✨?Sue Khatt?✨

Description
Ch date _ 17.12.2023 ???
We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

6 months, 1 week ago

ဟဲလို..ဒါဒါလေးတို့ရေ..

စာလေးတွေ နေ့တိုင်း မတင်ပေးနိုင်တာလေး Sorry ပါနော်...ကျောင်းတစ်ဖက်နဲ့မို့ ရတဲ့အချိန်လေးတွေ လာတင်ပေးနေရတာပါ...?

အရင်ကလောက် သိပ်ပြီး Reaction မရှိတော့ပေမယ့် တစ်ယောက်ထဲပဲရှိတော့လို့ တစ်ယောက်ထဲပဲ ဖတ်မယ်ဆိုရင်တောင် ရှင်း စာလေးတွေ ဆက်ပီး တင်ပေးသွားအုံးမှာပါ...?

ချစ်ရတဲ့ ဒါဒါလေးတို့လည်း
တစ်နေ့တာရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကနေ ကင်းလွတ်ပြီး ဘ၀အမောတွေ ပြေပျောက်ပါစေရှင့်..?

သာယာတဲ့ ညချမ်းလေး ဖြစ်ပါစေနော်?

6 months, 1 week ago

မေတ္တာတွေရှားပါးလာတယ်
ဇာတ်လမ်းတိုင်းမှာပျော်ရွှင်မှုနဲ့အဆုံးသတ်တာနည်းပါတယ်
ဒီဇာတ်လမ်းမှာတော့ ငါပဲအမုန်းခံပြီး အဆုံးသတ်ပေးပါ့မယ်အချစ်ရယ်

-မေ

6 months, 3 weeks ago

ဝေးသွားရင်ဘယ်လိုလုပ်မလဲတဲ့
ကျွန်တော်ကတော့ သေရလိမ့်မယ်လို့
ပြန်ဖြေခဲ့တယ် တကယ်ဝေးသွားတော့ ကျွန်တော်တကယ်မသေတာကို
ပြောပြောပြီး သူရယ်တယ်

ကျွန်တော်ကတော့ လိုက်မရယ်နိုင်ပါဘူး
ဘယ်သူက ကိုယ့်စိတ်အသေကို
စိတ်မှာပွေ့ထားပြီး လိုက်ပျော်နိုင်ပါ့မလဲ။

- လင်းညီ

6 months, 3 weeks ago
6 months, 3 weeks ago

ချစ်ပြီဆိုမှတော့ ပိုင်ဆိုင်ချင်တာ
ဆန်းလို့လား အချစ်ရယ်...

အတ္တကြီးတယ်ပဲပြောပြော
မင်းကိုတော့ ကိုယ်မဟုတ်တဲ့
ဘယ်သူ့လက်ထဲမှ အရောက်မခံနိုင်ဘူး...

ကိုယ်ကတော့
ပျော်စရာတွေလည်းမင်းနဲ့ဖြတ်သန်းချင်တယ် ၀မ်းနည်းစရာတွေကြုံရင်လည်း အမြဲတမ်း အတူတူဆက်ရှိသွားချင်တယ်...

ဘယ်သံသရာမှာပဲဖြစ်ဖြစ်
မင်းရဲ့အနားမှာပဲ အရိပ်ကလေးလို
ကပ်တွယ်ငြိသွားချင်ပါတယ်...

ဒါဟာ
ကိုယ့်ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့
အတ္တတွေဖြစ်ခဲ့ရင်လည်း
ကိုယ့်စိတ် ကိုယ့်ခန္ဓာဟာ
ဒီသံသရာအတွက်ရော နောင်သံသရာတွေအတွက်ပါ မင်းတစ်ယောက်ထဲအတွက်သာ ရည်စူးပါတယ်...။ ။

|| 4.7.2024(Thurs:)
|| Shin

6 months, 3 weeks ago

ပျော်စရာလည်း မင်းပေးသလို
ငိုစရာတွေလည်း မင်းပေးတယ်

မမုန်းနိုင်လို့သာ မနာရက်ခဲ့တာပါ
တကယ်ဆို မင်းလိမ်နေမှန်းလည်း
ကိုယ်သိခဲ့တယ်..။ ။

-ဆူးခက်

6 months, 3 weeks ago

နတ်ပြည်နဲ့ ငရဲ ဘယ်ကိုသွားမလဲမေးရင် မင်းဘယ်မှာရှိလဲဆိုတာ ငါအရင်မေးမယ်...။ ။

|| 30.6.2024

7 months ago

ဥပေက္ခာ ပြုနိုင်တဲ့တစ်နေ့

အားလုံးရဲ့ အဝေးဆုံးကို ထွက်သွားဖို့ စိတ်ကူးရှိပါတယ်..။ ။

-ဆူးခက်

7 months ago

ချစ်လည်းချစ်နိုင်သလို
ပြ၊စ်လည်း ပြ၊စ်နိုင်တဲ့ မိန်းမပါပဲ

အဆုံးအစွန်ထိကောင်းပေးနိုင်သလို
လေလိုတိမ်လိုလည်း ဥပက္ခာပြုနိုင်တယ်။
ခွင့်မလွတ်နိုင်ရင် လွှတ်ချရမှာပဲ။

ပြတ်သားနိုင်တဲ့စိတ်လည်းရှိသလို
ရပ်တန့်ဖို့သာ ဆန္ဒရှိရင်...
ကိုယ်မင်းအပေါ် မမြင်ဖူးတဲ့လူတစ်ယောက်လိုလည်း
လွယ်လွယ်ကလေး စိတ်ကုန်သွားနိုင်ပါတယ်... ‎

-ဆူးခက်

We recommend to visit

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot