𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐛𝐲 𝐌𝐚𝐬𝐤🍀🍀

Description
For Relaxation 🌱


start D.. 27.6.2023
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 12 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 2 weeks, 2 days ago

3 weeks, 5 days ago

အသံပေါင်းစုံဖြင့်ဆူညံနေလှသော လူအုပ်ထဲသို့ ကျွန်မတိုးဝင်သွားလိုက်သည်။ ဆိုင်တစ်ဆိုင်ရှေ့တွင် ကျွန်မရပ်လိုက်သည်။ "ထိုသူ၏ ဘောလုံးပစ်စကေးကိုဘေးကနေရပ်ကြည့်နေလိုက်သည်။ အို ဒါလေးတောင်ထိအောင်မပစ်နိုင်ဘူးလားဆိုသည့်အတွေးဖြင့် အထင်းသေးတဲ့မျက်လုံးနှင့်သူ့မျက်နှာအားကြည့်လိုက်သည်။ထို့နောက်

"အန်တီ တစ်ခါပစ်ဘယ်လောက်လဲ""

"၁၅၀၀သမီးလေး"

"ဘယ်နှခုထိရင် အရုပ်ရမှာလဲ"

"၄ခုသမီး"

"သမီးပစ်မယ်အန်တီ"

လူရှင်းနေလှသောဆိုင်လေးသည် ကျွန်မပစ်ဖို့လက်ရွယ်ချိန်လူများပြည့်လာသည်။ ကျွန်မလည်း မျက်နှာခပ်တည်တည်ဖြင့် ပထမဆုံးမြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်

"ဟာ" ဆိုသည့်အသံများနောက်ဘက်ကထွက်လာသည်။ အမှန်ပင် ကျွန်မ၏ပထမဆုံးမြှားတစ်စင်းသည် ဘောလုံးကိုထိရန်ပင်မဆိုထား စင်ပေါ်ကကျော်၍ထွက်သွားသည်။

ကျွန်မ၏မျက်နှာသည်ခပ်တည်တည်ပင် ဒုတိယမြှားတစ်စင်းကိုထပ်ပစ်လွှတ်လိုက်သည်။ထိုအချိန်တွင်

"သွားပါပြီ"ဆိုသောအသံများထွက်လာသည်။ကျွန်မ၏မျက်နှာများမိုးရွာတော့မည့်တိမ်ဆိုင်တွေအလားဖြစ်လာသည်။ တတိယမြှားကိုမူ ကျွန်မအလွဲခံမယ်မဟုတ်

"ရွှီးခနဲ"ပစ်လွှတ်လိုက်ပြန်သည်။ ထိုအချိန်တွင် အားလုံး၏အသံများထွက်မလာနိုင်တဲ့ထိ တက်တက်စင်လွဲပါသည်😂

နောက်ဆုံးမြှား ဒီမြှားဟာ ကျွန်မရဲ့လက်ဂုဏ်ရည်ကိုတင်မည့်မြှား အလွဲခံမည်မဟုတ်ဘူး

မဲ့ပြုံးတစ်ချက်ပြုံးကာပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင်

"ဟေးဟေး'" ဟူသောအသံထွက်လာသည်။

ထိသွားမယ်ထင်လား မထိဘူးထင်လား👐

#Mask

3 weeks, 5 days ago

ကိုယ်ချင်းစာစိတ်
-----------------
မြစ်ကမ်းဘေးတွင် ကလေးတစ်ယောက် ငါးမျှားနေသည်။

သူ့အနီးကို သူတော်စင်တစ်ပါးရောက်လာသည်။ အနားတွင် သူတော်စင်က လာရပ်နေသောကြောင့် သူအနေရ ခက်နေသည်။ သူတော်စင်က

“ကိုယ်ချင်းစာစိတ်ထားကြပါ” ဟု ပါးစပ်က ထုတ်ဖော်ပြောလိုက်သည်။

လူငယ်က ငါးမျှားတံက လွှင့်ပစ်ရမလို၊ ထွက်သွားရမလိုဖြစ်နေစဉ်မှာပင် ငါးမျှားတံကို ငါးကဆွဲလိုက်သဖြင့် သူလည်း ပြန်ဆွဲတင်လိုက်ရာ ငါးတစ်ကောင် ငါးမျှားချိတ်တွင် တန်းလန်း တန်းလန်း ပါလာသည်။

သူတော်စင်က

“ကိုယ်ချင်းစာစိတ်ထားကြပါ” ဟု ထပ်ပြောနေပြန်သည်။

ငါးမျှားချိတ်တွင် မိနေသော ငါးကို ကိုင်ထားသည့် လူငယ်က

“အရှင် ကိုယ်ချင်းစာစိတ်ဆိုသည်မှာ အဘယ်နည်း” ဟုမေးလိုက်သည်။

သူတော်စင်က ပြန်ဖြေသည်

“သင့်လက်ထဲတွင် ယခုရှိနေသော ငါးကလေး၏ စိတ်ထဲတွင် မည်သို့ ဖြစ်နေမည်ထင်သနည်း”

“သူကြောက်လွန်း၍ တုန်နေသည်။ သူလွတ်ချင်ရှာပေလိမ့်မည်”

“မှန်၏ ... ကိုယ်ချင်းစာစိတ်ဆိုသည်မှာ သူတစ်ပါး၏ စိတ်ထဲကို ဝင်၍ကြည့်ရှု ခံစားနိုင်ခြင်း ဖြစ်သည်။ အမောင် ယခု ငါသည် အဝေးကြီးကလာရသဖြင့် ပင်ပန်းနေ၏”

“အရှင် အဝေးကြီးကလာရမှန်း သိပါသည်။ ပင်ပန်းနေမှန်းလည်း သိပါသည်။ ကိုယ်ချင်းလည်း စာပါသည်။ ကျွန်ုပ်လည်း လက်ထဲတွင် မိထားသည့် ငါးကလေးကို ကိုယ်ချင်းစာစိတ်ဖြင့် ပြန်လွှတ်ပေးလိုက်ပါမည်”

သူတော်စင်က စိတ်ဆိုးသည့် လေသံဖြင့်

“အဘယ်ကြောင့် ပြန်လွှတ်ပေးမည်နည်း”

“ငါးသည် ရေထဲတွင်သာ နေချင်ပေလိမ့်မည်”

“သင့်တွင် ကိုယ်ချင်းစာစိတ်မရှိပြီလော”

“ကိုယ်ချင်းစာစိတ် ရှိသောကြောင့်သာ ငါးကို ပြန်လွှတ်ပေးမည်ဟု ဆိုခြင်းဖြစ်သည်”

“သင် အတော်လေး ကိုယ်ချင်းစာစိတ်နည်းလှသည်။ ငါသည် အဝေးကလာရသည်။ ယခုတိုင် ဘာမျှ မစားရသေး။ ထိုငါးကို မီးဖုတ်၊ ငါ့ကို ကျွေးလိုက်မည်ဆိုလျှင် မည်မျှကောင်းမည်နည်း”

လူငယ်လေးလည်း အလွန်အံ့အားသင့်သွားကမိသည်။ သူက သူတော်စင်ကို အထင်ကြီးလေးစားစိတ်နှင့် ငါးကို လွှတ်ပေးကာ ကိုယ်ချင်းစာစိတ်ထားရန် တရားပြနေသည်ဟု ထင်မိသည်။ သူတော်စင်ကတော့ ထိုငါးကို သတ်ပြီး မီးကင်ကာ သူ့ကိုကျွေးပြီး ကုသိုလ်ယူခိုင်းနေသည်။

ဆိုရိုးစကားတစ်ခုရှိသည်

“ဆာလောင်နေသောသူထံမှ မည်သည့်အကြံဉာဏ်ကိုမျှ မယူပါနှင့်။ ထိုသူသည် မည်မျှမြင့်မြတ်သော သူဖြစ်ပါစေ သူလိုရာကို ဆွဲကာ သူ့လိုဘကိုပြည့်အောင်သာ ပြောပေလိမ့်မည်”

(အိန္ဒိယပုံပြင်တစ်ပုဒ်ကို မှီငြမ်းပါသည်)

တင်ညွန့်

#crd
#Mask

4 weeks ago
1 month ago
အားသာချက် : သူများကိုဖြစ်သင့်မဖြစ်သင့်ကြောင်း လမ်းပြဆုံးမတတ်

အားသာချက် : သူများကိုဖြစ်သင့်မဖြစ်သင့်ကြောင်း လမ်းပြဆုံးမတတ်
အားနည်းချက်: ကိုယ်တိုင်ကျ လုပ်ချင်တာလုပ်

ဒွန်တွဲနေတာ လူလိမ္မာလေး
#Mask

1 month ago
500Followers

500Followers

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

မာရုဒီထက်ပိုပြီးကြိုးစားသွားပါမယ်။ကောင်းမွန်တဲ့ဆောင်းပါးလေးနဲ့အတူပြန်လာခဲ့ပါမယ်?

#Mask

1 month ago

ရှားပါးသောတရားစီရင်ရေး
-------------------------
အသက် ၁၅ နှစ်အရွယ် လူငယ်လေးတစ်ယောက်သည် ကုန်စုံဆိုင်ကြီးတစ်ဆိုင်တွင် ခိုးမှုဖြင့် အဖမ်းခံလိုက်ရ သည်။ သူ့ကို ဖမ်းစဉ်က ကုန်စုံဆိုင်၏ ပစ္စည်းများတင်ထားသောစင်ကို တွန်းချပြီး အစောင့်တွေလက်မှ လွတ်မြောက်ရန် အားထုတ်ခဲ့သေးသည်။ သို့သော် ဝိုင်းဖမ်းပြီး ရဲလက်အပ်ကာ တရားရုံးပို့လိုက်ကြသည်။

တရားရုံးက အမှုကို ကြားနာသည်။ တရားသူကြီးက လူငယ်လေးကို မေးသည်။

“မင်း ခိုးတယ်ဆို ... ပေါင်မုန့်နဲ့ ဒိန်ခဲတွေ ခိုးတယ်ဆိုတာ ဟုတ်သလား”

လူငယ်လေးကဖြေသည်။

“ဟုတ်ပါတယ်”

“ဘာဖြစ်လို့ ခိုးတာလဲ”

“လိုချင်လို့ပါ”

“လိုချင်ရင် ဝယ်ပေါ့ကွ”

“ပိုက်ဆံမရှိပါဘူး”

“ပိုက်ဆံမရှိရင် မင်းမိဘတွေဆီကတောင်းလေ”

“အိမ်မှာ အမေပဲရှိတယ်။ အမေကလည်း အလုပ်လက်မဲ့။ နေလည်းမကောင်းဘူး။ ကျွန်တော် ခိုးတယ်ဆိုတာ အမေစားဖို့ပါ”

“ဒါဆို မင်းအလုပ် မလုပ်ဘူးလား”

“ကျွန်တော် ကားရေဆေးတဲ့အလုပ် လုပ်တယ်။ အမေနေမကောင်းလို့ အလုပ်မဆင်းနိုင်တဲ့နေ့မှာ ကျွန်တော် အလုပ်ထုတ်ခံလိုက်ရပါတယ်”

“ဒါဆိုလည်းကွာ တစ်ယောက်ယောက်ကို ပြောပြပြီး အကူအညီတောင်းပေါ့”

“ကျွန်တော် မနက်အစောကြီးကတည်းက အိမ်ကထွက်လာပြီး လူပေါင်း ၅၀ လောက်ကို အကူအညီတောင်းခဲ့ ပါတယ်။ ဘယ်သူမှ မကူညီနိုင်တာကြောင့် ဒီလိုလုပ်ခဲ့ရတာပါ”

တရားသူကြီးက သူမေးချင်တာကို မေးပြီးဖြစ်သဖြင့် စီရင်ချက် ချရန်သာရှိတော့သည်။

တရားသူကြီးက အမိန့်ချသည်။

“ခိုးမှုဆိုတာ အလွန်ရှက်စရာကောင်းတဲ့အမှုပေပဲ။ အထူးသဖြင့်တော့ ပေါင်မုန့်ကို စားဖို့မရှိလို့ ခိုးရတယ်ဆိုတာ ကိုက သိပ်ပြီးရှက်စရာကောင်းတဲ့ ရာဇဝတ်မှုတစ်ခုလို့ဆိုရမယ်။ ဒီကလေးခိုးမှုအတွက် ကျုပ်တို့အားလုံးမှာ တာဝန်ရှိတယ်။ ဒါကြောင့် စီရင်ချက်ချမယ်။ ဟောဒီတရားရုံးခန်းထဲမှာ ကျုပ်အပါအဝင် ရှိနေတဲ့သူတွေ အားလုံး တစ်ယောက်ကို ၁၀ ဒေါ်လာစီဒဏ်ငွေအဖြစ်ပေးဆောင်စေ။ ဟောဒီတရားရုံးခန်းထဲက ၁၀ ဒေါ်လာ မပေးဘဲ မည်သူမျှ ထွက်ခွာခွင့် မရှိစေရ”

တရားသူကြီးက ထိုသို့အမိန့်ချပြီးနောက် သူကိုယ်တိုင် အိတ်ထဲက ၁၀ ဒေါ်လာထုတ်ပြီး စားပွဲပေါ်တင်လိုက် သည်။ ထို့နောက် ဖောင်တိန်ကိုယူပြီး စီရင်ချက်တစ်ခုကို ထပ်ရေးသည်။

“နောက်ဆက်တွဲအနေဖြင့် ဆာလောင်နေသော ကလေးတစ်ယောက်ကို လူသားချင်းမစာနာ ဖမ်းဆီးကာ ရဲလက်အပ်သည့် ကုန်စုံဆိုင်အား ဒဏ်ငွေအဖြစ် ဒေါ်လာ ၁၀၀၀ ပေးဆောင်စေရန် အမိန့်ချလိုက်သည်”

“သတ်မှတ်ထားသော ဒဏ်ငွေ ၁၀၀၀ ကို ထိုကုန်စုံဆိုင်သည် ၂၄ နာရီအတွင်း ပေးဆောင်ခြင်း မပြုလျှင် ထိုကုန်စုံဆိုင်ကို ချိတ်ပိတ်ပြီး ပိတ်သိမ်းစေရမည်”

တရားသူကြီးသည် စီရင်ချက်ချပြီးနောက် တရားရုံးအတွင်း တစ်ဦး ၁၀ ဒေါ်လာစီ ကောက်ခံရရှိသည့် ငွေများကို ထိုလူငယ်လေးအား ပေးစေပြီး တောင်းပန်လေသည်။

တရားသူကြီး၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်မှုများကိုတွေ့သော အမှုစီရင်ရာသို့ လာရောက်နားထောင် သူတိုင်း မျက်ရည်ကျကြသည်။ လူငယ်လေးမှာလည်း ရှိုက်ကြီးတငင် ငိုကြွေးကာ တရားရုံးထဲမှ တစ်လှမ်းချင်း ထွက်သွားသော တရားသူကြီးကို ကြည့်နေတော့သည်။

ကျွန်တော်တို့ လူ့ဘောင်တွင် ရှာရှားပါးပါး အမှုစီရင်ချက်တစ်ခုဖြစ်သည်။

မြန်မာပြည်မှာမဟုတ်၊ အမေရိကတွင်ဖြစ်ပါသည်။ အလားတူ အမှုစီရင်မှုမျိုးကို အင်ဒိုနီးရှားနိုင်ငံတွင်လည်း လုပ်ဆောင်ဖူးသည်ဟု သတင်းတစ်ခုတွင် ဖတ်မိသည်။

စာဏကျနီတိတွင်လည်း

“ဆာလောင်နေသည့် လူတစ်ယောက်ကို ခိုး၍ဖမ်းဆီးမိသည်ဆိုခြင်းမှာ၊ ထိုနိုင်ငံလူမျိုးအတွက် ရှက်ဖွယ် ကောင်းသည့် အမှုကိစ္စဖြစ်သည်” ဟုဆိုထားသည်။

(Ref: Chauhan World News)

တင်ညွန့်

#crd
#Mask

3 months, 2 weeks ago

Morning

မင်္ဂလာနံနက်ခင်းလေးပါရှင်❤️

သာယာအဆင်ပြေတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေရှင်❤️

#Mask

3 months, 2 weeks ago

ကိုယ်ကအတွေ့အကြုံရယ် အတွေးစာစုတွေရယ် လက်တွေ့ပိုင်းတွေကို ရေးသားရတာသဘောကျတဲ့သူတစ်ယောက်ပေါ့

ခရီးသွားရင်တော့ ကားမူးတတ်တဲ့သူထဲပါတယ် အဲတာနဲ့ တစ်နေ့ ရှမ်းပြည်နယ်ကနေ ပဲခူးတိုင်းဆီသို့ ခရီးထွက်ဖို့ဖြစ်လာတာပေါ့

ကားစီးရမှာဆိုတော့ အဲဒီချိန်တွေးလိုက်တယ် ဒီခရီးနဲ့အတူ ငါ့ရဲ့ကားမူးတဲ့စိတ်ကိုဖျောက်မယ် ပြီးရင် ကားမမူးအောင်ဘယ်လိုပြုမူကားစီးရမလဲ ဆိုတဲ့ဆောင်းပါးကို အတွေ့အကြုံအရင်းခံကာ ပြန်ရေးသားမယ်ပေါ့

ဒီလိုနဲ့ ကားပေါ်ခြေတစ်လှမ်း စတက်လိုက်တယ် တွေးထားတဲ့အ‌ တွေးလေးကိုတောင် အားနာမိတယ် ကားမစီးရသေးဘဲကြိုမူးနေခဲ့ပြီ??

ဒီလိုနဲ့ ကားမမူးအောင်ဘယ်လိုပြုမူကားစီးရမလဲ ဆိုတဲ့ဆောင်းပါးကြီးလည်း ပျက်ပြယ်သွားပါတော့တယ်??

#myself
#Mask

3 months, 2 weeks ago

ကောင်းသောညလေးဖြစ်ပါစေရှင့်

Goodnight

‌

#Mask

3 months, 3 weeks ago

✨အရေး(သို့)အပြော
ဆောင်းပါးကို အရေး(ကျောင်းစာတွေလို)အနေနဲ့ရေးရမလား အပြော(စကားပြောသလို)ရေးရမလား။ ဒီအချက်က ကျွန်မဆောင်းပါး စစရေးတုန်းက တော်တော်လေး အကျပ်ရိုက်စေခဲ့တဲ့အချက်ဆိုလည်း မမှားပါဘူး။ ကျွန်မတို့တွေ ဆောင်းပါးရေးမယ်ဆို အရေးအနေနဲ့ရော အပြောအနေနဲ့ရော ရေးလို့ရပါတယ်။ ကိုယ်ကျွမ်းကျင်ရာအမျိုးအစားပေါ်မူတည်ပြီး ရေးသားလို့ရပါတယ်။

ကိုယ်က ၂မျိုးစလုံးနဲ့ရေးတတ်တယ်တယ်ဆိုရင်တော့ ကိုယ့်ရေးသားမယ့်ဆောင်းပါးနဲ့ ကိုယ်အဓိက ဖတ်ရှုစေချင်တဲ့ အသက်အရွယ်ပေါ်မူတည်ပြီး ဘယ်လိုပုံစံရေးသားရမလဲ ဆုံးဖြတ်ပါ။

✨ကိုးကားချက်
ကျွန်မတို့ဆောင်းပါးတွေ ရေးသားရင် ကိုးကားပြီးရေးသားရတဲ့ ဆောင်းပါးတွေရှိပါတယ်။ ကိုယ်က ကိုးကားပြီးရေးသားမယ်ဆို အချက်အလက်တွေက မှန်ကန်ဖို့လိုအပ်ပါတယ်။ လုံလောက်တဲ့ သုတေသန ပြုလုပ်ပါ။စာများများဖတ်ပါ။

✨ စာလုံးပေါင်းနဲ့ သဒ္ဒါ
စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း မမှားစေဖို့ရာ အရေးကြီးလှပါတယ်။ စာရေးသူတွေအနေနဲ့ စာလုံးပေါင်းအမှား သုံးထားရင် ဖတ်ရှုသူလေးတွေရဲ့ အထင်အမြင်သေးတာကို ခံရနိုင်ပါတယ်။ ကျွန်မအခုရေးသားနေတဲ့ဆောင်းပါးက အပြောအနေနဲ့ရေးသားနေတဲ့ ဆောင်းပါးပုံစံပဲဖြစ်ပါတယ်။ ကျွန်မလိုမဟုတ်ဘဲ အရေးအနေနဲ့ ရေးသားမယ့်သူတွေက သဒ္ဒါအသုံးအနှုန်းမှန်ကန်ရေးကို အထူးသတိပြုရေးသားကြရပါမယ်။

✨ဖတ်ရှုသူနေရာဝင်ရောက်ခြင်း
ကျွန်မတို့တွေ ကိုယ်တိုင်ရေးလိုက်တဲ့ ဆောင်းပါးတွေကို ပြန်လည်ဖတ်ရှုတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဖတ်ရှုသူလို သဘောထားပြီး ဖတ်ရှုတတ်ဖို့လည်းလိုအပ်ပါတယ်။ ဒါမှကိုယ်ရဲ့ လိုအပ်ချက်တွေကို မြင်တွေ့ရပြီး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

✨ဘက်မလိုက်စွာရေးသားခြင်း
စာရေးသူတွေရဲ့ ကလောင်ဟာ အစွမ်းထက်လှပါတယ်။တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း ကလောင်ကိုင်စွဲထားတဲ့စာရေးသူတွေ‌ပေါ် မူတည်ပတ်သက်ပါတယ်။ ဒါကြောင့် ဘယ်အရာကိုမဆို ဘက်မလိုက်စွာရေးသားဖို့ လိုအပ်လှပါတယ်။ ဖြောင့်မတ်မှန်ကန်တည်ကြည်တဲ့ စိတ်ထားမျိုးရှိနဲ့ ရေးသားရပါမယ်။

✨စကားလုံးတွေကို ထပ်တလဲလဲသုံးစွဲခြင်း
စာရေးသားရာမှာ စကားလုံးတွေ မထပ်ဖို့သတိပြုရပါမယ်။ အပေါ်ကြောင်းမှာလည်း ကျွန်တော် အောက်ကြောင်းမှာလည်း ကျွန်တော် ဖတ်ရှုရသမျှစာသားမှာ ကျွန်တော်ဟာ မပါမဖြစ်။ ဒီလိုအသုံးအနှုန်းမထပ်ဖို့ သတိပြုရေးသားရပါမယ်။ စကားလုံးနဲ့ ဝေါဟာရ ကြွယ်ဝမှုကတော့ စာဖတ်အားနဲ့ဆိုင်သွားတာမို့ စာဖတ်ပါ။

✨နားလည်မလွယ်တဲ့ စကားလုံးတွေ သုံးစွဲခြင်း
ဆောင်းပါးရေးသားတာက ကိုယ်ဘယ်လောက်ထိတတ်နေ ဝေါဟာရဆန်း‌ဆန်းတွေနားလည်တာကို ကြွားဖို့ရေးသားတဲ့စာမဟုတ်ပါ။ ကိုယ်ရေးသားမယ့်စာကို သာမန်လူတွေ နားလည်နိုင်တဲ့ အသုံးအနှုန်းကိုသာ အဓိကထားပြီး သုံးစွဲပါ။

✨မှတ်ချက်များရယူခြင်း
စာရေးသူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့စာကို အကောင်းအဆိုးမှန်သမျှ ပေးလာတတ်တဲ့ မှတ်ချက်တွေကို ရယူနားထောင်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်စေ စာဖတ်သူလေးတွေကနေဖြစ်စေ ရယူပါ။

ဒီဆောင်းပါးလေးဖတ်ပြီး စာဖတ်သူလေးတွေအနေနဲ့ အနည်းဆုံး စာတစ်ပုဒ်လောက်ကိုတော့ ရေးသားနိုင်လိမ့်မယ်လို့ထင်မြင်မိပါတယ်။ ရေးသားပါ မကြောက်ပါနဲ့။ စတင်ခြင်းက အောင်နိုင်မှုရဲ့ ခရီးတဝက်ပါပဲ။

ဒီဆောင်းပါးက စာရေးသားရတာကို ဝါသနာပါ‌ပေမယ့် ဘယ်လိုစတင်ရမလဲ မသိသူလေးတွေတွက် အထောက်အကူဖြစ်ဖို့ရာ ရည်မှန်း၍ ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။

သာယာသောနေ့လေးဖြစ်ပါစေရှင်❤️

ဖတ်ရှုပေးသူတိုင်းအားကျေးဇူးတင်လျက်...

July.22.2024.Mon(20:2)
ᗰᗩᖇᑌ

#Sarphat
#Mask

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@vip_admin_3

Last updated 12 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 2 weeks, 2 days ago