ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3
Last updated 1 year ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 1 year, 5 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 year ago
ဇာတ်နိမ့်သူပုန်
ဇာတ်နိမ့်သူပုန်လို့ဆိုရမှာဘဲ ဤနိုင်ငံရဲ့ထုံးစံကိုက နာမည်ဂုဏ်သတင်းကျော်ကြားမှ ငွေကြေးဥစ္စာပြည့်စုံမှ အာဏာပါဝါရထားမှ အဆင့်အတန်းမှီတာကို။ အဲ့တခုမှမရှိတဲ့ ဒီမောင်ကတော့ ဇာတ်နိမ့်သူပုန်ပေါ့။ တော်လှန်သူချင်းလည်း မှီဝဲစားသုံးကြသေးသဗျ။ မုဆိုးလား သားကောင်လား မှန်ထဲပြန်ကြည့်ရသေး အစားခံလိုက်ရမှာတော့ ကြောက်သကိုး အညာမှာသားကောင်ဖြစ်သွားတာတွေမှ မနည်းမနော။ ဇာတ်ညွန်းရေးဆရာတွေ မင်းသားတွေကတော့ ပေါမှပေါ ဇာတ်လမ်းဇာတ်ညွန်းတွေကကောင်းမှကောင်း သရုပ်ဆောင်က ကောင်းမှကောင်းနဲ့ နာမည်ကြီးပြီး ဝင်ငွေကောင်းတာလည်းမပြောနဲ့ တယ်ပီပြင်တာကို။
ခေတ်ရေစီးကြောင်းကိုက ဒါမျိုးထင်ပါရဲ့ ကျုပ်ကတော့ ခေတ်အပြင်ကိုထွက် ခေတ်ကိုသရော် ခေတ်ကိုပုန်ကန်ရင်း social media ပေါ်က တော်လှန်ရေးဆိုတာကို ဟားတိုက်မိလေရဲ့။ တော်လှန်ရေးကို ပါးစပ်ကမနားတန်း ဟောပြောနေတဲ့ တော်လှန်ရေးရဲ့ ခေါင်းဆောင်ကြီးဆိုလား "ငါတို့က အာဏာရှင်ကိုမကြိုက်လို့တော်လှန်နေတာကွ" ဝါးတားဂိတ်ရဲ့ဘန်ကာတဲရှေ့ သေနတ်ကိုလွယ်ရင်း ဟောပြောနေတဲ့ ခေါင်းဆောင်ကြီးပေါ့ "ဟုတ်ဆရာ ဘာလို့မကြိုက်တာလည်း သူတို့က ဘာတွေလုပ်လို့လည်း ဆရာက သူတို့ကိုမကြိုက်လို့တော်လှန်တာဆိုတော့ သူတို့လုပ်တဲ့ အာဏာရှင်ဆန်တဲ့လုပ်ရပ်တွေနဲ့ ဆန့်ကျင်ဘက် တရားမျှတပြီး ဓမ္မသတ်ကျတဲ့ လုပ်ရပ်တွေ လုပ်နေတာပေါ့?" မေးခွန်း၏အဖြေကို ဒီမောင်မသိချင် မေးခွန်းကိုလည်း နှုတ်မှဖွင့်ဟမေးရန် မဝံရဲ ဪ အဲ့တာကိုက ခေတ်လေ ဇာတ်နိမ့်သူပုန်တယောက် လိုက်မမှီနိုင်တဲ့ခေတ်ပေါ့။
တော်လှန်ရေးဆိုတာ လူထုကောင်းစားရေးကွဲ့ လူထုကိုရှေးရှုကြ အတွေးအခေါ်ကို မြှင့်တင်ကြ မကောင်းတဲ့စနစ်ကို ဖြိုချပြီးရင် ကောင်းတဲ့စနစ်ကို ပြန်တည်ဆောက်ပေးရသကွ။ အာဏာဆိုတာ ပြည်သူပိုင် မယူကောင်းတဲ့အရာ မယူသင့်တဲ့အရာ မယူထိုက်တဲ့အရာကွဲ့ မယစ်မူးမိစေနဲ့ မသာယာမိစေနဲ့ ယစ်မူးသာယာမိရင် လူထုရွံမုန်းလို့ တော်လှန်ခံရသကွ။ တော်လှန်သော အညတရသူပုန်တို့ တော်လှန်ရေးကြီးပြီးတဲ့အခါ မင်းရောငါရော အိမ်ကထွက်လာတုန်းကအတိုင်း အိမ်ကိုပြန်ကြတာပေါ့။
- Kiri (ရတနာပုံတပ်ဦး)
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3
Last updated 1 year ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 1 year, 5 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006
Last updated 1 year ago