♡ 𝑷𝒐𝒕𝒆𝒓𝒚 𝒁𝒐𝒏𝒆 ✿⁠

Description
ကဗျာဆရာ...မဟုတ်သောသူ၏..ကဗျာ📚



Ch Date = 9 March 23 💫
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

1 year, 7 months ago

ဆိုင်တပတ်လည် လိုက်ကြည့်ပြီးတဲ့နောက်
ကိုသာဖေတို့မိသားစုဟာ စားပွဲခုံတစ်လုံးမှာ
ဝင်ထိုင်လိုက်ကြပြီး စားပွဲထိုးလေးကို
''လာအုံးနော်..''လို့ လှမ်းခေါ်လိုက်တယ်။
သူ့မိန်းမပေါင်ကိုလည်း လက်လေးနဲ့တို့ပြီး
''ဘာစားမလဲဟင်..''လို့ မေးလိုက်တယ်။
ပြီးတော့ ကျွန်တော့်ကို ခပ်ယဲ့ယဲ့လေး
လှမ်းပြုံးပြပြီး ခေါင်းညိတ်ပြတယ်။

''ဟာ...သွားပြီ..''လို့ ကျွန်တော့်စိတ်ထဲ
ထိတ်ခနဲတွေးလိုက်မိတယ်။

ဆိုင်ဖွင့်ရင် ငါကျွေးမယ်ပြောထားတာကို
သူမှတ်ထားပြီး လာစားလေပြီ။

တခြားအချိန်ဆို ပြဿနာမရှိ..
ဒီလောက်ကတော့ ကျွေးနိုင်မွေးနိုင်ပါတယ်။
ဒါပေမဲ့ အခုက
တကယ့် စျေးဦးပေါက်စစ်စစ်ကြီး။
တခြားနေ့တွေဆိုရင်ပင် ကိစ္စမရှိ။

အနှစ်နှစ် အလလ အိပ်မက်ခဲ့တဲ့
ဒီဆိုင်လေးရဲ့ ပထမဆုံး စျေးဦးပေါက်။
ကျွန်တော့်ရင်ထဲ တော်တော် ဗြောင်းဆန်တယ်။

ဇနီးကလည်း ကျွန်တော့်ကို
ကောင်တာကနေ လှမ်းခေါ်ပြီး
''ဘယ်လို လုပ်ကြမလဲ..''လို့ မေးတယ်။

''မသိဘူးကွာ..စျေးဦးပေါက်ကြီး..
ငါတစ်ခါ ကျွေးမယ်ပြောထားတာကို
မှတ်ထားပြီး ရောက်လာကြတာ..''

အဲဒီအချိန်မှာ စားပွဲထိုးလေးက
အနားရောက်လာလို့ ကျွန်တော်က
မေးလိုက်တယ်။

''ဘာတဲ့လဲ ညီလေး..''ဆိုတော့

''ခေါက်ဆွဲကြော် နှစ်ပွဲ တဲ့ အကို..''လို့
ပြန်ဖြေတယ်။

''ဟာကွာ..ပြဿနာပဲ..စျေးဦးပေါက်ကြီးကွ..''
လို့ ကျွန်တော်က ညည်းလိုက်တော့
ဇနီးက
''ကျွေးလိုက်ပါတော့ ကိုရယ်..''ဆိုပြီး
နှစ်သိမ့်တယ်။

မရဘူး..မရဘူး..
သုံးလေးနှစ်လောက် အပင်ပန်းခံ ၊
အကြွေးတွေ အတင်ခံပြီး တည်ခဲ့ရတဲ့
ငါ့ဆိုင်လေး
စျေးဦးပေါက်ကတော့ ပိုက်ဆံရမှ ဖြစ်မယ်..
အဲဒီပိုက်ဆံကို ငါမက်တယ်ကွာ..

ကျွန်တော် တထစ်ချ တွေးလိုက်တယ်။

''ခေါက်ဆွဲကြော် မရဘူး..
မနေ့က ဆိုင်ဖွင့်ပွဲမှာကျွေးတဲ့ ထမင်းနဲ့ဟင်း
ကျန်သေးတယ် ဆိုပြီးသွားပြောရင်
ကောင်းမလား..''လို့
ဇနီးကိုတိုင်ပင်တော့ သူက
''ပထမဆုံး အော်ဒါကို ကန်ဆယ်လုပ်လိုက်တာ
ပိုပြီး နိမိတ်မကောင်းပါဘူး ကိုရယ်..
ထားလိုက်ပါတော့..''ဆိုပြီး ပြန်ပြောတယ်။

''ကြော်ပေးလိုက် မောင်လေး..''လို့
ဇနီးက အကြော်ဆရာကို
ကြော်ခိုင်းလိုက်တယ်။

ကျွန်တော့်မှာတော့ ရင်ထဲ တော်တော်
ပူလောင်နေပြီ။
မကြာခင်မှာပဲ
စားပွဲထိုး ချပေးတဲ့ ခေါက်ဆွဲကြော်နှစ်ပွဲကို
အလယ်မှာထားလို့ သားအမိ သားအဖ
ငါးယောက်သား အငမ်းမရ စားနေကြတဲ့
ကိုသာဖေတို့ကို ကြည့်ပြီး
ကျွန်တော် တော်တော် ဒေါသထွက်ပါတယ်။

''စျေးဦးပေါက်ကွ..စျေးဦးပေါက်..
ငါ့ အိပ်မက်တွေရဲ့ ခြေလှမ်း အစကွ..
မထူးဘူးကွာ..
ငါ သူတို့ဆီက ခပ်တည်တည်နဲ့
ပိုက်ဆံတောင်းရမယ်ကွာ..
ဒါ လုပ်ကိုလုပ်ရမယ်..
မပေးနိုင်ရင်ရော..
အိုး...ပေးနိုင်မှာလည်း လုံးဝမဟုတ်ဘူး..
ဒါဖြင့် ငါဘာလုပ်မှာလဲ..
အိုး..ဒီလောက်အလိုက်ကမ်းဆိုးမသိတဲ့
လူတွေ..
ငါက ဘာအားနာနေရမှာလဲ..
သူတို့အိမ်က တစ်ခုခု ငါသွားသိမ်းရမယ်..
ပေါက်တူးတစ်လက်တွေ့တယ်..
အဲဒါ သိမ်းမယ်..
ဟုတ်တယ်..
တန်ရာ တန်ဖိုး တစ်ခုခုတော့ ငါသိမ်းမယ်..
ငါ့စျေးဦးတော့ အကျိုးမခံနိုင်ဘူး..''

ကျွန်တော် တွေးရင်း အံကြိတ်လိုက်တယ်။

အဲဒီအချိန်မှာပဲ..
''ကောင်းလိုက်တာ အဖေရာ..
ဝတောင် မဝဘူး..''ဆိုတဲ့ ကလေးတစ်ယောက်ရဲ့
အသံကို ကျွန်တော်ကြားလိုက်ရသေးတယ်။

''ောကျပွူနာပဲ..ထပ်မှာအုံးမလားမသိဘူး
နောက်တစ်ပွဲထပ်မှာရင်တော့
ငါသိမ်းမယ့် ပေါက်တူးဖိုးထက်တောင်
မကတော့ဘူး..''လို့ ကျွန်တော်တွေးရင်း
စိတ်ပူမိတယ်။

''ဟဲ့..တော်တော့..''ဆိုပြီး ကိုသာဖေဇနီးက
သူ့ကလေးကို ဟန့်တဲ့အသံကြားမှ
''တော်သေးတာပေါ့..''လို့ ကျွန်တော်
သက်ပြင်းချပါရဲ့..

ခဏနေတော့ ကိုသာဖေတစ်ယောက်
လက်လေးနောက်ပစ်ပြီး ကျွန်တော့်ဆီကို
ထ လာတယ်။

''ကောင်းလိုက်တာ ဆရာရယ်..
ရောင်းကောင်းပါစေ ခင်ဗျာ..
စေတနာကောင်းတဲ့ ငါ့ဆရာဆိုင်
ရောင်းကောင်းမှာလည်း ကျိန်းသေပါပဲ..
အော်..ဒါနဲ့ ဆရာကတော်ရေ..
ဘယ်လောက်ကျလဲဟင်..
ကျွန်တော့်ကို စားပွဲထိုးလေးပြောတော့
တစ်ပွဲ ၂၅၀၀ ဆိုတော့
နှစ်ပွဲ ၅၀၀၀ ပေါ့နော်..''ဆိုပြီး
သူ့ပုဆိုးကြားထဲ ကျစ်နေအောင်လိပ်ထားတဲ့
တစ်ထောင်တန် ငါးရွက်ကို ထုတ်ပေးတယ်။

ပိုက်ဆံပေးနေရင်း ကိုသာဖေက
ကျွန်တော့်ဇနီးကို စကားတစ်ခွန်းပြောတယ်။

''ကျွန်တော်တို့ မိသားစုကို အမြဲကျွေးမွေး
နေတဲ့ ကျေးဇူးရှင်ဆိုင်မှာ အားပေးမယ်ဆိုပြီး
လင်မယားနှစ်ယောက် တိုင်ပင်ထားကြတာ..
အများကြီးလည်း မစားနိုင်တော့
ဆိုင်ဖွင့်ပွဲကျ စျေးဦးဖောက်မယ်ဆိုပြီး
ပိုက်ဆံလေးတွေ စုထားကြတာ..
မနေ့ကတောင် ဆန်မရှိတာကို
ဆန်မဝယ်ဘဲ တနေကုန်
အငတ်နေကြတာ...ဟီးဟီး..
ငါတို့ဆရာရဲ့ ဆိုင်ဖွင့်တာနဲ့ကို
ချက်ချင်းစျေးဦးပေါက်တယ်ဆိုတဲ့
မင်္ဂလာကို ပေးချင်လွန်းလို့
ဆိုင် တံခါးဖွင့်တာကို စောင့်နေတာ
ဆရာကတော်ရေ..
ဝမ်းသာလှတယ်ခင်ဗျာ..
ပြန်အုံးမယ်နော်..''

ဆိုပြီး ခေါင်းလေးငုံ့လို့ ချာခနဲ
လှည့်ထွက်သွားတယ်။

ကျွန်တော်ဗျာ..
ရင်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိဘူး။
ဟာခနဲ..
ကျင်ခနဲ..
လှိုက်ခနဲ..

ဇနီးကိုလှမ်းကြည့်တော့ သူက
တစ်ထောင်တန်လေးငါးရွက်ကို ကိုင်ရင်း
ကျွန်တော့်ကို မချိပြုံး ပြုံးပြတယ်..

အဲဒီနေ့က တစ်နေကုန်
စျေးရောင်းကောင်းခဲ့ပေမယ့် ကျွန်တော်
မပျော်ခဲ့ဘူး..။

#Crd

1 year, 7 months ago
''ဆရာ့ ဆိုင်လေး ပြီးတော့မယ်နော်..''လို့

''ဆရာ့ ဆိုင်လေး ပြီးတော့မယ်နော်..''လို့
ကိုသာဖေက ကျွန်တော့်ကို ခပ်ပြုံးပြုံးနဲ့
လာနှုတ်ဆက်တယ်။

မကြာခင်ဖွင့်တော့မယ့်
ကျွန်တော့်ရဲ့ စားသောက်ဆိုင်
ရှေ့တည့်တည့်မှာ ကိုသာဖေတို့ အိမ်ရှိပါတယ်။
အိမ်ဆိုပေမယ့် လေးတိုင်စင်ပေါ်မှာ
တောင်ထန်းကျဲကျဲ မိုးထားတဲ့
ခနော်ခနဲ့ တဲလေး တစ်လုံးပါပဲ။

ဆယ်ပေပတ်လည်ဝန်းကျင် အဲဒီတဲလေးထဲမှာ
ကိုသာဖေရယ် ၊ အမြဲတမ်းဖျားနေတတ်တဲ့
သူ့မိန်းမရယ် ၊ အသက်ချင်းမတိမ်းမယိမ်း
ကလေးသုံးယောက်ရယ် စုပြုံပြီးနေကြတယ်။

အမှန်တော့ ခြံကလည်း
သူတို့အပိုင် မဟုတ်ပါဘူး။
သူဌေးတစ်ယောက်ပိုင်တဲ့ အဲဒီခြံမှာ
လူမနေတဲ့အတူတူ ကိုသာဖေတို့မိသားစုကို
အစောင့်သဘောမျိုး နေခိုင်းထားတာ။

ကိုသာဖေ အလုပ်ကတော့ ထုံးစံအတိုင်း
ဘောက် ဆင်းတာပေါ့။
အိမ်သာတွင်း တူးခိုင်းလည်းရတယ်..
အမှိုက်ပစ်ခိုင်းလည်း ရတယ်..
ခြံရှင်းခိုင်းလည်းရတယ်..

နယ်မြို့လေးဖြစ်တဲ့ ကျွန်တော်တို့ ဒေသမှာ
ကိုသာဖေလုပ်တဲ့ အလုပ်မျိုးအတွက်
နေ့စဥ်ဝင်ငွေရဖို့ မလွယ်ကူလှပါ..။
သူ့မိန်းမနဲ့ကလေးတွေကိုကြည့်လိုက်ရင်
ချောင်းလေးတဟွတ်ဟွတ်နဲ့
ပိန်လှီဖြူဖျော့နေတာပဲ။

သနားတတ်တဲ့ ကျွန်တော်ဟာ
လုပ်ငန်းခွင်ကို လာကြည့်တိုင်း
ကိုသာဖေတို့ မိသားစုအတွက် အိမ်ကနေ
စားစရာလေးတွေ ၊ အဝတ်ဟောင်းလေးတွေ
အမြဲ ယူလာပေးတယ်။

ကျွန်တော် အဲလိုပေးတိုင်း ကိုသာဖေက
အပြုံးဖျော့ဖျော့လေး ပြုံးပြီး
''ဆရာ့ကျေးဇူးတွေ သိပ်များတာပဲ..
ကလေးတွေက ဆရာကျွေးမှ အသားဟင်း
စားရတာ ဆရာရဲ့..''လို့ ပြောနေကျ။

ကျွန်တော့်အတွက်ကလည်း ကိုသာဖေတို့
မိသားစု ဒီလိုကျွေးမွေးရတာ အပန်းမကြီး။
စျေးတွက်နဲ့တွက်ရင် တန်တောင်
တန်ပါသေးတယ်။
အိမ်ကတစ်နေရာ ၊ ဆောက်လက်စ ဆိုင်က
တစ်နေရာမို့ ညရေးညတာ ကိုသာဖေတို့
ရှိနေတော့ သူခိုးသူဝှက်ရန်ကို စိတ်မပူရ..။

တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့
ကျွန်တော့်ဆိုင်လေးကိုလည်း
ကိုသာဖေတစ်ယောက် သိပ်သဘောကျတယ်။

''စားသောက်ဆိုင်သာ ဆိုတယ်..
ပန်းခြံလေးတွေ ၊ ရေကန်လေးတွေနဲ့
ဆရာ့ စိတ်ကူးကောင်းတယ်ခင်ဗျာ..
ဒီလိုဆိုင်မျိုးမှာ စားသောက်ဖူးရင်
သေပျော်ပါပြီ..''လို့ မျက်လုံးလေး
အရောင်တလက်လက်နဲ့ မကြာခဏ
ပြောရှာတယ်။

''ဒီလိုဖြစ်အောင်လည်း သုံးနှစ်လောက်
အချိန်ယူခဲ့ရတာကိုး ကိုသာဖေရဲ့..
ဖွင့်တဲ့အခါ လာစားစမ်းပါဗျာ..
ကျွန်တော် ကျွေးပါ့မယ်..''လို့ကျွန်တော်က
ပြောတဲ့အခါ ကိုသာဖေက ကျေကျေနပ်နပ်ကြီး
ပြုံးလို့ ခေါင်းညိတ်ပါတယ်။

နောက်တစ်လဝန်းကျင်မှာပဲ ကျွန်တော့်
ဆိုင်ဖွင့်ပါတော့တယ်။

ဆိုင်ဖွင့်ပွဲအစီအစဥ်က ပထမနေ့မှာ
ဆရာတော်ကြီးတွေကို ဆွမ်းကပ်ပြီး
ဆွေမျိုးမိတ်ဆွေ အနည်းငယ်နဲ့အတူ
ရေစက်ချ တရားနာမယ်ပေါ့..
တရားနာကြွလာတဲ့ မိတ်ဆွေတွေအတွက်
ထမင်း ဟင်း ကျွေးမယ်ပေါ့..

ပြီးရင်တော့
နောက်နေ့ မနက် ၉ နာရီ အတိမှာ
(ဗေဒင်ဆရာ အခါတော်ပေးတဲ့အတိုင်း)
ဆိုင် တံခါးမကြီးကို ဖွင့်လို့
စျေးရောင်းမယ်ပေါ့။

ဆိုင်ဖွင့်ပွဲက စီစဥ်ထားသလိုပဲ ပထမနေ့မှာ
အောင်အောင်မြင်မြင်နဲ့ သာသာယာယာပဲ
ပြီးသွားပါတယ်။

နောက်နေ့ မနက်မှာတော့ ဆိုင်ဖွင့်ပြီပေါ့..
ကိုးနာရီလည်း ထိုးခါနီးပြီ။
စားပွဲထိုးတွေကို အထပ်ထပ်အခါအခါ
သင်ထားတာတွေ ပြန်လေ့ကျင့်..
အကြော်ဆရာ နဲ့ ဓားကိုင်ကိုလည်း
မီနူးထဲပါတဲ့ ဟင်းပွဲတွေအတွက်
ပစ္စည်းတွေ စုံ မစုံ ထပ်စစ်ခိုင်း ၊
ကျွန်တော့်မှာ ပြာနေတာပေါ့လေ..။

''ခဏနေရင် ဆိုင်ဖွင့်တော့မှာ..
စားသောက်ဆိုင်မို့ ညနေမှ လူလာမှာ
ဖြစ်ပေမယ့် မနက်ထဲက ဘာမှ
အမှားအယွင်းမဖြစ်စေနဲ့ဟေ့..''ဆိုပြီး
အပျော်တစ်ဝက်
ရင်တထိတ်ထိတ် တစ်ဝက်..။

ဒီဆိုင်ကို သုံးနှစ်လောက် အချိန်ယူလို့
မရှိမဲ့ရှိမဲ့ကြားက စုစောင်းထားတဲ့ ငွေစကြေးစ
လေးတွေရင်းပြီး ပျိုးထောင်ခဲ့ရတာကိုး..။

အားလုံး အထပ်ထပ်အခါခါ
စစ်ဆေးပြီးတဲ့နောက် ကိုးနာရီလည်း
ဒေါင်ခနဲထိုးလို့ ဆိုင်တံခါးကို အမွေးနံသာရည်
ဖျန်းပြီး ဝုန်းခနဲ ဆွဲဖွင့်လိုက်ချိန်မှာ
ဆိုင်ရှေ့မှာ ရပ်နေတဲ့ ကိုသာဖေတို့မိသားစုကို
ဘွားခနဲ တွေ့ရပါလေရော။

''ဟာ..ကိုသာဖေတို့..ပါလား..''ဆိုပြီး
ကျွန်တော်က နှုတ်ဆက်တော့
ကိုသာဖေက ရှက်ကိုးရှက်ကန်းဟန်နဲ့
ခေါင်းကုတ်ပြီး ပြုံးပြတယ်။

''လာ လည်တာ ဆရာ..''လို့
ခပ်တိုးတိုး ပြောတယ်။
သူတို့ကို ကြည့်ရတာ တစ်ခုခု
ထူးခြားနေပါတယ်ထင်နေတာ..
ဘယ်ဟုတ်မလဲ..
အင်္ကျီဝတ်လေ့မရှိတဲ့ ကိုသာဖေက
မီကိုကော်ဖီတံဆိပ်ပါတဲ့ တီရှပ်အဖြူ
အသစ်လေး ဝတ်ထားတယ်။
ကလေးနှစ်ယောက်ကို လက်ဆွဲထားပြီး
တစ်ယောက်ကို ခါးထစ်ခွချီထားတဲ့
သူ့မိန်းမက သနပ်ခါးလေး မှုန်နေအောင်
လူးထားကြတာကိုး..။

''လာလေ ကိုသာဖေ..''လို့ကျွန်တော်
ခေါ်လိုက်တော့ သူတို့မိသားစု ဆိုင်ထဲကို
မဝံ့မရဲနဲ့ဝင်လာတယ်။
ငါးကန်ထဲက ငါးလေးတွေကိုမြင်တော့
ကလေးနှစ်ယောက်က ပျော်သွားပုံနဲ့
အနီးကပ်ပြေးကြည့်ကြတယ်။
ကိုသာဖေကတော့ ဆိုင်နံရံက
ပန်းချီကားတွေကို တအံ့တသြနဲ့
လိုက်ကြည့်နေပြီး သူ့မိန်းမကတော့
ပန်းလေးတွေကို တော်တော် သဘောကျနေပုံ။

1 year, 7 months ago

အသက်ထက်မြတ်နိုးရသူလေးရေ...?

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
ဖြတ်သန်းလာခဲ့တာ ဘာလိုလိုနဲ့
?10 months anniversaryလေးကို?
ရောက်လာခဲ့ပြန်ပြီနော်...။
ရန်ဖြစ်တိုင်းလဲ မပြတ်ပဲနဲ့ပိုပိုတိုးပြီးတော့
ချစ်ရပါတယ် ဒါပေမဲ့ ခဏခဏတော့လဲ
မရစ်ပါနဲ့စိတ်လဲမဆိုးပါနဲ...နော်

ကျန်းမာရေးလဲ
ဂရုစိုက်ပါ အစားကိုလဲ ပုံမှန်လေးစားပါနော် အနေဝေးတော့ စိတ်ပူရပါတယ်
ကိုယ်ကလွဲပြီး တခြားသူနဲ့ပြောတာကို
မကြိုက်ဘူး သဝန်တိုတာလေးကိုတော့
သည်းခံပြီး ချစ်ပေးပါ.....?။

နောင်ဘဝဆိုတာမသေချာမရရာပေမယ့်
အသက်ရှင်နေတဲ့အချိန်လေးမှာ ခဗျားလေးကိုပဲ
ချစ်သှားမှာဆိုတာကို ဘယ်နေရာဘယ်အချိန်ပဲဖစ်ဖစ်
အမှတ်ရပေးနော် ခဗျားလေး ဂရုစိုက်ပေးတိုင်း ကြည်နူးရတယ်..ခဗျားလေးအားပေးတိုင်း အားတက်ရတယ် ခဗျားလေးဟာ အားဆေးတစ်လုံးလိုပါပဲ ဘယ်လိုအခြေအနေမှာပဲဖစ်ဖစ် အမြဲနားလည်ချစ်ပေးပီး သစ်စာရှိသွားပ့မယ်နော်

စိတ်ဆိုးစိတ်ကောက်ရင်လဲ မငြိုငြင်ပဲချော့ပေးတဲ့တွက် ကျေးဇူးပါပူတူးတူးလေးရေ အမြဲတမ်းချစ်သွားမယ်နော်...?

??အာဝါးးး များကြီးချစ်တယ်??

20.3.2024=20.1.2025
[10:08:16] P.M.?

?happy 10 months anniversary ?
? S +  W ?

1 year, 7 months ago

ရင််ဘတ်တွေ အောင့်
အသက်ရှူတွေ မွန်းကြပ်လောက်တဲ့ထိ

ဒီညဟာ ပတ်ဝန်းကျင်ရော
ငါ့ကမ်ဘာပါ

အစအနမရှိ ပျောက်ရှသွားလေပြီ
ခင်ဆူးကျော့မေရယ်...

#pandorakim

1 year, 7 months ago

to.../ @pan_do_20

name  ->  W.W.H♡♡♡

birthday  -> 18.1.2002?

Dear my girlfriend,?

?Happy birthday par မားရေ?

[ 18. 1. 2025  ]မွေးနေ့မှစပီး နှောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏​ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ ?

အသက်ရှည်ကျန်းမာပါစေ မိဘအားကိုးရတဲ့သမီးကောင်းရတနာလေးဖြစ်ပါစေ?

ကိုယ်​ဖြစ်ချင်တဲ့ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလဲ အရောက်လှမ်းနိုင်ပါစေ ?

လိုတိုင်းတ တတိုင်းရနိုင်ပါစေ⚡

တစ်နေ့ထက်တစ်နေ့ ပိုပိုလှပါစေနော်?

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အချစ်တွေနဲ့ ကိုယ့်ကိုပိုချစ်ပေးနိုင်ပါစေ...??

ကိုယ်ချစ်ရတဲ့သူနဲ့လဲ အမြန်ဆုံးနီးစပ်ခွင့်ရပါစေရှင့်...♡♡♡

from...,

your loving♡♡♡

1 year, 7 months ago
1 year, 7 months ago
သူမအား နေ့စဥ်နေ့တိုင်း

သူမအား နေ့စဥ်နေ့တိုင်း
အကြိမ်ကြိမ် အခါခါ
မြင်ဖူးပါလျက်နဲ့ ခိုးခိုးကြည့်နေမိတာ

ကြည့်မိလိုက်တိုင်း ထိုလူသားလေးဟာ

ဟော.....လှရက်ပါပေတယ်ဗျာ

ဟုတ်တယ်...ဒီအပြုံး....
ဒီအပြုံးဟာ သိပ်ကိုစွဲလမ်းမိစေခဲ့တယ်ဗျာ......။

#ဆူးကျော့မေ(ကဗျာရိပ်)

1 year, 7 months ago

ပန်းပဲ ခူးခူး
လမ်းပဲ ကူးကူး

ဘယ်ဘူတာ ဘယ်ရထားမှာ
လွှဲခဲ့တာလဲ မသိပေမယ့်

သံသရာတစ်ပတ် ပြန်လည်ရင်တောင်
ကိုယ်တို့ ပြန်မဆုံနိုင်လေလောက်အောင်
လွှဲခဲ့ပီ ဆူးကျော့မေရယ်...??

-ဆူးကျော့မေ(ကဗျာရိပ်)
#ဆူးကျော့မေ(ကဗျာရိပ်)

1 year, 7 months ago

ဂုမောနိ...

အားးး.......ချမ်း...လို့သေတော့မယ်
စောင်ထဲကွေးနေတာတောင် လက်ကရေခဲတုံး...?

စာတောင်မနည်းရိုက်ရ

#pandorakim

1 year, 7 months ago
ဂျိုင်းကူကြအုန်း သဲလေးတို့***?***

https://t.me/ToVictory_01
ဂျိုင်းကူကြအုန်း သဲလေးတို့?

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot