ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot
Admin acc @vip_admin_3
စွဲလမ်းမှုေတွရဲ့ အစပြုရာဟာ
ရှင့်လည်တိုင်ကမှဲ့နက်လေးပါလို့ပြောရင်
ရှင့်ရဲ့မျက်ဝန်းညိုတွေနဲ့ နွေးထွေးတဲ့အပြုံးတွေကို
ယှဥ်တွဲမြင်ခွင့်ရနိုင်မလား.....။
- Nhaung Luu -
မာနတွေ မထားပါနဲ့လားလို့
အကြံပေးတတ်တဲ့ လူေတွရဲ့ အတိတ်မှာလည်း
မာနကြောင့် ဝေးကွာခဲ့ရတဲ့
ဇာတ်လမ်းလေးတစ်ပုဒ် ရှိနိုင်တယ်မဟုတ်လား ။
- ?????? ??? -
နီးစပ်နေကြတုန်း အကယ်၍
ဝေးခဲ့ရင်ဆိုပြီးယောင်လို့တောင် မပြောဘူး
စကားနောက်တရားပါ ဆိုတဲ့စကားပုံကို
ကိုယ်သိပ်ကြောက်တာ ။
- Nhaung Luu -
• Here With Me •
I wish I could live through
every memory again
just one more time
before we float off in the wind ⛓
ဘယ်နေရာသွားသွား
ကင်မရာလေးတစ်လုံးယူသွားဖြစ်တယ် ။
တစ်နေ့တာ ဒါမှမဟုတ် တစ်ခဏတာ
ကြုံတွေ့ခဲ့ရတဲ့ အရာလေးတွေကို
မှတ်တမ်းတင်ထားရတာ သဘောကျတယ် ။
လူတွေပါတဲ့အလှတရားမဟုတ်ပဲ
သဘာဝချည်းပါတဲ့ အလှတရားလေးတွေပေါ့ ။
ကိုယ်တော့ အဲ့ဒီလိုသဘာဝရဲ့
အရှိအတိုင်းသဘောတရားတွေကို
သိပ်သဘောကျတာပဲ ။
- Nhaung Luu -
အဲ့ဒီသက်ရှိလေးက
အချိန်မတော်ရွာတဲ့မိုးနဲ့ သဏ္ဍာန်တူတယ် ။
မမျှော်လင့်ထားတဲ့အချိန်မှာ
နှလုံးအိမ်အဆုံးထိ တိုးဝင်လာခဲ့ပြီးမှ
ရုတ်တရက်ဆိုသလို ပြန်ထွက်သွားခဲ့တယ် ။
မိုးရွာပြီးရင် မြေသင်းနံ့လေးကျန်ခဲ့သလို ၊
အဲ့ဒီသက်ရှိလေးကိုလွမ်းနေဖို့
ကျွန်တော့်မှာလည်း အမှတ်တရတွေကျန်ခဲ့ပါတယ် ။
အကယ်လို့ ပြန်ဆုံခွင့်သာပေးခဲ့ရင်
ကျွန်တော်ဆီနစ်ဝင်လာဦးမလား
ဒါမှမဟုတ် ဝေးဝေးပြေးဦးမလား ။
အတွေးနဲ့တင် ရူးခါဖို့လုံလောက်ပါတယ် ။
Thanks for 50sub?
Joinတဲ့သူတိုင်းကိုကျေးဇူးပါ ?
ရှေ့လျှောက် ဒီရပ်ဝန်းကိုမစွန့်ခွာပဲ
ကျွန်တော်နဲ့အတူ မျောပါကြရအောင်လားဗျာ?
*စိတ်ကုန်လို့ချန်ခဲ့ပြီဆိုလည်း
ပြန်လှည့်မကြည့်နဲ့ အချစ်
မင်းကိုဖြင့်ဝေးဝေးမရှောင်နိုင်တာ
ငါ့ဝဋ်ကြွေးမို့ တစ်ခါဝေးရင်
ဒီသံသရာပြန်မဆုံကြေး ။*
- ?? ??? ??? ? ????? -
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot
Admin acc @vip_admin_3