရင်ခေတ်ကနေ အခုချိန်အထိ ကြိုးစားနေကြတာပေါ့?
Hypers?လေးတို့ရော... ဒီလိုမျိုး ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ ကိုယ့်စတိုင်ကို ပြောင်းလဲ၀တ်ဆင်တတ်တဲ့သူလား ဒါမှမဟုတ်ပဲ ဘာမှမပြောင်းမလဲ ကိုယ်ကြိုက်တာကိုယ်၀တ်ဆင်တတ်တဲ့သူလား စတဲ့မေးခွန်းမျိုးလေးတွေကို “??? ??????? ??????????” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ဒီတစ်ခေါက်လာမဲ့ ???????? ???????? ???? လေးမှာ သူငယ်ချင်းတွေနဲ့အတူတူ အကြိတ်အနယ် စကားဖောင်ဖွဲ့ကြရတော့မှာပါ?
?????????? ?? ???????? ???????? ????
???? - ??.??.???? (??????)
???? - ??? ?? ?:????
???????? - ????
????? - ??? ??????? ??????????
???? ???? (?) - ???? ??? & ????
?ဒီလိုမျိုး N4 level နဲ့အထက်ရှိတဲ့ Hypers? တိုင်းပါ၀င်လို့ရမဲ့ ???????? ???????? ???? လေးကို လာမဲ့ သောကြာနေ့ည ၇နာရီမှာ ပြုလုပ်သွားမှာဖြစ်တာကြောင့် စိတိ၀င်စားလို့ Join ချင်တယ်ဆိုရင်တော့ အောက်က Telegram Channel လေးထဲ၀င်ပြီး Noti on ထားလိုက်ကြပါဦး?
?????? ???????? ???????? ???? ???????? ??????? - https://t.me/+ipZXsSdt_pMxODdl
?ဒါ့အပြင် Hypen Org ရဲ့“လူငယ်တွေကနေ လူငယ်တွေဆီ”အမြဲမျှဝေပေးနေတဲ့ Program တွေအကြောင်းကို ပိုသိချင်တယ်ဆိုရင်တော့ အောက်က Hypen ရဲ့ Telegram channel တွေကို Join ထားဖို့တော့လိုမယ်နော်?
?????? ???????? ???? -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKw
?????? ????????? ??????? -
https://t.me/hypen_edu
#ContentwriteybyAmara
#GraphicDesignbyPan
#JapansesSpeakingClub
#Hypen_org
SLC Advocates ? Hypen Organization Media Partnership
Scholarship Hunting and University Applications Season ကလက်တစ်ကမ်းမှာပဲဆိုတော့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်နိုင်ငံ ဘယ်ကျောင်းကို လျှောက်ရမလဲ ဝေခွဲမရဖြစ်နေတုန်းဆိုရင်တော့ SLC က စီစဉ်ထားတဲ့ Study Abroad Sharing Program လေးရှိတယ်ဆိုတာကိုလက်တို့ပါရစေ။
ဒီ Sharing Program က အပတ်စဥ်၊ တစ်ပတ်မှာ ၂ရက်နဲ့ ၄ပတ်ဆက်တိုက်၊ စုစုပေါင်း ၈ ရက် ကြာမြင့် မှာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ Hypen Organization ကလည်း ဒီလိုအကျိုးရှိစေမယ့် ပရိုဂရမ်လေးကို လူငယ်တွေလက်လွတ်မသွားရအောင် Media Partnership အနေနဲ့ပါဝင်ပေးထားပါတယ်။
✈️ ပထမဆုံး အပတ်ဖြစ်တဲ့ ??????? 1 မှာတော့ ဝေးဝေးလံလံမသွားချင်ဘဲ culture လည်းသိပ်ကွာခြားမှုမရှိတဲ့
- Asia နိုင်ငံတွေမှာ လျှောက်နိုင်တဲ့ ကျောင်း၊ Scholarshipနဲ့ တခြား programs တွေအကြောင်း
- ကိုယ်တိုင်ကျောင်းလျှောက်နိုင်မယ့် နည်းလမ်းတွေကို ရောက်နှင့်ပြီးသား Senior Guest Speakers တွေက မျှဝေသွားမှာဖြစ်ပြီး သူတို့နဲ့ သိလိုရာက်ို ၂ ရက်တာ စိတ်ကြိုက်ဆွေးနွေးသွားနိုင်မှာပဲ ဖြစ်ပါတယ်ရှင်။
Date -12, 13 October, 2024
Time - 7:00 - 9:00 P.M
✈️ ဒုတိယ အပတ် ??????? 2 လေးမှာတော့ အနောက်နိုင်ငံတွေဖြစ်တဲ့ ဥရောပနိုင်ငံတွေမှာ ပညာသင်ကြားချင်တဲ့ သူတွေအတွက် University Application Process တွေကို ကိုယ်တိုင် လျှောက်နိုင်ကြဖို့ရာ sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
Date - 19, 20 October, 2024
Time - 7:00 - 9:00 P.M
✈️ တတိယအပတ်မှာတော့ ဒီ program ရဲ့ ထူးခြားချက်လေးပြောလို့ ရမယ့် ??????? 3 လေးကို ကျင်းပသွားမှာပါရှင်။
- နိုင်ငံခြားရပ်ခြားမှာ နေတဲ့အခါရော အများစုကြုံနိုင်ချေရှိတဲ့ အခက်အခဲလေးတွေ၊ ဥပမာ
- အိမ်လွမ်းတာကစလို့
- နေထိုင်စရိတ်၊ ကျောင်းစရိတ်တွေ၊
- Cultural Differences တွေကိုဘယ်လို အသားကျအောင်လုပ်မလဲ၊
- ကျောင်းတစ်ဖက် အလုပ်တစ်ဖက် ကြုံနိုင်တဲ့ စိတ်ဖိစီးမှုတွေကို Guest Speakers တွေရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေနဲ့ ဘယ်လိုကျော်ဖြတ်ခဲ့ကြလဲဆိုတာကို စာဖတ်သူတို့ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ရာ မျှဝေသွားမှာပဲဖြစ်ပါတယ်။
Date - 26 October, 2024
Time - 8:00 - 10:00 P.M
✈️ ??????? 4 ဖြစ်တဲ့ နောက်ဆုံး အပတ်လေးမှာတော့ ဒီကျောင်းတွေကို လျှောက်ဖို့ အတွက် လိုအပ်တဲ့
-IELTS
-TOEFL
-Duolingo
-SAT
-IGCSE
-GED တွေကို ဘယ်လို ပြင်ဆင်ရမလဲ၊ ဘယ်ကျောင်းဆို ဘာလိုတယ်၊ဘာရှိရင် လျှောက်လို့ရပြီ၊ ဘယ်ကစ လုပ်ရမှာလဲ စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို မျှဝေဆွေးနွေးပေးသွားကြမှာဖြစ်ပြီး သိထားသင့်တာတွေကို တစ်နေရာတည်းမှာ ရနိုင်မှာဖြစ်လို့ အကျိုးရှိမယ်လို့ လည်း မျှော်လင့်ပါတယ်။
Date - 2,3 November, 2024
Time - 7:00 - 9:00 P.M
ဒီ Program လေးက ???? ?? ?????? ဖြစ်ပြီး Registration ပြုလုပ်ပြီးတာနဲ့ ကိုယ်နှစ်သက်ရာ အပတ်ကို တက်ရောက်လို့လည်းရပါတယ်ရှင်။ ထိရောက်တဲ့ ဆွေးနွေးမှုတွေ ရရှိနိုင်ဖို့ရာ လူဦးရေလေးလည်း ကန့်သတ်ထားတာမလို့ မြန်မြန်တော့ စာရင်းပေးထားဖို့ လိုတယ်နော်။
Registration Link ??
https://forms.gle/9LvfiVaQZLY7cSF4A
SLC ရဲ့ facebook page ကနေလည်း chapter တစ်ခုချင်းစီအတွက် upadate လေးတွေကို သွားပြီးကြည့်နိုင်ပါတယ်။
Facebook - https://www.facebook.com/slcadvocates
Telegram - https://t.me/slcadvocates2020
❝???????? ??? ??????? ?? ???? ?? ??, ??? ???? ?? ?????.❞ - ????? ????????
?ဘဝရဲ့ ရှည်လျားတဲ့ပန်းတိုင်ဆီ ရောက်ရာလမ်းကို အပတ်တကုတ်ကြိုးစားပြီး လက်တွေ့အကောင်အထည်ဖော်နေကြတဲ့ ??????? လေးတို့အတွက် ????? ???????? ရဲ့ ????? လေးတစ်ခုနဲ့ အားပေးရင်း ????? ရဲ့ ?????? ??????? ???? လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်?
?ဒီ ??????? ???? လေးကတော့ တနင်္ဂနွေနေ့၊ ည ၈ နာရီအချိန်ရောက်တိုင်းမှာ ??????? လေးတို့အတွက် အသင့်ရှိနေတဲ့ ??????? ???????? ???? လေးပဲဖြစ်ပါတယ် ✨ကိုယ့်ရဲ့သက်ဆိုင်သူနဲ့ မနီးချင်နေ၊ ပန်းတိုင်ရှိရာဆီ အရောက်လှမ်းကြမဲ့သူတိုင်းအတွက် ???????? ?????? တွေ တစထက်တစ တိုးတက်လာဖို့ ကူညီပံ့ပိုးပေးနေပြီး နွေးထွေးတဲ့အသိုက်အမြုံလေးတစ်ခုဖြစ်တဲ့ ???????? ???? လေးမှာ တစ်ပတ်နဲ့တစ်ပတ် ဆန်းသစ်တဲ့ ????? တွေကို ??????? လေးတို့ဆီ အရောက်ပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ်?
?ဒီလို ??????? ???? လေးထဲမှာ ပါဝင်နိုင်ဖို့ဆိုရင်တော့ ??????? ????? - ???????????? (??) တော့ရှိဖို့လိုမှာဖြစ်ပြီး သဘောကောင်းလှတဲ့ ???? လေးတို့နဲ့ လက်တွဲခေါ်တဲ့ ??????? တွေကြားမှာ ကိုယ့်ရဲ့ ?????? တွေကို ???? ????? ရောက်တဲ့အထိ မြင့်တင်လို့ရနေပြီနော်?
?အောက်ကပုံလေးတွေကတော့ ပြီးခဲ့တဲ့အပတ်ရဲ့ ????? နှစ်ခုဖြစ်တဲ့ ???????? ?? ????????? ????? နဲ့ ??? ????? ???? ?????? ??? ??????????❓ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆွေးနွေးခဲ့ကြတဲ့ ??????? လေးတို့ရဲ့ ပုံရိပ်အချို့ပဲဖြစ်ပါတယ်❤️
⌛???????? ?? ????????? ????? ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အတိတ်ငယ်ဘဝရဲ့အမှတ်တရတချို့ကို ရင်းရင်းနှီးနှီးနဲ့ မျှဝေသွားကြရင်း ပျော်ခဲ့ရတဲ့အခိုက်အတန့်လေးတွေအပါအဝင် မှတ်မှတ်ရရဖြစ်ခဲ့တဲ့ကိစ္စလေးတွေကိုပါ အားလုံးအတူတူ ရင်ဘတ်ချင်းနီးစပ်ခဲ့ရပါတယ်?
?သီချင်းတစ်ပုဒ်ရဲ့စွမ်းအားက ဘယ်လောက်ထိပြင်းထန်နိုင်သလဲဆိုတဲ့ ??? ????? ???? ?????? ??? ??????????❓ ရဲ့အောက်ကနေလဲ ကိုယ့်ရဲ့ ???????????? ????? တွေနဲ့ ဘယ်လိုမျိုးအားယူခဲ့ရသလဲဆိုတာတွေနဲ့ ဘယ်အချိန်မှာ နားထောင်ဖြစ်ကြလဲ စတာတွေအားလုံးကို ရင်ဘတ်ချင်းဂျက်ပင်ထိုးရင်း နှလုံးသားရဲ့တေးသွားတွေအပေါ်မှာ အတူတူစီးမျောခဲ့ကြတာပါ?
?ရှေ့လာမဲ့အပတ်ရဲ့ ????? လေးကလဲ ?????? ????? ?? ??? ???? ဖြစ်တာကြောင့် နေရာချင်းသာမနီးချင်နေ၊ ရင်ဘတ်ချင်းနီးနေမဲ့သူတွေအကြောင်းကိုတွေးတောရင်း society အသစ်မှာ ဘယ်လိုမျိုးနေသားကျအောင် ကြိုးစားနေကြလဲ၊ ကြိုးစားသွားကြမလဲဆိုတာတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးသွားကြမှာမို့ လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်?
??????? ????? ??????? ???????? ???? ???????????? ???? ????
?တစ်ပတ်ပြီးတစ်ပတ် ???????????? လုပ်နေစရာမလိုအောင်နဲ့ ???????? ???? နဲ့ပတ်သက်တဲ့ ???? ????? တွေကအစ အားလုံးကိုတစ်နေရာထဲမှာ သိနိုင်အောင်လို့ ???????? ????? ???? လေးကိုလဲ ???? ထားဖို့ တစ်ပါတည်းစာလွှာပါးပါရစေ?
?Hypen English Speaking Club Telegram Channel
https://t.me/+2r9q0GIZZ-w3ZGM1
✨ဒီလိုမျိုး ??????? ???? တွေအပြင် ??????? လေးတို့ရဲ့ အနာဂတ်လမ်းခရီး ချောမွေ့စေဖို့ အထောက်အကူပြုနိုင်မဲ့ အကြောင်းအရာမျိုးစုံကို အမြဲမပြတ်တင်ဆက်ပေးနေတဲ့ ????? ??? ရဲ့ ???????? ??????? ကို ???? & ?????? လုပ်ထားဖို့ပြောရင်းနဲ့ နောက်လာမဲ့အကြောင်းအရာသစ်တွေမှာ ပြန်လည်ဆုံတွေ့ကြမယ်နော်☑️
Hypen Facebook page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
Hypen Education Channel-
https://t.me/hypen_edu
#ContentwriterbyH13IN
#GraphicDesignbyEaindraKo
#hypen_org
#English_Speaking_Club
?ကမ္ဘာ့ပန်းဥယျာဉ်ထဲက ပန်းကလေးတွေ အရောင်အသွေးစုံလင်ပြီး လှပစွာဖူးပွင့်ရှင်သန်လာခြင်းရဲ့ နောက်ကွယ်မှာ ပန်းပျိုးလက်ပိုင်ရှင် ဥယျာဉ်မှူးတွေရှိကြပါတယ်တဲ့?
?ဒီကနေ့မှာတော့ Hypers? လေးတို့ရဲ့ ဘဝပုံရိပ်တွေကို ပန်းပွင့်လေးတွေလို လှပပြီး ဂုဏ်သတင်းတွေ မွှေးကြိုင်နေစေဖို့ ပညာဆီမီးရဲ့ အလင်းရောင်နဲ့အတူ စေတနာ၊ ဝါသနာ၊ အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့ ပျိုးထောင်ပုံသွင်းပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုပေးတဲ့နေ့ရက် ရောက်ရှိလာပါပြီရှင်✨
?ကမ္ဘာ့ဥယျာဉ်ကြီးကို ပန်းပေါင်းများစွာနဲ့ ဝေဆာလျက် ပျားပိတုန်းလေးတွေ၊ လိပ်ပြာလှလှလေးတွေပါ ပျံ၀ဲပြီး သာယာစေကြခဲ့တဲ့ ပန်းပျိုးသူ မြတ်ဆရာတို့ကို ဂုဏ်ပြုသောအားဖြင့် October 5 ရက်နေ့ကို ????? ????????' ??? အဖြစ် 1994 ခုနှစ်ကစပြီး UNESCO နဲ့ ILO တို့က ဦးဆောင်သတ်မှတ်ပေးခဲ့ကြတာဖြစ်ပါတယ်?
?ဒီလိုမျိုး ကမ္ဘာ့ဆရာများနေ့မှာ ပန်းပျိုးသူ မြတ်ဆရာတွေကို ကျွန်မတို့ Hypen Organization က အထူးပင် ချီးကျူး ဂုဏ်ပြုပါကြောင်း ဂါရဝတရား ရှေ့ထားပြီး ပြောကြားပါရစေရှင်?
ကမ္ဘာတစ်ဝန်းက မြတ်ဆရာတွေကို ဂုဏ်ပြုချီးကျူးကြတဲ့ ဒီလိုနေ့ရက်မှာ ကျွန်မတို့ Hypen Org ရဲ့ Free Classes တွေအတွင်း အတတ်ပညာပေါင်းစုံကို ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ရင်းနှီးပြီး ပညာမီးအိမ်တွေကို လက်ဆင့်ကမ်း ပေးလျက်ရှိကြတဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကိုပါ အထူးတလည် ထည့်သွင်းဂုဏ်ပြုပါရစေ✨
?ပန်းဥယျာဉ်ထဲက Hypers? ပန်းကလေးတို့လည်း အခုလို နေ့ထူးနေ့မြတ်မှာ မိမိကို မေတ္တာရေစင်တွေသွန်းလောင်းပြီး ရာသီဥတုရဲ့ ကလူကျီစားဒဏ်ကို အန်တုနိုင်အောင် စွမ်းစွမ်းတမံ ပျိုးထောင်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတရားပွားများပေးဖို့လည်း မမေ့ကြနဲ့နော်?
✍️အခုလို မြတ်ဆရာတွေရဲ့ ပျိုးထောင်မှုကို ကျေးဇူးတင်၊ ဂုဏ်ပြုရင်း Hypen က မကြာခင်ဖွင့်လှစ်တော့မဲ့ အတန်းအသစ်တွေမှာ ပညာအလင်းရောင်တွေ အရယူနိုင်ဖို့ Hypen Facebook Page နဲ့ Telegram Channel ကို ?Like & Follow✅ လုပ်ပြီး စောင့်မျှော်ပေးကြဖို့ တိုက်တွန်းရင်း နှုတ်ဆက်လိုက်ပါတယ်ရှင်။
Hypen Facebook page
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
Hypen Education Channel- https://t.me/hypen_edu
#ContentwriterbySweSN
#GraphicDesignbyPan
#hypen_org
#hypen_edu
#WorldTeachersDay
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3
Last updated 12 hours ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 5 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 2 weeks, 2 days ago