𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬

Description
Since~25.7.2022
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 year, 4 months ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 10 months, 3 weeks ago

10 months ago

ZAE က offer ပေးတဲ့ ယောက္ခမဘာသာစကားတွေ သင်ရင်း ယူတို့ မေ့နေတာတစ်ခုရှိပါတယ်❗️

ယောက္ခမဘာသာစကားတွေ တန်ဖိုးထားဖို့ကျ ပြောစရာမလိုဘူး
ခုကြည့် ကျွန်မက ယူတို့ မိခင်ဘာသာစကားကို တန်ဖိုးထားဖို့လာ remind လုပ်နေရပြီ👊🏻

ဟုတ်ပါတယ် ဒီနေ့လေးကတော့
🗣International Mother Language Day🗣
🧑‍🍼အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့👩‍🍼

ဒီနေ့ကလေးစတင်ဖြစ်ပေါ်လာဖို့အကြောင်းရင်းကတော့ Bangladesh နိုင်ငံမှာအခြေပြုခဲ့တာပါ🇧🇩
1952 ခုနှစ် February 21ရက်နေ့တွင် သူတို့ရဲ့ မိခင်ဘာသာစကား Bengali ကို official language အဖြစ်အသိအမှတ်ပြုပေးဖို့လှုပ်ရှားမှုမှာ ဆန္ဒပြကျောင်းသားများအား ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီလူမျိုးကျောင်းသားလေးဦး သေဆုံးခဲ့ပါတယ်😭

ကျောင်းသားလေးဦး အသတ်ခံရမှုအား ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် 1953 ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ
Feb 21 ရက်ကို official holiday အဖြစ်သတ်မှတ်ပေးခဲ့တယ်💦

အဲ့ဒီနေ့လေးကို 1999 ခုနှစ် November 17 ရက်မှာတော့ UNESCO က International Mother Language Day တရားဝင်နေ့တစ်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်🌟

2000 ခုနှစ်ကစပြီး တစ်ကမ္ဘာလုံးမှာ ကျင်းပခဲ့ကြတာ ခုဆို ငွေရတုကိုရောက်ရှိလာပါပြီရှင်

💫ဒီနေ့လေးရဲ့ ရည်ရွယ်ချက်က
ကိုယ့်ရဲ့မိခင်ဘာသာစကားကို ထိန်းသိမ်းကာကွယ်ရန်နှင့် ဘာသာစကားပေါင်းစုံနဲ့ယဉ်ကျေးမှုကွဲပြားမှုကို လက်ခံဂုဏ်ပြု‌ပေးရန်ပါ💫

အဲ့တော့ 🌍ကမ္ဘာပေါ်မှာပြောဆိုဆက်သွယ်နေကြတဲ့ ဘာသာစကားပေါင်း (7100) ကျော်ထဲက ကိုယ်တွေရဲ့ မိခင်ဘာသာစကားကို Academies လေးတို့တကယ်ရော ထိန်းသိမ်းကာကွယ်နေရဲ့လား⁉️

🌻Zie Academy ကနေ International Mother Language Day အကြောင်းလက်လှမ်းမီသလောက် ဝေမျှရင်း နန်းတို့ရဲ့ မိခင်မြန်မာဘာသာစကားနဲ့ မြန်မာပြည်တွင်းက တိုင်းရင်းသားဘာသာစကားပေါင်းစုံကို အလေးအနက်ထား ဂုဏ်ပြုအပ်ပါတယ်ရှင့်🇲🇲

Academies လေးတို့ထဲမှာ ကိုယ်ရဲ့ mother language က တိုင်းရင်းသားဘာသာစကားဖြစ်" တိုင်းရင်းသားဘာသာစကားထဲက တစ်ခုခု ပြောတတ်တာဖြစ်" ရှိကြလားရှင်👀
နန်းကတော့ ရှမ်းစကားတစ်လုံးနှစ်လုံးပဲတတ်တဲ့ ရှမ်းဗမာကပြားလေးပါ🙈

#International_Mother_Language_Day
#contentwriter_Nesli
#graphicdesign_Nesli
#Zie_Academy
#ZAE

10 months ago
𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬
10 months ago

အချစ်ရေးအခြေအနေကို စပိန်လိုပြောကြမယ်။🇪🇸❤️‍🩹

¡Hola Todos! ဒီ‌ပိုစ့်လေးမှာတော့ ကိုယ့်ရဲ့ အချစ်ရေးအခြေအနေကို စပိန်လိုဘယ်လိုပြောရမလဲဆိုတာ‌မျှဝေပေးလိုက်ရပါတယ်။ ဒီအကြောင်းကိုပြောတတ်ဖို့ကလည်း အရေးပါတယ်လိုထင်ပါတယ်။ ဒါမှ ကိုယ်ကစပိန်နိုင်ငံရောက်သွားပြီး စပိန်ကောင်လေး/မလေးကို ရည်းစားရှိလား လို့မေးချင်တဲ့အခါ အဆင်သင့်ဖြစ်နေမှာပါ🙈💞

ဒါဆိုရင်တော့ အတူတူလေ့လာကြည့်ကြမယ်🇪🇸💞

¿Estás soltero/soltera?
မင်းကလူလွတ်လား။

¿Tienes novio/novia?
မင်းမှာ ကောင်လေး /ကောင်မလေးရှိလား။

¿Estás en una relación?
မင်းမှာချစ်သူရှိ‌နေတာလား။

¿Estás saliendo con alguien?
တစ်ယောက်ယောက်နဲ့‌တွဲနေတာလား

¿Estás casado/casada?
လက်ထပ် ပြီးသားလား။

Tengo novio/novia
ငါ့မှာကောင်လေး /ကောင်မလေးရှိတယ်။

Estoy prometido.
ငါ‌ကစေ့စပ်ပြီးသားပါ။

Planeamos casarnos.
ငါတို့ကမကြာခင်လက်ထပ်တော့မှာ။

Estoy casado/a.
ငါကလက်ထပ်ပြီးသားပါ။

Nos separamos.
ငါတို့လမ်းခွဲလိုက်ပြီ။

ဒါ‌ဆိုရင်ရော ကောင်လေး‌/ကောင်မလေးရသွားရင်ဘယ်လိုကြူးရမလဲဆိုတာလေးပါပြောပြပေးပါမယ်🙈💞

Te amo.
ကိုယ်မင်းကိုချစ်တယ်။

Eres la chica/ el chico más hermosa / hermoso que jemás hermosa/hermoso haya visto.
ကိုယ်တွေ့ဖူးတဲ့ မိန်းကလေး/ယောက်ျားလေးတွေထဲမှာ မင်းကအလှဆုံး /အခန့်ညားဆုံးပဲ🙊

Te daré el mundo si quieres , señorita
မိန်းကလေးငယ်လိုချင်ရင် ကမ္ဘာကြီးတောင်ကိုယ်ပေးပါ့မယ်။

Si quieres la luna la tomaté de todos modos, señorita .
ကိုယ့်မိန်းကလေးငယ် လကြီးလိုချင်ရင်တောင် ကိုယ်ယူပေးပါ့မယ်

Ya ves mi getos amistosos que significan que estoy de ti. (F/m)
ကိုယ့်ရဲ့မင်းအပေါ်မှာအချစ်ကြီးနေတဲ့ အမူအရာတွေလည်းမင်းရိပ်မိနေလောက်ပါပြီ💞

ဒါကတော့ ကိုယ့်ရဲ့အချစ်ရေးကိုစပိန်လိုပြောလို့ရမယ့် စာကြောင်းလေးတွေပဲဖြစ်ပါတယ်။ အားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ¡Adiós! 🇪🇸💞

#Romantic_Phrases_In_Spanish
#contentwriter_Juana
#graphicdesign_Hureen
#Zie_Academy
#ZAE

10 months ago
𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬
10 months ago

Sayar Lian Muan Sang က ချင်း တိုင်းရင်းသားဖြစ်ပြီးစာအသင်အပြကောင်းတဲ့ဆရာတစ်ယောက်ဖြစ်ပါတယ်။💁

ဒီနေ့ကတော့ Sayar Lian Muan Sang ရဲ့မွေးနေ့လေးဖြစ်ပါတယ်။

Happy Birthday par Sayar Lian Muan Sang
May your birthday be filled with happiness, good health, and all your wishes come true. 🎊 May you live a happy life with your loved ones and be blessed with many loved ones. 🎉 May your work be successful and your income increase. 🥳 May you be a good son who can serve your parents more than this. 🧚 May you solve every problem you encounter without difficulty. 💪 May you teach your students more than this and share your knowledge . 😁

Sayar Lian Muan ရေ စာအသင်အပြကောင်းလွန်းလို့ အကြာကြီးစာတွေသင်ပြပေးနိုင်ပါစေလို့ Zie Academy မှာဆုတောင်းပေးလိုက်ပါမယ်ရှင့်။

#Sayar_Lian_Muan_Sang_bd_wish
#contentwriter_Moe
#graphicdesign_Nesli
#Zie_Academy
#ZAE

10 months ago
𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬
10 months ago
𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬
10 months ago
𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬
10 months ago
𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬
10 months ago
𝗭𝗜𝗘 𝗔𝗖𝗔𝗗𝗘𝗠𝗬
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက official account ??တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 year, 4 months ago

ဆက်သွယ်ရန် Admin Account ⬇️

@Trs234456
@Trs234456

Last updated 10 months, 3 weeks ago