Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

ᴷᴺᴼᵂᴸᴱᴰᴳᴱ ᵂᴼᴿᴸᴰ ᴮʸ ᴱᴸᴱᴺᴵᴵ ᴷᴵᴹ

Description
Knowledgeပိုင်းနဲ့ပတ်သက်တာလေးတွေတင်ပေးသွားပါ့မယ်နော်

21/11/23

#ELENII
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago

4 months ago

ကိုယ်တိုးတက်မည့်နေရာကိုသွားပါ

-မင်းမှာတစ်သန်းတန်ရည်ရွက်ချက်မျိုးရှိရင်တစ်ကျပ်တန်စိတ်ကူးတွေနဲ့ဝန်းရံမထားပါနဲ့

-မင်းအာရုံစိုက်တဲ့အရာကိုမင်းရမှာဘဲဒါကြောင့်မင်းလိုချင်တဲ့အရာကိုအာရုံစိုက်

- ငြီးတွားနေတာထက်စာရင်ကြိုးစားနေတာပိုကောင်းတယ်။

- အခက်အခဲဆိုတာနည်းလမ်းပဲ

- အောင်မြင်မှုရဲ့ပထမဆုံးလျှို့ဝှက်ချက်ကကိုယ့်ကိုကိုယုံကြည်မှုပါဘဲ

- အကောင်းဆုံးဖြစ်ဖို့ဆိုရင်အဆိုးဆုံးတွေကိုကိုင်တွယ်ဖြေရှင်းနိုင်ရမယ်။

#credit
#Elenii
#motivition
#quotes

4 months ago

ဟယ်လို"

channelမှာရှိနေတဲ့subsလေးတွေရယ်Eleniiခုတလောပျောက်နေတာသတိထားမိကြလားမသိဘူး

Eleniiဒီအပတ်တနလာ်နေ့ကစပြီးဖျားတာပေါ့နော်

ဖုန်းတောင်သိပ်မကိုင်ဖြစ်ဘူး
ကိုင်ဖြစ်ရင်တောင်tgထဲမဝင်ဖြစ်ဘူးး

ဒီနေ့တော့သက်သာပါပြီ

ခုတလောနေမကောင်းဖြစ်တာများနေတော့subsလေးတို့လည်းဂရုစိုက်ကြပါနော်။

ဒါလေးလာပြောတာပါ

မနက်ဖြန်မှစရမ်းပေးမယ်နော်

မထွက်တဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်။

#Elenii

4 months ago

Diet လုပ်မယ်ဆို ဒီအချက်တွေ အရင်သိထားဖို့ လိုပါတယ်။

- Diet လုပ်ခြင်းဟာ အခုခေတ် မိန်းကလေးတွေကြားထဲမှာတော့ မစိမ်းပါဘူး။ သို့ပေမယ့် diet လုပ်ခြင်းနဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်လေးတွေတော့ ရှိနေတတ်ပါတယ်။ diet လုပ်တယ်ဆိုတာဟာ ကျန်းမာရေးအတွက် သင့်တော် မျှတတဲ့ အစားအစာတွေကို မျှတအောင်၊ အာဟာရရှိအောင် စားသောက်ရတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ diet လုပ်တယ်ဆိုတာဟာ အစာအငတ်ခံတာ မဟုတ်လို့ ခန္ဓာကိုယ်အတွက် အာဟာရရှိစေမယ့် အစားအစာတွေကို ရွေးချယ်စားသောက်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် diet လုပ်တော့မယ်ဆိုရင် အခြေခံအနေနဲ့ ဒီအချက်လေးတွေ သိထားဖို့ လိုအပ်ပါမယ်။

- Protein ဆိုတာဘာလဲ။

အလွယ်ပြောရရင်တော့ protein ဆိုတာ အသားဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲက ကြွက်သားတွေ၊ တစ်သျှူးတွေ တည်ဆောက်ဖို့နဲ့ ရှိပြီးသား ကြွက်သားတွေကို ထိန်းသိမ်းဖို့ရာမှာ အဓိကလိုအပ်ပါတယ်။ protein ကိုတော့ အသား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ပဲနဲ့ အစေ့အဆံတွေကနေ ရရှိနိုင်ပါတယ်။

- Carbs ဆိုတာဘာလဲ။

Carbs ဆိုတာကတော့ carbohydrate ကို အတိုကောက် ခေါ်တာ ဖြစ်ပြီး မြန်မာလိုဆိုရင်တော့ ကဆီဓာတ်လို့ ပြောရမှာပါ။ ကဆီဓာတ်ဟာ ခန္ဓာကိုယ်အတွက်တော့ လောင်စာဆီသဘော သက်ရောက်ပါတယ်။ ကဆီဓာတ်ကို စားသုံးမှသာ နေ့စဉ် လှုပ်ရှားသွားလာရာမှာ အားအင်ပြည့်ဝနေမှာ ဖြစ်ပါတယ်။ carbs တွေကတော့ အစားအစာမျိုးစုံမှာ ပါဝင်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်တာရော၊ မညီညွတ်တာရော ပုံစံမျိုးစုံနဲ့ ရှိနေတတ်ပါတယ်။

- ခန္ဓာကိုယ်အတွက် Healthy Fat

Healthy Fat ဆိုတာကတော့ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အဆီတွေကို ပြောတာပါ။ healthy fat တွေကတော့ သင့်ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးပါတယ်။ healthy fat တွေကိုတော့ သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ စတာတွေကနေ ရရှိနိုင်ပြီး အစေ့အဆံတွေနဲ့ ငါးကနေလည်း ရရှိနိုင်ပါတယ်။

- Vitamin နဲ့ Mineral များ

vitamin နဲ့ mineral (သတ္တုဓာတ်)တွေကတော့ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ ကူညီပေးပါတယ်။ vitamin နဲ့ minerals တွေ ရရှိဖို့ဆိုရင်တော့ အချဉ်ဓာတ်ပါတဲ့ အသီးတွေ၊ ငရုတ်ပွသီးတွေ၊ ဘယ်ရီသီးတွေနဲ့ အစိမ်းရောင် အသီးအရွက်တွေကို စားပေးသင့်ပါတယ်။

- Fiber

fiber ဆိုတာကတော့ အမျှင်ဓာတ်ကို ခေါ်တာပါ။ အမျှင်ဓာတ်ကတော့ သင့်ရဲ့အစာချေစနစ်ကို အားပေးကူညီပြီး ဝမ်းမချုပ်အောင်၊ ဝမ်းမှန်အောင် ကူညီပေးပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပဲတွေ၊ ပန်းပွင့်စိမ်း၊ ဘယ်ရီသီးတွေ၊ ထောပတ်သီး၊ ပန်းသီး၊ အသီးခြောက် အစရှိတာတွေပဲ ဖြစ်ပါတယ်။

- ရေ

ရေကတော့ သင့်ခန္ဓာကိုယ်အတွက် အရိုးရှင်းဆုံးနဲ့ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပါတယ်။ ရေဟာ သင်စားသုံးလိုက်တဲ့ အစာအာဟာရတွေကို လိုအပ်တဲ့ နေရာတွေဆီ သယ်ယူပို့ဆောင်ပေးပြီး မလိုအပ်တော့တဲ့ အစာချေပြီးသား စွန့်ပစ်ပစ္စည်းတွေကိုလည်း စွန့်ထုတ်ပေးဖို့ ကူညီပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီး ကောင်းကောင်း လည်ပတ်နေဖို့၊ ကျန်းမာနေဖို့ ဆိုရင် ရေကိုလည်း များများ သောက်သုံးပေးရပါမယ်။

- Phytonutrients

Phytonutrients ဆိုတာကတော့ အပင်ကနေ အခြေခံရရှိတဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ ဒီဓာတ်ကတော့ ခန္ဓာကိုယ်ကို ရောဂါဘယတွေကနေ ကာကွယ်ပေးပြီး ကိုယ်ခံအားလည်း ကောင်းမွန်စေပါတယ်။ Phytonutrients ကြွယ်ဝတဲ့ အစားအစာတွေကတော့ အနီရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင်ရှိတဲ့ အသီးအနှံများ၊ အစိမ်းရင့်ရောင် အသီးအရွက်များ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ကြက်သွန်မြိတ်တွေပဲ ဖြစ်ပါတယ်

#credit
#Elenii
#knowledge
#diet

4 months ago

လူတွေရဲ့နေ့စဥ်ဘဝမှာဖြစ်လေ့ရှိသောအရာများနှင့်အဲဒါတွေ
ကဘာကြောင့်ဖြစ်တာလဲ?

- လက်ပဲကြီး ရေစိမ်လိုက်တာဘာကြောင့်များလဲ

လက်အရေပြားကရေနဲ့အကြာကြီးထိတွေ့ရတဲ့အခါ ရှုံ့တွလာပါတယ်။ ဒါက ခန္ဓာကိုယ်ကရေအောက်မှာကောင်းကောင်းစုပ်ယူခြင်းခံရနိုင်တယ်ဆိုတာပြသပါတယ်။

- ကြက်သီးမွှေးညှင်း ဘာကြောင့်ထတာလဲ
ဒါက ခန္ဓာကိုယ်က မသိလိုက်ဘဲ တုံ့ပြန်မိလို့ပါ။ ကြောက်လန့်တဲ့အခြေအနေမျိုးတွေ့ရင် ဆံပင်ထောင်သွားတာမျိုး၊ အေးမြတဲ့ဆောင်းရာသီမှာ ခိုက်ခိုက်တုန်အောင်ချမ်းတဲ့အတွက် အမွှေးတွေထောင်တက်သွားသလို ခိုက်ခိုက်တုန်ခံစားမှုမျိုးပါ။

- ဘာကြောင့်သမ်းဝေကြသလဲ

များသောအားဖြင့် အိပ်ရေးမဝတဲ့အတွက် သမ်းဝေကြတယ်ပေါ့။ ဒါပေမယ့် ဒါက ဦးနှောက်ရဲ့ အပူချိန်ကိုလျှော့ချချင်လို့ သမ်းတာလည်းဖြစ်နိုင်ပါတယ်။

- အိပ်ရာကနိုးလာရင် ဘာကြောင့် အကြောဆန့်တာလဲ
အကြောဆန့်တာက အာရုံကြော နှင့် သွေးကြောတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပြီး တစ်နေ့တာလုပ်ငန်းစဉ်ဆောင်ရွက်နိုင်အောင် နှိုးဆော်ခြင်းသဘောပါ။

- နှာချေတာဘာကြောင့်လဲ

အသက်ရှူလမ်းကြောင်းစနစ်မှာ ဖုန်မှုန့် ၊ အညစ်အကြေးတွေကိုဖယ်ရှားဖို့ ခန္ဓကိုယ်ကခုခံကာကွယ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

- ကြို့ထိုးတာဘာကြောင့်လဲ

တစ်ယောက်ယောက်က သတိရနေလို့ ကြို့ထိုးတယ်ဆိုတာမျိုး မဟုတ်ဘဲ ဒီနောက်ကွယ်မှာသိပ္ပံနည်းကျ အကြောင်းရင်းရှိပါတယ်။ စားသောက်တဲ့ အချိန်နှင့် စားသောက်တဲ့အရာတွေလွဲမှားနေလျှင်လည်း ကြို့ထိုးနိုင်ပါတယ်။

#credit
#Elenii
#knowledge
#life

4 months, 1 week ago

အားလုံးဘဲ

ဂွတ်နိုက်ပါ

အိပ်မက်လှ" မက်ကြပါစေနော်

#Elenii

4 months, 1 week ago

ညအိပ်ခါနီးမစားသင့်သောအစားအစာများ

- ဝက်ဆားနယ်

ဝက်ဆားနယ်ပါသောချိစ်ဘာဂါ
သင့်ကျန်းမာရေး သာမကပဲ အိပ်စက်ခြင်းအတွက် ရန်သူလို့လည်း ပြောလို့ရပါတယ်။ ဝက်ဆားနယ်မှာက နှလုံးလောင် ကျွမ်းခြင်းနှင့် အစာအိမ်အက်ဆစ်ကို ထုတ်ပေးနိုင်တဲ့ အဆီတွေ အများကြီးပါနေပါတယ် ။

- ဝိုင်

ဝိုင်သာက်ခြင်းက အကျယ်ကြီးဟောက်တာလည်း ဖြစ်စေနိုင်ပါတယ်။

- ချောကလက်

ချောကလက်မှာ မော်ဖင်းဓာတ်နဲ့ သာဘိုမိုင်းဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် အာရုံကြောကို နိုးကြားစေတယ်။ နှလုံးခုန်နှုန်းမြန်စေပြီး အိပ်မပျော်တဲ့ရောဂါဖြစ်စေ ပါတယ်။

- ကြက်သား

ကြက်သားမှာ ပရိုတိန်းဓာတ်များစွာ ပါဝင်တဲ့ အတွက် အစာခြေခြင်းကို ၅၀ရာခိုင်နှုန်း နှေးစေပါတယ်။ ဒီတော့ သင့်အိပ်နေတဲ့ အချိန်မှာ နားနေရမယ့် အစားအစာခြေခြင်းကို တောက်လျှောက်လုပ်နေရမှာဖြစ်ပါတယ်

- ပူ၍စပ်သောအစာများ

မအိပ်ခင်စားတဲ့ ဘယ်အစားအသောက် မှာမှပူတာ စပ်တာမပါသင့်ပါဘူး။ နှလုံးကို လောက်ကျွမ်းစေတဲ့ အတွက် အိပ်နေစဉ်မှာ အေးချမ်းမှု မရနိုင်ပါဘူး

#credit
#Elenii
#knowledge
#food
#health

5 months, 2 weeks ago

**သူငယ်ချင်းကောင်း

သင့်ကို ချစ်တယ်။
ဒါပေမယ့် …
ချစ်သူတော့ မဟုတ်။

သင့် ကို ဂရုစိုက်တယ်။
ဒါပေမယ့် …
မိသားစုဝင် တော့ မဟုတ်။

သင့်ကို ပွေ့ဖက်အားပေးတယ်။
ဒါပေမယ့် …
ဘဝလက်တွဲဖော် တော့ မဟုတ်။

သင့်ကို ကူညီအားပေးတယ်။
ဒါပေမယ့် ...
ဆွေမျိုးသားချင်းတော့ မဟုတ်။

အဲဒီသူက..
သူငယ်ချင်း ကောင်း … ပါပဲ။

သူငယ်ချင်းကောင်းက

သင့်ကို ဖခင် တစ်ယောက်လို
ဆူပူလိမ့်မယ်။

မိခင် တစ်ယောက်လို
ဂရုစိုက်လိမ့်မယ်။

အကို တစ်ယောက်လို
စ နောက်လိမ့်မယ်။

အမ တစ်ယောက်လို
အားပေးနှစ်သိမ့်လိမ့်မယ်။

ညီလေး တစ်ယောက်လို
တိုင်ပင်လိမ့်မယ်။

ညီမလေး တစ်ယောက်လို
အဖော်ပြုလိမ့်မယ်။

ပြီးတော့..
သင့်ကို ချစ်သူထက်
ပိုပြီး နားလည်လိမ့်မယ်…။

စာအုပ်ဆယ်အုပ်က
သူငယ်ချင်း တစ်ယောက်နဲ့
ညီတယ်ဆိုရင်..

သူငယ်ချင်းကောင်း ကတော့
စာကြည့်တိုက် တစ်ခုနဲ့
ညီလိမ့်မယ်…

Credit _to original writer**#Elenii#Knowledge#Friend

5 months, 2 weeks ago

**ယနေ့ခေတ်မှာတော်တော်များများကzoomဖြင့် Online classတွေ
meetingတွေ/အင်တာဗျူးတွေ
စတာတွေကိုပြုလုပ်လာကြပါတယ်။

Zoomဖြင့်အတန်းမတက်ခင်လုပ်
သင့်သည့်အချက်များ

၁၊အင်တာနက်လိုင်းကောင်းအောင်ပြင်ဆင်ထားသင့်ပါတယ်။

မီတင်တက်နေရင်းနဲ့ အင်တာနက်ပျက်သွားတာမျိုးဖြစ်ရင် အရေးကြီးတဲ့အချက်အလက်တွေကို မနားထောင်လိုက်ရဘဲ လွတ်သွားနိုင်တာမို့လို့ အင်တာနက်လိုင်းကို မကျနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

၂၊ မိမိရဲ့ပတ်ဝန်းကျင်ကလူတွေကို မှာထားသင့်ပါတယ်

မီတင်တက်မယ်ဆိုရင် မိမိနဲ့တူတူနေတဲ့သူတွေ၊ မိသားစုဝင်တွေကို မိမိကိုစကားလာမပြောအောင်နဲ့ အနောက်ကနေဖြတ်လျှောက်တာမျိုးတွေကို မလုပ်အောင် မှာထားသင့်ပါတယ်။ အိမ်ကလူတွေရဲ့အသံတွေ ဒါမှမဟုတ် အိမ်မှာမွေးထားတဲ့ခွေးလေးရဲ့ဟောင်သံတွေက မိမိစကားပြောတဲ့အခါမှာ ပါသွားရင် တဖက်ကနားထောင်နေတဲ့သူတွေလဲ သေချာမကြားရတဲ့အပြင် စိတ်အနှောင့်အယှက်ဖြစ်စေတာမို့ မလိုအပ်တဲ့အသံတွေမပါရအောင် သေချာမှာထားသင့်ပါတယ်နော်။

၃၊ မီတင်မစခင် ၅မိနစ်၊ ၁၀မိနစ်ခန့် ကြိုတင်ဝင်ထားသင့်ပါတယ်

မီတင်မစခင် ၅မိနစ်၊၁၀မိနစ်ခန့် ကြိုတင်ဝင်ထားသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ မီတင်တစ်ခုမစခင်မှာ အဲဒီရဲ့ မီတင်Linkထဲကနေဝင်လို့ရရဲ့လား? ကိုယ့်ရဲ့ရုပ်နဲ့ နောက်ခံအလင်းအမှောင် Backgroundတွေရော သေသေချာချာပြတ်ပြတ်သားသား မြင်ရရဲ့လား? အင်တာနက်ကော်နရှင်ရောမိရဲ့လား? အသံထွက်ကရောကောင်းရဲ့လား? နားကြပ်တပ်ပြီးအသုံးပြုမယ့်သူဆိုရင်တော့ နားကြပ်ကရော သေချာကြားရဲ့လား? စသဖြင့် ဖြစ်လာနိုင်မယ့် risksတွေကို သေချာစဥ်းစားပြီး အချိန်ယူကြိုတင်ပြင်ဆင်သင့်ပါတယ်။
သတိထားရမယ့်တစ်ချက်ကတော့ မီတင်စတာက သတ်မှတ်ထားတဲ့အချိန်မှာပဲစတာပါ ဥပမာ ၁၀နာရီစမယ့်မီတင်ကို မိမိက ၉:၅၀လောက်ကတည်းက ကြိုဝင်ထားရင်လဲ ဘာမှပေါ်လာမှာမဟုတ်ပါဘူး။ မီတင်စမယ့်အချိန်မရောက်သေးတဲ့အတွက်ကြောင့် ခနစောင့်ပေးပါဆိုတဲ့ စာကြောင်း၊ သို့မဟုတ် Hostဆီကနေခွင့်ပြုချက်စောင့်နေတုန်းပါ ဆိုတဲ့Messageပေါ်လာပါလိမ့်မယ်နော်။ ပြဿနာမရှိပါဘူး အဲဒါကိုလောနေစရာမရှိပါဘူး သတ်မှတ်ထားတဲ့ ၁၀နာရီဆိုတာနဲ့ ဟိုဘက်ကလူတွေရဲ့ရုပ်တွေပေါ်လာပါလိမ့်မယ်။ ဘာမှမပေါ်လာသေးဘူးဆိုပြီး မီတင်လုပ်တဲ့လူကို ဖုန်းဆက်အကြောင်းကြားတာမျိုးတွေကလဲ တဖက်လူကိုစိတ်အနှောင့်အယှက်ဖြစ်စေနိုင်တာမို့ မလောဘဲနဲ့အချိန်ကိုစောင့်လိုက်ပါ။ စောင့်နေတဲ့အချိန်အတောအတွင်းမှာ အပေါ်မှာပြောထားတဲ့အချက်တွေ မိမိဘက်ကသေချာအောင် ပြင်ဆင်ထားလိုက်ပါ။

၄၊ Noteလိုက်မှတ်ဖို့အတွက်ပြင်ဆင်ထားပါ

မီတင်Joinတော့မယ်ဆိုရင် တဖက်လူကပြောတဲ့အရေးကြီးတဲ့အချက်အလက်တွေကို လိုက်မှတ်ဖို့အတွက် ရေးမှတ်စရာ စာရွက်၊စာအုပ်၊ဘောပင်၊ခဲတံ တွေကိုပြင်ဆင်ထားသင့်ပါတယ်နော်။ မီတင်စပြီးတော့မှ မှတ်စရာမရှိလို့ လိုက်ရှာနေရတာမျိုးဆိုရင် အချိန်ကုန်တဲ့အပြင် အရေးကြီးတဲ့အချက်အလက်တွေကိုလဲလွတ်သွားနိုင်တာမို့လို့ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။**#Elenii#Tips#Zoom

5 months, 2 weeks ago

**မောနီးပါရှင့်

သာယာတဲနေ့လေးပိုင်ဆိုင်နိုင်ကြပါစေနော်**#Elenii#Owner

5 months, 3 weeks ago

**သူခိုးကြီးညမှာကိုယ့်ကိုလာခိုးလို့ရတယ်နော်

တည်နေရာကတော့သူများသားရင်ခွင်ထဲမှာပါရှင့်

စာသား crd**#Elenii#crd

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 4 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

Admin ဆီသို့ဆက်သွယ်ရန်👇

@Contact_Summer_Bot

Last updated 1 month, 3 weeks ago