Let's study sweeties 🤗🥰

Description
Hello guys 🙋
Welcome to my channel 💋


ဒိchannel လေးက ...

Edu, Knowledge,Language, Web/App , Update ,Moti,Book, Song စတာတွေကိုshareပေးမှာပါနော်✨☁️

Ch started date - Nov/15 /2022

Owner @YukiOT7

👇Ch link
@Study_sweeties
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated hace 7 meses

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated hace 1 mes, 1 semana

3 weeks, 4 days ago
3 weeks, 4 days ago

စိတ်ဓာတ်မကောင်းတဲ့သူတွေဖတ်ဖို့
ဒီဒီးရဲ့ Caption ကြောင့် NewsFeed ပွတ်နေရင်း ရုတ်တရက်ရပ်သွားတယ်ဆိုရင် တစ်ခါတည်းအကျိုးရှိအောင် အဆုံးထိဖတ်သွားပါ၊ စိတ်ဓာတ်မကောင်းတဲ့သူတွေဆိုရင် ပိုဂရုစိုက်ပြီးတော့ ဖတ်ရမယ့်အထဲမှာပါပါတယ်၊ စတာပါ 😁
ကျွန်တော် ဒီနေ့ ShweNote App ထဲက Reading Challenge မှာဖတ်ဖြစ်တဲ့ The Happiness Advantage ဆိုတဲ့စာအုပ်မှာ ဒီဒီးတို့ရဲ့ စိတ်ဓာတ်တွေက ဒီဒီးတို့ရဲ့ ဘဝကို ဘယ်လောက်အထိ အပြောင်းအလဲလုပ်ပေးလဲ? ပျော်ရွင်မှုက လူတစ်ယောက်အတွက် ဘယ်လောက်အရေးကြီးလဲ? ဆိုတာတွေပါဝင်လို့ ဒီစာအုပ်ဖတ်ရင်း ဒီဒီးရလိုက်တဲ့ Learning point (၄)ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

◾️အကောင်းမြင်စိတ်ဟာ ဦးနှောက်ရဲ့ Dopamine နဲ့ Serotonin ဟော်မုန်းထုတ်လုပ်မှုကို အားပေးတာဖြစ်လို့ ခံစားချက်တွေပိုကောင်းစေပြီး သင်ယူလေ့လာမှုနဲ့ ပြဿနာဖြေရှင်းမှုတွေကိုလည်း အားကောင်းလာစေပါတယ်၊ အဲ့ဒါကြောင့် အကောင်းမမြင်တဲ့စိတ်နဲ့ ကိုယ့်ဆီမှာ မကောင်းတဲ့စိတ်တွေရှိနေရင် ချက်ခြင်းပြင်ဖို့လိုပါတယ်။

◾️ပျော်ရွင်မှုနဲ့ပတ်သက်ပြီး အကျိုးကျေးဇူး (၃)ချက်ရှိတယ်၊ အဲ့ဒါတွေက
(၁) ပျော်ပျော်နေတတ်တဲ့သူတွေဟာ တခြားလူတွေထက် အရာရာတိုင်းမှာ ပိုပြီး အားသာတယ်တဲ့။
(၂) Positive Emotion တွေက အတွေးအခေါ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ကောင်းမွန်စေရုံသာမက ဉာဏ်ရည်ဥာဏ်သွေး၊ ပေါင်းသင်းဆက်ဆံရေး နဲ့ ပစ္စည်းဥစ္စာတွေကို ပိုမိုရရှိစေတယ်တဲ့။
(၃) အမြဲတမ်းမပျော်နိုင်ဖြစ်နေပြီး အဆိုးတွေပဲမြင်နေတတ်တဲ့ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ဓာတ်ကိုပြင်လိုက်ရင် စွမ်းဆောင်ရည်နဲ့ ရလဒ်တွေပါ ပြောင်းလဲသွားနိုင်တယ်တဲ့။

◾️ပျော်ရွင်မှုရဖို့အတွက် အခြေခံအုတ်မြစ်ကတော့ အကောင်းမြင်တတ်တဲ့စိတ်ရှိဖို့ပါပဲ၊ ဒီတော့ အကောင်းမြင်စိတ်မွေးမြူဖို့ဆိုရင်
နံပါတ်(၁)အချက်အနေနဲ့ ဦးနှောက်ကို ကောင်းတာတွေချည်းပဲ တွေးတတ်အောင် လေ့ကျင့်ပေးဖို့လိုပါတယ်၊ ကောင်းတာတွေကိုချည်းပဲ တွေးရမယ်ဆိုပေမယ့် ဘဝမှာ ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာတွေကိုလုံးဝမစဥ်းစားရဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး၊ ကိုယ့်ရဲ့အကောင်းမြင်စိတ်က အစွန်းမရောက်ဖို့နဲ့ သဘာဝကျဖို့တော့လိုပါတယ်။
နံပါတ်(၂)အချက်အနေနဲ့ အခက်အခဲတွေနောက်မှာ တိုးတက်မှုတွေ ရှိနိုင်တယ်ဆိုတဲ့အချက်ပါပဲ၊ တချို့လူတွေက စိတ်ထိခိုက်စရာ, စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်တွေကို ကြုံတွေ့ပြီးတော့မှ ပိုပြီး ကြံခိုင်သွားတာမျိုးဖြစ်တတ်ပါတယ်၊ ဒီလို တိုးတက်မှုကို “ Posttraumatic Growth ” လို့ခေါ်ပါတယ်၊
နံပါတ်(၃)အချက်အနေနဲ့ အခက်အခဲတွေကြားထဲကနေ တိုးတက်မှုကိုရဖို့အတွက် “ Conterfactual Thinking” လို့ခေါ်တဲ့ ဆန့်ကျင်ဘက်ရှုထောင့်ကနေ တွေးတဲ့ နည်းလမ်းပါ။ ဥပမာအားဖြင့် အခုစာဖတ်တဲ့သူလက်ရှိရောက်နေတဲ့ ဘဏ်ကို ဓားပြတွေလာတိုက်တယ် ဆိုပါတော့၊ အဲ့ဘဏ်ထဲမှာ လူ(၅၀)ရှိပြီး အဲ့ထဲက ဘဏ်ဓားပြတစ်ယောက်က သေနတ်ထုတ်ပြီး တစ်ချက်ပစ်လိုက်တာ စာဖတ်သူရဲ့လက်မောင်းကိုထိသွားတယ်ဆိုပါတော့ဗျာ၊ ဒီအဖြစ်အပျက်ကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာ 70% နှုန်းလောက်က ဒီအဖြစ်အပျက်ကို ကံမကောင်းတဲ့အဖြစ်အပျက်လို့ ရှုမြင်မှာဖြစ်ပြီးတော့ ကျန်တဲ့ 30% နှုန်းလောက်က အရမ်းကံကောင်းတဲ့ဖြစ်ရပ်လို့မြင်ပါလိမ့်မယ်၊ ကံမကောင်းဘူးလို့ထင်တဲ့သူတွေက “ မင်းရှိတဲ့ ဘဏ်ကိုမှ ဓားပြဝင်တိုက်ရသလား” “ တစ်ချက်ထဲပစ်တာကို လူ(၅၀)ထဲမှာမှ မင်းကိုပဲထိရသလား” ဆိုပြီးပြောပါလိမ့်မယ်၊ ကံကောင်းတယ်လို့ထင်တဲ့သူတွေက “ လူ(၅၀)လုံးအသက်ရှင်လို့တော်သေးတာပေါ့” “ခေါင်းမထိဘဲ လက်မောင်းပဲထိလို့ တော်သေးတာပေါ့ကွာ” ဆိုပြီးပြောကြလိမ့်မယ်။ အဲ့ဒါကြောင့် ပျော်ရွင်မှုရဖို့အတွက် ရှုထောင့်ပြောင်းတွေးတတ်ဖို့အရမ်းအရေးကြီးတယ်။

◾️လွယ်လွယ်နဲ့ မပျော်နိုင်သူတွေအတွက် သတင်းကောင်းတစ်ခုကတော့ ပျော်ရွင်မှုဆိုတဲ့အရာကိုရချင်ရင် လေ့ကျင့်ယူလို့ရပါတယ်တဲ့။ ပြီးရင် ပျော်ရွင်မှုတွေကို ပိုပြီးတိုးတက်အောင် ဘယ်လိုလေ့ကျင့်မလဲဆိုရင် တစ်နေ့ကို (၅)မိနစ်လောက် တရားထိုင်တာ၊ ကောင်းတဲ့အနာဂတ်ရလဒ်တွေကို ကြိုတွေးကြည့်တာ၊ တစ်ဖက်သားကို ကြင်ကြင်နာနာဆက်ဆံပြောဆိုတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပတ်ဝန်းကျင်အတွက် ပေးကမ်းလှူဒါန်းတာ၊ စိတ်ဓာတ်နဲ့အကျင့်စရိုက်ကိုကောင်းမွန်အောင်ထိန်းသိမ်းတာ အစရှိတဲ့ နည်းလမ်းတွေက ပျော်ရွင်မှုတွေကို တိုးတက်စေနိုင်ပါတယ်။

ဆိုတော့ အခုရေးပေးထားတဲ့စာက ဖတ်လိုက်တဲ့သူတွေအတွက် အကျိုးရှိရဲ့လား? ဘယ်လိုမြင်လဲ ဆိုတာ ဒီဒီးကို Comment မန့်ခဲ့ပေးပါအုန်း၊ ပြီးရင် ဒီဒီးလိုပဲ Reading Challenge မှာ ဝင်ပြိုင်တဲ့သူတွေ ရှိတယ်ဆိုရင်လည်း ကိုယ်ဘာတွေဖတ်ခဲ့လဲဆိုတာကို Comment မန့်ခဲ့ပြီး ဆွေးနွေးပေးခဲ့ပါအုန်းဗျ

#ReadingChallenge
#ShweNoteSummaryApp
#TheHappinessAdvantage
#Day_9

3 weeks, 5 days ago
3 months ago

Prospect Burma Scholarship
program !!

#Crd
#owner
#edu

3 months ago

❝ X, Y အက္ခရာနှစ်လုံးမှ စတင်လာသော လူသားလေး၏ ဘဝ ? ‌❞

? လူသားတစ်ယောက်အနေနဲ့ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာတဲ့ အချိန်ကစလို့ ကျွန်တော်တို့တွေဟာ ပန်းပွင့်လေး တစ်ပွင့်ပမာ အညွန့်လေးကနေ အဖူးလေးတွေ စီစီရီရီ ရှိနေရာမှ ပွင့်ဖတ်လေးတွေ ဖြာကျလာရင်း သိပ်လှတဲ့ ပန်း‌လေးတွေ အဖြစ် ပွင့်လန်းလာခဲ့ကြပါတယ် ?

? ဒီကမ္ဘာမြေပေါ်က သန်းပေါင်းများစွာသော ပန်းပွင့်လေးတွေဟာ ကိုယ်စီထူးခြားမှုတွေ ပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုနဲ့ပဲ ပန်းပွင့်လေး‌တွေဟာ တဖြည်းဖြည်းနဲ့ အရမ်းလှပလာတဲ့ အချိန်တွေဆီကို ရောက်ရှိလာခဲ့ပါတယ်

? အဲဒီလို သိပ်လှတဲ့ ပန်းပွင့်လေးတွေရဲ့ဘေးမှာတော့ ပန်းဝတ်ရည် ရှာဖို့ရောက်ရှိလာတဲ့ လိပ်ပြာလေးတွေ၊ ပျားလေးတွေက တဝဲလည်လည် ရှိနေ‌စမြဲ‌ပေါ့ဗျာ ? ?

?ကျွန်တော်တို့ဘဝတွေဟာလည်း ကြိုးစားရှင်သန်ရင်း အရွယ်ရောက်လာတဲ့အခါ ပန်းပွင့်လေးလည်း ဖြစ်နိုင်သလို ပန်းပွင့်လေးဘေးမှာ ဝဲပျံနေတဲ့ လိပ်ပြာ‌လေးတွေ၊ ပျားလေးတွေလည်း ဖြစ်နေနိုင်ပါတယ် ?

?ကျွန်တော်တို့ဟာ အခုချိန်မှာဆိုရင် အရွယ်ရောက်‌တဲ့ လူငယ်တစ်ဦးအနေနဲ့ ကျောင်းပညာရေးဆိုင်ရာ အသိပညာတစ်ခုတည်းကိုသာ သိထား တတ်ထားရုံဖြင့် အကြောင်းအရာပေါင်းစုံကို ‌ကူညီဖြေရှင်းပေးလို့မရနိုင်ပါဘူး။ ပြင်ပဗဟုသုတအနေနဲ့ ဥပမာ- Sex Education အကြောင်းအရာတွေ မိမိအတွက်ခွန်အားဖြစ်စေမဲ့ ဗဟုသုတတွေကိုလည်း နှံ့စပ်အောင် လေ့လာသိရှိထားမှသာလျှင် အခက်အခဲတစ်စုံတစ်ရာ ရှိလာခဲ့ရင် အလွယ်တကူဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အများသောအားဖြင့် အရွယ်ရောက်နေသော အမျိုးသမီးငယ်တစ်ဦးအနေနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေ၊ မိမိရဲ့ ခန္ဓာကိုယ်အတွက် ကိုယ်ပိုင် အခွင့်အာဏာတွေနဲ့ ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အသိပညာတွေများစွာကို သိရှိနားလည်ထားရပါမယ် ?

?ဒီလိုအသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးဖို့အတွက် Hypen ရဲ့ Sunday English Speaking Club က အဆင်သင့်ရှိနေပါတယ် ?

????? ??????? ???????? ???? ???????? ~
? ????       : 8. 12. 2024
? ????      : 8 P.M - 9:30 P.M
? ?????.    :  Reproductive Rights and Legal Issues
? ????????: Zoom

ဒီ Sunday Speaking Club ကိုတက်ရောက်ခြင်းဖြင့် ဘယ်လိုအကြောင်းအရာတွေဆွေးနွေးပြီး ဘာတွေရရှိသွားမလဲ

ဒီ Speaking Club လေးဟာဆိုရင် အဓိကအနေနဲ့ Reproductive Rights နဲ့ Legal Issues အကြောင်းအရာတွေကို အသားပေး ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေအတွက် မရှိမဖြစ် သိရှိနားလည်ထားရမဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေ၊ မျိုးပွားခြင်းနှင့်ဆိုင်တဲ့ ဥပဒေတွေ ( ဥပမာ-ကိုယ်ဝန်ဖျက်ချခြင်း) အကြောင်းအရာတွေနဲ့ ကိုယ့်ရဲ့ လူမှုအသိုင်းဝိုင်းကို ဘယ်လိုမျိုးအကျိုးပြု ပံ့ပိုးပေးနိုင်မလဲ ဆိုတဲ့ ခေါင်းစဉ်တွေကို နှီးနှော ဆွေးနွေးသွားမှာပဲဖြစ်ပါတယ် ?

?တစ်ရက်တည်းနဲ့ အကျိုးကျေးဇူးများစွာကို တစ်စုတစ်စည်းတည်း ရရှိမဲ့ အခွင့်အရေးမျိုးမို့ ဖမ်းဆုပ်ထားသင့်ပါတယ်နော်။ ဒါ့ကြောင့် လက်နှေးမနေကြတော့ဘဲနဲ့  အောက်မှာပေးထားတဲ့ Link လေးကနေပြီးတော့ Register လုပ်သွားဖို့ တိုက်တွန်းလိုက်ပါရစေ ?

Speaking Club Channel Link ?
https://t.me/+2r9q0GIZZ-w3ZGM1

?နောက်ပြီး အခုလို အမြဲတမ်း Up-to-date ဖြစ်ပြီး ဗဟုသုတတွေ စုစည်းတည်ရှိနေတဲ့ Hypen လေးကို Like and Follow လုပ်ထားဖို့က Hypen page ကိုမြင်တိုင်း ထာဝရ သတိရနေရမဲ့ အချက်ပါနော်

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Education Channel -
https://t.me/hypen_edu

#ContentwriterbyMyaKhatMonandNyeinSuThaw
#GraphicDesignbyHaru
#ReproductiveRightsandLegalIssues
#EnglishSpeakingClub
#hypen_org

3 months ago
3 months, 1 week ago

“ကဲ မြန်မြန်သာ စာရင်းပေးထားလိုက်ပါ။”

ပြီးခဲ့တဲ့ Batch တွေတုန်းက မ Join ခဲ့ရရင် ဒီတစ်ခါ Batch-11 မှာတော့ သေချာပေါက်စာရင်းပေးထားလိုက်ပါ။

ဒါပေမဲ့ အရင် Batch - 7,8,9,10 တုန်းက (၂)ခုမှာ ပါဝင်ခဲ့သူတွေကတော့ ဒီတစ်ခါ ထပ်ပြီးစာရင်းပေးလို့ မရတော့ပါဘူး။

တကယ်လို့ Batch 7 or 8 ၊ Batch 9 or 10 တစ်ခုစီမှာပဲ Join ခဲ့ဖူးရင်တော့ ပါဝင်လို့ ရပါတယ်။

ဒီတစ်ခါလည်း Teaching နဲ့ပတ်သက်ပြီး Video Editing နဲ့ Presentation အတွက် InShot နဲ့ Canva ကို သေချာသုံးတတ်ဖို့ (အခမဲ့) လေ့ကျင့်သင်ကြားပေးသွားမှာပါ။

တစ်ခါမှ မပါဝင်ခဲ့ရသူတွေကိုတော့ မြန်မြန်စာရင်းပေးထားစေချင်ပါတယ်။

ဘာလို့လဲဆိုတော့ လူ(၁၀၀)လောက်ပဲ လက်ခံသွားမှာမို့လို့ပါ။

အခုက ဒီ Telegram Channel ထဲကိုပဲ Share ပေးတာမို့လို့ Exclusive Opportunity လို့ ပြောလို့ ရပါတယ်။

ICT Training (Batch-11)
“Modern Teaching Tools : InShot and Canva”

?Date - December 2, 4, 5, 6
?Time - 6 PM to 8 PM

အခမဲ့ Register လုပ်ရန်
https://m.me/myeo.hub?ref=ict_training_batch11

(တကယ်လို့ Link နှိပ်လို့ အဆင်မပြေရင် MYEO Messenger မှာ ict training batch11 လို့ စာပို့ပြီး စာရင်းပေးနိုင်ပါသေးတယ်။)

ဒီ Training ကိုသာ Join ပြီးရင် ဘာတွေရသွားမှာလဲဆိုတော့
အခြေခံဒီဇိုင်းစည်းမျည်းတွေ နားလည်သွားမယ်။
Canva ကိုသုံးပြီး Teaching Materials တွေ၊ Graphic တွေနဲ့ Presentation Slides တွေ လုပ်တတ်သွားမယ်။
Canva ကို Mobile Version ရော၊ Web Version ပါ သုံးတတ်သွားမယ်။
InShot ကိုသုံးပြီး Teaching Video တွေဖန်တီးတတ်သွားမယ်။
InShot ကနေ Effect တွေထည့်တာ၊ အသံတွေထည့်တာ၊ စာသားတွေနဲ့ Sticker ထည့်တာ စတဲ့ Video Editing လုပ်တတ်သွားမယ်။
ဖုန်းကိုပဲသုံးပြီး Video Editing လုပ်တတ်သွားမှာဖြစ်သလို တခြားသူတွေကိုလည်း ကိုယ့်လက်ရာတွေ Share နိုင်သွားမယ်။

Canva
?Understand the essential features of Canva
?Search the Elements Effectively for the teaching materials
?Create teaching materials, graphics and presentation slides using Canva
?Visualize data in the presentation
?Create a Resume
?Familiar with the features of Canva on both mobile and website versions

Inshot
?Create Teaching videos with Inshot
?Inserting Videos and trimming videos
?Adding text and stickers
? Inserting music
?Use effects in Videos
?Export edited videos and share them on various online platforms.
?Gain practical experience in recording and editing videos using mobile device

ဒါကြောင့်
?Educational Learning Materials တွေ ဖန်တီးရတဲ့ ဆရာ/မတွေ၊
?Visual Content တွေ ဖန်တီးချင်သူတွေ၊
အနေနဲ့ ဒီ Free Training လေးကို တက်လို့ရပါတယ်။

?အထူးပြောချင်တာတစ်ခုကတော့ စာရင်းပေးပြီး ရွေးချယ်ခံရသူတွေအနေနဲ့ Training တွေကို သေချာပေါက်တက်ရောက်ကြဖို့ ပြောချင်ပါတယ်။

တကယ်လို့ စာရင်းပေးပြီး သေချာအချိန်ပေး မတက်ကြရင် အချိန်ပေးပြီး တက်နိုင်ပေမဲ့ လူပြည့်သွားလို့ တက်လို့မရသူတွေအတွက် နစ်နာစေလို့ပါ။

(Free Training ဆိုပြီး သေချာ Commitment မပေးကြတာမျိုး မလုပ်စေချင်လို့ပါ။)

ပြီးတော့ “December 2 (Orientation ရက်) နှင့် December 4 (Day-1 Training) ရက်တွေကို (၂)ရက်ဆက်တိုက်ပျက်ကွက်ပါက သင်တန်းသားစာရင်းမှ ပယ်ဖျက်သွားမှာဖြစ်ပြီး Telegram Group ကနေ ဖယ်ထုတ်ခံရမယ်” ဆိုတာကိုလည်း ကြိုတင်ပြောပြထားချင်ပါတယ်။

ဘာလို့လဲဆိုတော့ တကယ်သေချာအချိန်ပေးပြီး တက်စေချင်လို့ပါ။ အဲ့ဒါကြောင့်လည်း ရုံးချိန်လွတ်အောင် ညနေပိုင်းစီစဉ်ပေးထားတာပါ။

ဒါကြောင့် သေချာစာရင်းပေး၊ သေချာအချိန်ပေးပြီး တက်စေချင်ပါတယ်။

အချိန်(၄)ရက်လောက်ကို တစ်နေ့(၃)နာရီလောက် အချိန်ပေးရုံနဲ့ အချိန်အကြာကြီး ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချလို့ရမယ့် ပညာတွေရသွားမှာဆိုတော့ စာရင်းပေးပြီး အတန်းမပျက်ကြပါနဲ့နော်။?

Telegram Group ထဲရောက်သွားပြီဆိုရင်လည်း လူအရေအတွက် ပြန်စစ်ကြည့်လို့ရအောင် Comment မှာ Done လို့မန့်ခဲ့ပေးပါဦးနော်။?

ပြီးတော့ ကိုယ့်အသိတွေထဲမှာ စိတ်ဝင်စားတဲ့သူ၊ အကျိုးရှိစေမယ့်သူတွေရှိရင်လည်း ပညာဒါနအနေနဲ့ Share ပေးဖို့ ပြောချင်ပါတယ်။?

ဒါဆိုရင်တော့ မကြာခင် ဆုံကြပါမယ်။?❤️

3 months, 2 weeks ago
3 months, 2 weeks ago

**Good morning ပါမင်မင့်subလေးတွေရေ

အရာရာအဆင်ပြေချောမွေ့ပြီး
သာယာတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ**#owner

3 months, 2 weeks ago

Good morning ပါမင်မင့်subလေးတွေရေ

အရာရာအဆင်ပြေချောမွေ့ပြီး
သာယာတဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ

#owner

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated hace 7 meses

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated hace 1 mes, 1 semana