Channel B Movie

Description
မြန်မာစာတန်းထိုး ဇာတ်ကားများ
We recommend to visit

ကာတွန်းကမ္ဘာChannelမှကြိုဆိုပါတယ်ဗျ။

@cartoonadmin99 ကိုဆက်သွယ်နိုင်ပါတယ်။

Last updated 11 months ago

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 11 months, 3 weeks ago

Anime တွေကြည့်ဖို့ Senpai ရဲ့ ချန်နယ် အားလုံး ဝင်ပေးထားကြပါ

Last updated 10 months, 3 weeks ago

2 years, 1 month ago

Always (2011)
Genre: Drama, Romance
IMDB:7.7/10

ဇာတ်ကားကြည့်ရန်
Channel အရင် Join ပေးပါ
?*https://t.me/+2MCzMf-OkuwxY2E1 *ဇာတ်ကားလင့်❤️*?***

https://t.me/c/1906477436/55
https://t.me/c/1906477436/55

ဒီတစ်ခါမှာတော့ Channel B ပရိသတ်ကြီးအတွက်
Old but Gold ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်နော်..
ဒီဇာတ်ကားထဲက ဂျန်ချောမင်းဆိုတဲ့ ကောင်လေးရဲ့ ဘဝဟာ ပန်းခင်းလမ်းလိုမလွယ်ကူခဲ့ပါဘူး
တစ်ချိန်တစ်ခါတုန်းက ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ လက်ဝှေ့ကစားသမားဖြစ်ပေမယ့်လည်း
နောက်ပိုင်းမှာတော့ ငွေချေးသူတွေကို ရိုက်နှက်ပြီး အကြွေးတောင်းတဲ့ အလုပ်ကို လုပ်ခဲ့ရပါတယ်..
နောက်ပိုင်း ငွေလိုက်တောင်းတဲ့အလုပ်ကနေထွက်လိုက်ပြီး သာမန်ဘဝကိုဖြတ်သန်းဖို့ကြိုးစားနေတဲ့အချိန်မှာမှ သူအရမ်းချစ်မြတ်နိုးရမယ့် ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့ရပါတယ်..
အဲ့ကောင်မလေးနာမည်ကဂျောင်ဟွာ ဖြစ်ပြီးတော့ မျက်မမြင်ကောင်မလေးလည်းဖြစ်ပါတယ်..
ဒီလိုနဲ့ သူအရမ်းချစ်ရတဲ့ကောင်မလေးဂျောင်ဟွာကို မျက်စိခွဲစိတ်ပေးနိုင်ဖို့ ဂျန်ချောမင်း
တရားမ၀င် အလုပ်လုပ်ပြီး ငွေထပ်ရှာရပြန်ရတော့ပြန်ရော..
ဂျန်ချောမင်းတစ်ယောက် ဘေးကင်းကင်းနဲ့ ချစ်ရသူနဲ့ပေါင်းဖက်နိုင်ပါ့မလား.. ကောင်မလေးကရော ဒီအကြောင်းတွေသိသွားရင် ဘယ်လိုပြဿနာတွေဖြစ်ကြဦးမလဲ.. ဂျန်ချောမင်းနဲ့ ဂျောင်ဟွာတို့ရဲ့ အချစ်အဓိပ္ပါယ်က ဘာဖြစ်မလဲ
စတဲ့စိတ်ဝင်စားစရာအပိုင်းတွေ ကို အတူတူအဖြေရှာကြနိုင်ဖို့ဆက်ဆက်ကြည့်ရှုပေးကြပါဦးနော်

2 years, 1 month ago
Channel B Movie
2 years, 1 month ago
Channel B Movie
2 years, 1 month ago

Soulmate (소올메이트)
Genre:Drama, Romance
IMDB:7.4/10

ဇာတ်ကားကြည့်ရန်
Channel အရင် Join ပေးပါ
?*https://t.me/+2MCzMf-OkuwxY2E1 *ဇာတ်ကားလင့်❤️*?***

https://t.me/c/1906477436/52
https://t.me/c/1906477436/52

အသက် ၁၃ နှစ်အရွယ်မှာ တွေ့ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်

အန်မီဆို နဲ့ ဂိုဟာအွန်းဆိုတဲ့ ကောင်မလေး၂ယောက်ဟာ ၁၃နှစ်အရွယ်ကတည်းက အရမ်းကိုခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း ၂ ယောက်ဖြစ်ပြီး ဘယ်တော့မှ မခွဲကြဘူးလို့လည်း အပြန်အလှန် ကတိပေးထားခဲ့ကြပါတယ် ဒီလို သူငယ်ချင်း ၂ယောက် အရွယ်ရောက်လာတဲ့အခါ၂ယောက်ကြားထဲကို ဂိုဟာအွန်းရဲ့ အချစ်ဦး ဟန်ဂျင်ဝူးဆိုတဲ့ကောင်လေး ပေါ်လာတဲ့အခါမှာတော့ သူငယ်ချင်း ၂ယောက်ရဲ့ ဆက်ဆံရေးဟာ ပျက်ပြားသွားခဲ့ရပါတော့တယ် နှစ်တွေအများကြီးကြာပြီးနောက် ပြန်ဆုံကြပေမဲ့ အရင်လို သံယောဇဉ်တွေကျန်နေဦးမလား တစ်ယောက်နဲ့တစ်ယောက်ရော နားလည်ပေးနိုင်ပါ့မလားဆိုတဲ့ သူငယ်ချင်း၂ယောက်ကြားက ချစ်ခြင်းမေတ္တာတွေ မနာလိုသဝန်တိုမှုတွေ ကြားလူအတွက်ကြောင့်နဲ့ မပျက်သွားချင်တဲ့ ဒီသူငယ်ချင်းဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းသွားနိုင်ပါ့မလားဆိုတာကို ခံစားချက်ပေါင်းမျိုးစုံ ရသမျိုးစုံနဲ့ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်

ဒီဇာတ်ကားလေးထဲမှာတော့ အားလုံးသိကြတဲ့ Our Beloved Summer ထဲက မင်းသမီး Kim Da Mi , 21st Century Girl ထဲက မင်းသား Byeon Woo Seok တို့ ပါဝင်ထားပြီး ရင်ထဲမှာတသသကျန်ခဲ့မယ့် ဇာတ်ကားလေးဖြစ်တဲ့အတွက်ကြောင့် အားလုံးပဲ Channel B နဲ့အတူ မျက်ရည်လေးဝဲပြီး ကြည့်ရှုလိုက်ကြရအောင်နော်

2 years, 1 month ago

Mission: Impossible – Dead Reckoning Part One(2023)
Genre: Action, Adventure, Mystery & thriller
Release Date: Jul 12, 2023 
IMDB:7.9/10

လုံး၀အကြည် HDပါနော်

Channel အရင် Join ပေးပါ❤️?
https://t.me/+2MCzMf-OkuwxY2E1

ဇာတ်ကားကြည့်ရန်❤️?

https://t.me/c/1906477436/6
https://t.me/c/1906477436/6

HD အကြည်ထွက်လာလို့တင်ပေးလိုက်ပါတယ်။
မင်းသားကြီး Tom Cruise ရဲ့ Mission: Impossible ဇာတ်ကားတွေက ပရိသတ်ကြီးရင်ထဲမှာ အမြဲတမ်းစွဲကျန်ရစ်စေခဲ့တာပါ။အခုတစ်ခေါက်မှာလည်း Mission: Impossible – Fallout ရဲ့အဆက်ဖြစ်တဲ့ Mission: Impossible – Dead Reckoning Part One ဇာတ်ကားလေးကထွက်ရှိလို့လာပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။လက်ရှိကမ္ဘာမှာ ခေတ်စားနေတဲ့ AI နည်းပညာတစ်ခုဖြစ်တဲ့ အန်တတီလို့ခေါ်တဲ့ စက်ရုပ်ဦးနှောက်လိုအရာတစ်ခုက ကမ္ဘာပေါ်မှာရှိတဲ့ လုံခြုံရေးစနစ်တွေ ကွန်ရက်တွေကို ထိုးဖောက်ဝင်ရောက်စွမ်းရှိပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့အထိ အစွမ်းရှိပါတယ်။ဒီလို အန်တတီလို့ခေါ်တဲ့အရာကို ဖျက်စီးပစ်နိုင်မယ့် လျှို့ဝှက်ချက်က သော့တစ်ချောင်းထဲမှာရှိနေပါတယ်။သော့ကလည်း နှစ်လွှာပေါင်းမှတစ်ရွက်တည်းဖြစ်တဲ့ စွယ်တော်ရွက်လို သော့နှစ်ပိုင်းပေါင်းမှ သော့တစ်ချောင်းဖြစ်လာနိုင်မှာပါ။ဒီလိုနှစ်ပိုင်းဖြစ်နေတဲ့သော့ကိုလည်း ကမ္ဘာပေါ်မှာရှိတဲ့ အစိုးရတိုင်းက အပြိုင်အဆိုင်လိုချင်နေကြတာပါ။ လူသားမဟုတ်တဲ့ အန်တတီနည်းပညာနဲ့ သော့ကိုလိုချင်နေကြတဲ့ နိုင်ငံပေါင်းစုံကအစိုးရအရာရှိတွေရဲ့လက်ထဲ သော့ကိုရောက်မသွားအောင်ကာကွယ်ရမှာဖြစ်သလို သော့ကိုဘယ်လိုပေါင်းစပ်ပြီးအသုံးပြုရမလဲဆိုတာကိုလည်း Tom Cruise တစ်ယောက်ရှာပုံတော်ဖွင့်ရင်းဘယ်လိုဖြစ်လာမလဲဆိုတာကတော့စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။

2 years, 1 month ago
Channel B Movie
2 years, 1 month ago
Channel B Movie
2 years, 1 month ago

Concrete Utopia(2023)
Genre: Disaster-Thriller/ Drama

Channel အရင် Join ပေးပါ❤️?
https://t.me/+2MCzMf-OkuwxY2E1

ဇာတ်ကားကြည့်ရန်❤️?
https://t.me/c/1906477436/3
https://t.me/c/1906477436/3

ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ အချို့သော တောင်ကိုးရီးယားရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေရဲ့ ထုံးစံအတိုင်း အခု ဇာတ်ကားလေးဟာလည်း Webtoon တစ်ခုရဲ့ ဒုတိယပိုင်းကို ပြန်လည်မှီငြမ်းရိုက်ကူးထားတာပါ။ 2023 တောင်ကိုရီးယားရုပ်ရှင်တွေထဲမှာ ဝင်ငွေအကြမ်းဆုံး တတိယနေရာမှာ ရပ်တည်ခဲ့တဲ့ကားလေးလည်း ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးဘယ်လောက်ပျက်စီးသွားမှန်းတောင် မသိနိုင်လောက်တဲ့ အင်အားနဲ့ရိုက်ခတ်သွားတဲ့ မြေငလျင်ကြီးအပြီးမှာ ဆိုးလ်မြို့လည်ကောင်က ဟွမ်ဂွန်းတိုက်ခန်းကြီးသာ ခိုလှုံရာနေရာအဖြစ်ကျန်ရစ်ခဲ့ပါတယ်။ သေမတတ်အေးခဲနေတဲ့ ရာသီဉတုဒဏ်ကြောင့် အသက်ရှင်ကျန်ရစ်သူတွေဟာ ဒီတိုက်ကြီးမှာနေစရာရဖို့အတွက် ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေနဲ့ တင်းမာလာကြပါတယ်။
အသက်ရှင်ဖို့ မျှော်လင့်ချက်နဲ့ ပတ်သက်လာရင် လူတွေဘယ်လောက်တောင် အဆင်အခြင်မဲ့ အရိုင်းဆန်လာသလဲဆိုတဲ့ပြကွက်လေးတွေကို အားကောင်းကောင်းနဲ့ တင်ဆက်ပြသထားပါတယ်။ တောင်ကိုရီးယားကြယ်ပွင့်တွေဖြစ်တဲ့ မင်းသားကြီး လီဗျောင်ဟွန်းနဲ့ ပတ်ဆိုဂျွန် တို့တွေ ဒီကားထဲမှာ အနုပညာမှော်တွေအောင်ပြဦးမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးကို ရင်တလှပ်လှပ်နဲ့ ကြည့်ပြီးဆုံးဖြတ်ပေးကြပါဦး။
IMDB rating ကတော့ အကြမ်းစားရထားတာမို့ အချိန်ပေးရကျိုးနပ်မယ့် ကားကောင်းလေးတစ်ကားပါပဲလို့ ညွှန်းပါရစေခင်ဗျာ။

2 years, 1 month ago
Channel B Movie
2 years, 1 month ago
Channel B Movie
We recommend to visit

ကာတွန်းကမ္ဘာChannelမှကြိုဆိုပါတယ်ဗျ။

@cartoonadmin99 ကိုဆက်သွယ်နိုင်ပါတယ်။

Last updated 11 months ago

မိတ်​ဆွေတို့ရဲ့ လုပ်ငန်း​ကြေငြာများ

ထည့်သွင်းလိုပါက @Contact_Summer_Bot ကိုဆက်သွယ်​ပေးပါ။

Last updated 11 months, 3 weeks ago

Anime တွေကြည့်ဖို့ Senpai ရဲ့ ချန်နယ် အားလုံး ဝင်ပေးထားကြပါ

Last updated 10 months, 3 weeks ago