ϲнαииєℓ ɓყ υиιτγ

Description
Let's explore the world 🌍
Play games and have fun.
Life is short 🌟
So live a life you will remember 💖

🏀 22.10.2022 🏀
💘 By Unity 💘
Advertising
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week ago

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago

7 months, 1 week ago
ဘဝကိုကဗျာဖွဲ့တဲ့အခါ

ဘဝကိုကဗျာဖွဲ့တဲ့အခါ

လူတစ်ချို့က တိမ်ယံတွေဖြစ်လာတယ်။

လူတစ်ချို့က ကြယ်လေးတွေဖြစ်လာတယ်

လူတစ်ချို့က ကောင်းကင်ကြီးလိုဖြစ်ပြီး

လူတစ်ချို့က တောငိတန်းတွေလိုပဲ

တစ်ချို့ကျတော့လဲ ပင်လယ်ပြာကြီးလို

အဓိပ္ပာယ်အမျိုးမျိုးနဲ့ ရောင်စုံခြယ်သထားတဲ့လူအမျိုးမျိုးနဲ့ တွေ့ဆုံရာရထားတစ်စီး လို့ပဲဆိုလိုက်ချင်တယ်။

#own_idea
#kiki
#forward_only
#crd_photo

( တိမ်ယံတွေရဲ့အဝေးဆုံးကိုသာရည်ရွယ်လို့ ) GGo

7 months, 2 weeks ago
ဟယ်လိုပါ သူငယ်ချင်းလေးတို့

ဟယ်လိုပါ သူငယ်ချင်းလေးတို့

မင်မင်ကတော့ kiki ပါရှင်။

သူငယ်ချင်းလေးတို့ကို ဂါကြေညာစရာလေးရှိပါတယ်နော်။

ဂါလဝက်လောက်ခနပျောက်ပါမယ်။ စာမေးပွဲလေးပြီးသွားရင်တော့ ပြန်ပေါ်လာမှာပါ။ အဲ့ခါကျရင်ချန်နယ်လေးလဲအသစ်ဖွင့်ဖို့စဉ်းစားထားပါတယ်။

ဒီချန်နယ်လေးကိုလဲဆက်ရန်းပြီးဆက်ထားမှာပါ။ ဘာလို့လဲဆိုတော့ ဂါရဲ့ခင်မင်ရတဲ့မင်မင်တွေ နှင်း ၊ ပုရွက်ဆိတ် ၊ သက်ပိုင်ရယ်ကနေစခဲ့ပြီး ထပ်တိုးပြီးအကြောင်းအမျိုးမျိုးကြောင့် ထွက်သွားတဲ့ မင်မင် ဆု ၊ မှူး ၊ ဝတ်ရည် ၊ စဝ်လင်း ၊ ပိုး တို့နဲ့အတူတူရန်းခဲ့တဲ့ချန်နယ်လေးမလို့ပါ။

ပြီးတော့ချန်နယ်ထဲကသူငယ်ချင်းလေးတွေက ခုချိန်ထိစိတ်ရှည်ရှည်နဲ့ဆက်ရှိနေပေးတာကော ၊ ခင်မင်မှုနဲ့ ဝင်ပြီးဂျွိုင်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုကေျးဇူးတင်ပါတယ်နော်။

ထွက်သွားတဲ့သူငယ်ချင်းလေးတွေကိုလဲ

ခွဲခွာရမည့်အချိန်များအား ချိုမြိန်ပါစေလေ
နာကျင်မှုများသည်လည်း
တေးသွားများသာဖြစ်ပါစေတော့

လို့ နှုတ်ဆက်စကားဆိုရင်း

ခုရက်ပိုင်းအတောအတွင်းမှာ ဂရုစိုက်ကြပါနော်။ ကျန်းမာရေး ၊ သွားရေးလာရေး၊ ညဘက်ဖြစ်နိုင်ရင်အပြင်မထွက်တာအကောင်းဆုံးပဲနော် ။

အားလုံးကိုချစ်ပါတယ်နော်။

မင်မင်ဂါလေး။ ( ငြိမ်းချမ်းရေးပန်းတွေပွင့်ဖို့ စောင့်ရချိန်မကြာစေချင် )

8 months ago
တစ်ယောက်တည်းနေရတဲ့အချိန်တွေသာများလာရင် အထီးကျန်တယ်ဆိုတာကို မင်းသတိထားမိတော့မှာမဟုတ်ဘူး..။

တစ်ယောက်တည်းနေရတဲ့အချိန်တွေသာများလာရင် အထီးကျန်တယ်ဆိုတာကို မင်းသတိထားမိတော့မှာမဟုတ်ဘူး..။

သီချင်းတွေကိုသာ ကြိုက်တတ်ရင်..
ရုပ်ရှင်ကားတွေကိုသာခံစားတတ်ရင်..
ချစ်ခြင်းမေတ္တာကို အပြင်မှာခံစားဖို့လိုတော့မှာ မဟုတ်ဘူး။

အိမ်မွေးတိရစ္ဆာန်လေးတွေ မင်းချစ်တတ်ရင်
မင်းဘဝဟာ အထီးကျန်မှာမဟုတ်တော့ဘူး။

သဘာဝတွေကိုသာချစ်ရင်
တောင်တန်းနဲ့ပင်လယ်ဆီအလယ်သွားရတာကို
ပျော်တယ်ဆိုရင် မင်းအတွက်အသက်ရှင်နေရခြင်းဟာ
အဓိပ္ပါယ်ရှိမှာပါ..။

စာအုပ်တွေကိုသာ ချစ်တတ်ရင်...
အိပ်ခန်းကျဥ်းကျဥ်းလေးကိုလည်း ခင်တွယ်နိုင်တယ်။

လုပ်ပေးနိုင်တာကိုလုပ်ပေးပြီး
ဘာကိုမှမမျှော်လင့်တတ်တဲ့စိတ်ထား မင်းမှာရှိတယ်ဆိုရင် မင်းဘဝဟာသိပ်အေးချမ်းလိမ့်မယ်။

ကိုယ်ကြိုက်တာတွေချက်ပြုတ်စားရတာဝါသနာပါတယ်ဆိုရင် မင်းလုပ်ငန်းခွင်ဝင်ရတာ ပျော်လာလိမ့်မယ်။အားလပ်ချိန်မှာ ကိုယ်ကြိုက်တဲ့အစားအစာတွေနဲ့ကိုယ်တိုင်အနားယူတတ်ဖို့ဆိုရင် မင်းပိုက်ဆံရှာဖို့လိုတယ်လေ..။

မင်းသာ ကိုယ့်အစွမ်းအစနဲ့ ကို ဆိုတဲ့စကားကို
သိပ်သဘောကျရင်... သေချာတယ်
မင်းဟာ တော်တဲ့ ထက်တဲ့လူတစ်ယောက်ဖြစ်လာမှာပဲ
ပြီးတော့မင်းဘဝနဲ့မင်းနေလည်း ပျော်လာလိမ့်မယ်။

#Nayvel
#crd
#for_girls
#kiki
#notes
#quotes

8 months ago

ကိုယ့်အတွေးနဲ့ကိုယ်နေပါ

ကိုယ့်ကိုမဝင်စေချင်လို့
ပိတ်ထားတဲ့တံခါးတွေကို
အတင်းဖွင့်မကြည့်ပါနဲ့
အသာလေးပဲလှည့်ပြန်ခဲ့ပါ။

ကိုယ့်ကိုမပြုံးပြချင်လို့
မြင်တာနဲ့မျက်နှာလွှဲလွှဲသွားတဲ့လူတွေကို
နောက်တစ်ခေါက်တွေ့ရင်
တည်တည်ငြိမ်ငြိမ်နဲ့ကြည့်နိုင်ဖို့
လေ့ကျင့်ထားပါ။

ကိုယ်နဲ့မပြောချင်လို့မကိုင်တဲ့ဖုန်းတွေကို
နောက်တစ်ခါထပ်မဆက်ဖြစ်အောင်
ကြိုးစားနေထိုင်ပါ။

ကိုယ့်ကိုမပြောချင်လို့
seen ဖြစ်ရဲ့သားနဲ့
မပြန်တဲ့ message တွေရှိခဲ့ရင်
နောက်ထပ်မပို့ဖြစ်အောင်ကြိုးစားပါ။

ကိုယ့်ကို unfriend လုပ်သွားတဲ့သူတွေကို
နောက်တစ်ခါထပ် မ add မိအောင်သတိထားပါ .

ကိုယ်နဲ့ဆက်ဆံရေးကျဲသွားတဲ့သူတွေကို
သူတို့စိတ်မပါပဲ အတင်းလိုက်မရောမိအောင်
သတိထားနေထိုင်ပါ။

ဟုတ်ကဲ့
ဒီအဖြစ်အပျက်တွေကြောင့်
သင်ဝမ်းမနည်းပါနဲ့ ။

ဘယ်ဘုရားကိုမှ
လူအကုန်လက်မခံပါဘူး
ဘယ်နိုင်ငံခေါင်းဆောင်ကိုမှ
လူအကုန်မထောက်ခံပါဘူး
ဘယ်အနုပညာရှင်ကိုမှ
၁၀၀%လူအကုန်မထောက်ခံပါဘူး .။
ဒါဆို
သင့်ကိုရော ?
လူတချို့လက်မခံကြတာ
ဆန်းသလား မိတ်ဆွေ....

လူအားလုံးစိတ်တိုင်းကျအောင်
နေပေးဖို့စိတ်မကူးပါနဲ့။

လူအားလုံးသဘောကျအောင်
ပြောနေဖို့လည်း မကြိုးစားပါနဲ့။

ကိုယ့်အတွေးနဲ့ကိုနေပါ။

ကိုယ့်အလုပ်ကိုသာ ကိုလုပ်ပါ။

ပြောစရာရှိတဲ့စကားကို
ရဲရဲဝံ့ဝံ့သာပြောပါ။

ကိုယ့်ယုံကြည်ချက်ကို
ကိုယ်သစ္စာရှိပါ။

ဘယ်သူမှသဘောမကျလည်း
မိမိကိုယ်မိမိ သဘောကျခြင်း
မိမိကိုယ်မိမိ ယုံကြည်ခြင်း ကသာ
ဘဝအတွက်အရေးကြီးတာပါ။

Credit:
ရွှေသုဝဏ်

#kiki
#hello
#notes
#quotes

8 months ago
ϲнαииєℓ ɓყ υиιτγ
8 months, 1 week ago

" စိတ်မပျော်တဲ့အခါ "

- နားကြပ်တပ်ပြီး သီချင်းနားထောင်ပါ ။

- motivation ပေးတဲ့ စာအုပ် ဖတ်ပါ ။

- စိိတ်မထိန်းနိုင်တဲ့အခါ ငိုချင် ငိုလိုက်ပါ ။

- ဘာမှ မတွေးဘဲ တရေးလောက် အိပ်လိုက်ပါ ။

- အချိုဓာတ်လေး အနည်းငယ် ဖြည့်ပေးပါ ။
ဥပမာ ကိတ်စားတာ၊သကြားလုံးငုံပေးတာ ။
ဘဝက ခါးပေမဲ့ လက်ထဲမှာ သကြားလုံး ရှိတယ်လေ ။

- ဆရာလယ်တွင်းသားစောချစ်ရဲ့ စာပေ ဟောပြောပွဲတွေ နားထောင်ကြည့်ပါ ။

- ခံစားနေရတာ စာအုပ်ထဲ ချရေးလိုက်ပါ ။
စိတ်မပျော်တဲ့အကြောင်း သုံးခါလောက် ထပ်ခါထပ်ခါ ချရေးလိုက်ပါ ။ ဒီအရာက ထင်သလောက် အရေးမပါမှန်း သိသွားမယ် ။

- ဖုန်းထဲက Album ထဲ ကိုယ့်ဓာတ်ပုံတွေကို ပြန်ကြည့်ပါ ။အမှတ်တရကောင်းတွေကို ပြန်တွေးကြည့်ပါ ။

- ဘဝက ထင်သလောက် မလွယ်ကူဘူး ။ ကြိုးစားရှင်သန်ရတယ်ဆိုတာ သတိရပါ ။

- ကောင်းကင်ပေါ်က ငှက်လေးတွေကို ငေးကြည့်ပါ ။ တောင်တန်းတွေကို ကြည့်ပါ ။

- ဝါသနာပါရာ တစ်ခုခု လုပ်ပါ ။ ပန်းချီဆွဲတာ ၊ ဂီတာတီးတာ ၊ ဟင်းချက်တာ ၊ ဂိမ်းဆော့တာ ၊ ပန်းစိုက်တာ
စသဖြင့် ။

- Run Your Race ကိုယ့်ဘဝရဲ့ လမ်းကြောင်းပေါ်မှာပဲ ပြေးနေပါ ။

- It's a bad day not a bad life ဆိုတဲ့ စကားကို ပြန်သတိရလိုက်ပါ ။

- ဘာမှ လုပ်ချင်စိတ်မရှိရင် ဒီတိုင်း စိတ်ကို လေလွင့်ခွင့်ပေးလိုက်ပါ ။ ခဏလောက် လွတ်ချလိုက်ပါ ။

( ကိုယ့်ဘဝအတွက် ကိုယ်ဟာ အမြဲတမ်း ကြံ့ခိုင်သန်မာနေရမယ် ။ မောလာတဲ့အခါ စိတ်ရောကိုယ်ပါ ခဏအနားယူပြီး ပြန်ရှေ့ဆက်ကြမယ် ။ အေးဆေးပေါ့....။ )

#credit
#kiki
#notes
#for_my_cuties

8 months, 1 week ago
စိတ်မပျော်တဲ့အခါ ....

စိတ်မပျော်တဲ့အခါ ....

#sar
#kiki
#hello
#quotes

9 months, 2 weeks ago
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 week ago

ကြော်ငြာထည့်သွင်းလိုပါက official account 👇👇တခြားအကောင့်မသုံးပါ
@sithuaung2009_bot

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month, 3 weeks ago