မိတ်ဆွေတို့ရဲ့ လုပ်ငန်းကြေငြာများ
ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်ပေးပါ။
Last updated 8 месяцев назад
မနက်ဖြန်တိုင်းမှာ kdramaနဲ့ အသက်ဆက်မဲ့သူတွေအတွက် ဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင့်
Last updated 2 года, 5 месяцев назад
Last updated 2 месяца, 2 недели назад
လူတွေနဲ့ မငြင်းခုန်ဖြစ်ဘူး။
ရှင်းပြချင်စိတ် နည်းသွားတယ်။
ကိုယ့်ကို သဘောကျမကျ သိပ်ပြီး
ဂရုစိုက် မနေဘူး။
လူတွေရဲ့အမြင်ကို စိတ်ထဲသိပ်ပြီး
မထားတော့ဘူး။
ပျော်စရာလည်း အများကြီး ရှာမတွေ့ပါဘူး။ပင်ပန်းတဲ့အကြောင်းတွေ တခြားသူကို မပြောချင်တော့ဘူး။ကိုယ့်ဘဝကို ကိုယ်ပဲ ကြိုးစားယူရမယ်ဆိုတာ သိလို့ပါ။
အများကြီး မတွယ်ကပ်မိသလို
သံယောဇဉ်တွေလည်း မငြိချင်တော့ပါ။
အတိတ်ကိုလည်းပြန်ပြန်မတွေးမိအောင်
ကြိုးစားနေသလို မရောက်လာသေးတဲ့
အနာဂတ်ကိုလည်း အများကြီး မပူပန်မိအောင် နေနေပါတယ်။
ခုလက်ရှိအချိန်မှာပဲ ရှင်သန်ပါရစေ။
ဒါကြောင့်မို့နေမယ် ကိုယ့်စိတ်ရော
တည်ငြိမ်အေးချမ်းနေပါတယ်။
လောကမှာ အသစ်က ပြန်စချင်တဲ့သူအတွက်
နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိဘူး
ပြန်စချင်တဲ့စိတ် ရှိဖို့ပဲ လိုတာပါ။
ကမ္ဘာကြီးကို ပြောင်းလဲချင်လို့ မရသလို
ကိုယ့်စိတ်ချမ်းသာမှုအတွက် သူများတွေကို
ပြောင်းလဲချင်လို့လည်း မရနိုင်ဘူး။
ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲမှပဲ ရမယ်။
- ငွေတီဦး
အမုန်းနှင့်လမ်းခွဲခြင်း
**ဘဝမှာ ပျော်စရာထက်
ကြေကွဲဝမ်းနည်းစရာက
ပိုများပါတယ်။
လူတွေကလည်း ပျော်တာထက်
ဝမ်းနည်းစရာတွေကိုပိုပြီး
မှတ်မိနေတတ်ကြတယ်လေ။
ကျွန်တော်တို့ မေ့နေတာက
ဘဝမှာ ပျော်ရွှင်မှုထက်
ဘာကမှအရေးမကြီးဘူးဆိုတာပါပဲ။
ဒါပေမဲ့ ထိုက်သင့်တဲ့ အောင်မြင်မှု၊
ချမ်းသာကြွယ်ဝမှု ၊
အဆင်ပြေမှုတွေရှိမနေဘဲ
ပျော်ရွှင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။
အဆင်ပြေမှုတွေရှိမှပဲ
လူဆိုတာ ပျော်နိုင်တာ။
ပျော်ရွှင်မှုအတွက် အောင်မြင်မှူတွေ၊
ချမ်းသာမှုတွေကလိုအပ်တာပါ။
အောင်မြင်မှု၊ချမ်းသာမှုဆိုတာ
အဆုံးမရှိပါဘူး
ဒီလို အဆုံးမရှိတဲ့အရာတွေနောက်ကို
လိုက်ရင်း ပျော်ရွှင်မှုကို
မေ့မကျန်ခဲ့ဖို့တော့ လိုပါတယ်။
*နှစ်သိမ့်ခြင်းအိမ်
- Nayvel***
တစ်ယောက်တည်းနေရတာကြိုက်သူတွေကို
Autophile လို့ခေါ်ပါတယ်
သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်ပေးတတ်ပေမယ့်
သီချင်းလေးနားထောင်ရင်း
လွတ်လွတ်လပ်လပ် နေရတာ ပိုကြိုက်ကြတယ်
အပြင်လူတွေဘက်ကကြည့်ရင်
သူ အထီးကျန်နေလား
သူတစ်ယောက်တည်းမလား
ပြောကြ၊တွေးကြပေမယ့် Autophile တွေက
တကယ်ပျော်တတ်သူတွေပါ
အပြင်ထွက်ရတာမကြိုက်တာမဟုတ်ဖူး
လူရှုပ်တာသဘောမကျတာပါ
တစ်ယောက်တည်းလျှောက်သွားမယ်
စားချင်တဲ့မုန့်တွေ စားမယ်
တစ်နေရာကို ငေးရင် ငေးနေမယ်..
ကောင်းကင်ပြာကို ရင်ဖွင့်ချင် ရင်ဖွင့်နေကြတာ
ကိုယ်တိုင်ဖန်တီးရတဲ့ပျော်ရွှင်မှုမလို့
ဘယ်သူမှလုယူမှာ မကြောက်ရဘူးပေါ့
စကားလေးတစ်ခွန်းရှိတယ်..
I am alone but not lonely.
တစ်ယောက်တည်းပါ ဒါပေမယ့် အထီးမကျန်ပါဘူး
အသက်တွေကြီးလာရင်
ပျော်စရာတွေ
နည်းလာတတ်တယ် တဲ့ ...
ဒါပေမယ့်
အသက်တွေ ကြီးမသွားခင်တောင်
တဖြေးဖြေးချင်း
ရင့်ရော်လာတဲ့ စိတ်တွေနဲ့
နိုးနေတဲ့ မနက်ခင်းတွေမှာ
အနည်းဆုံးတော့
ပျော်စရာလေးတစ်ခု ရှိစေချင်တယ်
ရီစရာလေးတစ်ခုနဲ့
ကြုံစေချင်တယ်
ပြုံးစရာ အမှတ်တရမျိုးလေး
ရှိစေချင်တယ် ။
မိတ်ဆွေတို့ရဲ့ လုပ်ငန်းကြေငြာများ
ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်ပေးပါ။
Last updated 8 месяцев назад
မနက်ဖြန်တိုင်းမှာ kdramaနဲ့ အသက်ဆက်မဲ့သူတွေအတွက် ဝမ်းမြောက်စွာကြိုဆိုပါတယ်ရှင့်
Last updated 2 года, 5 месяцев назад
Last updated 2 месяца, 2 недели назад